Sunday, 3 March 2013

ရမ်းဗြဲကျွန်း အရှေ့ဘက် မဒဲကျွန်းမှ ကျင်းရီတောင်သို့ ရေအောက်ပိုက်လိုင်းတည်ဆောက်ခြင်းများစတင်

(မောင်ကံ)   
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက် လျက်ရှိသော South- East Asia Pipeline Company Limited မှာ ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်း အရှေ့ဘက် မဒဲကျွန်းမှ ကျင်းရီတောင်သို့ သွယ်တန်း လျက်ရှိသော ရေ အောက်ပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းများကို တိုင်းတာရေးရေယာဉ် Swamp Pipe Laying Barge "Ganapati"  ဖြင့် တိုင်းတာရေးလုပ်ငန်း များကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ 


အဆိုပါ တိုင်းတာ ရေးလုပ်ငန်းများ ကို ဇန်နဝါရီလ ၂ဝ ရက်နေ့မှ မတ်လ ၃၁ ရက်အထိ ဆောင်ရွက်သွား မည်ဖြစ်သည့်အတွက် တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း လုပ် ငန်းနှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေ ရေးအတွက် လုပ်ငန်းခွင်ဧရိယာမှ လေးကီလိုမီ တာ ပတ် လည်အ တွင်း ရေကြောင်း သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

 ယင်းသို့ သတိပေးချက် ထုတ်ပြန်ထားချိန်အတွင်း သင်္ဘောကြီး၊ ငယ်များ ကုန်တင် စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စစ်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာ ခြင်း၊ ကျောက်ချ ရပ်နား ထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းများ မပြုလုပ်ရန် ငါးလုပ်ငန်းဦးစီးဌာက အသိပေး ကြေညာ ထားကြောင်း သိရသည်။

ဈေးကွက်ဂျာနယ်မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment