Thursday, 26 July 2012

ကျောက်တော်မြို့နယ် သုံးခွရွာကိုဘင်္ဂါလီများ တိုက်ခိုက်ရန်မူလာသောကြောင့် ရွာသားများထွက်ပြေးခိုလှုံရ

ရန်ကုန်၊ ၂၆ ဇူလိုင်-- 
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ အနောက်မြောက် ဘက် ၅ မိုင်ခန့်အကွာရှိ သုံးခွ ရခိုင်ရွာကို ယမန့်နေ့ နံနက် ၁၀ နာရီခန့်တွင် အနီးရှိ တောင်ထောင်နှင့် ဟယား ကုလားရွာများမှ ဘင်္ဂါလီ အယောက် ၄၀ ခန့် တိုက်ခိုက်ရန် ရောက်လာသဖြင့် ကလေးများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အို ၈၀ ခန့် ဘေးလွတ် ရာသို့ ထွက်ပြေးခဲ့ကြရကြောင်း သိရသည်။

သတင်းကြားသိရသည်နှင့် ကျောက်တော်မြို့ခံများ ထွက်ပြေးလာသူများအား ယမန်နေ့ နေ့လယ်တစ်နာရီခန့်တွင် မော်တော်ဘုတ် ၂ စီးဖြင့် သွားရောက် ကယ်ဆယ်ခဲ့ကာ ကျောက်တော်မြို့ ရွှေကျောင်း ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် နေရာချထားပေးခဲ့ကြောင်း မြိုခံတစ်ဦးက ပြောပြခဲ့သည်။

သုံးခွရွာတွင် အိမ်ခြေ ၄၀ ခန့်ရှိပြီး ရွာမှ ရခိုင်အမျိုးသားများမှာ ရွာကို စောင့်ကြပ်လျက် ကျန်နေရစ်ခဲ့ကြောင်း သိရသည်။

ယနေ့နံနက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျောက်တော်မြို့ပေါ်မှ မြို့မိ မြို့ဖများ အဆိုပါရွာသို့ ထွက်ခွာသွားခဲ့ကြောင်းလည်း သိရသည်။
ဤနေရာမှ ကူးယူဖော်ပြသည်။ ။(https://www.facebook.com/shwe.gyaw.9) 

No comments:

Post a Comment