သည်ခရီးကို အခေါက်ခေါက်အခါခါရောက်ဖူးသည်။ သည်အရိပ်၌ မကြာခဏ နားခိုဖူးသည်။ သည်နေ ရာကိုရောက်တိုင်း သနားစရာမျက်လုံးလေးများဖြင့်
 မုန့်ဖိုးတောင်းနေကြသော လက်အစုံများ ၊ ဓာတ်ကြီးလေးပါးမညီမျှသော 
ကိုယ်လက်ခန္ဓာများနှ င့် လောကဓံကို မိမွေးတိုင်း၊ ဖမွေးတိုင်း 
ကိုယ် ဗလာနှင့် ကလေးများ အစီအရီ။
 ဤတစ်ခေါက်၌ မြင်နေကျမျက်လုံးများ၊ 
တွေ့နေကျလက်အစုံကများ မတွေ့ရ ၊ မဆုံရတော့စိတ်ထဲမှာ 
တစ်ခုခုလိုနေသလိုခံစားရသည်။
သည်နေရာဆိုတာက စစ်တွေမြို့၏ မြောက်ဖက် ရေမိုင်အားဖြင့်(၁၆)မိုင်၊ ကုန်းလမ်းအားဖြင့် (၂၂)မိုင် သာဝေးသည့် ပုဏ္ဏားကျွန်းမြို့အနီးကဂူဝဆိုသည
သည်နေရာဆိုတာက စစ်တွေမြို့၏ မြောက်ဖက် ရေမိုင်အားဖြင့်(၁၆)မိုင်၊ ကုန်းလမ်းအားဖြင့် (၂၂)မိုင် သာဝေးသည့် ပုဏ္ဏားကျွန်းမြို့အနီးကဂူဝဆိုသည
သည်ဘုရားကိုအကြောင်းပြု၍ အနီးအနားကရွာကို 
ဂူဝရွာဟုခေါ်ပါသည်။ သည်ရွာလေးမှာအိမ်ခြေ(၇၀)ခန့်ရှိ
ပညာရေးဆိုသည် မှာသူတို့အတွက် 
ဘယ်လိုမှမဖြစ်နိုင်သည့်အရာ။ မိမိတို့မရခဲ့သည့် ပညာ့မျက်စိကို 
သား၊ သားသမီးများအား သင်ပေးချင်သော်ငြားလည်း ရွာထဲတွင်ကျောင်းမရှိမှု၊ 
ဝမ်းတထွာအတွက် ရုန်းကန်နေရမှု တို့ကြောင်းဘယ်လို
 မိဘတိုင်းလိုလိုကဈေးမှ(၁၁)နာရီ
လမ်းသွားလမ်းလာများက ပစ်ပေးသော သကြားလုံးများ၊ 
စားစရာသောက်စရာများ၊ တစ်ခါတရံ လွှင့်ပစ် လိုက်သော အခွံများကို လုကောက်ကြရင်း 
ဘဝကျောင်းမှာ သင်ယူကြသည်။ စနေ၊ တနင်္ဂနွေဆိုတော့ဘု ရားဖူး ခရီးသည်များ၊ 
အများအပြားရောက်ကြရာ ရှိလေးတစ်ချက် ခိုးလိုက် ငွေ(၁၀၀)ပေးပါတောင်းလိုက်၊ 
လက်ဝါးလေးဖြန့်လိုက် စားစရာတောင်းလိုက်နှင့် ဟောင်းလောင်းဖြစ်နေသော 
အူမများကို မိမိတို့တတ် သည့်နည်းဖြင့်ဖြေရှင်းနေကြသည်။
 
တခါတလေဆိုလျှင် တစ်ဦးနှင့်တစ်ဦး တိုးဝှေ့ပြီး အတင်းရှိခိုးကြရာ ခရီးသည်များမှာ လုံချည်များ ချွတ်ကျ သည်အထိဖြစ်ကြရသည်။ ကုသိုလ်ယူဖို့လာကြရာ၌ စိတ်ပျက်လက်ပျက်ဖြင့် ပြန်သွားကြရသော ခရီးသည် များလည်းတွေ့ဖူးသည်။ ပညာရေးနှင့်အလှမ်းဝေးသော ဤကလေးများမှာ လုပ်သင့်၊ မလုပ်သင့်၊ ပြုသင့်၊ မပြုသင့် သူတို့မသိ။ သူတို့သိသည်ကား ခရီးသည်လာလျှင် ပစ်ဆံတောင်းမည်။ ဖိနပ်တို့ရုပ်ဝတ္ထုတို့တစ်ခုခုခ

 အဝတ်အစားဆိုသည်မှာ သဘာဝတရားနှင့် အရှက်ဣနြေ္ဒကို ကာကွယ်ဖို့ 
အတွက်ဖြစ်သော်လည်း သည် ကလေးများနှင့် ဘာမျှမဆိုင်သလို။ တချို့(၁၂)နှစ်၊ 
(၁၃)နှစ်ကလေး၊ ကလေးမလေးတွေ အဝတ်အစားမပါ။ ကိုယ်ဗလာနှင့် ဘုရားအနီးမှာ 
ပြေးလွှားဆော့ကစားနေ ကြသည်။
သည်ဘုရားကို လာတိုင်းမြင်နေကျ၊ တွေ့နေကျ၊ ကြားနေကျ အရာများကို မမြင်ရ၊ မတွေ့ရ၊ မကြားရ တော့ တစ်ခုခု လိုနေသလိုပင်။ စိတ်ထဲမှာ ထူးဆန်းသလို ခံစားရသည်။ သည်ကလေးတွေဘယ်ရောက်ကုန်ပြီ လဲ။ တပြိုင်တည်းရွာကိုလည်း လှမ်းမြင်နေရသည်။ သည်လိုဆိုတော့ ရွာလုံးကျွတ်ပြောင်းသွားတာလဲ မဖြစ်နိုင်။
မရောက်တာ တစ်နှစ်ကျော်၊ 
နှစ်နှစ်အတွင်း သည်ကလေးတွေ အကုန်အရွယ်ရောက်သွားတာလည်း မဖြစ်နိုင်။ 
သိလိုစိတ်က ပြင်းပြနေသည်။ သည်လိုတစ်စုံတစ်ခုကို ရှာနေစဉ်အတွင်းမှာ 
ရွာဘက်ဆီမှ ကလေးများ၏ မင်္ဂလာကဗျာရွတ်ဆိုသံကြားလိုက်ရသည်။ “လူမိုက်ဆိုလျှင် 
ရှောင်ကြည်ဝဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ၊ ပညာရှိကို စဉ်တွဲလို့ 
မှီဝဲဆည်းကပ် နည်းယူစေ” ဟာ ဒါကလေးတွေရဲ့ အသံပါလားလို့ အသိဝင်လာသည်။
 
ကိုယ့်ကိုကိုယ် သတိထားမိသောအခါ ကလေးတွေ တပုံတစ်မရှိသည့် ယိုင်နဲ့နဲ့အဆောက်အအုံ တစ်ခု ရှေ့ရောက်နေပြီ။ တူညီသောကျောင်းဝတ်စုံလေးများဖြင
ကိုယ့်ကိုကိုယ် သတိထားမိသောအခါ ကလေးတွေ တပုံတစ်မရှိသည့် ယိုင်နဲ့နဲ့အဆောက်အအုံ တစ်ခု ရှေ့ရောက်နေပြီ။ တူညီသောကျောင်းဝတ်စုံလေးများဖြင
ကျောင်းလေးကအပြန် ကပ်ငြိပါလာသော ကလေးမျး၏ “အမျိုးသီလ နှစ်ဋ္ဌာနကို ပြည့်ဝမဏ္ဏိုင် စောင့်စွမ်းနိုင် မှရက္ခိုင်နာမဘွဲ့မည်လှ၍ အန္ဓတသညာ ခေါ်အပ်ရာတည်း” ဟူသော အရှင်နာဂိန္ဒမော်ကွန်းကို သံပြိုင်ရွတ် ဆိုသံများ။
အိမ်အပြန်လမ်၌ တစ်ခုခုကို ကျေနပ်သလိုမျိုး။ တစ်ခါမျှမခံစားဖူးသော ကြည်နူးမှုတစ်ခုရင်ထဲ၌ ကပ်ငြိလာ ပါသည်။ မျက်စိထဲ၌မြင်နေမိသည်က ကောင်းကင်ထက်၌ ပျံဝဲနေသောပုံရိပ်တစ်ခု။ နားထဲ၌ကြားနေသည် ကား ဝံလက်ငှက်များ၏ တောင်ပံခတ်သံများ။ သည်အသံများရခိုင်ပြည်တစ်ဝှမ်းမှ
မောင်စိန်တောက်(စစ်တွေ)
Posted by WANLARKFOUNDATION |
Ref: RSV
 
No comments:
Post a Comment