Thursday 22 November 2012

မင်းပြား သရက်အုပ် မွတ်ဆလင် ကျေးရွာ ပြန်လည် နေရာချ

အောက်တိုဘာလ အတွင်းက ဖြစ်ပေါ်ခဲ့သောအပြန်အလှန် တိုက်ခိုက်မူ အတွင်း ရွာလုံးကျွတ် မီးရှို့ခံခဲ့ရသော သရက်အုပ် မွတ်ဆလင်ကျေးရွာမှ ကျေးရွာသားများကို အဆိုပါ ကျေးရွာတွင်ပင် ယခုအခါ ပြန် လည် နေရာ ချထားပေးနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

“ သူတို့ အစီအစဉ်နဲ့ လာနေတာတော့ မဟုတ်ပါဘူး။ သက်ဆိုင်ရာက စီစဉ်ပေးတဲ့ အစီအစဉ်နဲ့ လာနေကြ တာ ထင်ပါတယ်” ဟု ပန်းမြောင်း ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။


ယခု ရောက်ရှိလာကြသည့် မိသားစုမှ လေးငါးဆယ်ခန့်ရှိသည်ဟု သူက ပြောသည်။

“ သူတို့က ပထမတော့ ရွာမှာ တဲတွေ လာထိုးတယ်။ ညကျရင် နာဂါရာ ကျေးရွာကို ပြန်တယ်။ အခုတော့ မပြန်တော့ဘဲ ရွာမှာ နေနေကြပြီ ဖြစ်တယ်လို့ သိရပါတယ်” ဟု ဆိုသည်။

သရက်အုပ် ကျေးရွာတွင် အိမ်ခြေပေါင်း ၁၆၀ ခန့်ရှိပြီး မီးရှို့ တိုက်ခိုက်မူ ဖြစ်ပွားပြီးနောက်  နာဂါရာ ကျေးရွာ သို့ အားလုံး ထွက်ပြေး ခိုလုံခဲ့ကြသည်။

သူတို့အား နိုင်ငံတကာ အန်ဂျီအိုများနှင့် ဘာသာရေး အဖွဲ့အစည်းများမှ ဆန်ဆီဆား ဆေးဝါးများ ထောက် ပံ့ပေးထားသည်ဟု ဆိုသည်။

ယခုအခါ ပန်းမြောင်းဒေသ အနီးတ၀ိုက်တွင် အခြေအနေမှာ တည်ငြိမ်နေပြီး ပုံမှန် အခြေအနေ သို့ ပြန်ရောက်နေပြီဟု ဒေသခံများက ဆိုသည်။

သို့သော်လည်း စစ်တပ်ကို ရခိုင်ကျေးရွာများနှင့် မွတ်ဆလင် ကျေးရွာများ အကြားတွင် ဆက်လက် ချထားရတုန်း ဖြစ်ကြောင်း သိရသည်။

http://www.narinjara.com/burmese/?p=3207

No comments:

Post a Comment