Thursday 13 September 2012

ူမန်မာဌာန > သတင်းမဵား လုပ်ငန်းခွင်က တုန်ခါသံ လျော့ချပေးဖို့ ESSAR ကုမ္ပဏီကို တောင်းဆို

အိန္ဒိယ-မြန်မာဆက်သွယ်မယ့် ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းမှာ ပါဝင်တဲ့ စစ်တွေဆိပ် ကမ်း တည်ဆောက်ရေး လုပ်ငန်းခွင်က ထွက်ပေါ်လာတဲ့ တုန်ခါမှုအသံတွေဟာ ပတ်ဝန်းကျင်ကို ဆိုးဆိုး ရွားရွား ထိခိုက်နေတဲ့အတွက် အဲဒီအသံတွေကို လျှော့ချပေးဖို့အတွက် စစ်တွေအခြေစိုက် သဘာဝ ပတ် ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးအဖွဲ့ (ရခိုင်ပြည်နယ်) က ဒီစီမံကိန်းကို အဓိက အကောင် အထည်ဖော် ဆောင်ရွက်နေတဲ့ အိန္ဒိယနိုင်ငံအခြေစိုက် ESSAR ကုမ္ပဏီကို စက်တင်ဘာလ (၁၃) ရက်နေ့က တောင်းဆို လိုက်ပါတယ်။


ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးမောင်လှဝင်းက RFA ကို အခုလိုပြောပါတယ်။

"ESSAR လုပ်ငန်းခွင်က ဆူညံသံကြောင့် မြို့လူထုတွေ မခံနိုင်ဘူး။ အဲဒီဆိပ်ကမ်း လုပ်နေတဲ့နေရာ နဲ့ ဆေးရုံနဲ့ ကပ်ရက်ဖြစ်နေတယ်။ ဆေးရုံက လူနာတွေခံစားရတာတွေ ဘယ်လိုဖြစ်မလဲ ဆိုတာ ပြောပြ စရာ မလိုလောက်အောင်ကို ရှင်းနေတယ်။ ကျွန်တော်တို့ အဓိက လိုချင်တဲ့ အချက်က ညလုပ်တဲ့ ကိစ္စ ရပ်တွေကို အတတ်နိုင်ဆုံး လျော့ချပြီး လုပ်စေချင်တယ်။ ဆူညံသံတွေ ထွက်မဲ့ကိစ္စတွေ ကို နေ့လည်ဘက်မှာ လုပ်စေချင်တယ်"

ဆိပ်ကမ်းလုပ်ငန်းခွင်က ထွက်လာတဲ့ အသံတုန်ခါမှုတွေ လျှော့ချပေးဖို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့က မြို့ခံလူထု (၁၂၀) ကျော် လက်မှတ်ရေးထိုးပြီး ဆိပ်ကမ်း အာဏာပိုင်တွေကို တင်ပြခဲ့ကြပေမဲ့ တစုံတရာ ထူးခြားမှု မရှိခြင်းကြောင်း အခုလို ESSAR ကုမ္ပဏီကို တိုက်ရိုက် တောင်းဆိုရတာ ဖြစ်ကြောင်း ဦးမောင် လှဝင်းက ပြောဆိုပါတယ်။

အခုလက်ရှိ အခြေအနေအရ စစ်တွေမြို့ပေါ်မှာ ပုဒ်မ-၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့အတွက် ဆိပ် ကမ်း တည်ဆောက်မှု လုပ်ငန်းခွင်အတွင်းက ထွက်ပေါ်လာနေတဲ့ ပိုင်ရိုက်သံတွေကြောင့် မြို့ခံလူထု အထိတ် တလန့် ဖြစ်ရကြောင်းလည်း မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်တွေဆိပ်ကမ်း တည်ဆောက်မှု လုပ်ငန်းခွင်နဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆိုင် ရာတွေကို လျှော့ချပေးဖို့အတွက် စစ်တွေမြို့ခံလူထုက တရားဝင် ဆန္ဒပြသွားဖို့ စီစဉ် ဆောင်ရွက်နေတယ်လို့ လည်း သိရပါတယ်။

အိန္ဒိယ-မြန်မာ ဆက်သွယ်မယ့် ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းကို ၂၀၁၀ နှစ်ကုန်ပိုင်းက စတင် တည်ဆောက်နေတာဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်း ၁၂၀ ကုန်ကျမယ့် အဲဒီစီမံကိန်းမှာ ပါဝင်တဲ့ စစ်တွေဆိပ်ကမ်းကို လာမယ့် ၂၀၁၃ ခုနှစ်မှာ အပြီးသတ်မယ်လို့ ခန့်မှန်းထားပါတယ်။
http://www.rfa.org/burmese/news/sittwe-port-project-09132012192050.html

No comments:

Post a Comment