| 
  ရတနာမိုင်၏ ဒုတိယမြောက် တစ်ကိုယ်တော်တေးစီးရီးသစ် ‘ပဖဗဘမ’ အား သြဂုတ်လ  ၁၇ ရက် နေ့တွင် စတင်ထွက်ရှိရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါ  တေးစီးရီးသစ်၏ မီဒီယာများအား မိတ်ဆက်ရှင်းလင်းခြင်းကို ဇူလိုင် လ ၂၀ ရက်နေ့  မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ The Antique Bar တွင် ပြုလုပ်ခဲ့သည်။ 
 “ ဒီစီးရီးကို လုပ်နေတာငါး နှစ်လောက် ရှိသွားပါပြီ။  အကောင်းဆုံးဖြစ်ချင်စိတ် တစ်ခုတည်းနဲ့ အခုလောက်အချိန်တွေ အများကြီး ကြာ  သွားတာပါ။ ဒီစီးရီးလေးက ရော့ခ် တေးစီးရီးပါ”ဟု ပြောပြခဲ့သည်။
 ရတနာမိုင်၏ ‘ပဖဗဘမ’ တေး စီးရီးသစ်တွင် တေးရေး အောင်လ၊ ဖော်ကာ၊ ရေမွန်၊  သားကြီးတို့ရေး သားထားသည့် တေးသီချင်းသစ် များပါဝင်ပြီး 9 planets  entertainment မှ စီစဉ်တင်ဆက်ခြင်းဖြစ် သည်ဟု သိရှိရသည်။ ရတနာမိုင်၏  ပထမဆုံး တစ်ကိုယ်တော်တေးစီးရီး မှာ ‘မရှိမဖြစ်’ ဖြစ်ပါသည်။
 ---------------------------
 http://www.weeklyeleven.com/index.php?option=com_content&view=article&id=14682:2012-07-23-04-52-16&catid=61:local&Itemid=133
 
 
 | 
No comments:
Post a Comment