ရိုဟင်ဂျာပြဿနာကို မြန်မာဘက်မှ အသေးစိတ်ရှင်းပြရန် မျှော်လင့်ဟု အာဆီယံအတွင်းရေးမှူးချုပ်ဆို
ဂျာကာတာ၊ဇူလိုင်-၂၆
အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်  ဆူရင်ပစ်ဆူဝမ်က ၎င်းသည် မြန်မာမွတ်စလင် ရိုဟင်ဂျာတို့နှင့် ဗုဒ္ဓဘာသာ  ရခိုင်တို့အကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခကို မြန်မာအစိုးရဘက်မှ  အသေးစိတ်ရှင်းပြချက် ထွက်လာရန် မျှော်လင့်နေကြောင်း ပြောကြားလိုက်သည်။ 
ဂျာကာတာ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ ၎င်းက “အဓိက  စိုးရိမ်စရာကိစ္စတစ်ခု ဖြစ်လာနိုင်တဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့  မြန်မာအစိုးရဘက်က ရှင်းပြချက်ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။
 ပြဿနာကို  သေချာစွာနားလည်ဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ထောက်ခံအားပေးမှုကိုလည်း  ကျွန်တော်တို့ ရှာဖွေသွားမှာပါ။ ဒီကိစ္စနောက်ကွယ်မှာ ဘယ် သူရှိလဲဆိုတာ  ရှာတွေ့ဖို့ လိုအပ်ပါတယ်”ဟု ပြောကြားခဲ့သည်။ ထို့အပြင် ယခုပြဿနာသည်  အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ညီညွတ်မှုကို နှောင့် ယှက်နိုင်ကြောင်း ၂၀၁၅  အာဆီယံအသိုင်းအ၀ိုင်း ဖန်တီးရေးတွင် အဆင်ပြေရန်အတွက် ပြဿနာကို  လျင်လျင်မြန်မြန် ဖြေရှင်း ရမည်ဖြစ်ကြောင်း လည်း ပြောကြားသည်။
အာဆီယံသည် UNHCR နှင့် မြန်မာအိမ်နီးချင်းနိုင်ငံများ ကဲ့သို့သော  အဖွဲ့များစွာမှ ထိုပဋိပက္ခနှင့် ပတ်သက်၍ အချက်အလက်များ သတင်းများ  ရှာဖွေ စုဆောင်းနေသည်။ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်က  ယခုလအစောပိုင်းတွင် လူမျိုးရေးပဋိပက္ခများ အဆုံးသတ်ရန်အတွက်  ရိုဟင်ဂျာများကို တတိယနိုင်ငံတစ်ခု သို့မဟုတ် UNHCR ဒုက္ခသည်စခန်းတစ်ခုသို့  ပို့ဆောင်ထားရန် ပြောကြားခဲ့ဖူးသည်။
-Ref:Antara
https://www.facebook.com/7daynews/posts/396787790382861 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment