Tuesday 21 August 2012

မဇ္ဈိမ သတင်း လွဲမှားဖေါ်ပြမှု ရခိုင်လူမျိုးများ အကြား မကျေနပ်မှု တိုးပွား

ထွန်းထွန်း
သြဂတ်(စ်)လ ၁၉ရက်နေ့က ရန်ကုန်မြို့တွင် ရခိုင်လူငယ်များ UNနှင့် INGOs အဖွဲ့များအား ခွဲခြား ဆက်ဆံမူ များ မပြုလုပ်ရန် ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက် ဆန္ဒပြပွဲအား အိန္ဒိယ အခြေစိုက် မဇ္ဈိမသတင်းဌာနက ရခိုင်လူမျိုးများအား ကမ္ဘာအလယ်တွင်  သိက္ခာကျ နာမည်ပျက်စေရန် ရည်ရွယ်ပြီး မဟုတ်မမှန် သတင်းရေး သား ထုတ်လွှင့်ခဲ့သည်ဟု သိရသည်။

ဆန္ဒပြရခိုင်လူငယ်များသည်မည်သည့်ဘာသာ၊မည်သည့်လူမျိုးကိုမှတိုက်ခိုက် စော်ကားမူ မရှိခဲ့ပါ။
မစ္ဈိမ သတင်းဌာမှ အဆိုပါ သတင်းအား အင်္ဂလိပ်လို “Anti-Rohingya demonstration held in Rangoon”  ခေါင်းစည်းတပ်ကာ သြဂတ်စ်လ ၂၀ ရက်နေ့က ဖေါ်ပြရာတွင်  ရခိုင်လူမျိုး ၅၀ ခန့်သည် မြန်မာပြည် အနောက်ပိုင်းက ပဋိပက္ခဖြစ်ပွားခဲ့သော ဒေသများတွင် နေထိုင်နေကြသော ရိုဟင်ဂျာမွတ်ဆလင်များအား ကုလသမဂ္ဂမှ အကူအညီပေးနေမှုများအား ရပ်တန့်ရန် ယူအန်နှင့် နိုင်ငံခြား အန်ဂျီအိုများ တနင်္ဂနွေနေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြသည်ဟု မဟုတ်မမှန် သတင်းရေးသား ဖေါ်ပြခဲ့သည်။
“ကျွန်တော်တို့ ဆန္ဒပြတာက UNနဲ့ INGOs က ရိုဟင်ဂျာ ဘင်္ဂလီ ဆိုတဲ့သူတွေကို ကူညီပေးနေတာ ရပ် တန့်ဖို့ အတွက် ဆန္ဒပြတာ မဟုတ်ဘူးဗျာ။ ပြည်တွင်းပြည်ပ တခြားမီဒီယာ ဆိုဒ်တွေနဲ့ ဆိုင်းဘုတ် တိုင်းမှာ ကျွန်တော်တို့ ရေးထားတဲ့ စာတန်းတွေကို ကြည့်လို့ သိနိုင်ပါတယ်။ ကျွန်တော်တို့က ရခိုင်လူမျိုးတွေ အပေါ် မှာ UN နဲ့ INGOs ကခွဲခြားဆက်ဆံမူတွေ ရှိနေတဲ့ အတွက် ဒါကို ရပ်တန့်ဖို့ ဆန္ဒ ထုတ်ဖေါ်တာ သာ ဖြစ်ပါ တယ်။ ဒီလို မဟုတ်မက သတင်းကျင့်ဝတ်နဲ့ မကိုက်ညီဘဲ ဖေါ်ပြတဲ့ မဇ္ဈိမကိုတော့ တရားဥပဒေ အရ တစ်ခုခု လုပ်ရပါလိမ့်မယ်” ဟု ဆန္ဒပြပွဲကို ဦးဆောင် ပြုလုပ်ခဲ့သူ ကိုစည်သူက နိရဉ္စရာသို့ ပြောသည်။
၎င်းပြင် ရန်ကုန် တာမွေမှ အရှင် သုန္ဒာရကလည်း  မဇ္ဈိမမှ ရေးသား တင်ပြသောသတင်းနှင့် ပတ်သက်ပြီး “ မှတ်တမ်းမှတ်ရာ အထောက်အထားများ အလျှံပယ်ရှိပါလျှက်နှင့် ရခိုင်လူငယ်များက ရိုဟင်ဂျာဘင်္ဂလီများ အား ထောက်ပံ့ခြင်းကို ရန်တန့်ရန် ဆန္ဒပြသည်ဟု မဇ္ဈိမသတင်းဌာနမှ ပြောင်းအတင်း လိမ်ညာဖော်ပြခြင်း မှာ အော့နှလုံးနာဖွယ် အတိပင် ဖြစ်သည်” ဟု ဖေါ်ပြသည်။
မဇ္ဈိမ အင်္ဂလိပ်ဝက်ဘ်ဆိုဒ်တွင် သြဂစ်လ ၂၀ရက်(တနင်္လလာ)နေ့ နေ့စွဲဖြင့် ရန်ကုန်ရောက် ရခိုင်လူငယ်များ ဆန္ဒပြ သတင်းနှင့် ပတ်သက်ပြီး လွဲမှားစွာ ဖေါ်ပြမှုအပေါ် မလေးရှားရောက် ရခိုင်လူငယ်တဦး ဖြစ်သည့် ကို မင်းထက်ကလည်း  နိရဉ္စရာသို့ ယခုလိုပြောသည်။

“မဇ္ဈိမ သတင်းဌာနဟာ ဘာဘဲပြောပြော ပြည်တွင်းပြည်ပ လူအမြောက်အများ လာဖတ်တဲ့ ဆိုဒ်တခုဖြစ်ပါ တယ်။ လူတိုင်းအားပေး ကြတဲ့ဆိုဒ်ပါ။ ခုလို မီဒီယာကျင့်ဝတ်ကို ချိုးဖေါက်ပြီးတော့ ရေးထားတာက ရခိုင် လူမျိုး ကိုစော်ကားလိုက် တာဖြစ်ပါတယ်။ ဒါတမင်သက်သက် လူမျိုးနှစ်ခုအကြားမှာ ရန်တိုက်ပေးနေ တာ ဘဲ။ ပြောရမယ် ဆိုရင် ရခိုင်ပြည်ကို ဆူပူအောင် သွေးထိုး လှုံ့ဆော် ပေးနေတာပါ” ဟုပြောသည်။
မဇ္ဈိမ အင်္ဂလိပ်ဆိုဒ်တွင် တင်ပြထားသော အဆိုပါ သတင်းမှားကို တခြားနိုင်ငံ သတင်းတချို့မှာလဲ ကူပြီးဖေါ်ပြ တာတွေ့ရကြောင်း၊ အင်ဒိုနီးရှား သတင်းမီဒီယာကြီး ဂျာကာတာပို့၊ အေအက်ပီ၊ Dailystar နှင့် တခြားဆိုဒ်တွေမှာ တွေ့ခဲ့ရကြောင်း၊ ယခုကဲ့သို့ လုပ်ဆောင်ခြင်းမှာ  ရခိုင်လူမျိုးများ အပေါ်  နိုင်ငံတကာက လူဆိုး အဖြစ် မြင်လာအောင် အကွက်ချ စီစဉ် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဟု ကိုမင်းထက်က ဆက်ပြောပြ သည်။
သြဂတ်စ်လ ၁၉ ရက်နေ့က ရခိုင် လူငယ် ၁၀၀ ခန့်သည် တီရှပ် အကျီင်္များကို တူညီ ၀တ်ဆင်ပြီး ပိုစတာများ၊ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ယူအန်နှင့် နိုင်ငံခြားမှ အန်ဂျီအိုများကို ခွဲခြား ဆက်ဆံမူကို ရပ်တန့် ရန် န္ဒပြတောင်းဆိုခဲ့ကြသည်။ ဆန္ဒပြပွဲတွင် တောင်းဆိုခဲ့သော အချက်များမှာ အောက် ပါအတိုင်းသာ ဖြစ် သည်။
၁။ “Stop Being Unfair” (တရားမမျှတမှုကို ရပ်တန့်ပါ)
၂။ “Respect the President’s Decision on Illegal Migrant Issue” (သမ္မတကြီး၏ တရားမ၀င် လာရောက် နေထိုင်မှု ကိစ္စရပ်နှင့်ပတ်သက်သော ဆုံးဖြတ်ချက်ကို လေးစားပါ)
၃။ “Stop Creating Conflicts in Arakan”, (ရခိုင်ပြည်အတွင်း ပဋိပက္ခဖန်တီးမှုများကို ရပ်တန့်ပါ။)
၎။ “UN Itself the Human Rights Violator” (ကုလသမဂ္ဂသည်လည်း လူ့အခွင့်အရေးချိုးဖောက်သူသာ ဖြစ်သည်)
၅။ “Don’t Bring Terrorism to Our Land” (ကျွန်ုပ်တို့မြေသို့ အကြမ်းဖက်မှု မသယ်ယူလာနှင့်)
၆။ “We love Justice UN/INGOS, Stop Discriminating Against Arakanese” (တရားမျှတမှုကို မြတ်နိုးသည်။ UN/INGOS များ ရခိုင်ပြည်သူများအား ခွဲခြားဆက်ဆံခြင်း ရပ်)
၇။ “Stop Abusing Citizens’ Rights” (နိုင်ငံသားအခွင့်အရေးကို အလွဲသုံးစား မလုပ်ပါနှင့်)
၈။ “Respect the Sovereignty of Myanmar” (မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားပါ။)
မဇ္ဈိမ သတင်းဌာနသည် ယခင်ကလည်း ရခိုင် လူပ်ရှားတက်ကြွသူများ၏ လူပ်ရှားမူ သတင်းများအား တမင်သေးသိမ်အောင်ရေးသားခဲ့မူများ ရှိခဲ့ပြီး မောင်တောမြို့တွင် မစ္စတာ ကင်တေးနား လာရောက် လည်ပတ်စဉ် ရခိုင်အမျိုးသား ၂၀၀ ကျော်ခန့်က ဆန္ဒပြခဲ့သည်ကို လူ ၂၀  သာ ဆန္ဒပြသည်ဟု အလိုတော်ပြည့် ဆရာတော် မဏိသာရအား တစ်စုံ တစ်ရာ အင်တာဗျူး မပြုလုပ်ဘဲ ဆရာတော် က ပြောသည်ဟု ဆိုကာ နာမည်အလွဲသုံးစားလုပ်ကာ သတင်း ဖေါ်ပြခဲ့သည်။ အလားတူ ရဟန်းတော်များနှင့် မြန်နိုင်ငံသားများက လွန်ခဲ့လက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် သမ္မတကြီး ဦးသိန်းစိန်၏ ရခိုင်အရေးနှင့် ပတ်သက်ပြီး ပြောကြားချက်အား ထောက်ခံ ဆန္ဒပြပွဲကို ကချင်စစ် ရပ်စဲရန် ရဟန်းတော်များ ဆန္ဒပြသည်ဟု သတင်းအမှန်ကို ထိန်ချန် ရေးသား ဖေါ်ပြခဲ့သည်။

http://www.narinjara.com/burmese/?p=1771
----------------------------

Anti-Rohingya demonstration held in Rangoon

A group of about 50 ethnic Rakhine in Rangoon on Sunday called on the UN to stop assisting stateless Rohingya Muslims in the strife-torn communities of western Burma.
Ethnic Rakhine hold signs and banners at a protest rally in Rangoon against UN assistance to stateless Rohingya  on Monday, August 19, 2012. Fighting between Buddhists and Muslims has left about 87 people from both sides dead since June, according to official estimates. Photo: AFP
Ethnic Rakhine hold signs and banners at a protest rally in Rangoon against UN assistance to stateless Rohingya  on Monday, August 19, 2012. Fighting between Buddhists and Muslims has left about 87 people from both sides dead since June, according to official estimates. Photo: AFP
The demonstration took place near a regional parliament building, with protesters holding banners saying: “Stop Creating Conflicts” and “Don’t Bring Terrorists To Our Land.”
“We’re calling for an end to discrimination by the UN against the Rakhine people,” Zaw Aye Maung, a politician representing the mostly Buddhist ethnic group, told Agency France Presse (AFP).
This weekend, the Burmese government appointed a 27-member commission to look into the causes of the conflict and to propose solutions to the community mistrust between Buddhists and Muslims.
Fighting between Buddhists and Muslims in Rakhine state has left about 87 people from both sides dead since June, according to an official estimates, although rights groups fear the real toll is much higher.
New York-based Human Rights Watch has accused Burmese forces of opening fire on Rohingya. Muslim nations have voiced deep concerns over the treatment of the stateless group.
Burmese President in July asked a UN refugee group to help solve the unrest by taking over responsibility for the Rohingyas in refugee camps or by sending them to third counties. He said Rohingyas were not a Burmese ethnic group. Rohingyas are denied citizenship in the country, although many have lived in the country for generations.
Speaking a dialect similar to one in neighbouring Bangladesh, the Rohingya are seen by the government and many Burmese as illegal immigrants. Bangladesh has turned away Rohingya who attempted to flee the recent violence.
Twenty-four political parties in Burma have urged the United Nations to replace its human rights envoy to the formerly army-ruled country, Tomas Ojea Quintana, saying he is biased in favour of the Rohingya.
Article source:
 http://www.mizzima.com/news/inside-burma/7792-anti-rohingya-demonstration-held-in-rangoon.html

No comments:

Post a Comment