Tuesday 4 December 2012

ဆင်နမော်ကမ်းမှ ငါးဖမ်းလှေ ၄ စီးဘင်္ဂလီများတိုက်ခိုက်သဖြင့် ပင်ပြင်ထဲမှ ကမ်းသို့ပြေးဝင်လာရဟုဆို



ဒီဇင်ဘာတစ်ရက်နေ့က ပေါက်တောမြို့နယ် ဆင်နမော်ကမ်းမှ ပင်လယ်ပြင်သို့ ထွက်ခွါသွားသောငါးဖမ်းလှေ ၄ စီးသည် ပင်လယ်ပြင် တွင်ငါးဖမ်းနေစဉ် ဘင်္ဂလီ များ၏ ငါးဖမ်းလှေ အစီး ၁၀ ခန့်တို့မှဝိုင်းရံလာ သဖြင့် ပင် လယ်ပြင်မှ ဒီဇင်ဘာ ၃ ရက်နေ့ တွင်ပြန်လည်ကာ ကမ်းခြေဘက်သို့ ထွက် ပြေးလာခဲ့ရ ကြောင်းသိရသည်။

ယင်းသို့ နေရာတကာတွင် ရခိုင်များသွားလာလုပ်ကိုင်စားသောက်၍မရအောင် တိုက်ခိုက်ခံနေရခြင်းသည် လွန်စွာဆိုးရွားနေပြီဖြစ်ကြောင်းနှင့် ပင်လယ်ပြင် တွင် လုံ ခြုံရေးကင်းမဲ့နေခြင်းများကြောင့် ဒုက္ခရောက်သွားနိုင်ကြောင်း လည်း သိရသည်။

ရခိုင်တိုင်းရင်းသားများသည် လူနည်းစုဖြစ်သဖြင့် သွားလေရာနေရာတွင် လူအင် အားနည်းပါးနေသဖြင့် ထိုသို့ အင်အားများသူ၊လူအင်အားများ သူများက နေ့စဉ်နှင့် အမျှ တိုက်ခိုက်နေခြင်းနှင့် နေရာတိုင်းတွင် ဘင်္ဂလီ လူမျိုးများသာ ရှိနေသဖြင့် ရခိုင် တိုင်းရင်းသားများနှင့် အခြားသော ဗုဒ္ဓဘာသာဝင်များ၊ဟိန္ဒူများနှင့်မရာမာကြီး၊မြို၊ ခမီး၊ သက်၊ ဒိုင်းနက်၊ ချင်း အစရှိသော လူမျိုးများလည်းကောင်းစွာ လုပ်ကိုင်စား သောက်နိုင်မှုမရှိ ကြောင်း သိရှိရပါသည်။

No comments:

Post a Comment