Sunday, 3 March 2013

နိပွန်ဖောင်ဒေးရှင်းမှ ရခိုင်ပြည်နယ်အတွင်း မူလတန်းကျောင်းများ တည်ဆောက်မည်

 
   ဂျပန်နိုင်ငံတွင် အခြေစိုက်ပြီး အင်န်ဂျီအိုအဖွဲ့အစည်းတစ်ခု ဖြစ်သည့် နိပွန်ဖောင်ဒေးရှင်း၏ အကူအညီ အထောက်အပံ့ဖြင့် ရခိုင် ပြည်နယ်အတွင်း မူလတန်းကျောင်းပေါင်း ၁ဝဝ ကို ဆောက်လုပ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
   ''နိပွန်ဖောင်ဒေးရှင်းကနေပြီးတော့ ကျောင်းဆောက်ပေးမယ် သိရတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး တကယ့် လိုအပ်နေတဲ့ နေရာတွေမှာ ဆောက်ပေးသွားမယ်လို့ ထင်တယ်။ အထူးသဖြင့် မိုးတွင်း ကာလကျရင် ကျေးလက်တောရွာတွေ မှာ ကျောင်းသူ ကျောင်းသား ငယ် လေးတွေဟာ မြစ်ချောင်းအင်း အိုင်တွေကို ကူးဖြတ်ပြီးတော့ ကျောင်းတက်ရတာ သိပ်အဆင်မပြေကြဘူးလေ'' ဟု ဘူးသီးတောင်မြို့ နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာတစ်ဦးက ပြောသည်။

   ပထမဦးစားပေးအနေဖြင့် ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်မှ စ တင်ကာ စစ်တွေမြို့နယ်အတွင်း သိန်း တန်ကျေးနှင့်ြ<ွကီတဲကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကျေးတောနှင့်အောက်မြတ်လှဲကျေး ရွာ၊ ကျောက်တော်မြို့နယ်အတွင်းပြင်လှကျေးရွာနှင့် ဒေါင်းတောင် ယိုးကျေးရွာ၊ မြောက်ဦးမြို့နယ် အ တွင်း တောင်ဦးကျေးရွာနှင့် ကြက်ဈေးကျေးရွာ၊ ပေါက်တောမြို့နယ် အတွင်း ရပ်ကွက် ၁ နှင့် ရွာချောင်း ကြီးကျေးရွာများတွင် ကျောင်း၁ဝ ကျောင်းကို စတင်ဆောက်လုပ်လျက် ရှိနေပြီဖြစ်သည်။ 

ကျန်ကျောင်းပေါင်း ၉ဝကိုလာမည့် ၂ဝ၁၃-၂ဝ၁၄ ပညာသင်မှ စတင်ကာ ဆောက်လုပ်ပေးသွား မည်ဖြစ်ပြီး တည်ဆောက်ရန် လျာထား သည့် မြို့နယ်များမှာ စစ်တွေမြို့နယ်တွင် ၅ ကျောင်း၊ ပေါက်တောမြို့ နယ် တွင် ၂ ကျောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၄ ကျောင်း၊ ကျောက်တော် မြို့နယ်တွင် ၂ ကျောင်း၊ မြောက်ဦးမြို့နယ် တွင် ၃ ကျောင်း၊ မင်းပြားမြို့ နယ်တွင် ၅ ကျောင်း၊ မြေပုံမြို့နယ်တွင် ၄ ကျောင်း၊ ရသေ့တောင်မြို့နယ် တွင် ၄ ကျောင်း၊ ကျောက်ဖြူမြို့နယ်တွင် ၈ ကျောင်း၊ ရမ်းဗြဲမြို့နယ်တွင် ၆ ကျောင်း၊ အမ်းမြို့နယ်၊ သံတွဲမြို့ နယ်၊ တောင်ကုတ်မြို့နယ်၊ ဂွမြို့နယ် များတွင် ၇ ကျောင်းစီနှင့် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် များတွင် ၆ ကျောင်းစီ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည် နယ် ပညာရေးညွှန်ကြားရေးမှူး ရုံးမှ သိရသည်။
 ------------------------------------ 
ဈေးကွက်ဂျာနယ်မှ ကူးယူဖြော်ပသည်။
ဆြာကု

No comments:

Post a Comment