Wednesday 22 August 2012

အနောက်တံခါးမှဧည့်သည်များ (၁) (၂)

 



“ရိုဟင်ဂျာ” ဆိုတာဟာ လူမျိုးတစ်မျိုး  ရဲ့ အမည်မဟုတ်ပါဘူး၊ ရိုဟင်ဂျာ လူမျိုး ဆိုတာလဲ မရှိခဲ့ပါဘူး၊ ဒါပေမဲ့ ဘူးသီးတောင် မောင်တောဒေသအတွင်းမှာ ၀င်ရောက်  နေထိုင်လာတဲ့ ဘင်ဂါလီလူမျိုး တွေဟာ မိမိ တို့ကိုယ်တိုင်က “ရိုဟင်ဂျာ”ဆိုတဲ့လူမျိုး  အဖြစ်အမည်ပြောင်းပြီးနေထိုင်ချင်တဲ့ ဆန္ဒ တွေက ဟိုးရှေးယခင် ကတည်းကရှိနေခဲ့တာပါ။ “ရိုဟင်ဂျာ” ဆိုတဲ့ဝေါဟာရ ဟာဟိုးရှေးယခင်ကတည်း ကရှိနေတဲ့လူမျိုး  အမည် မဟုတ်ပဲ ဘင်ဂါလီလူမျိုးပညာတတ် အသိုင်းအ၀န်းကတီထွင် ဖန်တီးလိုက်တဲ့  ဝေါဟာရအသစ်တစ်ခု သာဖြစ်ပါတယ်။


ရခိုင်ပြည်နယ်က ဘူးသီးတောင် မောင်တောဒေသဟာဘဂ်လားဒေ့ရှ်နိုင်ငံနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ အတွက် တစ်ဖက်နိုင်ငံကနေ တဖြည်းဖြည်းစိမ့် ၀င်အခြေချနေထိုင်ပြီးလျင်မြန်ပျက်ပြားစွာ ပေါက်ဖွားလာတဲ့ ဘင်ဂါလီလူမျိုးတွေ အများစုနေထိုင်ရာဒေတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒီနေ့ ဒီအချိန်မှာတော့ ဘူး သီးတောင် မောင်တောဒေသလူဦးရေရဲ့ ၉၀ ရာခိုင် နှုန်းကျော်ဟာ ဘင်ဂါလီလူမျိုးတွေဖြစ်နေ ပါပြီ။

ဒါကြောင့် ဘူးသီးတောင်မောင်တောဒေသဟာ ပထ၀ီနိုင်ငံရေးသဘောတရား အရလည်းကောင်း၊ လူနေမှု သမိုင်းကြောင်း  အရလည်းကောင်း၊ လူမှုဆက်ဆံရေးနဲ့ စိတ်နေသဘောထားအရလည်းကောင်း ထူးခြား မှုတွေရှိနေတဲ့ဒေသတစ်ခုဖြစ်ပါတယ်။

ဒီနေ့ အချိန်အခါမှာတော့ ဘူးသီး တောင်မောင်တောဒေသမှာ အခြေစိုက် နေထိုင်လျက်ရှိကြတဲ့ “ရိုဟင်ဂျာ” အမည် ခံ ဘင်ဂါလီလူမျိုးများဟာ ဘယ်အချိန်က တည်းက၀င်ရောက်အခြေချနေထိုင်လာခဲ့   ကြတယ်ဆို တာရယ်။ ဘယ်ဒေသကနေ လာရောက်ခဲ့ကြတယ်ဆိုတာရယ်။ ဘယ် လိုနည်းလမ်းတွေနဲ့ ရောက်ရှိလာခဲ့ကြ တယ်ဆိုတာရယ်နိုင်ငံသားအားလုံးအမှန်  အတိုင်းသိရှိဖို့လိုအပ်နေပါပြီ။ ဒါမှလည်း  သမိုင်းဖြစ်စဉ်များအပေါ် မှာ အမှန်ကိုသိ ပြီးဆုံးဖြတ်နိုင်ကြမှာပါ။

ဒီလိုသမိုင်းဖြစ်စဉ်အမှန်တွေကို သိရှိနားလည်ပြီး သဘောပေါက်နိုင်ဖို့ကလည်း  ရှေးခေတ်ရခိုင်ပြည်သ မိုင်း၊ ခေတ်ဟောင်း  မြန်မာနိုင်ငံတော်သမိုင်းခေတ်သစ်မြန်မာ့  နိုင်ငံရေးသမိုင်းတို့ကိုလေ့လာကြည့်ဖို့လို ပါ တယ်။
ရှေးခေတ်ရခိုင်ပြည်သမိုင်းတွေရဲ့ အဆိုအရ ရခိုင်ပြည် (သို့မဟုတ်) မြောက်ဦးခေတ်အစပိုင်းမှာ မင်းစောမွန် ရခိုင်ထီးနန်းကိုပြန်လည်ရရှိဖို့အတွက် မူစလင်ဘုရင် (ဂေါ်ရ်ဘုရင်)က အကူအညီပေးခဲ့တာကို အကြောင်းပြုပြီးတော့ ((AD-1430)) ကစတင်ပြီး ယခု (ဘဂ်လားဒေရှ်) ဒေသက မူစလင်ဘာသာဝင်တွေစ တင်ပြီး  ၀င်ရောက်လာကြောင်းတွေ့ရပါတယ်။
ဒါအပြင် ရခိုင်ဘုရင်များက ကျွန်အဖြစ်ဖမ်းဆီးခေါ်ဆောင်လာတဲ့ မူစလင်ဘာသာဝင်တွေ မြေဒူးအဆက် အနွယ် မူစလင်ဘာသာဝင်တွေ ကမန်အဆက်အနွယ်တွေဆိုပြီး မူစလင်ဘာသာဝင်တွေ တဖြည်းဖြည်းများ လာတာတွေ့ရပါတယ်။

ခရစ်နှစ် (၁၇၈၄)ခုနှစ်မှာ အမရပူရ  ပြည့်ရှင်ဘိုးတော်ဘုရားက ရခိုင်ပြည်ကို သိမ်းပြီးနောက်ပိုင်း ပြည်တွင်း မငြိမ်သက်မှုတွေ ပုန်ကန်ထကြွမှုတွေကို မြန်မာဘုရင်  တပ်မတော်မှ နှိမ်နင်းတိုက်ခိုက်အရေးယူ မှုများဖြင့် ရခိုင်ပြည်ကလူအများအပြား အဲဒီတုန်းက အင်္ဂလိပ်ပိုင်နက်ဖြစ်တဲ့ အရှေ့ဘဂ်လားဒေသ (ယခု ဘဂ်လားဒေရှ့်) ကို ထွက်ပြေးခိုလှုံ့ကြပါတယ်။
သုတေသီ “ကောလပ်”ရဲ့ အဆိုအရ  ရခိုင်ပြည်ကနေ့ အိန်္ဒိယပိုင်အရှေ့ဘဂ်လား  ဒေသကိုထွက်ပြေးသူ (၂) သိန်းခန့်ရှိ ကြောင်း မှတ်တမ်းတင်ဖော်ပြခဲ့ပါတယ်။   အင်္ဂလိပ်-မြန်မာပထမစစ်ပွဲအပြီးမှာ ရခိုင် ပြည်အုပ် ချုပ်ရေးမှူး “မစ္စတာပါတင်” (Paton) ရေးတဲ့ ရခိုင်ပြည်အကြောင်းအစီ ရင်ခံခဲ့ပါတယ်။ အဲဒီအစီရင်ခံစာကို ကိုးကား  ပြီး ဒေါက်တာ “ဘနာဂျီ” ကဖော်ပြရာမှာ ရခိုင်ပြည်နယ်တွင်ဘိုးတော်ဘုရားလက်ထက်က ရခိုင် လူမျိုးဦးရေ (၆၀၀၀၀) မူစလင်ဘာသာဝင်ဦးရေ (၃၀၀၀၀) ဗမာလူမျိုး ဦးရေ (၁၀၀၀၀) စုစုပေါင်းလူဦးရေ (၁၀၀၀၀၀) ရှိကြောင်း ရေးသားခဲ့ပါတယ်။
ဒါကြောင့် (ခရစ်နှစ် ၁၈၂၅) ခုနှစ်ခန့်က ရခိုင်ပြည်နယ်မှာ မူစလင်ဘာသာဝင်ဦးရေ (၃၀၀၀၀)ခန့်ရှိနေတယ် လို့ ယူဆ နိုင်ပါတယ်။
ဒါအပြင် ကမန်အဆက်အနွယ်နဲ့  မြေဒူးအဆက်အနွယ်မူစလင်ဘာသာဝင် ဦးရေက သံတွဲခရိုင်မှာ (ခရစ်နှစ် ၁၈၂၅) ခုနှစ်မှာ အုပ်စုနှစ်စုပေါင်း (၁၅၀၀) ခန့် ရှိခဲ့ပြီး (၁၈၇၂) ခုနှစ်မှာ (၁၅၈၇)ဦး၊ (၁၉၀၁)ခုနှစ်မှာ (၃၀၀၀) ဦးနဲ့ (၁၉၁၀) ခုနှစ်မှာ (၃၆၇၆) ဦးရှိခဲ့ကြောင်း မှတ်တမ်း များအရ သိရှိရပါတယ်။


ခရစ်နှစ် (၁၈၂၆) ခုနှစ်မှာ ရခိုင် ပြည်နယ်ကို မြန်မာဘုရင်လက်ထဲကနေ  ဗြိတိသျှတို့က သိမ်းယူသွားခဲ့ပါ တယ်။ ဗြိတိသျှတို့ သိမ်းယူပိုင်ဆိုင်ကာစက ရခိုင် ပြည်နယ်မှာ ရခိုင်လူမျိုးလူဦးရေအလွန် တရာနည်းပါးခဲ့ပါ တယ်။ အင်္ဂလိပ်လက် အောက်အုပ်ချုပ်ရေးအသင့်အတင့်တည် ငြိမ်လာတဲ့အခါမှာတော့ အရှေ့ဘဂ် လား  ဒေသကိုထွက်ပြေးတိမ်းရှောင်သွားခဲ့ကြတဲ့ ရခိုင်စစ်ပြေးဒုက်္ခသည်တွေ မိမိတို့ ဇာတိရပ်ရွာများကို ပြန် လည်ဝင်ရောက်  အခြေချနေထိုင်ခဲ့ကြပါတယ်။ ခရစ်နှစ် (၁၈၃၁) မှ (၁၉၁၁) ခုနှစ်အထိ စစ်တွေဆိုင်မှာတိုး တက်လာတဲ့လူဦးရေကို မစ်္စတာစမတ် (ှာနမအ) က မှတ်တမ်းတင် ခဲ့ရာမှာ (၁၈၃၂) ခုနှစ်မှာ (၁၀၈၆၄၅) ဦးရှိရာမှ (၁၉၁၁) ခုနှစ်မှာ (၅၂၉၉၄၃) ရှိလာကြောင်း တွေ့ရပါတယ်။

ဗြိတိသျှအစိုးရလက်ထက်မှာ အုပ်ချုပ်   ရတဲ့ စရိတ်တွေကာမိစေရန်နဲ့ ၎င်းင်းတို့ရဲ့  အကျိုးစီးပွားရေးအတွက် အခွန်အကောက်   များများရအောင်လို့ မြေသြဇာကောင်းပြီး  လက်မြေမြောက်များစွာရှိတဲ့ ရခိုင်ပြည်  နယ် မှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အစွမ်းရှိသမျှတိုးချဲ့လုပ်ကိုင်စေ ခဲ့ပါတယ်။

 တောင်သူလယ်သမားတွေ မြေလွတ်မြေ ရိုင်းတွေတိုးချဲ့လုပ်ကိုင်နိုင်အောင်လို့ခရစ်  (၁၈၃၄) ခုနှစ်မှာ (ရ ခိုင်ပြည်၊ဂရံကြီးနည်း ဥပဒေ)ကို ထုတ်ပြန်ခဲ့ပါတယ်။ တဆက်တည်းမှာလဲ ရခိုင်ဒေသမှာ (တံခါးမရှိ၊ ဓားမရှိ၊ လူဝင်၊ လူထွက်ပေါ်လစီ)ကို ကျင့်သုံးခဲ့ပြီး အိန်္ဒိယအရှေ့ဘဂ်လား၊ စစ်တကောင်းဒေသတို့မှ ဘဂါလီကုလား လူမျိုးများ မဒရပ်နယ်မှ ဆူရိယာကုလားများ    ရခိုင်ဒေသအတွင်းကို အတားအဆီးမဲ့စွာ စိတ်တိုင်းကျ ၀င်ရောက်နေထိုင်ခွင့်ပြုခဲ့ပါ တယ်။ ဒါကြောင့် အဲဒီအချိန်ကာလက ရခိုင်ပြည်နယ်အတွင်းကို သာမန် အားဖြင့် တစ်နှစ်၊တစ်နှစ်မှာ စစ်တကောင်းဒေသနဲ့ အရှေ့ဘဂ်လားဒေသကဘဂါလီလူမျိုး (၄၀၀၀၀) ခန့် စစ်တွေခရိုင်ကို ၀င်ရောက် လာခဲ့ကြပါတယ်။ စစ်တွေခရိုင်တစ်ခုလုံးမှာ ခရစ် (၁၈၉၁) ခုနှစ်မှာ လူဦးရေ (၄၁၆၃၀၅) ဦးရှိခဲ့ရာကနေ ခရစ်နှစ် (၁၉၀၁) မှာ (၅၂၉၉၄၃) အထိ တိုးတက်များပြားလာတာဟာ ဘဂ် လားဒေသက၀င်လာတဲ့ ဘဂါလီလူမျိုးတွေကြောင့် ပဲဖြစ်ပါတယ်။

ခရစ်နှစ် (၁၉၀၁) ခုနှစ်ကစပြီး ရခိုင်ဒေသအသီးသီးမှာ လူဦးရေးတိုးပွားမှုတွေ  ဖြစ်ပေါ်ခဲ့ပါတယ် ။ မောင်တောမြို့နယ်မှာ (၂) ရာခိုင်နှုန်းအထိတိုးပွားပြီး လူဦးရေ တိုးပွားမှုအများဆုံးမြို့နယ်ဖြစ်ခဲ့ပါတယ်။   မြို့ဟောင်း (မြောက်ဦး)မြို့နယ်မှာ (၁၆) ရာခိုင်နှုန်း၊ မင်းပြားမြို့နယ်မှာ (၁၄) ရာ ခိုင်နှုန်းတိုးပွားခဲ့ပါ တယ်။ စစ်တွေမြို့ကို  လူဦးရေသန်းခေါင်စာရင်းကောက်ယူတဲ့ အခါမှာတော့ စစ်တကောင်းသားတွေ လူဦးရေ အများအပြားရှိနေချိန်နဲ့ တိုက်ဆိုင် နေခဲ့ပါတယ်။

စစ်တွေမြို့နယ်ရဲ့ အမြဲတမ်း လူဦးရေဟာ (၂၅၀၀၀) ဦးထက်မကျော်လွန် တဲ့အတွက် တစ်စတုရန်းမိုင်မှာ လူ ဦးရေ (၂၃၀) ရှိနေခဲ့တဲ့ မောင်တောမြို့နယ်ဟာ စစ်တွေခရိုင်မှာ တရားမ၀င် ၀င်ရောက်နေထိုင်လာသော ဘင်ဂါလီများကြောင့် လူဦးရေ အထူထပ် ဆုံးမြို့နယ်ဖြစ်ခဲ့ပါတယ်။ မောင်တောမြို့နယ်ရဲ့ နယ်စပ်ကလည်း စစ်တကောင်းဖြစ်နေ တာကြောင့်  မောင်တောမြို့နယ်ရဲ့ လူဦးရေအများစုက စစ်တကောင်းသားတွေ ဖြစ် တယ်လို (မစ္စတာ အာရဘီစမတ်) ကရေးသားရှင်း  ပြထားခဲ့ပါတယ်။


မူစလင်လူဦးရေးတိုးလာတဲ့အကြောင်း နဲ့ ပတ်သက်ပြီး (မစ္စတာစမတ်)က ““မဟာ မေဒင်များသည် (စစ်တွေ ခရိုင်)တွင် (၁၈၇၂) ခုနှစ်က (၅၈၂၅၅) ဦးရှိခဲ့ရာမှ (၁၉၀၁) ခုနှစ်တွင် (၁၇၈၆၄၇) ဦးအထိ တိုးလာပေသည်။ ၎င်းတို့အနက်ယောကျာ်း အများအပြားမှာ အလုပ်ရာသီ၌ စစ်တ ကောင်းမှ ၀င်လာသူများဖြစ်ကြသည်။   အမှန်အတိုင်းပြောရလျှင် ၎င်းတို့သည် ရခိုင်ပြည်သားများမဟုတ်ကြပေ။ ဘူးသီး တောင်မြို့နယ်သည်လည်း စစ်တကောင်း သားဝင်လာသူများကိစ္စ၌ မောင်တောထက်  များစွာမလျော့နည်းချေ။ စစ်တကောင်းမှ အသစ် ၀င်လာသူများကို စစ်တွေခရိုင်   မြို့နယ်တိုင်းလိုလို၌ တွေ့ရပေလိမ့်မည်””လို့  မှတ်တမ်းတင်ထားခဲ့ပါတယ်။
ဒီနေရာမှာ အကြောင်းသင့်လို့ စစ် တွေခရိုင်အတွင်းကို စစ်တကောင်းသား မူစလင်တွေအလုံးအရင်းနဲ့ ၀င်ရောက် လာနိုင်ခြင်းအကြောင်းရင်းကို စိစစ်ကြည့်ရင်အခြေခံအချက် (၃) ချက်ရှိကြောင်း တွေ့ရမှာဖြစ် ပါတယ်။

ဒုတိယ အချက်ကတော့ စူးအက် တူးမြောင်းဖွင့်တဲ့ကိစ္စနဲ့ ဆက်နွယ်နေပါ တယ်။ သမိုင်းပါမောက္ခ “ဒေါက် တာ ကျော်သက်”က မြန်မာနိုင်ငံ စီးပွားရေး  လောကပြောင်းလဲမှု၌ အီဂျစ်နိုင်ငံစူးအက် တူးမြောင်းဖွင့်ပြီး သည့်နောက်ပိုင်း (၁၈၇၁) ခုနှစ်မှစတင်လာသည်ဟုဆိုရ သည်။ လို့ကောက်ချက်ချပြီး မြန်မာနိုင်ငံ   ၏အရေး ပါ အရာရောက်ဆုံးသော တိုးတက်မှုသည် ဆန်စပါးစိုက်ပျိုးခြင်း လုပ်ငန်းမှာ ပြည်ပရောင်း ချခြင်းလုပ်ငန်း တို့ဖြစ်ပေသည် ဆန်စပါးတိုးလာရခြင်းနှင့် ပြည်ပရောင်း ချမှုတိုးလာရခြင်းတို့သည်စူးအက် တူး မြောင်းဖောက်လုပ်ပြီးမှသာ ကျယ်ပြန်တိုး တက်လာလေသည်”ဟုဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဟာလည်း ဆန်စပါး  စိုက်ပျိုးခြင်းလုပ်ငန်းကိုတိုးချဲ့ခဲ့တဲ့အတွက်ကြောင့် စီးပွားရေးဖွံ့ဖြိုးတိုး တက် လာခဲ့ပါတယ်။ တောရိုင်းများကို ခုတ်တွင်ရှင်းလင်းပြီး လယ်ယာမြေသစ်များကို နှစ်စဉ်တိုးချဲ့   လုပ် ကိုင်လာခဲ့ကြပါတယ်။ လယ်ယာလုပ် ငန်းအတွက်တောရိုင်းခုတ်တွင် မြေတူး၊ ဆည်ဖို့၊ စပါးရိတ်သိမ်းစတဲ့ အလုပ်တွေအတွက် အလုပ်ကြမ်းသမားတွေအများ အပြားလိုအပ်ခဲ့တဲ့ အတွက်လုပ်ခချိုသာတဲ့  စစ် တကောင်းသား ဘင်ဂါလီများကို ငှားရမ်းသုံးစွဲခဲ့ကြပါတယ်။ ဒါကြောင့်လည်းစစ်တကောင်းသား ဘင်ဂါလီ လူမျိုးများဟာ လယ်ယာလုပ်ငန်းရာသီမှာ အလုံးအရင်း နဲ့ ၀င်ရောက်လာခဲ့ကြပါတယ်။ ၀င်ရောက်လာတဲ့ သူတွေထဲက တချို့တစ်လေသာ ပြန်သွားကြပြီး ကျန်ခဲ့တဲ့ ဘဂါလီတွေကတော့ ရခိုင်ပြည်နယ်အတွင်းမှာ အိုး အိမ် အတည်တကျနဲ့ နေထိုင်ကြပါတော့တယ်။  ဒါကြောင့် စစ်တွေခရိုင်မှာ မူစလင်ဦးရေ နှစ်စဉ်တိုးတက် လာတာဖြစ်ပါတယ်။

တတိယအချက်ကတော့ ဒေသခံတို့ ရဲ့ ပျင်းရိမှု၊ ၀ီရိယနည်းမှုတို့ကြောင့်ဖြစ် ပါတယ်။ ကာယအင်အားဖြင့် လုပ်ရတဲ့  လယ်ယာအလုပ်ကြမ်းများဟာ အလွန်ပင်ပန်းတဲ့ အလုပ်များဖြစ်ပါတယ်။ ဒေသခံတွေက မြေတူး၊ တာဆည်၊ စပါးရိတ်စတဲ့ အလုပ်ကြမ်းတွေကိုတတ်နိုင်သမျှရှောင် ကြပါတယ်။ ဒါကြောင့် လယ်ယာတိုးချဲ့  လုပ်ဆိုင်သူတွေဟာ လုပ်ခသက်သာတဲ့ စစ်တကောင်းသား ဘင်ဂါလီကုလားများကို လိုလိုချင်ချင် ငှားရမ်း ခိုင်းစေရာကရှိနေ  မပြန်တော့ဘဲ အခြေချနေထိုင်လာခြင်းကလဲ ရခိုင်ဒေသမှာ မူစလင်လူဦးရေတိုး လာ ရခြင်းရဲ့ အခြေခံအကြောင်းတစ်ချက်  ဖြစ်ခဲ့ပါတယ်။

အဲဒီလို စစ်တကောင်းသားမူစလင် များနှစ်စဉ်တိုးလာတဲ့ အတွက်ကြောင့် ဒေသခံရခိုင်လူမျိုးတွေအ တွက် နောင်ကာလမှာ အန္တရာယ်ကြီးဖြစ်လာစေနိုင်တယ်လို့  ဗြိတိသျှအာဏာပိုင်တွေသတိထားမိလာ ပါ တယ်။ ဒါကြောင့် (၁၉၃၉) ခုနှစ်မှာ စုံစမ်းရေးကော်မရှင်တစ်ခုကို ဖွဲ့စည်းပြီး တော့ စုံစမ်းခိုင်းခဲ့ပါတယ်။

အဲဒီစုံစမ်းရေး အဖွဲ့ရဲ့ အစီရင်ခံစာကောက်နှုတ်ချက် များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁၉၃၉) ခုနှစ်တွင် မြန်မာပြည်၊ ဗြိတိသျှအစိုးရက မြန်မာနိုင်ငံသို့ရောက်ရှိလာသော အိန်္ဒိယတိုင်းရင်းသား များနှင့်  ပတ်သက်၍ စုံစမ်းစစ်ဘေးရေးကော်မရှင် တစ်ရပ်ဆိုဖွဲ့စည်းပေးသည်။ ယင်းကော်မရှင်တွင် မင်းကြီး မစ်္စတာဂျိမ်းအက်စ်ကခံက ဥက်္ကဋ္ဌအဖြစ်ဆောင်ရွက်၍ ဦးတင်ထွဋ်နှင့် မစ်္စတာအာရ်ဒီဆိုင်း (ရန်ကုန်တက္က သိုလ် ပါမောက္ခ)တို့က အဖွဲ့ဝင်များအဖြစ်ပါဝင် ခဲ့ကြသည်။


ထိုကော်မရှင်၏ အစီရင်ခံစာ အခန်း  (၇)၊ စာမျက်နှာ (၄၉)တွင် (၁၉၃၁) ခုနှစ်  ၌ ကောက်ယူသော သန့်ခေါင် စာရင်းများအရ ရခိုင်တိုင်းသို့ဝင်ရောက်လာသော အိန်္ဒိယတိုင်းရင်းသားများ စာရင်းကို အောက်ပါ အတိုင်းဖော်ပြအပ်ပါသည်။
ရခိုင်တိုင်းလူဦးရေ    ၁၀၀၈၅၃၈
အိန်္ဒိယတိုင်းရင်းသားဦးရေး ၂၁၇၈၀၁
ခရိုင်အလိုက်ပျံ့နှံ့နေထိုင်ကြသော အိန်္ဒိယ တိုင်းရင်းသားဦးရေမှာအောက်ပါအတိုင်း ဖြစ်သည်။
(၁) စစ်တွေခရိုင်     ၂၁၀၉၉၀
(၂) ရခိုင်တောင်တန်းဒေသ  ၅၀၀
(၃) ကျောက်ဖြူခရိုင်     ၄၃၂၁
(၄) သံတွဲခရိုင်     ၁၉၉၀
စုစုပေါင်း    ၂၁၇၈၀၁
စစ်တွေခရိုင်မှာလူဦးရေ (၆၃၇၅၈၀) ယောက်ရှိတဲ့အနက် (၂၁၀၉၉၀) ယောက် ဟာ အိန်္ဒိယတိုင်းရင်းသား ဘင်ဂါလီများ ဖြစ်ကြပါတယ်။ အဲဒီစာရင်းတွေအရ စစ်တွေခရိုင်မှာနေထိုင်တဲ့ အိန်္ဒိယတိုင်း ရင်းသားဘင် ဂါလီများဟာ ထိုစဉ်ကရခိုင် တစ်တိုင်းလုံးမှာရှိတဲ့ အိန်္ဒိယတိုင်းသား များရဲ့ (  ) ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။
ဆူရီယာကုလားများမှာ အိန်္ဒိယမှာ မွေးဖွားခဲ့ကြပြီး အားလုံးလိုလိုယောက်ျား များဖြစ်ကြပါတယ်။ စစ်တွေခရိုင်မှာ နေထိုင်ကြတဲ့ အိန်္ဒိယတိုင်းရင်းသားများအနက် (၈၈) ရာခိုင်နှုန်းဟာ စစ်တကောင်းသား ဘင် ဂါလီကုလား များဖြစ်ကြပါတယ်။
(၁၉၃၁) ခုနှစ်သန်းကောင်စာရင်း အရ စစ်တွေခရိုင်မှာ ၀င်ရောက်နေထိုင်တဲ့ ဘဂါလီလူမျိုး ကုလားအလုပ် သမား  (၇၁၃၀၆) ယောက်ရှိတဲ့အနက် (၆၉၄၆) ယောက်ဟာ အောက်ပါလုပ်ငန်းများမှာ  ၀င်ရောက်လုပ် ကိုင်ကြတာတွေ့ရပါတယ်။
(၁) စိုက်ပျိုးရေး    ၄၂၉၄၇ ယောက်
(၂) စာရေးစာချီ    ၇၄၄ ယောက်
(၃) လက်မှုပညာသည်    ၃၃၄၇ ယောက်
(၄) ကျွမ်းကျင်သူနှင့် တ၀က်တပျက်ကျွမ်း  ကျင်သော အလုပ်သမား ၁၆၄၂၆ ယောက်
(၅) ကုန်သည်များနှင့် ကုန်သည်များက လုပ်ကိုင်သူများ  ၁၉၉၄ ယောက်
စုစုပေါင်း ၆၉၄၆၁ ယောက်
အထက်ပါစာရင်းများအနက် ကုလား လူမျိုး (၉၄၄) ယောက်ဟာ ကိုယ်ပိုင် လယ်ယာလုပ်ကိုင်သူ များဖြစ် တာတွေ့ရတဲ့အတွက် အခြေချဝင်ရောက်နေထိုင်တဲ့ ဘင်ဂါလီလူမျိုးတွေ မြေယာပိုင်ဆိုင်မှုတွေရှိလာ တာတွေ့ရပါတယ်။ (၁၂၈၄၈) ယောက်ကာ သူတစ်ပါးလယ်ယာကို လုပ်ကိုင်သူများဖြစ်ပြီး (၁၉၄၃၆) ယောက်ဟာ လယ်စာရင်းငှား များဖြစ်ကြပါတယ်။


(၁၉၃၁) ခုနှစ် သန်းခေါင်စာရင်းကို  (၁၉၃၁) ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက် နေ့၌ ကောက်ယူခဲ့ရာ စပါးရိတ် သိမ်းပြီး ချိန်ဖြစ်သည့်အလျောက်အချို့သော စစ်တကောင်းကုလားတို့မှာ စစ်တွေပတ်ဝန်းကျင်မှာရှိတဲ့ ဆန် စက်တွေမှာဝင် ရောက်လုပ်ကိုင်နေကြပါတယ်။ တချို့ကလည်းလှေသမားတွေအဖြစ်လိုက်ပါပြီးတော့  တခြားမြို့ရွာများသို့ သွားရောက်နေဆဲ အချိန်လဲဖြစ်နေပါတယ်။


ပြည်သူ့ကျန်းမာရေးဌာနညွှန်ကြားရေးဝန်၏ (၁၉၃၀-၃၁) ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားချက်အရသာ မန်အားဖြင့် တစ်နှစ်လျှင် စစ်တကောင်းသားဘဂါလီ ကုလားပေါင်း (၄၀၀၀၀) ခန့် စစ်တွေခရိုင်သို့ ၀င်ရောက်လေ့ရှိကြောင်းဖော်ပြထား တာတွေ့ရပါတယ်။
(၁၉၃၁) ခုနှစ် သန်းခေါင်စာရင်း ကောက်ယူချိန်မှာ စစ်တွေခရိုင်အတွင်းမှာအိန်္ဒိယတိုင်းရင်းသားယောက်ျား (လူမျိုး  ပေါင်းစုံ) (၂၅၁၉၄၅) ယောက်ရှိတယ်လို့  ဖော်ပြထားတယ်။
(၁၉၃၄) ခုနှစ်တွင် ရခိုင်တိုင်းအတွင်း ကိုဝင်ရောက်လာတဲ့ စစ်တကောင်းသား ကုလားဦးရေ (၂၀၀၀၀) ဖြစ် တယ်လို့ဖော် ပြထားပါတယ်။
စုံစမ်းရေးကော်မရှင်ရဲ့ တင်ပြချက်ထဲမှာ ရခိုင်တိုင်းအတွင်းသို့ နှစ်စဉ်နှစ်တိုင်း စစ်တကောင်းကုလားများ အ များအပြား ၀င်ရောက်နေခြင်းအတွက် တိုင်းရင်းသား ရခိုင်လူမျိုးတွေမဆိုထားနဲ့ ရခိုင်မှာအစဉ်တစိုက်နေ ထိုင်ခဲ့ကြတဲ့ကုလားများကပင် မနှစ်မြို့ကြတာကြောင့် ယခုအတိုင်းရခိုင်သို့  စစ်တကောင်း ဘဂါလီကုလား များအဆက် မပြတ်ဝင်လာနေခြင်းကို မတားဆီးခဲ့ပါက နောင်အနာဂတ်တွင် လူမျိုးရေးအဓိကရုဏ်းများ ဖြစ် ပွားမည်ကို စိုးရိမ်ရကြောင်းနဲ့ သက်သေများအားလုံးက စစ်တကောင်းမှ ဘဂါလီကုလားများ၏ ၀င်ရောက်မှု ကိုတားဆီးသင့်ကြောင်းအကြံပြုခဲ့ကြပါတယ်။


ရခိုင်ဒေသမှာရှိတဲ့ ဒေသခံလကူလီ များက စစ်တကောင်းသားကုလားများ  လိုအပင်ပန်းခံပြီး အလုပ်မလုပ် ချင်ကြ ကြောင့် စစ်တကောင်းကုလားများသည် အခကြွေးငွေနည်းပါးသော်လည်း အလုပ်ပို၍ ပေးလိုက်လျင် စစ်တကောင်းကုလား များလုပ်မည့်နေရာများတွင် ယင်းတို့ဝင် ရောက်လုပ်ကိုင်နိုင်ကြလိမ့်မယ်လို့ယူဆခဲ့     ကြပါတယ်။
ရခိုင်တိုင်းအတွင်း လယ်ယာစိုက်ပျိုး  ရုပ်သိမ်းချိန်များမှာ စစ်တကောင်းကုလား  အလုပ်သမားမည်မျှ အလိုရှိ သည် မည်မျှဝင်ရောက်လုပ်ကိုင်ခွင့်ပြုမည်ဟု စီမံကိန်း  ချမှတ်ဆောင်ရွက်သင့်ကြောင်း အုပ်ချုပ် ရေးပိုင်းမှ ထိုသို့စီမံကိန်းချမှတ်လုပ်ဆောင်လျှင် ရခိုင်တိုင်းသို့နှစ်စဉ်ဝင်ရောက်လာသော စစ်တကောင်းကုလား ဦးရေ သိသိ သာသာကျဆင်းသွားပေလိမ်မည်ဟုတင်  ပြကြပါတယ်။
သက်သေအားလုံးတို့က ရခိုင်တိုင်း အတွင်းသို့ဝင်ရောက်လာကြသော စစ်တကောင်းဘဂါလီကုလားများကို ကန့်သတ်တားမြစ်သင့်ပြီဟု တညီတညွတ်  တည်းတင်ပြကြပါတယ်။ ၀င်လာမစဲဖြစ် နေတဲ့ ကုလားအုပ်စု များကို ဗြိတိသျှတို့ စိုးရိမ်လာကြပြီး စုံစမ်းရေးပြုလုပ်ခဲ့ရာ၌ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာတဲ့အတွက်  မည် သို့မျှအကောင်အထည်ဖော်ဆောင် ရွက်နိုင်ခြင်းမရှိခဲ့ပါဘူး။
အဲဒီကိစ္စရဲ့ အကျိုးဆက်အဖြစ် ဒုတိယကမ္ဘာစစ်အတွင်းမှာ (၁၉၄၂) ခုနှစ်၌ ပထမအကြိမ် (ကုလား၊ ရခိုင်) အဓိကရုဏ်းဖြစ်ပွားလာခဲ့ရပါတော့တယ်။
----------------------------------------------------------------------------------- 

 အနောက်တံခါးမှဧည့်သည်များ(၂)


ဒုတိယကမ္ဘာစစ်အတွင်း ဂျပန် အ၀င် အင်္ဂလိပ်အထွက် ခေတ်ပျက်ကာ လမှာ ကြေကွဲဖွယ် ကုလား၊ ရခိုင်၊ လူမျိုး ရေး အဓိကရုဏ်း ဖြစ်ခဲ့ရပါတယ်။ ပထမ အကြိမ်လို့ ပြောရမှာပေါ့။ ခုချိန်မှာဒုတိယ အကြိမ်ဖြစ်လာ ခဲ့ပြီကိုး။ လူမျိုးရေး အဓိကရုဏ်းဖြစ်လာရခြင်းရဲ့ အဓိကအကြောင်း တစ်ရပ်ကတော့ အုပ်ချုပ်သူ ဗြိတိသျှတို့ က ရခိုင်ပြည်အတွင်းကို အိန္ဒိယတိုင်းရင်း သားတွေကို တံခါးမရှိ၊ ဓားမရှိ ၀င်/ထွက် ခွင့်ပြုခဲ့ခြင်းက အခြေခံ အကြောင်းရင်း ဖြစ်ခဲ့ပါတယ်။
တခြားအကြောင်းတစ်ရပ်အနေနဲ့ ကတော့ ဗြိတိသျှအစိုးရရဲ့ သွေးခွဲအုပ် ချုပ်ရေးနည်း ပရိယာယ်ကြောင့် ပဲ ဖြစ်ပါတယ်။
(၁၉၄၀-၄၁) ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကြီးကြောင့် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးကိုတုန် လှုပ်ခြောက်ခြားစေခဲ့ ပါတယ်။ အဲဒီအချိန်မှာ ရခိုင်ဒေသဟာ လည်း ဖရိုဖရဲ ဖြစ်လာခဲ့ပါတယ်။ ပန်းတောင်/ တောင်ကုတ်လမ်းမှ ပိတ် ပြီး ချီတက်လာတဲ့ အိန္ဒိယတိုင်းရင်းသား စစ်ပြေးတွေရဲ့ ဂယက်က စစ်တွေမြို့အထိ ရိုက်ခတ်လာခဲ့တဲ့အတွက် ကုလားပန်ဇင်း မြစ်ဝှမ်းမှာလည်း အခြေအနေတွေ ပျက်ပြားယိမ်း ယိုင်လာခဲ့တယ်။ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသမှာရှိတဲ့ ဒေသခံရခိုင်တိုင်းရင်းသားတွေရဲ့ ဘ၀ဟာလည်း ဆန်ကောထဲမှာထည့်ပြီးလိမ့်နေတဲ့ ဆီးဖြူသီးလို အတည်တကျမရှိဖြစ်နေ ရပါတော့တယ်။

အဲဒီအချိန်ကာလက ရခိုင်ဒေသမှာ ဖြစ်ပျက်နေခဲ့သမျှဟာ မြန်မာပြည်တစ်ဝှမ်းလုံးမှာဖြစ်ပျက်နေတဲ့ အခြေ အနေအတိုင်းပဲ တည်ငြိမ်မှုမရှိခဲ့ပါဘူး။ အင်္ဂလိပ်အခက်/ ဗမာအချက်ဆိုတဲ့အတိုင်း အင်္ဂလိပ်တို့က လည်း အောင်မြင်စွာဆုတ်ခွာမှုဆိုတဲ့အတိုင်း ဆုတ်ပြေးချိန်မှာ တော်လှန်ရေးသမားတွေအတွက် အ ချိန်ကောင်းဖြစ် ခဲ့ပါတယ်။ ဒါကြောင့် စစ်ပြေး ဗြိတိသျှတွေနဲ့ ၎င်းတို့ရဲ့ အပေါင်းပါတွေဟာ မြန်မာပြည် သားတွေကို ယုံကြည်မှု မရှိတော့ပါဘူး။ ဗြိတိသျှတွေအနေနဲ့ မိမိတို့အောင်မြင်စွာ ဆုတ်ခွာ နိုင်အောင် ၎င်း တို့ရဲ့ စစ်ပြေးဘက်တော်သားတွေဟာ တိုင်းရင်းသားအချင်းချင်းကို ရန်တိုက်ပေးတဲ့နည်းကို ကျင့်သုံးခဲ့ကြ ပါတယ်။ ရန်တိုက်ပေးတဲ့နည်းက ထူးထူး ခြားခြား ဆန်းဆန်းပြားပြားတော့ မဟုတ်ပါဘူး။

ဗြိတိသျှဘက်တော်သားတွေက မြန်မာနိုင်ငံသား မဟုတ်တဲ့ လူမျိုးခြား တွေကို သူတို့ရဲ့ ကာကွယ်ရေးအ တွက်ဆိုတဲ့အကြောင်းပြချက်နဲ့ ယူမသွားနိုင်တဲ့ လက်နက်တွေ ပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ ဗြိတိသျှတွေက လူမျိုးခြား တွေကို လက်နက်တွေပေးထားခဲ့တာဟာ မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားတွေ အတွက် ဂြိုဟ်ဆိုးမွှေသလိုဖြစ်ခဲ့ရတော့ တာပါပဲ။ အထူးသဖြင့် ရခိုင်တိုင်းရင်းသား တွေ ဒုက္ခပင်လယ်ဝေခဲ့ရ ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာလည်း အိန္ဒိယဘက်ကို အောင်မြင်စွာ ဆုတ်ခွာနေတဲ့ ဗြိတိသျှဘက်တော်သားတွေ က လက်နက်အများအပြားကို ရခိုင်တိုင်းရင်း သားမဟုတ်တဲ့သူတွေထံမှာ အပ်နှံပေးအပ်ခဲ့ပါတယ်။
အဲဒီအချိန် (၁၉၄၂-ခုနှစ်၊ မတ်လ)မှာ အင်္ဂလိပ်စစ်တပ်က ရာဇပုတ်ကုလား စစ်သားတွေဟာ စစ်တွေမြို့ မှာ သောင်းကျန်းနေတဲ့ အချိန်ဖြစ်ပါတယ်။ ရာဇပုတ် ကုလားစစ်သားတွေဟာ ဒေသအတွင်း ၀င်ရောက် အခြေချနေထိုင်လျက်ရှိတဲ့ ကုလားတွေနဲ့ ပူးပေါင်းပြီး ရခိုင်အမျိုး သားများကို သတ်ဖြတ်ကြပါတယ်။
စစ်တွေ မြို့ပေါ်က ဆရာကြီးဦးမောင်သာထွန်းရဲ့ သားများလည်းသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။
စစ်တွေမြို့ကို အင်္ဂလိပ်စစ်အုပ်ချုပ် ရေးသို့ ကူးပြောင်းပြီး ရာဇပုတ်စစ်သား တွေနဲ့ တုတ်၊ ဓား၊ကိုင် ကု လားတွေဟာ ရခိုင်အမျိုးသားတွေရဲ့ အိမ်တွေကိုဝိုင်းပြီး တစ်အိမ်လုံးမွှေနှောက်ရှာဖွေခြင်း၊ အိမ်သားတွေ မသယ်ယူနိုင်တဲ့ပစ်္စည်းတွေ၊ အ၀တ်အထည်လုယက် ယူငင်မှုများ ပြု လုပ်တာ ခံခဲ့ကြရပါတယ်။ ဒီမှတ်တမ်း တွေကို ကြည့်ခြင်းအားဖြင့် ဗြိတိသျှတွေဟာ မိမိတို့ အောင်မြင်စွာ ဆုတ်ခွာနိုင် ရေးအတွက် ရခိုင် အမျိုးသားမဟုတ်သူ ရာဇပုတ်ကုလားများထံ လက်နက်အများ အပြားပေးအပ်ခဲ့ပြီး လူမျိုးရေး အဓိက ရုဏ်းဖြစ်အောင် လမ်းစဖော်ပေးခဲ့တာကို တွေ့နိုင်ပါတယ်။


ရခိုင်ပြည်နယ် ဖြစ်စဉ်သမိုင်းမှာ ကုလား၊ ရခိုင်အဓိကရုဏ်း ရုတ်တရက် ဖြစ်ရခြင်း အကြောင်း ကို ဖော်ပြထားတာ ကတော့-
““မြေပုံမြို့နယ်၊ ချောင်းကြီးရွာသူ ကြီး ညီအစ်ကိုနှစ်ယောက်ကို ရက်ချောင်း ကုလားများက သတ်ဖြတ်ကြ သည်။ ယင်း အခြေအနေကြောင့် သိန်းကျော်အောင် နှင့် ကျော်ယတို့ခေါင်းဆောင်သော ရခိုင်တပ်ဖွဲ့က ရက်ချောင်းကုလားရွာကို မီးရှို့ ဖျက်ဆီးလိုက်ကြသဖြင့် ကုလား၊ ရခိုင် အဓိကရုဏ်း (ပထမ) စတင်ခဲ့လေ သည်”” လို့ ရခိုင်ပြည်နယ်ဖြစ်စဉ်သမိုင်း၊ ဒုတိယ တွဲ၊ စာမျက်နှာ -၃၆မှာ ဖော်ပြထားပါ တယ်။
ကုလား၊ ရခိုင် အဓိကရုဏ်းဟာ မြေပုံမြို့နယ်ကတစ်ဆင့်၊ မင်းပြားမြို့နယ် လက်မကျေးရွာ၊ ယင်းမှတစ်ဆင့် မြို့ ဟောင်းမြို့နယ် (မြောက်ဦး)၊ ကျောက် တော်မြို့နယ်များသို့ ကူးစက်ပြန့်ပွားလာခဲ့သည်။ အဲဒီမြို့နယ်တွေက ထွက်ပြေး လွတ်မြောက်လာတဲ့ ကုလားများဟာ ဘူးသီးတောင်၊ မောင်တောမြို့နယ်များ သို့ ရောက်ရှိ လာကြပြီး၊ အဲဒီဒေသမှာ ၀င်ရောက်နေထိုင်တဲ့ ကုလားများနဲ့ ပူးပေါင်းကာ ဘူးသီးတောင်၊ မောင်တော ဒေသမှာ နေထိုင်ကြတဲ့ ရခိုင်တိုင်းရင်း သားများကို လက်စားချေ တုံ့ပြန်ကြတဲ့ အတွက် မောင်တောမြို့နယ် နတ်မြစ် အရှေ့ဘက်ကမ်းတစ်လျှောက်နဲ့ ဘူးသီး တောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မေယုမြစ်ကမ်းတစ်ခွင်မှာ နေထိုင်တဲ့ ရခိုင်ကျေးရွာများအားလုံး မီးရှို့ဖျက်ဆီး ခံ ရခြင်း၊ သတ်ဖြတ်ခံရခြင်းများကြောင့် ဒေသခံရခိုင်တိုင်းရင်းသားတွေ ထွက်ပြေး ကြပါတယ်။ ရခိုင်လူမျိုးများစွာ အသက် ဆုံးရှုံးခဲ့ရပြီး၊ ရခိုင်တိုင်းရင်းသားတို့ရဲ့ ကျေးရွာပေါင်းများစွာ ပျက်စီးသွားခဲ့ရပါ တယ်။ အဲဒီကာလက ပျက်စီးသွားတဲ့ ကျေးရွာတွေကိုဒီနေ့အထိ ပြန်လည် အစားထိုးတည်ဆောက်နိုင်ခြင်းမရှိတော့ဘဲ တိုင်းရင်း သားရခိုင်လူမျိုးတို့ နလန်မထူနိုင်တော့ဘဲ ဘူးသီးတောင်၊ မောင်တောမြို့နယ်အတွင်းမှာ ရခိုင်ရွာများ မရှိ သလောက်ဖြစ်သည်အထိ ပျောက်ကွယ် သွားခဲ့ရပြီး ကုလားရွာများသာ ဖြစ်လာခဲ့ ပါတော့တယ်။  ဒီနေ့အချိန်အခါမှာလည်း ဒီဖြစ်စဉ်ကို သင်ခန်းစာယူ စဉ်းစားကြဖို့ လိုအပ်နေပါပြီ။
ပထမအကြိမ် ဒုတိယကမ္ဘာစစ် အတွင်း ဖြစ်ပွားခဲ့တဲ့ ကြေကွဲဖွယ်ရာ လူမျိုးရေးအဓိကရုဏ်းကို စာရင်းချုပ် လိုက်ရင် ရခိုင်တိုင်းရင်းသားတို့အတွက် အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုများစွာ ရှိခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။
(၁) အဓိကရုဏ်း၌ ရခိုင်လူမျိုး (၂၀၀၀) ခန့် အသက်ဆုံးရှုံးခဲ့ရခြင်း။
(၂) ဘူးသီးတောင်မြို့နယ်နှင့် မောင်တော မြို့နယ်မှ ရခိုင်ရွာများအားလုံးနှင့် ရသေ့ တောင်မြို့နယ်မှ ရခိုင်ရွာအချို့မီးရှို့ ပျက်စီးမှုခံခဲ့ရခြင်း။
(၃) လူများသေဆုံး၍ လယ်ယာမြေများ ကို ပြန်လည်ထူထောင်မည့်သူ မရှိဖြစ်ခဲ့ ရခြင်း၊ (ယခုအခါ ကုလားပိုင်မြေများ ဖြစ်သွားပါသည်။)
(၄) စစ်တကောင်းသား ကုလားများ ပိုမို များပြားလာပြီး ရခိုင်ရွာများ ပြန်လည် ထူထောင်ခွင့်မရတော့ခြင်း။
စတဲ့အချက်တွေ တွေ့ရမှာဖြစ်ပါတယ်။
ပထမအကြိမ်ဖြစ်ပွားခဲ့တဲ့ ကုလား၊ ရခိုင်အဓိကရုဏ်းကာလမှာ ဘူးသီးတောင်မြို့နယ်ဟာ အထိအနာ ဆုံးဖြစ် ခဲ့ ရပါတယ်။ ဘူးသီးတောင်မြို့ပေါ်မှာတောင် လူနေအိမ်ခြေတွေ ဆိတ်သုဉ်းပြီး တောခြုံအထိဖြစ်ခဲ့ရပုံကို ဦးစံ ထွန်းအောင်ဆိုသူက မှတ်တမ်းပြုစုခဲ့ရာမှာ-
““မောင်တောဒုက္ခသည်စခန်းမှ (၁၉၄၅)ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့ တွင် ကျွန်တော်တို့အား ဘူး သီးတောင် မြို့သို့ ပြန်ပို့လေသည်။ စစ်ပြေးခေတ် ဘူးသီးတောင်မြို့ပေါ်တွင် လူနေအိမ်ခြေ မရှိ သလောက်ဖြစ်နေ၏။ မြို့လယ်ဖြစ် သော မြို့မရပ်ကွက်၊ (ယခု-မေယုလမ်း)၊ ယခင် ဘူး သီးတောင်-မောင်တော လမ်းဘေးဝဲယာရပ်ကွက်များ၊ မြို့သစ်မြောက် ရပ်ကွက်၊သူဌေးကုန်းရပ်ကွက်၊ သင်္ဘောဆိပ်ဟောင်းရပ်ကွက်၊ ကားလမ်း၊ ကသည်းရွာ၊ အနောက်စုများတွင် အိမ်ခြေလုံးဝမရှိတော့သည့် အပြင် ကိုင်းပင်၊ ကျူပင်များပေါက်ရောက်ကာ ခြုံတောစီးလျက် မြို့နှင့်မတူသောကြောင့် ကျွန်တော့်မှာကား မှန်းဆလျှင် ဘယ်နေရာသို့ရောက်နေမှန်း မသိချေ။ မြို့သစ် တောင်ပိုင်း သပြေကုန်းရပ်ကွက်တွင် အိမ်လုံးဝ မရှိချေ။ တောစီးနေလေသည်။ မြို့သစ်တောင်ရပ်ကွက်တွင် အိမ်ခြေ အနည်းငယ်ရှိရာလက်ချိုး၍ ရေ တွက်နိုင်ပါသည်။ ထိုအိမ် (၄.၅)အိမ်မှာလည်း အစိုးရအမှုထမ်းမြေတိုင်းမှ အရာရှိနေ အိမ်များဖြစ်လေသည်”” လို့ မှတ်တမ်းရေး ထားခဲ့ပါတယ်။
ဒါအပြင် ဘူးသီးတောင်မြို့နယ်မှာ ရခိုင်ကျေးရွာများ ပြန်လည်ထူထောင်ရေးအတွက် ကိုယ်တိုင်ဆောင်ရွက် ခဲ့ရပုံနဲ့ အောင်မြင်မှု မရရှိခဲ့ပုံများကိုလည်း အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့ပါသည်။
““ကျွန်ုပ်သည် ရခိုင်ရွာများကို ပြန် လည်အခြေချရန် အစိုးရထောက်ပံ့ရေး ဌာနအရာရှိ “မေဂျာဂေါဒိုင်”၏ အကူအညီ ဖြင့် ကြိုးစားဆောင်ရွက်ခဲ့လေသည်။ ကျွန်ုပ်သည် ကုလားပန်ဇင်းမြစ်အောက် ပိုင်းသို့ ရခိုင်သား ဦးရေ (၁၀၀၀၀)ကျော် ပို့ခဲ့လေသည်။ အောက်ပိုင်းတွင်လည်း အလိုအလျောက် ပြန်ဝင်လာသူများနှင့် ကျွန်ုပ် တို့ပေးပို့သည့် ရခိုင်ဦးရေသည် အထက်ပိုင်းဦးရေထက် နည်းမည်မဟုတ်ချေ။ ထိုသို့ သူတို့အခြေ ချနေထိုင် ခဲ့ကြ လေသည်။ ရခိုင်သားကျေးရွာများမှာ အခြေအနေအရ လူနည်းစုဖြစ်နေခြင်း၊ လူများစုဖြစ်နေသော မူ ဆလင်များက မလိုလားခြင်းတို့ကြောင့် ရောက်ရှိအခြေ ချနေပြီဖြစ်သော ရခိုင်တို့မှာ ကျီးလန့် စာစားဖြစ်နေ သည်။ မူဂျာဟစ် အမည်ခံများက ခြောက်လှန့်နှင်ထုတ်သဖြင့် လယ်ယာလုပ်ငန်းများကို စွန့်ပစ်ကာ ကြောက် လန့် တကြားထွက်ပြေးကြရ လေသည်။ ထိုသို့ခဏ, ခဏပြေးရသဖြင့် ပို့ထားသူများ၏ ထက်ဝက်မျှပင် မ ကျန်  သလောက်ဖြစ်နေသည်”” လို့ ရေးသားခဲ့ ပါတယ်။
ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အိန္ဒိယပြည် “ရှောင်ပူရ”စခန်းမှာရှိနေတဲ့ ကုလားများဟာလည်း ရခိုင်ပြည် တွင်းသို့ ပြန်ဝင်လာကြရာမှာ ပြန်ဝင်လာကြတဲ့သူတွေအနက် အဓိကရုဏ်းနဲ့ သက်ဆိုင်တဲ့ကုလား များစွာပါ ၀င်လာခဲ့ကြပါတယ်။ဒီအကြောင်းကို စာရေးဆရာမောင်ထင်က ““ဗြိတိသျှ  မဟာမိတ်တို့ဝင်လာသော လမ်းပေါက် အတိုင်း အိန္ဒိယနိုင်ငံမှလူမျိုးပေါင်းများ စွာတို့သည် မြန်မာပြည်ထဲသို့အလုအယက်  ၀င်လာကြ သည်။ဆွံ့အ၊ အကျိုး၊အကန်း၊ နူ၊၀ဲစသော သူတောင်းစားလူထုသည်ပင်လျှင် စစ်တကောင်းမှတစ် ဆင့်ရန် ကုန်မဂို လမ်းသို့အရောက် အူယားဖားယားပြေး ၀င်လာကြသည်။ ၎င်းတို့ဝင်လာသော လမ်းကြောင်းကား ကုလားပန်ဇင်းမြစ် ၀ှမ်း””မှ အစပြုလေသည်။
 
စစ်တကောင်းအနွယ်တို့သည် ကုလားပန်ဇင်းမြစ်ဝှမ်းသို့ လာသောအခါ နို့စားနွားမတစ်ကောင်ကိုသာ ယူဆောင် လာခဲ့ကြသည်။ ၎င်းတို့နှင့်အတူ ရှေးက မြန်မာပြည်တွင်မနေထိုင်ဖူးကြသော အဆွေအမျိုးတို့ လည်း ပါလာကြသည်။  များမကြာမီ ကုလားပန်ဇင်းမြစ်ဝှမ်းဒေသ အနောက်ဘက်၌ လယ်မြေ၊ဥယျာဉ်ခြံ၊  ဆိတ်ခြံတို့သည်စည်ကားသိုက်မြိုက်လာ လေသည်။အနောက်ဘက်ကမ်းရှိရခိုင် တိုင်းရင်းသားတို့ကား စစ်ဘေးစစ်ဒဏ် ကြောင့်ခရုဆံကျွတ်ဖြစ်ကြရလေသည်။” လို့ ရခိုင်ပြည်နယ်အစီရင်ခံစာ၊မြ၀တီမဂ္ဂ ဇင်း (၁၉၆၀-ဇူလိုင်)လထုတ်မှာရေးသား ခဲ့ပါတယ်။
ဘူးသီးတောင်မြို့နယ်ပြန်လည်ထူ ထောင်ကာစ (၁၉၄၆)ခုနှစ် အခြေအနေ နဲ့စစ်တကောင်းသား ကုလားများ အ လုံးအရင်းနဲ့ခိုးဝင်လာကြပြီးတဲ့နောက်  (၁၉၄၈)ခုနှစ်အခြေအနေကို ဦးစံထွန်း  အောင်ကအောက်ပါ အတိုင်းနှိုင်းယှဉ်ဖော် ပြခဲ့ပါတယ်။
““ထိုအချိန်(၁၉၄၆)ခုနှစ်တွင် ကျွန်ုပ်တွေ့ရသောရွာများမှာ ယခုကဲ့သို့စည်ပင်  ခြင်းမရှိ၊ ရှေးက တွေ့ရှိခဲ့သော “ကကျ ဘက်ရွာ” ပင်လျှင်လူနေအိမ်ခြေအနည်း ငယ်နှင့် ခြောက်ကပ်ကပ်ဖြစ်နေ သည်ကို တွေ့ရလေ သည်။ ဈေးမှာလည်း ထိုနည်းပင် မစည်ကားချေ။ ဈေးစည်ကားရန်မှာ ဈေးခံရပ်ကွက်စည်ကားပုံနှင့်လည်း မပြီး ချေ။ ဈေးမှလက်လှမ်းမီရာ ကျေးရွာများ လည်း စည်းကားရန်လိုပေသည်။
ဘူးသီးတောင်မြို့နှင့် နီးကပ်သော ကကျဘက်၊ ကံကြီးပြင်၊ မောင်နီရွာ၊ အလယ်ချောင်းစသောရွာများပင် လျှင် အိမ်ခြေ (၃၀)ကျော်မည်မဟုတ်သေးချေ။ ကုလားပန်ဇင်းကျေးရွာများမှာလည်း ထို နည်းတူပင်ဖြစ်လေ သည်။ ရခိုင်ဆို၍ ပြ စရာမရှိသေးသော ထိုအချိန် (၁၉၄၆) ခုနှစ်တွင်ပင် ထိုကျေးရွာများသည် ဤမျှ အခြေ အနေရှိသေးသည်ဖြစ်ပါလျက် (၁၉၄၈) ခုနှစ်တွင် လူဦးရေ တစ်သိန်း နှစ်သောင်းကျော်လာသည်မှာ ဘယ်ပုံ ဘယ်နည်းနှင့် ၀င်လာကြသည်ကို တွေး ကြည့်က သိနိုင်ပေသည်။ အစိုးရအုပ်ချုပ်ရေးအခြေမကျမီ ခိုး ၀င်လာသူများကို ရှိရင်းမူဆလင်များက လက်ခံ၍ ထိုမှ တစ်ဆင့် စစ်တွေခရိုင် အခြားမြို့နယ်များ သို့ပင်လျှင် ပို့နေကြသည်။ ရပ်ရွာသား များမှာလည်း ရခိုင်မရှိဘဲ မူဆလင်သက် သက်ဖြစ်နေရာ ဘူးကြီးများမှာလည်း မူ ဆလင်သာဖြစ်နေပြန်သဖြင့် မိမိပိုင်နက် ကျေးရွာနယ်မြေမှဖြစ်ကြောင်း သက်သေ ခံအထောက်အထားပေး ကာ ခရီးသွား ခွင့်ရှိနေသဖြင့် ၀င်ချင်တိုင်းဝင်ခဲ့ကြလေသည်။ သူကြီးလုပ်သူက တာဝန်ယူထားရာ အခြား အထောက်အထားရနိုင်ရန် ခက်ခဲလေသည်”” လို့ ဦးစံထွန်းအောင်က (ကိုယ်တွေ့မေယုနှင့် ရိုဟင်ဂျာ)ဆိုတဲ့ မှတ်တမ်းမှာ ရေးခဲ့တာတွေ့ခဲ့ရပါသည်။
ဒါတွေကတော့ နောင်တစ်ချိန် “ရိုဟင်ဂျာ” လို့ အမည်ခံမယ့် တစ်ဖက်နိုင်ငံက စစ်တကောင်းသား ဘင်္ဂါလီ ကုလား တွေ ၀င်ရောက်လာပုံ တစ်စိတ်တစ်ဒေသပါ။ ဘင်္ဂါလီကုလားတွေဟာ အင်အားကြီးမား လာပြီးနောက်ပိုင်းမှာ မူဆလင်သီးခြားပြည်နယ်ပေးရေးဆိုပြီး တစ်ဆင့် တက်တောင်းဆိုခဲ့ကြပြန်ပါတာပဲ။
မူဆလင် သီးခြားပြည်နယ်တောင်းဆိုခြင်း အိန္ဒိယနိုင်ငံမှာရှိတဲ့ မူဆလင်တွေက သီးခြား မူဆလင်နိုင်ငံ ထူထောင်ပေးရန်အတွက် ဗြိတိသျှအစိုးရထံ တောင်းဆို လှုပ်ရှားလာကြပါတယ်။ မူဆလင်အများစု ရှိတဲ့ အိန္ဒိ ယအနောက်ဘက်ဒေသနဲ့ အိန္ဒိယအရှေ့ဘက်၊ ဘင်္ဂလားပြည်နယ် အရှေ့ဘက်ဒေသများကို ပါကစ္စတန်နိုင်ငံ အဖြစ် ထူထောင်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။
 အဲဒီလိုတောင်းဆို လှုပ်ရှားမှု တွေဟာ မောင်တော၊ ဘူးသီးတောင်မြို့ နယ်များမှာနေကြတဲ့ စစ်တကောင်း သား မူဆလင်များအပေါ်မှာ လွှမ်းမိုးလာခဲ့ပါတယ်။
(၁၉၄၂) ခုနှစ် ကုလား၊ ရခိုင် အဓိက ရုဏ်းကလည်း မောင်တော၊ ဘူးသီးတောင် မြို့နယ်များကို မြန်မာနိုင်ငံမှ ခွဲထွက်ပြီး အသစ်ဖြစ်ပေါ်လာတဲ့ အရှေ့ပါကစ္စတန် နဲ့ တစ်နိုင်ငံတည်းဖြစ်အောင် ပေါင်းစည်း လိုတဲ့ဆန္ဒ ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အထူးသဖြင့် စစ်တကောင်းသား ပညာတတ်များက ပိုပြီးစိတ်အားထက်သန်နေ ကြ ပါတယ်။ဒါကြောင့် ကရာချိမြို့မှာ (၁၉၄၂)ခုနှစ်မှာ ကျင်းပတဲ့ အစ္စလာမ်ညီလာခံမှာ အဆိုတစ်ရပ်အဖြစ် တင် သွင်း ခဲ့တယ်လို့ အဆိုရှိခဲ့ပါတယ်။ အဲဒီအကြောင်း နဲ့ ပတ်သက်လို့ သုတေသီ ခင်ကြီးဖျော်က အောက်ပါအ တိုင်း မှတ်တမ်းတင်ခဲ့ ပါတယ်။
““(၁၉၄၂) ခုနှစ်တွင် (ဇူမိယာတူအူ မလာ) အသင်း၏ ပုဂ္ဂိုလ်တို့သည် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့တို့၌ မူဆလင်ဦးရေများသည့်အတွက် ပါကစ္စတန်နယ်အတွင်း ထည့်သွင်းသတ် မှတ်ပေးရန် ဗြိတိသျှအစိုးရထံ အသနားခံရန်ကြိုးစားခဲ့ကြသေးသည်။ ကြိုးပမ်းခဲ့ပုံ မှာ (၁) ရောဟိရ်ကိန်း(ဘီအေ)၊ (၂) အုမ္မော်မျှာ (၃)အဒူဘော်ရှော(ဘီအေ) (၄)အဒူခါလိတ်(မော်လ၀ီ)၊ (၅) နူရာ မောက်(ကုန်သည်)၊ (၆) ဟာဘီ အူလာ နှင့် (ဇူမိဟာတူဘူမလာ) အသင်း၏ အကျိုးဆောင်များကို ပါကစ္စတန်သို့ စေလွှတ်၍ ပါကစ္စတန်ခေါင်းဆောင်တို့ နှင့် ဆွေးနွေးကြသည်။ ဤအကြောင်းကို စစ်တကောင်းနယ်ထုတ် (အော်ပြီက္ကော ၀ါဇာ) သတင်းစာတွင် တွေ့မြင်ရသည်”” လို့ ရခိုင်ပြည်မှ မူဂျာဟိန်းဟူသည်၊ ဆောင်းပါး၊ ရခိုင် တန်ဆောင်း နှစ်လည်မဂ္ဂဇင်း (၁၉၅၉-၆၀)၊ စာမျက်နှာ (၉၉)မှာ ရေးခဲ့ပါတယ်။
ဒါပေမယ့် ဗြိတိသျှအစိုးရက အိန္ဒိယ ပြည်ကြီးကို အိန္ဒိယနဲ့ပါကစ္စတန်လို နိုင်ငံနှစ်နိုင်ငံခွဲပြီး လွတ်လပ်ရေးပေး ခဲ့ပေမယ့် အရှေ့ပါကစ္စတန်နဲ့ နယ်မြေချင်း ဆက်စပ် နေတဲ့ မောင်တော၊ ဘူးသီးတောင်ဒေသကို မူလအ တိုင်း မြန်မာနိုင်ငံနယ်နိမိတ်အတွင်း၌သာ ထားခဲ့ပြီး မြန်မာနိုင်ငံကိုလည်း (၁၉၄၈) ခုနှစ်မှာလွတ် လပ်ရေး ပေးခဲ့ပါတယ်။
မြန်မာနိုင်ငံတော် လွတ်လပ်ရေး ရပြီးနောက် နိုင်ငံရေးအယူအဆ အမျိုးမျိုးကွဲပြားရာက အမျိုးသားစည်းလုံး ညီညွတ်ရေးပျက်ပြားကာ ပြည်တွင်းစစ် ဖြစ်ခဲ့ရပါတယ်။ နိုင်ငံတစ်ဝှမ်းလုံးမှာလည်း  ရောင်စုံသူပုန်များပေါ်ပေါက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာလည်း အလံဖြူ၊ အလံနီ၊ ပြည်သူ့လွှတ်မြောက်ရေး၊ ရဲဘော်ဖြူ စတဲ့ သူပုန်အဖွဲ့အ စည်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။
မြေပေါ်မှာလည်း ဖဆပလ အာဏာပိုင်တို့ရဲ့ လုပ်ဆောင်ချက်များကို ရခိုင် ပြည်သူလူထုက အားမရခဲ့ကြပါ ဘူး။ ဒါကြောင့် ရခိုင်ပြည်နယ်တောင်းဆိုမှု ပေါ်ပေါက်လာပါတယ်။ အဲဒီကိစ္စကို ဖဆပလ အစိုးရက ကော်မ ရှင်ဖွဲ့ပြီး စုံစမ်းစေခဲ့ပါတယ်။ ဒေါက်တာဘဦးခေါင်း ဆောင်တဲ့ ပြည်နယ်စုံစမ်းရေးကော်မရှင်က ဖဆပလ အစိုးရရဲ့ လိုအင်ဆန္ဒအတိုင်း  ““ရခိုင်ပြည်နယ်မပေးသင့်ကြောင်း”” အစီ ရင်ခံခဲ့ပါတယ်။
အဲဒီပဋိပက္ခဟာ ဒေသခံရခိုင်တိုင်း ရင်းသားတို့ကိုသာမက စစ်တကောင်းသား မူဆလင်များကိုပါ ရိုက် ခတ်စေခဲ့ပါတယ်။ ၎င်းတို့က ““ဖဆပလ အစိုးရက ရခိုင်တို့ကို ပြည်နယ်ပေးရင် ငါတို့မူဆလင်များကို ရခိုင် တို့က ဖိနှိပ်မည်။ သို့ဖြစ်၍ ငါတို့ အများစုနေသော မောင်တော၊ ဘူးသီး တောင်မြို့နယ်များကိုလည်း သီးခြား မူဆလင်ပြည်နယ်ထူထောင်ပေးရမည်။ မပေးလျှင် လက်နက်ကိုင် ထကြွတော်လှန်မည်”” ဆိုပြီးတော့ ဘင်္ဂါ လီပညာတတ် တွေက ဒါကာမြို့မှာ ပုံနှိပ်တဲ့ အင်္ဂလိပ်ဘာသာနဲ့ ကြေညာချက်ထုတ်ပြန်ပြီး ရာဇ သံပေး တောင်းဆို ခဲ့ကြပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ မူဂျာဟစ် သူပုန်များပေါ်ပေါက်လာကာ လက်နက်ကိုင်စွဲပြီး ဘူးသီးတောင်မြို့နယ် နဲ့ မောင် တောမြို့နယ်မှာရှိတဲ့ ရခိုင်တိုင်းရင်းသားတို့ကို နည်းမျိုးစုံနဲ့ နှိပ်စက်ကလူပြုခဲ့ကြပါ တော့တယ်။
တစ်ခါ (၁၉၅၁-ခုနှစ်)၊ ဇူလိုင်လမှာ မောင်တောမြို့နယ်၊ အလယ်သကျော် ကျေးရွာမှာ အနယ်နယ်အရပ်ရပ် က ကိုယ်စားလှယ်များပါဝင်တဲ့ မူဆလင်ညီလာခံကို ကျင်းပပြီး တောင်းဆိုချက် (၁၄)ချက်ကို အင်္ဂလိပ်ဘာ သာနဲ့ရေးသား ပြီး တင်ပြတောင်းဆိုခဲ့ကြပါတယ်။ အဲဒီ အချက်တွေကို ဆီလျော်အောင် ဘာသာ ပြန်ဆို ပါက အောက်ပါအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။
(၁) ရခိုင်တိုင်း မြောက်ပိုင်းကို ပြည်ထောင် စုမြန်မာနိုင်ငံအတွင်းရှိ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းတောင်တန်းများ၊ ကချင်ဒေသများနည်းတူ လွတ်လပ်သော မူဆလင်ပြည်နယ်အဖြစ် အမြန်ဆုံး ဖွဲ့စည်းပေးရမည်။ ယင်းပြည်နယ်၌ ပြည် ထောင်စု အစိုးရကွပ်ကဲမှုအောက်တွင် ပြည်နယ်စစ် တပ်၊ ပြည်နယ် ရဲတပ်ဖွဲ့၊ ပြည်နယ်လုံခြုံရေး အဖွဲ့များလည်း ထားရှိရမည်။
(၂) ပြည်ထောင်စုမြန်မာနိုင်ငံတော် ကာကွယ်ရေးအတွက် အောက်အမှတ် စဉ်(၃)တွင် ဖော်ပြထားသော စည်းကမ်းချက်များနှင့် ကိုက်ညီခဲ့ပါက တစ်ခုတည်း သောလက်နက်ကိုင်တပ်ဖွဲ့ကို ထားရှိနိုင်သည်။
ရခိုင်တိုင်း၏ လက်နက်ကိုင်အဖွဲ့အစည်း များနှင့် ရဲတပ်ဖွဲ့တွင်မူစလင်များအညီအမျှ ပါဝင်ရေး
(၃) ရခိုင်တိုင်း လက်နက်ကိုင်တပ်ဖွဲ့တွင် တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် ယုံကြည်စိတ်ချရမှု၊ ပူးပေါင်းဆောင်ရွက် နိုင်မှု၊ မူဆလင်တို့၏ အနေအထားမှာ မဟာဗျူဟာအရ အရေးပါမှုကို ထောက် ထား၍ မူဆလင် (၅၀)ရာခိုင်နှုန်း ပါဝင် ထည့်သွင်းကာ ဖွဲ့စည်းရမည်။
စစ်တွေသင်္ဘောဆိပ်ကို ပူးတွဲကြီးကြပ်ရေး
(၄) စစ်တွေမြို့နှင့် စစ်တွေသင်္ဘောဆိပ် ကို ရခိုင်မြောက်ပိုင်းလွတ်လပ်သော မူဆလင်ပြည်နယ်နှင့် ရခိုင်တောင်ပိုင်းတို့ နှစ်ဦးနှစ်ဖက်တို့နှင့် သက်ဆိုင်သောမြို့နှင့်  သင်္ဘောဆိပ်အဖြစ် သတ်မှတ်ရမည်။ ပူးတွဲကြီးကြပ်ရေးမူအရ မူဆလင်များနှင့် မူဆလင်မဟုတ်သူများ (၅၀ ရာခိုင်နှုန်း)စီ အညီအမျှပူးတွဲ၍ စီမံ အုပ်ချုပ်ရမည်။ စစ်တွေမြို့၏ မြို့တော်ဝန်၊ တိုင်းမင်းကြီး နှင့် ဒုတိယမင်းကြီးရာထူးများတွင် မူဆလင် နှင့် မူဆလင် မဟုတ်သူများ အလှည့်ကျ  တာဝန်ထမ်းဆောင်ရမည်။ ပထမဆုံး မြို့တော်ဝန်မှာ မူဆလင်ဖြစ်၍ ဒုတိယ မြို့တော်ဝန်မှာ မူဆလင်မဟုတ်သူဖြစ်ရမည်။ ဤသို့ဖြင့် နှစ်နှစ်တစ်ကြိမ်ကျစီ အလှည့်ကျအုပ်ချုပ် သွားရမည်။
ဗဟိုအစိုးရအဖွဲ့တွင် မူဆလင်ဝန်ကြီးများ ခန့်ထားရေး
(၅)မြန်မာနိုင်ငံဗဟိုအစိုးရအဖွဲ့တွင် ချင်း ရေးရာဝန်ကြီး၊ ကရင်ရေးရာဝန်ကြီး၊ ခန့်ထားသကဲ့သို့ ရခိုင်ပြည်မြောက်ပိုင်းတွင် မူဆလင်ပြည်နယ်မှ ကိုယ်စားလှယ် တစ်ဦးကို ဗဟိုအစိုးရအဖွဲ့တွင် မူဆလင် ရေးရာဝန်ကြီးအဖြစ် ခန့်ထားပေးရမည်။
တိုင်းပြုပြည်ပြုလွှတ်တော်နှင့် ရခိုင်မြောက်ပိုင်းမှ မူဆလင်များ
(၆) ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းရန် ဖွဲ့ စည်းသော တိုင်းပြုပြည်ပြုလွှတ်တော် တွင် ရခိုင်မြောက်ပိုင်းမှ မူဆလင်များအား အခွင့်အရေးတစ်ရပ်အနေဖြင့် အခြား ပြည်နယ်နှင့် တိုင်းများနည်းတူ ကိုယ်စားလှယ်အညီအမျှ စေလွှတ်ခွင့်ပေးရမည်။ ရေးဆွဲမည့် အခြေခံဥပဒေတွင် မူဆလင်များ၏ တောင်းဆိုချက်များကိုလည်း မလွဲ မသွေပါသင့်သော အချက်များ အနေဖြင့် ထည့်သွင်းပြဋ္ဌာန်းပေးရမည်။
ပြည်ထောင်စုဥပဒေပြုလွှတ်တော်
(၇) ပြည်ထောင်စုမြန်မာနိုင်ငံ၊ အထက် လွှတ်တော်တွင် အခြားပြည်နယ်များ နည်းတူ ရခိုင်မြောက်ပိုင်း မူဆ လင်များ အားကိုယ်စားလှယ်အညီအမျှ စေလွှတ် ခွင့်ပေးရမည်။ ဥပဒေပြု အောက်လွှတ် တော်တွင်မူ လူဦးရေအချိုးအစားအလိုက် ကိုယ်စားလှယ်စေလွှတ်ခွင့်ပေးရမည်။
လူမျိုးစုံကွန်ဂရက်
(၈) မြန်မာနိုင်ငံအတွင်းရှိ လူမျိုးအသီး သီးတို့၏ ယဉ်ကျေးမှုနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အထူးသဖြင့် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးတို့ မြင့်မားတိုးတက်လာစေရန် လူမျိုး အသီးသီး၊ လူမျိုးစုအသီးသီးတို့ပါဝင် သော လူမျိုးစုံကွန်ဂရက်ကြီး တစ်ခုကို ဖွဲ့စည်းတည်ထောင်ပေးရမည်။ တန်းတူ ရည်တူ ပူးတွဲဆောင်ရွက်ရေးမူအရ ကွန်ဂရက်ကြီးကို လူမျိုးအသီးသီးက ကိုယ်စားလှယ် အညီအ မျှစေလွှတ်ခွင့်ရှိ ရမည်။
အစိုးရ၀န်ထမ်းအသီးသီးတွင် ပါဝင်ခွင့်
(၉) ပြည်ထောင်စုဗဟိုအစိုးရ လက်နက် ကိုင်အဖွဲ့အစည်း အမြဲတမ်းတပ်ဖွဲ့၊ ယာယီတပ်ဖွဲ့၊ ရဲအဖွဲ့၊ ပညာရေး ၀န်ထမ်း နှင့် တရားရေးဝန်ထမ်းများ အပါအ၀င် ဗဟိုဝန်ထမ်း အဖွဲ့အစည်းများတွင် မူဆလင်များအား သင့်တင့်မျှသော အချိုးအစားအရေအတွက်ခန့်ထားပေးရန် အာမခံချက်ပေးရမည်။
ဘာသာရေးလွတ်လပ်ခွင့်၊ ယဉ်ကျေးမှု လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးများ တန်းတူရရှိရေး
(၁၀) ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်၊ လူ့အခွင့်အရေးပြဋ္ဌာန်းချက် များ၊ လူနည်းစုများ ကာ ကွယ်ရေးပြဋ္ဌာန်း ချက်များ၊ မူဆလင်များအား ဘာသာရေး ကိစ္စတွင် လုံးဝလွတ်လပ်ခွင့်ပေးရေး၊ အခြားလူ မျိုးများနှင့် တန်းတူရည်တူ စီးပွားရေးနှင့် လူမှုရေးအခွင့်အရေးများ  ရရှိရန်အတွက် ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အာမခံချက် ပေးရမည်။ ယင်းအခွင့်အရေးများနှင့် စပ်လျဉ်း၍ တရားရုံးများတွင် တရားဆိုင် ခွင့်ရှိစေရမည်။
(၁၁)မူဆလင်များ၏ ပစ္စည်းများ၊ စီးပွား ရေးလုပ်ငန်းများ၊ ဈေးဆိုင်များကို ဖျက်ဆီးခြင်း၊ လုယူခြင်း၊ မတရား သိမ်း ယူခြင်းတို့အတွက် ပြန်လည်ပေးအပ်စေ ခြင်း၊ လျော်ကြေးပေးခြင်းများ ဆောင် ရွက်ပေးရမည်။ မူဆလင်များ၏ အကျိုး စီးပွားရေးလွတ်လပ်ခွင့်နှင့် လုံခြုံရေး၊ တန်းတူရည်တူ စီးပွားရေးဖွံ့ဖြိုးတိုး တက် ရေးနှင့် မူဆလင်တို့၏ သာယာဝပြော ရေးအတွက် အာမခံချက်ပေးရမည်။
ဘာသာရေးဆိုင်ရာ ဥပဒေပညာရှိကြီး များ အဖွဲ့အောက်တွင် တရားရုံးများ တည်ထောင်ခွင့်
(၁၂) မြန်မာနိုင်ငံတွင် မူဆလင်မိသားစု ဥပဒေများအရ ဆုံးဖြတ်ပေးရမည့်မှုခင်း များကို မူဆလင်ဘာ သာရေးဆိုင်ရာ ဥပဒေပညာရှင်ကြီးများ အဖွဲ့အောက်တွင် ဖွဲ့စည်းတည်ထောင်ပေးရမည်။ ယင်း တရားရုံးများ တွင် မူဆလင်တို့၏ ရှီအိုက် တရားတော်နှင့်အညီ လက်ထပ်ရေးကိစ္စ၊ အမွေဆက်ခံရေးကိစ္စနှင့် စပ်လျဉ်း ၍ ပေါ်ပေါက်သော အငြင်းပွားမှုများကို စီရင်ဆုံးဖြတ်ခွင့် အာဏာရှိရမည်။
မူဆလင်ကောင်စီ
(၁၃) မူဆလင်တို့၏ လူမှုရေး၊ ဘာသာ ရေး၊ ပညာရေး၊ ယဉ်ကျေးမှုအရေးများ နှင့် မြန်မာနိုင်ငံအတွင်းရှိ မူဆလင်ပရ ဟိတလုပ်ငန်းများ လှူဒါန်းထားသည် ဘဏ္ဍာပစ္စည်းများ၊ ဗလီများ၊ ဘာသာ ရေး စာသင်ကျောင်းများ၊ သင်္ချိုင်းမြေများ၊  သင်္ချိုင်းဂူများ၊ အထိမ်းအမှတ်များ၊ ယဉ်ကျေးမှုဆိုင်ရာ ရန်ပုံငွေများ စသည့် တို့ကို စနစ်တကျ စီမံကွပ်ကဲနိုင်ရန် အတွက် အစ္စလာမ်ကောင်စီတစ်ရပ်ကို ဥပဒေဖြင့် ဖွဲ့စည်းရမည်။ ထိုကောင်စီ ကို မူဆလင်ကိုယ်စားလှယ်များနှင့် အူလီမာ ခေါ် မူစလင်ခေါင်းဆောင်တို့ဖြင့် ဖွဲ့စည်း ရမည်။ မူစလင်ကောင်စီဝင်များဆိုင်ရာ နည်းဥပဒေများကို တိုင်းပြုပြည်ပြုလွှတ် တော်တွင်ပါဝင်သော မူဆလင် ကိုယ်စား လှယ်များ၊ ဗဟိုဥပဒေပြုလွှတ်တော်နှင့် ယင်းကိစ္စအတွက် ဖိတ်ခေါ်သော မူဆလင် ညီလာခံတို့က ပူးပေါင်းရေးဆွဲရမည်။
(၁၄)(က) အစ္စလာမ်အထက်တန်းကျောင်း များနှင့် ကောလိပ်ကျောင်းများကိုလည်း တည်ထောင်ခွင့်ပြု ရမည်။ ထိုကျောင်း များတွင် အာရ်ဗီစာပေများ၊ အစ္စလာမ် သမိုင်းနှင့် အစ္စလာမ်ယဉ်ကျေးမှုများကို လည်း သင်ကြားပေးခွင့်ပြုရမည်။ မူဆလင် တို့၏ ပညာရေးလုပ်ငန်းနှင့် ပရဟိတ လုပ်ငန်းများအတွက် နိုင်ငံတော် အစိုးရ ရုံးမှ သင့်တင့်မျှတသော ထောက်ပံ့ကြေး များကိုလည်း ရရှိရမည်။
(ခ) မူဆလင်ကျောင်းသားများတက် ရောက်ပညာသင်ကြားနေသော အစိုးရ ကျောင်းများတွင် မူဆ လင်ကျောင်းသားများအား အူရဒူစာပေ၊ အာရ်ဗီစာပေနှင့် အစ္စလာမ်ဘာသာရေး သင်ခန်းစာများကိုလည်း သင်ကြားပေးခွင့်ပြုရမည်။ အူရဒူ စာသင်ကျောင်းများကိုလည်း ပိတ်ပင်မည့် အစား တိုးချဲ့ဖွဲ့စည်းပေးရမည်။
(ဂ) မူဆလင်များအား မိမိတို့၏ ကိုယ်ပိုင် ပညာသင်ကျောင်းများ၌ ဘာသာရပ် အားလုံးကို အူရဒူဘာသာဖြင့် သင်ကြား ခွင့် ပေးရမည်။ မူဆလင်များအား ယင်းတို့၏ ဆန္ဒသဘောထားမပါဘဲ၊ အခြားစာပေများကို အတင်း အကြပ်မသင်ကြား စေရ၊ မူစလင်တို့၏ ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာကို ယုတ်လျော့သေးသိမ်စေ မှုများ ကိုလည်း မပြုလုပ်ရ။
အလယ်သံကျော်ညီလာခံမှ တောင်းဆိုချက်များကို ခြုံငုံသုံးသပ်ရလျှင် မူဆလင်ကုလားတို့သည် ရခိုင်ပြည် နယ် မြောက်ပိုင်းကို မူဆလင်သီးခြားပြည်နယ် တောင်းသည်သာမက ရခိုင်ပြည်နယ် တောင်ပိုင်းကိုလည်း ရခိုင်နှင့် ၅၀ ရာခိုင်နှုန်း စီအခွင့်အရေးတန်းတူပေးရမည်ဟု တောင်းဆိုထားတာတွေ့ရမှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်နှင့် ရိုဟင်ဂျာအမည်ခံ ဘင်ဂါလီများလှုပ်ရှားမှု
ရခိုင်ပြည်နယ်လူထုသည် ရခိုင် (ဖဆပလ)ခေါင်းဆောင်များကို မကျေ နပ်၊ ချင်း၊ ရှမ်း၊ ကချင်၊ ကရင်၊ ကယား တို့ကဲ့သို့ ပြည်နယ်အခွင့်အရေးကို ခံစားလိုခြင်းကြောင့် ရခိုင်ပြည်နယ်တောင်းဆို သော (ရတည) (ရခိုင်တိုင်းရင်းသား ညီညွတ်ရေးပါတီ)ကို (၁၉၆၀)ပြည့်နှစ် ပါလီမန်ရွေးကောက်ပွဲတွင် တစ်ခဲ နက် ထောက်ခံမဲပေးခဲ့ကြပါတယ်။ (ရတည) အမတ် (၈)ဦးအနိုင်ရရှိပြီး၊ ဦးနုခေါင်း ဆောင်သော ပြည်ထောင်စုပါတီနှင့် အပေးအယူလုပ်ကာ ပြည်ထောင်စုအစိုး ရအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ တယ်။ ၀န်ကြီးချုပ် ဦးနုဟာ ရခိုင်နှင့်မွန်တို့ကို ပြည်နယ်ပေးပါမယ်လို့ ကတိပြုပြီး သိမ်းသွင်းရယူခဲ့ ခြင်းဖြစ် ပါတယ်။
ရခိုင်ကို ပြည်နယ်ပေးမည်ဟု အသံထွက်လာတဲ့အခါမှာ ရခိုင်ပြည်နယ်မှာရှိတဲ့ မူဆလင်တွေက မကျေမ နပ်ဖြစ်လာခဲ့ ကြပါတယ်။ လှုပ်ရှားတက်ကြွလာခဲ့ကြ တယ်။ အရင်တုန်းက အလယ်သံကျော် ညီလာခံမှာ ပါဝင်ခဲ့ကြတဲ့ မူဆလင်ခေါင်း ဆောင်တွေဟာ အသွင်အမျိုးမျိုးရှိနေခဲ့ ကြရာကတစ်ဆင့် ရခိုင်ပြည်နယ်ဆန့် ကျင်ရေးလှုပ်ရှားမှုများကို ပြုလုပ်လာကြပါတယ်။ မြန်မာသတင်းစာ၊ အင်္ဂလိပ် သတင်းစာတွေမှာ မူဆ လင်တွေအတွက် တောင်းဆိုချက်တွေကို အများအပြား တင်ပြတောင်းဆိုလာကြပါတော့တယ်။
ဒါ့အပြင် ဘင်္ဂါလီလူမျိုးမူဆလင် တွေဟာ မြန်မာတိုင်းရင်းသားများ မဟုတ်ကြတဲ့အတွက် တိုင်းရင်းသားများ သာ ခံစားခွင့်ရှိတဲ့ ““ပြည်နယ်ရပိုင့်ခွင့်”” ကို ခံစားခွင့်မရှိကြောင်းသိကြတဲ့အခါမှာ မိမိတို့ကိုယ်ကို ““ရခိုင်တိုင်းရင်းသား မူဆလင်များ”” ဖြစ်ကြောင်းရေးသားတင်ပြ လာကြပါတယ်။ အဲဒီလိုတင်ပြလာသူ များအနက် ပါလီမန်အမတ်ဟောင်း ““မစ္စတာဂဖား”” ဆိုသူက စတင်ခဲ့တာဖြစ် ပါတယ်။ မစ်္စတာဂဖားက အလယ်သံ ကျော်ညီလာခံရဲ့ ဆုံးဖြတ်ချက်များကို အားပေးတဲ့ သမိုင်းလိမ်ဆောင်းပါးတစ်ခုကို (၂၈.၈.၅၁) ရက်နေ့ထုတ် ဂါဒီယန် အင်္ဂလိပ်သတင်းစာမှာ စတင်ရေးသားခဲ့ ပါတယ်။
အဲဒီနောက် (၁၀)နှစ်ခန့်အကြာ (၁၉၆၀)ခုနှစ်ပြည့်၊ မေလထုတ် ဂါဒီယန် အင်္ဂလိပ်မဂ္ဂဇင်းမှာ (အမ်အေကာ ဟီရ်)- (ဘာသာ)က မစ္စတာဂဖားကဲ့သို့ ဘူးသီးတောင်-မောင်တော်မြို့နယ်များမှာရှိတဲ့ စစ်တကောင်းသား ဘင်္ဂါလီမူဆလင်များကို ရခိုင်တိုင်းရင်းသား မူဆလင်များဖြစ် ကြလေဟန် လုပ်ကြံဖန်တီးခဲ့ပြန်ပါတယ်။ အဲဒီဆောင်းပါးကိုပဲ (ရိုဟင်ဂျာ အမျိုးသားညီညွတ်ရေးအဖွဲ့ချုပ်)ကလည်း ““ရိုဟင်ဂျာလူမျိုးစု ရာဇ၀င်အ ကျဉ်းချုပ်”” အဖြစ် အနည်းငယ်ဖြည့်ခွာကာ (၁၉၆၀) ပြည့်နှစ် ဒီဇင်ဘာလတွင် ပုံနှိပ်ဖြန့်ချိခဲ့ပါ တယ်။ အဲဒီနောက်မှာ မြ၀တီ၊ ရှုမ၀ စတဲ့  မြန်မာမဂ်္ဂဇင်းများမှာလည်း မောင်သံလွင်နဲ့ စာရေးဆရာ မောင်သော်တို့က ““ရိုဟင် ဂျာများသည် ရခိုင်တိုင်းရင်းသား မူဆလင် များဖြစ်ကြသည်”” ဆိုပြီး အော်ဟစ်အား ဖြည့်ခဲ့ကြပါ တယ်။
၎င်းတို့၏သမိုင်းလိမ်ဆောင်းပါးများကိုရခိုင်သမိုင်းသုတေသီဦးဖော်ဇံ၊စစ်ကြိုခေတ်ရခိုင်နိုင်ငံရေးခေါင်းဆောင် ဟောင်း ဦးဘစံ၊ ဗြိတိသျှခေတ်နှင့် လွတ်လပ်ရေးခေတ် ရခိုင်နိုင်ငံရေးခေါင်းဆောင် ဦးစံထွန်းအောင်တို့ က ပြန် လည်ချေပတဲ့ ဆောင်းပါးများဖြင့် အထောက်အထား အကိုးအကားများစွာ တင်ပြခဲ့ကြပါတယ်။
အဲဒီအချိန်မှာပဲ မြန်မာနိုင်ငံရဲ့ နိုင်ငံ ရေးအခြေအနေဟာ ဗိုလ်ချုပ်ကြီးနေ၀င်း က (၁၉၆၁)ခုနှစ် မတ်လ (၂) ရက်နေ့ အာဏာသိမ်းမှုကြောင့် အသွင်တစ်မျိုး ပြောင်းလဲသွားခဲ့ရပါတယ်။ ရခိုင်ပြည်နယ် နဲ့ မွန်ပြည်နယ် ဖွဲ့ စည်းရေးဟာလည်း အာဏာသိမ်းမှု လှိုင်းတံပိုးအောက်မှာ နစ်မြှုပ်ပျောက်ကွယ်သွားပါတော့တယ်။
ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ အစိုးရလက်ထက် မှာ နိုင်ငံရေးပါတီအားလုံးကို ဖျက်သိမ်းခဲ့ ပါတယ်။ ဒါကြောင့် မူဆလင်တို့ရဲ့ နိုင်ငံ ရေးလှုပ်ရှားမှုများမှာရှိတဲ့ မူဂျာဟစ် ကုလားဆိုး သူပုန် အဖွဲ့များဟာလည်း တပ်မတော်ရဲ့ ထိုးစစ်ကြောင့် ပြိုကွဲကာ တစ်ဘက်နိုင်ငံသို့ တိမ်းရှောင်သွားကြပါတယ်။
တော်လှန်ရေးကောင်စီအစိုးရက (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)ကို ထူထောင်ပြီး တစ်ပါတီစနစ်နဲ့ ဆက် လက် အုပ်ချုပ်ခဲ့ပါတယ်ု။ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ရေးဆွဲရေးအတွက် (၁၉၇၃)ခုနှစ်မှာ ပြည်သူတို့ထံမှ အကြံဉဏ်များ တောင်းခံခဲ့ပါတယ်။ ဒီအခွင့်အရေးကို အခွင့် ကောင်းယူပြီးတော့ မြေပေါ်မှာရှိတဲ့ မူဆလင် တို့အတွက် အခွင့်အရေးတောင်းတဲ့ ““ရိုဟင်ဂျာလူမျိုးများက အကြံပေး ဆန္ဒပြုသောစာတမ်း””ဆိုတဲ့ အမည် နဲ့ စာတမ်းတစ်ခုပြုစုပြီး တစ်ညီတစ်ညွတ်တည်း တင်ပြခဲ့ကြပါတယ်။
ဒါပေမဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရဟာ မူဆလင်တို့ရဲ့ တောင်း ဆိုချက်ကို လျစ်လျူရှုပြီး ရခိုင်နဲ့ မွန်တို့ကို ပြည်နယ်ပေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်မှာ ဘူးသီးတောင်၊ မောင်တောမြို့နယ်များ မှာ ရှိတဲ့ စစ်တကောင်းသား မူဆလင်တို့ ကို ပါတီ၊ ကောင်စီ အာဏာပိုင်အဖွဲ့ အစည်းများတွင် ပါဝင်ခွင့်ကို ကန့်သတ် ထားခဲ့ပါတယ်။ ဒါပေမဲ့ ကုလားဦးရေက တော့ တိုးတက်မြဲ တိုးတက်လျက် ရှိနေပါ တယ်။ ဒုတိယကမ္ဘာစစ်အတွင်း ကုလား ရခိုင်အဓိကရုဏ်းဖြစ်စဉ်က ပျက်စီးခဲ့ရတဲ့ ရခိုင်နဲ့ တိုင်းရင်းသားကျေးရွာများကို ပြန် လည်ထူထောင်ရေး ပြုလုပ်မပေးနိုင်ခဲ့ပါ ဘူး။ ရခိုင်လူမျိုးတို့ ပိုင်ဆိုင်ခဲ့တဲ့ လယ်ယာ မြေများဟာ သီးစားလက်ငုတ်အဖြစ် ကုလားတို့ရဲ့ လက်ထဲမှာပဲ ရှိနေခဲ့ပါတယ်။
၁၉၇၈ ခုနှစ်၊ နဂါးမင်းစီမံချက်နှင့် မူဆလင် တို့၏ အခြေအနေ
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် မှာ အစိုးရဟာ မြန်မာနိုင်ငံရဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေကို ဖောက်ဖျက်ပြီး ပြည်ပမှ နည်းမျိုးစုံဖြင့် ခိုးဝင်လာကြတဲ့ နိုင်ငံခြားသားများအား စစ်ဆေးဖော်ထုတ် နိုင်ရန်ရည်ရွယ်ပြီး၊ နဂါးမင်းစီမံချက်ကို ချ မှတ်အကောင်အထည်ဖော်ခဲ့ပါတယ်။ အဲဒီစီမံချက်အရ စစ်တကောင်းသား ဘင်ဂါလီ မူဆလင်များ အုံလိုက်ကျင်း လိုက်နေထိုင်ကြတဲ့ ရခိုင်ပြည်နယ်မြောက် ပိုင်းမှာစတင်ဆောင်ရွက်ခဲ့ပါတယ်။
နဂါးမင်းစီမံချက်ရဲ့ ပထမဆင့်ကို စစ်တွေမြို့မှာ စတင်ဆောင်ရွက်ခဲ့ပါ တယ်။ အဲဒီလို ဆောင်ရွက်ရာမှာအနောက် ပိုင်းတိုင်း စစ်ဌာနချုပ်၊ ရခိုင်ပြည်နယ် ဒေသပါတီ၊ ရခိုင်ပြည်နယ်ပြည်သူ့ကောင် စီမှ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပူးပေါင်းပြီး ၁၉၇၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှာ စစ်တွေမြို့ပေါ်ရှိ ရပ် ကွက်များမှာ ရုတ်တရက်စစ်ဆေးခဲ့ပါ တယ်။
ဒုတိယအဆင့်ကို ဘူးသီးတောင် မောင်တောမြို့နယ်များမှာ ဆောင်ရွက်ခဲ့ ပါတယ်။ ဘူးသီးတောင်မြို့နယ်မှာ ၈-၅-၇၈ ရက်နေ့မှ ၅-၅-၇၈ ရက်နေ့အထိ မောင်တောမြို့နယ်မှာ  ၈-၅-၇၈ ရက်နေ့ မှ ၅-၆-၇၈ ရက်နေ့ အ ထိ ဆောင်ရွက်ခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဦးစီးဌာနမှ အင်အား(၄၀၀)တို့ဟာ ပြည် သူ့ရဲတပ်ဖွဲ့နဲ့ ပြည်သူ့ရဲတပ်ရင်း (လုံထိန်း)တို့ရဲ့ အကူအညီနဲ့ တစ်ရွာဝင်တစ်ရွာထွက် စစ်ဆေးခဲ့ကြ ပါတယ်။
အဲဒီလို စစ်ဆေးမှုကို ရင်မဆိုင်ရဲကြတဲ့ စစ်တကောင်းသား ဘင်ဂါလီ ကုလား တွေကကြောက်လန့် တကြားဖြစ်ပြီးတော့  ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များက နေ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို ထွက် ပြေး ၀င်ရောက်သွားကြပါတယ်။ ထွက်ပြေးကြတဲ့ အိမ်ထောင်စုနှင့် လူဦးရေကတော့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့ နယ်တွေက အိမ်ထောင်စုပေါင်း (၂၅၉၉၅) စုနဲ့ လူဦးရေ(၁၅၆၉၉) ယောက်ဖြစ်ပါတယ်။
နဂါးမင်းစီမံချက်ကြောင့် ဘင်္ဂလား ဒေ့ရှ်သို့ အထိတ်တလန့်ထွက်ပြေးခဲ့ကြတဲ့ စစ်တကောင်းသား မူဆလင် တို့ကို အကြောင်းပြုပြီးရိုဟင်ဂျာအမည်ခံမူဆလင်တို့ရဲ့ မြေအောက်လှုပ်ရှားမှုများ ပြန်လည် ခေါင်းထောင် လာတာတွေ့ရပါ တယ်။
(RHF) နဲ့(RSO) အမည်ခံမြေ အောက်အဖွဲ့အစည်းများက သတင်းစာ ဂျာနယ်တွေမှာ မြန်မာအစိုးရက မူဆ လင် တွေကို မျိုးပြုတ်အောင်သတ်ဖြတ်နေတယ်လို့ အော်ဟစ်ကြပါတယ်။ဘူးသီးတောင်မြို့ နယ်နှင့် မောင်တောမြို့နယ် ထဲမှာရှိတဲ့ မူဆလင်အိမ်အချို့ကို ၎င်းင်းတို့ ကိုယ်တိုင် မီးရှို့ပြီးဓာတ်ပုံရိုက်ကာ ““မူဆလင် ရွာများကိုမြန်မာအစိုးရက မီးရှို့နေပါတယ်””ဆိုပြီး ကမ္ဘာ့သတင်းရပ်ကွက်များမှာ မဟုတ်မမှန် လိမ်ညာ သတင်းဖြန့်ခဲ့ပါတယ်။
တစ်ဘက်နိုင်ငံဘင်္ဂလားဒေ့ရှ်အစိုးရ ကလည်းထွက်ပြေးလာကြသူများကို မိမိတို့ နိုင်ငံသားမဟုတ်၍ လုံးဝ တာဝန်မယူ ကြောင်း ကန့်ကွက်ခဲ့ပါတယ်။ ဘင်္ဂလား ဒေ့ရှ်၊ ပါကစ္စတန်၊ မလေးရှားစတဲ့ မူဆ လင်နိုင်ငံတွေ က ထုတ်ဝေတဲ့သတင်းစာများကလည်း ၀ိုင်းဝန်းအောင်ဟစ်ရေး သားခဲ့ကြပါတယ်။ ဒါကြောင့် ကုလသမဂ္ဂ ကြားဝင်ပြီး ထွက်ပြေးသွားသော မူဆလင်တို့ကို ဒုက္ခသည်များအဖြစ်သတ်မှတ်ပြီး စားနပ်ရိ က္ခာ၊ ဆေးဝါး အဆောက်အဦးတို့နဲ့ ကူညီခဲ့ပါတယ်။ ဒီပြဿနာကို မြန်မာအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့ ကဆွေးနွေးဖြေရှင်းရန်လည်းကြားဝင်စေ့ စပ်ပေးခဲ့ပါတယ်။ ဒါကြောင့် နှစ်နိုင်ငံအစိုးရခေါင်းဆောင် များ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
ဟသာင်္စီမံချက်နှင့် မူဆလင်တို့ အခြေအနေ
ဟင်္သာစီမံချက်ဆိုတာကတော့  ထွက်ပြေးကြတဲ့ မူဆလင်တွေကို အကြောင်းပြုပြီး မြန်မာအစိုးရက ဘင်္ဂ လားဒေ့ရှ် အစိုးရကို ဆွေးနွေးရာက နေပေါ်ပေါက်လာတဲ့ မြန်မာအစိုးရရဲ့ စီမံချက်တစ်ခုဖြစ်ပါတယ်။ ရည်ရွယ်ချက် ကတော့ နဂါးမင်းစီမံချက်ဖြင့် တရားမ ၀င် ခိုးဝင်နေထိုင်သူများကို ဖော်ထုတ် စစ်ဆေးခဲ့စဉ်က စစ်ဆေးမှုကို ရင်မဆိုင်ရဲ လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ မူဆလင်တွေကို ပြန်လည်လက် ခံတဲ့ စီမံချက်ဖြစ်ပါတယ်။
ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံ သဘောတူညီချက်တစ်ရပ်ကို ၉-၇-၇၈ ရက်နေ့မှာ ဘဂ်လားေ ဒ့ရှ်နိုင်ငံ ဒက္ကားမြို့မှာလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒီသဘောတူညီချက်မှာ ပါဝင် တဲ့အချက်တွေ ကတော့-
(၁) ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် ဘင်္ဂလား ဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံယာယီစခန်း များတွင်လက်ရှိ ခိုလှုံလျက်ရှိသည့် မြန်မာနိုင်ငံတွင် တရားဝင် နေထိုင်ခွင့်ရှိ ပြီး၊ မြန်မာနိုင်ငံအမျိုးသားမှတ်ပုံတင် ကတ်ပြားများတင်ပြနိုင်သူများနှင့် ၎င်းတို့ ၏ အိမ်ထောင်စုဝင်များအား အစောဆုံး ပြန်လည်လက်ခံရန် သဘောတူသည်။ အိမ်ထောင်စုဝင်များ ဆိုရာ၍ ခင်ပွန်း၊ ဇနီး၊ မိဘ၊ ယောက္ခမ၊ သား၊ သမီး၊ တရား ၀င်မွေးစားသားသမီး၊ မြေး၊ သမက်၊ ချွေးမနှင့် မုဆိုးမ ညီမများပါဝင်ပါသည်။
(၂) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတက မြန်မာနိုင်ငံတော်အစိုးရသည် မြန်မာ နိုင်ငံတွင် နေထိုင်ခဲ့ဖူးသူဖြစ်ကြောင်း ဖော်ပြသည့် မြန်မာနိုင်ငံမှထုတ် ပေးထားသော အခြားစာရွက်စာတမ်း၊ အထောက်အထားတင်ပြနိုင်သူများနှင့် ၎င်းင်းတို့ အိမ်ထောင်စုဝင်များ၊ မြန်မာနိုင်ငံ တွင် နေထိုင်ခဲ့ဖူးသူဖြစ်ကြောင်းသက် သေအထောက်အထားများ၊ ဥပမာနေ ရပ်လိပ်စာနှင့် အခြားအချက် အလက်စသည်များကို တင်ပြနိုင်သူများနှင့် ၎င်း တို့၏ အိမ်ထောင်စုဝင်များအား ဒုတိယ အဆင့် အနေဖြင့် ပြန်လည်လက်ခံရန် သဘောတူသည်။ အိမ်ထောင်စုဝင်များ   ဆိုရာ၌ ခင်ပွန်း၊ ဇနီး၊ မိဘ၊ ယောက္ခမ၊ သားသမီး၊ တရားဝင်မွေးစားသမီး၊ မြေး၊ သမက်၊ ချွေးမ၊ မုဆိုးမ ညီမများပါဝင်ပါသည်။
၁၉၇၈ ခုနှစ်၊ သြဂုတ်လ(၃)ရက်နေ့ ကစပြီး ၁၉၇၉ ခုနှစ်ဒီဇင်ဘာလ(၉)ရက် နေ့အထိ ဟင်္သာစီမံ ချက်ဖြင့် ပြန်လည်လက်ခံခဲ့တဲ့ အိမ်ထောင်စုနဲ့ လူဦးရေက တော့ အိမ်ထောင်စု (၃၁၅၀၈)ခုရှိပြီး လူဦးရေ (၁၈၆၉၈၆) ဦဖြစ်တဲ့အတွက် ကြောင့် လူဦးရေ (၃၀၂၇၈)ဦးအကိုလက် ခံခဲ့ရေကြောင်း သိသိသာ သာ တွေ့နိုင်ပါတယ်။
ဒီစီမံချက်ဟာ တစ်ဘက်နိုင်ငံနဲ့ထိပ် တိုက်ပဋိပက္ခဖြစ်မှုကို ရှောင်ရှားနိုင်ခဲ့ပေ မယ့် တိုင်းရင်းသား အယောင်ဆောင် စစ်တစ်ကောင်းသား မူဆလင်များအား လူဦးရေ သုံးသောင်းကျော်အထိ ပိုပြီး လက်ခံ ခဲ့ရခြင်းကတော့ မြန်မာနိုင်ငံအ တွက်များစွာ နစ်နာမှုတစ်ရပ်ဖြစ်ခဲ့ရပါတယ်။
မူဆလင်မြေအောက်လှုပ်ရှားမှု
နဂါးမင်းစီမံချက်နဲ့ ဟင်္သာစီမံချက် ကို အကြောင်းပြုပြီးတော့ စစ်တကောင်း သား မူဆလင်တို့ဟာ ရိုဟင်ဂျာမျိုးချစ် တပ်ဦး (RHF) နဲ့ ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO)အမည်ခံကာ တစ်ဘက်နိုင်ငံသို့ ခြေကုတ်စခန်းယူပြီး မြေအောက်လှုပ်ရှားမှုတွေပြုလုပ်လာခဲ့ကြ ပါတယ်။ (RHF)နဲ့ (RSO)အဖွဲ့နှစ်ခုဟာ အမည်ဘာသာကွဲပေမယ့် ဦးတည်ချက် ချင်းကတော့ အတူတူပါပဲ။ သူတို့ဟာ သူတို့ကိုယ်သူတို့ ရခိုင်တိုင်းရင်းသား ရိုဟင်ဂျာလူမျိုး မူဆလင်များအဖြစ်ခံယူ ပြီး မောင်တောဘူးသီးတောင်မြို့နယ်များ ကို ရိုဟင်ဂျာပြည်နယ် ပေးရမယ်ဆိုပြီး တောင်းဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ လုံခြုံရေးကို မကြာခဏ ထိ ပါးနှောင့်ယှက် ပြီးတည်ငြိမ်အေးချမ်းသာယာမှုကို အစဉ်တစိုက်ဖျက်ဆီးခဲ့ကြပါတယ်။
အရေးအခင်းကာလမူစလင်တို့၏လှုပ်ရှား မှုအခြေအနေ
၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အရေး အခင်းကို အကြောင်းပြုပြီး ဘင်ဂါလီလူမျိုး (၄၀၀၀၀)ကျော်ခန့် လှံ လက်နက်မျိုးစုံ ကိုင်ဆောင်ကာ မောင်တောမြို့နယ်ထဲကို ၀င်ရောက်ပြီး ရခိုင်လူမျိုးတွေရဲ့ အိုးအိမ် တွေကို ဖျက်ဆီးဖို့ကြိုးစားခဲ့ကြပါတယ်။ (၄)မိုင်မှာရှိတဲ့ ပြည်သူ့ရဲ့ တပ်ရင်းနဲ့ အဆက်အသွယ်မပြုလုပ်နိုင်ရန်အတွက် လည်း တယ်လီဖုန်းလိုင်းကြိုးများကို ကြိုတင်ပြတ်တောက်ထားခဲ့ကြပါတယ်။ နောက်ထပ် အင်အားထောင်နဲ့ ချီပြီးတော့ တောင်ပိုင်း၊ မြောက်ပိုင်းဒေသများကနေ ချီတက်လာခဲ့ကြပါတယ်။ အင်အားသုံး ပြီးတော့ မောင်တောမြို့တွင်းဝင်ရောက်ဖို့ အကြိမ်ကြိမ်ကြိုးစား ခဲ့ကြပေမယ့်မြို့ ပေါ်မှာနေ တဲ့ရခိုင်လူ ငယ်များနဲ့ ပြည်သူ့ရဲ တပ်ဖွဲ့ဝင်များကစုပေါင်းကာကွယ်ခဲ့ကြလို့ ရခိုင်လူမျိုးတွေ အသက်ဘေးက သီသီ လေးလွတ်မြောက်လာခဲ့ ခြင်းဖြစ်ပါတယ်။
ဘင်ဂါလီကုလားတွေကအဲဒီညက မောင်တောမြို့နယ်အတွင်းမျာရှိတဲ့ရခိုင် ကျေးရွာများကို မောင်တောမြို့နဲ့တစ်ပြိုင် တည်း ဖျက်ဆီးပစ်နိုင်ဖို့အတွက်မောင် တောမြို့ပေါ်က မီးရောင်မြင်ရတာနဲ့ ၎င်းရွာများကိုပါ မီးရှို့ဖျက်ဆီးပစ် ရန် မှာထား ပြီးစောင့်နေခဲ့ကြကြောင်း ဘင်ဂါလီလူမျိုး တွေနဲ့ နီးစပ်တဲ့ရခိုင်သား အချို့ကပြန်ပြီး ပြောပြခဲ့ တာကြားသိခဲ့ကြရပါတယ်။ ဒီ အရေးအခင်းမှာတော့ ၁၉၄၂ ခုနှစ် ကုလား၊ ရခိုင်အဓိကရုဏ်းနောက်ပိုင်း အကြီးမားဆုံးသော ဘင်ဂါလီကုလားများ လူစုအင်အားပြ ဆန့်ကျင်လာခြင်းဖြစ်ပါတယ်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့အစိုးရလက်ထက်ရိုဟင်ဂျာဆိုင်ရာ သုံးနှုန်းလာမှုများ
၁၉၈၈ခုနှစ်၊ စက်တင်ဘာလ(၁၈)  ရက်နေ့မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်မှု အဖွဲ့ကို ဗိုလ် ချုပ်ကြီး စောမောင်ဦးဆောင်တဲ့တပ်မတော်က ဖွဲ့စည်းပြီး နိုင်ငံတော်အာဏာကိုထိန်း သိမ်းတာဝန်ယူခဲ့ပါ တယ်။အဲဒီနောက်ပိုင်းမှာ နိုင်ငံရေးပါတီအဖွဲ့အစည်းများကို တရားဝင်မှတ်ပုံတင်ပြီး ရပ်တည်ခွင့်ပြုခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ ရိုဟင်ဂျာအမည်ခံ ဘင်ဂါလီလူမျိုးများကို ကိုယ်စားပြုတဲ့  အမျိုးသားပါတီကို မှတ်ပုံတင်ခဲ့ ပါတယ်။  အဲဒီပါတီကနေ““ရခိုင်ပြည်သမိုင်းနှင့်ရခိုင်  ရိုဟင်ဂျာတို့၏ဘ၀””အမည်နဲ့ထုတ်ဝေတဲ့  လက်စွဲ စာစောင်၊အတွဲ ၆မှာ ရခိုင်နှင့်ရွင်ဂျာ(ရိုဟင်ဂျာ)လူမျိုးများ သမိုင်းအကျဉ်း ချုပ်ဆိုပြီးတော့ စာမျက်နှာ(၅-၆)တွေ မှာဖော်ပြထားတာကတော့-
(၁) လူတိုင်းသည် မိမိလူမျိုးထင်ပေါ် ကျော်ကြားခြင်းကို လိုလားကြပါသည်။ထင်ပေါ်ကျော်ကြားသော လူမျိုး တိုင်းသည် မိမိလူမျိုးတစ်ဦးစီအတွက်အကြီးမားဆုံးသော ဂုဏ်သိက္ခာကြီး တစ်ခုဖြစ်ပါသည်။ လူမျိုးကို ဗဟိုပြု၍ မျိုးချစ်စိတ်နှင့်ဇာတိသွေး၊ ဇာတိမာန်ကို ပေါ်ပေါက်စေပါသည်။ ထို့ကြောင့် လူတိုင်းသည်မိမိတို့လူ မျိုး အကြောင်းကိုရှင်းရှင်းကြီး သိထားရန်အထူး လိုအပ်ပါသည်။
(၂) အာရှတိုက် အလယ်ပိုင်းပရီးမီးယား ကုန်းပြင်မြင့်မှ အာရိယံလူမျိုးတို့သည် နောက်ဆုံး ဘီစီ(၁၀၀၀) အထိ အိန္ဒိယတိုက်သို့လှိုင်းလုံးကြီးသဖွယ် တသုတ်ပြီး၊ တသုတ်ဆင်းသက်လာခဲ့ပါသည်။ ထိုစဉ်ကပင် အာစီ ယံတို့သည် လယ်ယာစိုက်ပျိုးခြင်း၊တိရစ္ဆာန်များကို ယဉ်ပါးအောင်မွေးမြူခြင်းနှင့် လက်မှု အတတ်ပညာများ ကို ကောင်းစွာကျွမ်း ကျင်သူများဖြစ်သော်လေသည်။ သူတို့ သည်မြင်းစီးစစ်တိုက်ရာတွင် ကျွမ်းကျင်သော လူမျိုးဖြစ်၍ အရှေ့ဘက်မွန်ဂိုကုန်းမြင့် ဒေသမှအနောက်ဘက်မြေထဲပင်လယ်အရှေ့ ဘက် အရပ် ဒေသအထိ ပျံ့နှံ့ရောက်ရှိလာ ခဲ့ကြသည်။
(၃) အာရိယံလူမျိုးစာပေ အက္ခရာများကို  ဘီစီ-၆၀၀ခန့်က ၎င်းတို့တီထွင်သည်ဟု သမိုင်းဆရာများ ကဖော်ပြ ပါသည်။သူတို့ ကို အင်ဒိုအာရိယံဟုခေါ်၍ ၎င်းတို့သည် အိန္ဒိယတိုက် ဂင်္ဂါမြစ်အရှေ့ဘက်ရှိ ဘင်ဂါ နယ် သို့လည်းရောက် ရှိလာခဲ့ပါသည်။(ယင်းမှတစ်ဆင့်ရခိုင်ပြည်တွင်းပိုင်းသို့ ရောက်ရှိလာခဲ့ပါသည်။)
(၄) ပရီးမီးယားကုန်းပြင်မြင့်မှ တစ်ဆင့် ဆင်းသက်လာပြီး ရခိုင်ဘက်သို့ရောက်ရှိ လာသူ အင်ဒိုအာရိယံလူ မျိုးထဲတွင် “သူရိ  ယ၀ံသ” (နေကိုကိုးကွယ်သောအုပ်စု) နှင့် “စန္ဒ၀ံသ” (လကိုကိုးကွယ်သောအုပ်စု)တို့ ပါဝင်သည်။
(၅) ဘီစီ (၅၄၀) တွင် ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူပြီး ဘီစီ (၂၅၀) တွင် အိန္ဒိယပြည်၌ အသောက မင်းလက် ထက်မှစ၍ အိန္ဒိယမြောက်ပိုင်းပုံစံဗုဒ္ဓဘာသာနှင့် ကောင်ပိုင်းပုံစံဗုဒ္ဓဘာသာသည်ရခိုင်ပြည်  (ရဇ္ဓပူရာ)သို့ ပျံ့နှံ့ ရောက်ရှိလာသည်။ ရခိုင်ပြည်ရှိ သူရိယ၀ံသနှင့် စန္ဒ၀ံသလူမျိုး အုပ်စုထဲမှ အချို့တို့သည်ဗုဒ္ဓဘာသာဝင် များဖြစ်သွားကြသည်။
(၆) အေဒီ (၅၇၀)တွင် တမန်တော်မိုဟာ မက်ပေါ်ထွန်းပါသည်။ အာရေဗီးယားကျွန်း ဆွယ်မက္ကာမြို့တော်နှင့် မဒီနာမြို့တို့ကို အခြေခံ၍အစ္စလာမ်ဘာသာကို တမန် တော်မိုဟာမက်ကဟောကြားတော်မူသည်။  အေဒီ (ရသ)တွင် အိန္ဒိယပြည်၊ ဆင်းနယ်သို့ အာရေဗ်မူဆလင်များဝင်ရောက်လာ    ကြသည်။ ၎င်းနောက်နှစ်ပေါင်း (၂၅၀) ကြာသောအခါ အာရေဗ်မူဆလင်များ၏ အုပ်ချုပ်မှုအောက်သို့ အိန္ဒိယပြည်ကျ ရောက်သွားခဲ့ရာ ထိုအ ချိန်မှစ၍ အိန္ဒိယသို့ အစ္စလာမ်သာသနာရောက်ရှိ လာသည်။
(၇) ခရစ်သက္ကရာဇ် (၁၂၀၆) ခုနှစ်တွင် ဒတ်အူဒင်ဘုရင်၏ အုပ်ချုပ်မှုအောက်သို့   အိန္ဒိယတစ်ပြည်လုံး ကျရောက်သွားရာ  အစ္စလာမ်ဘာသာဝင်ဖြစ်၍ ၎င်း၏ အုပ်ချုပ်မှုအောက်တွင် အစ္စလာမ်ဘာသာသည် အိန္ဒိယတွင် ကောင်းစွာပျံ့နှံ့လာ တော့သည်။
(၈) အိန္ဒိယပြည်ဒေလီမြို့ကြီးသည် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကြီးကဲ့သို့လည်း သာသနာ ပြန့်ပွားရာကမ္ဘာ့ ဗဟို ချက်ဖြစ်လာသည်။ ထိုအချက်ကြောင့် အစ္စလာမ်ဘာသာသည် ဘင်ဂါမြစ်အရှေ့ဘက် ဘင်ဂါနယ်အထိပျံ့ နှံ့ လာခဲ့သည်။ ထိုမှတစ်ဆင့်ရခိုင်ပြည် အထိပျံ့နှံ့လာခဲ့သည်။
(၉) ခရစ်သက္ကရာဇ် (၁၆၀၉) တွင် ကွယ်လွန်သော မဟာအဂ္ဂဘာဘုရင်ကြီး လက်ထက်တွင် အစ္စလာမ်ဘာ သာကို အထူးသဖြင့် ပျံ့နှံ့သွားစေခဲ့သည်။ မဟာ အဂ္ဂဘာဘုရင်ကြီးသည် ဟိန္ဒူယဉ်ကျေး မှုကိုအကြောင်းပြု၍ အစ္စလာမ်ဘာသာကို ဟိန္ဒူဘာသာနှင့် နီးကပ်သော ဘာသာယဉ်ကျေးမှုတစ်ခုဖြစ်လာစေ ရန် အောင်မြင် စွာပြုလုပ်နိုင်ခဲ့သည်။ ယင်းသို့  စွမ်းဆောင်မှုကြောင့် အစ္စလာမ်ဘာသာသည် ဟိန္ဒူယဉ်ကျေးမှုနှင့် အတူရခိုင် ကမ်း ရိုးတမ်းများနှင့် ရခိုင်ပြည်သို့ရောက်ရှိလာသည်။
(၁၀) ရခိုင်ပြည်သားရိုဟင်ဂျာတို့၏ ဘာသာမှာ ဗုဒ္ဓဘာသာကဲ့သို့ပင်အိန္ဒိယမှတစ်ဆင့် (အိန္ဒိယယဉ်ကျေးမှု ကိုနောက်ခံ  ထား၍) ပျံ့ပွားလာသော အစ္စလာမ် ဘာသာအမျိုးအစားဖြစ်သည်။ အာရပ်မှ ရခိုင်ပြည်သို့ခုန်ပျံ လာသောအစ္စလာမ် ဘာသာအမျိုးအစားမဟုတ်ချေ။
(၁၁) ခရစ်သက္ကရာဇ် (၁၆၆၅) ခုနှစ် နေက်ပိုင်းတွင် ရခိုင်ပြည်သားအစ္စလာမ်ဘာသာဝင်များ အနက်လေး ကိုင်စစ်သည်  တော်များကို ပါရှန်းဘာသာဖြင့် (ကမန်) ဟုခေါ်ပြီး၊ ရခိုင်ပြည်သားအစ္စလာမ် ဘာသာဝင်လူမျိုး ကိုမူ အာရေဗ်ဘာသာ ဖြင့် (ရိုဟင်ဂျာ)ဟုခေါ်ခဲ့ပါသည်။ ထိုအချိန် မှစ၍ ရခိုင်ပြည်သားအစ္စလာမ်ဘာသာ  ၀င် လုပ်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ရခိုင် ပြည်သားအစ္စလာမ်ဘာသာဝင်အုပ်စုတို့ ကို (ရိုဟင်ဂျာလူမျိုး) ဟု လည်းခေါ် တွင်လာကြပါသည် စသဖြင့် ရိုဟင်ဂျာလူမျိုးနဲ့ ပတ်သက်တဲ့အချက်တွေကို ရှေးယခင်  နှစ်ပေါင်း များစွာကပဲရှိခဲ့လေဟန်သမိုင်းဖြစ်စဉ်နဲ့ ရောထွေးပြီး ထင်ယောင်ထင်မှားဖြစ်စေရန် (ရိုဟင်ဂျာအမျိုးသား ညီညွတ် ရေးအဖွဲ့ချုပ်) (ရမည)က ရိုဟင်ဂျာတို့ ၏ ဘ၀ (၁၉၈၉) ခုနှစ် ထုတ်စာစောင် တို့မှာရေးသားဖော်ပြ ခဲ့ပါတယ်။
ဒီနေရာမှာ အထူးသတိပြုရမယ့် အချက်ကတော့ ရခိုင်ပြည်နယ်မှာတွေ့ရတဲ့ မူဆလင်ဘာသာဝင်တွေ မှာ ရှေးဦးက ရောက်ရှိလာခဲ့တဲ့ ကမန်မူဆလင်၊ ဗမာ မူဆလင်တွေနဲ့ နောက်ပိုင်းနှစ်တွေကျမှ   အကြောင်း အမျိုးမျိုးကြောင့် စစ်တကောင်းဒေသက ခိုးဝင်လာတဲ့ဘင်ဂါလီလူမျိုး   မူစလင်ဆိုပြီး နှစ်မျိုးတွေ့ရမှာဖြစ် ပါတယ်။  ဘင်ဂါလီလူမျိုးမူဆလင်တွေက ရှေးဦးတိုင်း ရင်းသားကမန်၊ ဗမာမူစလင်တွေလိုပဲ ရိုဟင်ဂျာ အမည်ခံပြီးတော့ တိုင်းရင်းသား ဖြစ်ဖို့နည်းမျိုးစုံနဲ့ ကြိုးစားလာကြတာပါ။

  ဒီအချက်ကို (ဒေသအသီးသီးမှာရှိကြတဲ့  တိုင်းရင်းသား/နိုင်ငံသားမူစလင်အားလုံး  ကွဲကွဲပြားပြား၊ ခြားခြား နားနားသိရှိနားလည်သဘောပေါက်တားဖို့လိုပါတယ်။ မူဆလင်ဆိုတိုင်း အစ္စလာမ်ဘာသာဝင် အားလုံးကို ရည်ရွယ်တာမဟုတ်ပါဘူး၊ ဒီဆောင်းပါးမှာရေးတဲ့အချက်တွေကလဲ တိုင်းရင်းသား၊ နိုင်ငံသားမူစလင်များ (အစ္စလာမ်ဘာသာဝင်များ)ကို ရည်ရွယ်တာမဟုတ်ပဲ တဘက်နိုင်ငံကတရားမ၀င် ခိုးဝင်နေထိုင်လာကြတဲ့ ရို ဟင်ဂျာအမည် ခံစစ်တကောင်းသားဘင်ဂါလီများကို ရည်ရွယ်တာဖြစ်ကြောင်း သိရှိနားလည်  စေလိုပါတယ်။
ကမန်မူဆလင်များနဲ့ မြေဒူးအဆက် အနွယ်ဗမာမူဆလင်များဟာ ဘာသာရေး နဲ့ တိုက်ရိုက်ဆပ်စပ်တဲ့ လူ မှုရေးကိစ္စရပ်များမှ တစ်ပါးဝတ်စားနေထိုင်မှု သွားလာနေထိုင်မှုဓလေ့စရိုက်တွေဟာ ရခိုင်/ဗမာတို့နဲ့ ကွဲပြားခြားနားမှု မရှိပါဘူး ကမန်လူမျိုးတွေက ရခိုင်စကားပြောဆိုကြပြီး မြေဒူးအဆက် အနွယ်ဗမာမူဆလင် များက တော့ ဗမာစကားပဲပြောဆိုကြပါတယ်။
မေယုဒေသ (ဘူးသီးတောင်၊ မောင်တောဒေသ) မှာရှိတဲ့ ရိုဟင်ဂျာ  အမည်ခံစစ်တကောင်းသား ဘင်ဂါလီလူ မျိုးတွေအနေနဲ့ကတော့ ကမန်၊ မြေဒူး  အဆက်အနွယ်ဗမာမူဆလင်များနှင့်မတူဘဲ  သီးခြားဘာသာစကား၊ ဓလေ့ထုံးစံ၊ ၀တ်စားဆင်ယင်မှုတွေ ထူးခြားစွာကွဲပြားခြား နားနေတာတွေ့ရမှာဖြစ်ပါတယ်။
မေယုဒေသရှိဘင်ဂါလီများ၏ ထူးခြားချက်
အမျိုးသားတွေရဲ့ ၀တ်စားဆင်ယင်မှုကတော့ ရှေးအခါတုန်းက ဒူတီ(ခေါ်)အဖြူရောင်လုံခြည်ကို ဒူးခေါင်း အထိ ၀တ်ဆင်လေ့ရှိကြပါတယ်။ စွပ်ကျယ်ဝတ် လေ့မရှိပါဘူး၊ အနက်ရောင်အင်္ကျီ (လက်တို) ကော်လာမဲ့ တွင် အနီရောင်ခြည်များဖြင့် လက်နဲ့လည်ပင်း၊ ရင်ဘတ်တွေမှာ  ကနှုတ်ပန်းဖော်ပြီး ၀တ်ဆင်တတ်ကြပါ  တယ်။ ရင်စေ့ပုံစံဖြစ်ပါတယ်။ အရင်တုန်းကပါ။
အခုခေတ်ဘင်ဂါလီအမျိုးသားတွေ ကတော့ သာမာန်အရပ်သားတွေအနေနဲ့  ဗမာ၊ ရခိုင်များနည်းတူ ၀တ်ဆင်လာကြပါတယ်။ ဒါပေမဲ့ “တောက်ကျာ”” ခေါ် ဦးထုပ်တစ်မျိုးကိုတော့ ဗလီတက် စဉ် ဆောင်းလေ့ ရှိကြပါတယ်။ ဒါအပြင် မုတ်ဆိတ်မွှေးထားလေ့ရှိတတ်ကြပါတယ်။
မော်လ၀ီဆရာများကတော့ ဗမာ၊ ရခိုင်လူမျိုးတွေလိုလုံခြည်ဝတ်လေ့ရှိကြ ပေမယ့် အက်ႌကေတာ့ အက်ႌ လက်ရှည် ကိုခေါင်းစွပ် (စပို့ရှပ်ရင်စေ့ပုံသဏ္ဍာန်) ခြေမျက်စိခန့်အထိအရှည်ကြီးချုပ်ပြီး ၀တ်ဆင်ကြပါတယ်။ ခါးတစ်ဘက်တစ်ချက်မှ  အောက်ဘက်အထိ ခုံဘေးမှာခွဲတာ  လေ့ရှိပါတယ်။ မော်လစီဆရာအားလုံး လိုလို ဟာ မုတ်ဆိတ်မွှေးအရှည်တားတတ် ပြီး မုတ်ဆိတ်မွှေးတာရခြင်းကတော့ တမန်တော်မိုဟာမက်က မုတ် ဆိတ်မွှေးထားခဲ့တာကို အတုယူပြီး တမန်တော်အားတိုင်တည်ကာ အဓိဋ္ဌာန်သဘောထား  ခြင်းဖြစ်ကြောင်း သိရပါတယ်။
အမျိုးသမီးတွေရဲ့ ၀တ်စားဆင်ယင် မှုကတော့ အခုခေတ်ဘင်ဂါလီအမျိုးသမီး တွေအနေနဲ့ အိမ်မှာနေရင် ဗမာ၊ ရခိုင် အမျိုးသမီးတွေဝတ်ဆင်သလို ထဘီးအင်္ကျီ တွေ ၀တ်ဆင်ကြပါတယ်။ ထူးခြားချက် ကတော့ အပြင်ထွက်ရင် “နူမာလ်” ခေါ် ခေါင်းခြုံပုဝါခြုံခြင်းနဲ့ “ဘူဂ်ခါ” ခေါ် ကိုယ်ရုံခြုံထည်ကိုဝတ်ဆင်ကြခြင်းပဲဖြစ်ပါ တယ်။
ဘူရ်ခါ၊ ခေါ် ခြုံတည်ဆိုတာက တစ်ကိုယ်လုံးဖုံးလွှမ်းထားပြီးတော့ မျက်စိ ရှေ့မှာပဲ အပေါက် ကလေး နှစ်ပေါက်  ဖောက်ထားလေ့ရှိပါတယ်။ ဒါအပြင် မောင်ဇာ၊ ခေါ်တဲ့ ခြေအိတ် (ခြေစွပ်) လည်းစွပ်ထား တတ်ကြပါတယ်။ ခရီးသွား တဲ့ အခါမှာ မိုးပဲရွာရွာ၊ နေပဲပူပူ၊ ရာသီ ဥတုကောင်းကောင်း၊ မကောင်းကောင်း အချိန် မရွေးထီးဆောင်းပြီးသွားကြပါတယ်။   လမ်းလျှောက်တဲ့အခါမှာ လူနဲ့ပတ်ပင်း တိုးမိရင် မျက်နှာကိုထီး နဲ့ ကွယ်ထားလေ့ ရှိကြပါတယ်။
ထဘီဝတ်ဆင်ရာမှာလည်းအထက်ကိုအောက်မှာချပြီး ဗမာ၊ ရခိုင်၊ အမျိုးသမီး များနဲ့ ပြောင်းပြန်အနေ အထားဝတ်တတ်  ကြပါတယ်။
လက်ဝတ်ရတနာဝတ်ဆင်ရာမှာလည်း  “နာက်ဖုလဲ” ခေါ်နှာခေါင်းပွင့်ကိုဝတ်ဆင်   တတ်ကြပါတယ်။
ရှောင်ကြည်ရတဲ့ ဓလေ့ကတော့ အမျိုးသမီးများဟာ သာမာန်အားဖြင့်  အကြောင်းထူးမရှိဘဲ အိမ်အပြင် မထွက်ရပါဘူး။ အိမ်အပြင်ထွက်တာနဲ့ “ဘူရ်ခါ” ခေါ်ခြုံတည်ကိုဝတ်ဆင်ပြီးမှ သွားလာရ ပါတယ်။ အမျိုးသမီးများဟာ အမျိုးသားများနဲ့ ရင်ပေါင်တန်းပြီး အလုပ်လုပ်ခြင်း  ဈေးဝယ်ထွက်ခြင်း၊ ၀တ်ပြုခြင်း၊ အ သုဘပို့ခြင်းများ မလုပ်ရပါဘူး။ အမျိုးသမီးများဟာ မိမိတို့ လင်ယောက်ျားများနဲ့ ယှဉ်တွဲ ပြီး သွားလာလေ့မရှိ ပါဘူး။ ခရီးသွားရာမှာလည်း ကလေးငယ်များကို အမျိုးသမီးများက ချီပိုးသွားလာခြင်းမရှိပါဘူး။ အတူ ပါလာ တဲ့အမျိုးသားကသာ ချီပိုးရပါတယ်။
အစားအသောက်အနေဖြင့်လည်း ပုစွန်မှအပ သွေးမရှိသော သတ္တ၀ါများ၊ သေဆုံးနေသောသတ္တ၀ါများရဲ့ အသားကို မစားရပါဘူး။ တိရစ္ဆာန်များကို ကိုယ်တိုင်လည်လှီးသတ်ဖြတ်ပြီးမှ စားသောက်တတ် ပါတယ် ။ သွေးကို လွှင့်ပစ်တတ်ပါတယ်။ အထူးသဖြင့် ၀က်သား၊ ဖားသား၊ လိပ်သား၊ ဂဏန်းတို့ကိုရှောင်ကြဉ်လေ့ ရှိကြ ပါတယ်။
မေယုဒေသမှာရှိတဲ့ ဘင်ဂါလီများရဲ့ ရိုးရာယဉ်ကျေးမှုဟာ တိုင်းရင်းသား နိုင်ငံသားမူဆလင် (အစ္စလာမ်ဘာ သာဝင်)  များနဲ့ ဘယ်လောက်အထိခြားနားသလဲဆိုတာ အငြိမ်းစားပါကစ္စတန်သံအမတ် ကြီး ဦးဖေခင် (မူဆ လင်ဘာသာဝင်)က ပြောခဲ့ဖူးတဲ့ စကားလေးက သက်သေခံ  နေပါတယ်။
ဦးဖေခင် ပါကစ္စတန်သံအမတ်ကြီး အဖြစ်ရှိနေစဉ်က ဘူးသီးတောင်မြို့ကို ရောက်ခဲ့ပါတယ်။ ဦးဖေခင်ရောက် လာ မယ့်အကြောင်းကို ကြိုတင်သတင်းပို့သား လို့ဘူးသီးတောင်မြို့နယ်က မူဆလင်အမျိုး သားများစွာ လာရောက်ကြိုဆိုကြပြီး အရာရှိများတည်းခိုရိပ်သာမှာ ကျင်းပပြုလုပ်တဲ့ ဟောပြောပွဲကို လူပေါင်းများစွာ တက် ရောက်ကြပါတယ်။ အဲဒီအချိန်တုန်းက အမတ်ဖြစ်ခဲ့ဖူးတဲ့ ဒေါ်အေးညွန့်၊ ဘူးသီး တောင်၊ မောင်တော ဆိုင်ရာ (ဂျမိတ္တူအူလေ မာအသင်း)၏ ဥက္ကဋ္ဌ မစ္စတာဆူလ်တင် အာမတ်ရဲ့ ဇနီးလည်းတက်ရောက်ခဲ့ပါ တယ်။ ဟောပြောပွဲမှာ ဦးဖေခင်က သူသည်ပါကစ္စတန်သံအမတ်ကြီးဖြစ်ကြောင်း မူဆလင်အမျိုးသားတစ်ဦး လည်းဖြစ်ကြောင်း  ဘူးသီးတောင်၊ မောင်တောရှိ ဘာသာတူ မူဆလင်အမျိုးသားများနှင့် တွေ့ဆုံလို၍ တ ကူးတကာ လာရောက်ရကြောင်း မူဆလင်များနှင့် တွေ့ဆုံရသဖြင့် ၀မ်းသာခြင်း၊ ၀မ်းနည်းခြင်းနှစ်မျိုးကိုခံစား ရပြီး ဘယ်လို ပြောရမှန်းပင်မသိဖြစ်နေရကြောင်း ဤနယ်မူဆလင်များ၏ ၀တ်စားဆင်ယင်ပုံ ယဉ်ကျေး မှုနှင့် ဆက်ဆံရေး မလွယ်ကူမှု ကြောင့် အထူးဝမ်းနည်းရကြောင်း ယခု စကားပြောရာ၌ပင် တိုက်ရိုက်ဗမာ စကားကို သုံးမရဘဲ စကားပြန်ကြားမှာထားကာ ဟောပြောရသဖြင့် သူသည်မြန်မာနိုင်ငံ တော်၏ တစ်နေရာ တွင် ရောက်နေသည်ဟု မထင်ဘဲ၊ အရှေ့ပါကစ္စတန်ပြည် တစ်နေရာကိုရောက်နေသလား ဟုယုံမှားသံသ ယ  ဖြစ်မိပါကြောင်းစသဖြင့် ပြောခဲ့ပါတယ်။
ဒီအချက်ဟာ တိုင်းရင်းသား၊ နိုင်ငံသားမူဆလင်တွေနဲ့ ဘင်ဂါလီလူမျိုးမူစလင်တွေ ဘယ်လောက် ကွဲပြားခြားနားသလဲ ဆိုတာ သိသထင်ရှားစေတဲ့အချက်တစ်ခု ပါဘဲ။
ဘင်ဂါလီလူမျိုးတွေကို ရခိုင်လူမျိုး  တွေက ကုလားလို့သာခေါ်ဝေါ်သုံးနှုန်း ကြပါတယ်။ ၎င်းတို့ကတော့ မိမိတို့ကိုယ် တိုင် မူဆလင်လူမျိုးလို့ခဲခေါ်ဝေါ်သုံးနှုန်းခဲ့ ကြပါတယ်။ ဗြိတိသျှအစိုးရလက်ထက်က ရေးသားခဲ့တဲ့ မစ္စတာအာကီစမတ်ရဲ့(Burma Gagetteer Akyab Dietrict Volume A) မှာ စစ်တွေခရိုင်မှာရှိတဲ့ စစ်တကောင်းသားဘင်ဂါလီကုလားများကို (မဟာမေနှင်)လို့ မှတ်တမ်းတင် ခဲ့ကြောင်း  တွေ့ရပါတယ်။ အဲဒီ မှတ်တမ်းမှာပဲ ရခိုင်တစ်မျိုးတည်းကိုပင် ရခိုင်သား၊ ရမ်းဗြဲ သား ချောင်းသား ဆိုပြီးခွဲခြားမှတ်တမ်းတင်ခဲ့တာပါ။ တကယ်လို့ အဲဒီအချိန်ကတည်းက မေယုဒေသမှာ ရိုဟင်ဂျာဆိုတဲ့ လူ မျိုး တွေရှိခဲ့မယ်ဆိုရင်လည်း ရိုဟင်ဂျာလူမျိုးကို သီးခြားမှတ်တမ်းတင်ခဲ့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရိုဟင် ဂျာ လူမျိုး ဆိုတာနောက်ပိုင်းမှသာပေါ်လာတဲ့ ဝေါ ဟာရတစ်ခုဖြစ်ကြောင်း ထင်ရှားပါတယ်။
ဘင်ဂါလီများဟာ မေယုဒေသမှာ အခြေချနေထိုင်လာတာကြလာတာနဲ့ အမျှအဲဒီဒေသမှာ ဘုံဘာသာစကား အဖြစ် သုံးစွဲနေတဲ့ ရခိုင်ဘာသာစကားကိုတတ် ကျွမ်းလာကြပါတယ်။ အဲဒီကတစ်ဆင့် နည်းလမ်းအမျိုးမျိုး နဲ့ မြန်မာနိုင်ငံအနှံ့အပြား ကိုရောက်ရှိ ပျံ့နှံ့လာတဲ့အခါမှာ တိုင်းရင်းသား၊ နိုင်ငံသား ဗမာမူဆလင်များကို အ တု ယူပြီး ရခိုင်မူဆလင်ဆိုပြီးသုံးနှုန်းလာကြပါတယ်။
ရခိုင်လူမျိုးတွေဟာ အမျိုးသီလကို  စောင့်ထိန်းကြသူများဖြစ်တဲ့အတွက် မူဆလင်ဘာသာဝင်များနဲ့ လက် ထပ်ထိမ်း  မြားလေ့မရှိကြပါဘူး၊ ဒါကြောင့် ရခိုင်လူမျိုးများဟာ ဗုဒ္ဓဘာသာဝင်များသာဖြစ် ကြပါတယ်။ မူဆလင်ဘာသာကို ကိုးကွယ်သက်ဝင်ခြင်းမရှိကြတဲ့အတွက် (ရခိုင်မူစလင်) ဆိုတာလည်း လုံးဝမရှိပါဘူး။
ရိုဟင်ဂျာဟူသောဝေါဟာရ၏ အဓိပ္ပာယ်
(ရိုဟင်ဂျာဟူသော ဝေါဟာရ၏ အဓိပ္ပာယ်ကို ““ပထန်လူမျိုး””များနှင့် ဘင်္ဂ လားပြည်မှဝင်ရောက် လာကြသော သူများမှ အာရ၀်အဆက်အနွယ်ဖြစ်သော (ရိုးဝန်ညှာ) လူမျိုးများနှင့် ပေါင်းသင်းနေထိုင်   လာကြသည်တွင် “ရိုးဝန်ဂျာ”” (ယခုအခေါ်  ရိုဟင်ဂျာ)၏ လူမျိုးများဖြစ်ပေါ်လာခဲ့ လေသည်။
ရိုးဝန်ဂျာ ဆိုသောအမည်မှာ ရခိုင်စကားရင်းဖြစ်ရာ (ရွာဟောင်းကျား)ဟု   အဓိပ္ပာယ်ရလေသည်။ အဓိပ္ပာယ်ကတော့ သတ္တိရှိသည်၊ ရဲရင့်သည်ဟု ဆိုလိုပါတယ်။   အကြောင်းရင်းကတော့ ရခိုင်လူမျိုးများ က တိုက်ပြီးမရနိုင်တဲ့ တလိုင်းလူမျိုးများကို ပထန်လူမျိုးများကတိုက်ထုတ် ပစ်နိုင်ကြ သောကြောင်းပင်ဖြစ် သည်ဟုဆိုလိုပါ သည်။
တဖန်ခရစ်သက္ကရာဇ် ၁၆၅ ခုနှစ် နောက်ပိုင်းတွင် ရခိုင်ပြည်သားအစ္စလာမ်  ဘာသာဝင်များအနက်လေး ကိုင်စစ်သည်  တော်များကို ပါရှန်းဘာသာဖြင့် (ကမန်)  ဟုခေါ်ပြီး ရခိုင်ပြည်သားအစ္စလာမ် ဘာသာဝင်လူ မျိုးတို့ကိုမူ အာရေဗ်ဘာသာဖြင့် (ရိုဟင်ဂျာ)ဟု ခေါ်ခဲ့ပါသည်။ဆိုပြီး တော့ ၁၉၆၀ ခု၊ ဒီဇင်ဘာလထုတ်ရိုဟင် ဂျာ လူမျိုးစုရာဇ၀င်အကျဉ်းချုပ်နဲ့ ၁၉၈၉ ခုနှစ် ထုတ် အမျိုးသားပါတီလက်စွဲ စာစောင် တွေမှာ ရေး သားဖော်ပြထားခဲ့ကြပါတယ်။
တကယ်တော့ ရိုဟင်ဂျာအမည်ရှိတဲ့ လူမျိုးဟာ မြန်မာနိုင်ငံမှာသော်လည်းကောင်း၊ ရခိုင်ပြည်အဖြစ်ထင် ရှားရှိစဉ်ကသော်လည်း ကောင်း၊ ကမ္ဘာတစ်ဝှမ်းလုံးမှာ ဘယ်တိုင်းပြည်မှာမှ မရှိခဲ့သောအမည်ဖြစ်ပါသည်။ ဘင်ဂါလီလူမျိုးတွေအနေနဲ့ (ရိုဟင်ဂျာ)ဆို တဲ့ အမည်ကိုအတင်းဆုပ်ကိုင်ကင်ပွန်းတတ်  လာကြတာဟာ (၁၉၆၀) ခုနှစ် ပတ်ဝန်း ကျင်ကမှဖြစ်ပါတယ်။ သူတို့က တိုင်းရင်း သားတွေလို့အတင်းတောင်းဆိုပြီး အ မည်ခံယူခဲ့ကြတာဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတာ လူမျိုးတစ်မျိုးရဲ့ နှုတ်ကထွက်လာတဲ့ စကားမျှသာဖြစ်ပါ တယ်။ အဲဒီတုန်းက (မြို့ဟောင်း)ဟာ မင်းနေပြည်တော်ဖြစ် ခဲ့ပြီး အဲဒီနယ်မှာ နေထိုင်လုပ်ကိုင် စား သောက်ကြတဲ့ မူဆလင်တွေက (ငါတို့မြို့  ဟောင်းသား) လို့ပြောဆိုတာကို ကြားဖူး ကြတဲ့ မူဆလင်တချို့ ကအဓိပ္ပာယ်ကိုနားမလည်ဘဲ ရခိုင်ပြည်ရှိလူမျိုးလို့ထင်ပြီး (ရိုဟင်ဂျာ) လို့ခံယူကြခြင်းဖြစ်တယ်လို့လဲ ဆိုကြ ပါတယ်။
ဒါပေမဲ့ ရှေးတုန်းကတော့ မြို့ဟောင်း နယ်သားမူဆလင်များမှ တစ်ပါးဘယ်သူမှ မသုံးဘဲ (၁၉၆၀) ခုနှစ် ပတ် ၀န်းကျင်ရောက်တဲ့အခါကျမှ ထင်ထင်ရှားရှားထုတ်ဖော်  လာကြပါတယ်။
ဘင်ဂါလီစကားမှာလဲ (ပါဂာဂျာ) ဆိုတာ (ရွာသား)လို့ အဓိပ္ပာယ်ရပါတယ်။  အလားတူပဲ စစ်တကောင်း သားတွေက ရခိုင်ပြည်ကို (ရိုဟင်) လို့ခေါ်ပါတယ်။ (ရိုဟင်) မှာ ရွာသား (ဂျာ) ပေါင်းလိုက် တော့ (ရိုဟင်+ဂျာ) (ရိုဟင်ဂျာ) (ရခိုင်ပြည်သား)လို့ အဓိပ်္ပာယ်ရှိတဲ့ဝေါဟာရဖြစ်  ကြောင်းတွေ့ရပါတယ်။
(ရိုဟင်ဂျာ) ဆိုတဲ့ ဝေါဟာရကို လူမျိုးအမည်နဲ့ ခေါ်ဝေါ်သုံးစွဲလာမယ်ဆို ပါက နောင်နှစ်ပေါင်းများ စွာကြာ လာတဲ့အခါမှာ ဘာသာဗေဒသဘောအရပြန်လည်  အစကောက်ရင် (ရိုဟင်ဂျာ)ဆိုတာ (ရခိုင် ပြည်သား) ဆိုတဲ့ တိုင်းရင်းသားဖြစ်လာ  စေရန် ကြိုတင်ဖန်တီးထားသော ဝေါဟာ  ရဖြစ်ကြောင်း တွေ့နိုင်ပါတယ်။
တချို့ကလည်း (ရိုဟင်ဂျာ)ကို (ရွင်ဂျာ) လို့ခေါ်ဝေါ်သုံးနှုန်းကြပါတယ်။ (ရွင်ဂျာ) ဆိုတဲ့စကားရဲ့ ရခိုင်ဘာသာ အဓိပ္ပာယ်က တော့ အိုးအိမ်အတည်တကျမရှိ သူ လေလွင့်နေသူခြေသလုံး အိမ်တိုင်သွားလာ နေသူလို့ အဓိပ္ပာယ် ရပါတယ်။
ဒါကတော့ အခုလတ်တလောဖြစ် ပေါ်နေတဲ့ ရိုဟင်ဂျာပြဿနာနဲ့ ပတ်သက်လို့သမိုင်းကြောင်းကို လက်လှမ်း မီသမျှ  စုဆောင်းတင်ပြရေးသားလိုက်ရပါတယ်။ ပညာရှင်များအနေနဲ့ ပိုမိုပြည့်စုံမှန်ကန်တဲ့  အကြောင်း တရား များရေးသားဖော်ထုတ် တင်ပြကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။  နိုင်ငံနဲ့ လူမျိုးအကျိုးအတွက်အမှန် တရားကို သိသမျှရေးသားခြင်းမျှသာဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက် မည်သည့်လူမျိုး  မည်သည့်ဘာသာ ကိုမျှ ထိခိုက်နစ်နာစေ လိုခြင်းမရှိပါကြောင်း။
နိုင်ထက်ရှိန် (ဟင်္သာတ)
ကျမ်းကိုးစာရင်း
၁။ ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်း ဒေါက် တာကျော်သက်
၂။ ရခိုင်ပြည်စီးပွားရေးဘဏ်တိုက် ဦးလှထွန်းဖြူ
၃။ ရခိုင်ပြည်နယ်အစီရင်ခံစား မြ၀တီ မဂ္ဂဇင်း၊ (၁၉၆၀/ဇူလိုင်)၊ မောင်တင်
၎။ ရခိုင်ပြည်နယ်ဖြစ်စဉ်သမိုင်း၊ ရခိုင် ပြည်နယ် ပြည်သူ့ကောင်စီ
၅။ တော်လှန်ရေးခရီးဝယ် ဘုံပေါက်သာ ကျော်
၆။ ဘူးသီးတောင်မောင်တောမြို့နယ်သမိုင်း
၇။ ရခိုင်ပြည်မှ မူဂျာဟိန်းဟူသည် ခင်ကြီး ဖော်၊ ရခိုင်တန်ဆောင်မဂ္ဂဇင်း
၈။ ရခိုင်ပြည်နယ်သမိုင်းနှင့် ရခိုင်ရိုဟင် ဂျာတို့၏ဘ၀၊ အမျိုးသားပါတီလက်စွဲ စာစောင်
၉။ အရိယန်မှသက် ရခိုင်မျိုးနွယ်ဆင်း သက်လာရခြင်းများ နတ်မြစ်စန်းအောင် ရခိုင်တန်ဆောင်မဂ္ဂဇင်း
၁၀။ ရိုဟင်ဂျာလူမျိုးစုရာဇ၀င်အကျဉ်းချုပ်  ရိုဟင်ဂျာအမျိုးသားညီညွတ်ရေးအဖွဲ့ချုပ်။
---------------------------------------------------------------------

http://www.hotnewsweekly.com/archives/8775

No comments:

Post a Comment