ဘင်္ဂလားဒေ့ရှ်မှ ခိုလှုံခွင့်တောင်းခံလာသော ရခိုင်တိုင်းရင်းသားများ အား မောင်တောမြို့မှတဆင့် ကျေးရွာ အသီးသီးသို့နေရာချထားပေး ------------------------------ -------------
ဘင်္ဂလားဒေ့ရှ်မှ ခိုလှုံခွင့်တောင်း ခံလာသော ရခိုင်တိုင်းရင်းသားများအား
မောင်တောမြို့မှတဆင့် ကျေးရွာအသီးသီးသို့နေရာချထားပေး ခြင်းများပြုလျက်ရှိရာ တစ်ချို့သောမိသားစုများသည် နေအိမ်မ ရှိသေးသော် လည်း ဒေသခံအဖွဲ့အစည်း များ၊ အစိုးရအဖွဲ့ များနှင့် ဘုန်းတော်ကြီးများမှ ကူညီထောက် ပံ့ကာ ကျွေးမွေးစောင့်ရှောက်လျက်ရှြိေ ကာင်းသိရှိ ရသည်။
ယခုအပတ်အတွင်း ၀င်ရောက်လာသော အိမ်ထောင်စု ၁၂ စုအား မောင်တောမြို့ဗဟုကျောင်းတိုက်မှ ဦးစွာ လက်ခံပြီးနောက် အလှူငွေများ၊ ဒေသဆိုင်ရာတာဝန်ရှိသူများ၊အဖွဲ့ အစည်းများတို့က လည်း ထောက်ပံ့ရေး ပစ္စည်းများပေးအပ်ကာ နေရာချထားရေးကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ
ရခိုင်တိုင်းရင်းသားများတွင် အထူးသဖြင့်တောင် တန်းဒေသမှ
တိုင်းရင်းသားများသည် လုံခြုံရေးအခြေအနေ မကောင်းသဖြင့်
ထိုသို့ထွက်ပြေးလာခဲ့ ရသည်ဟုလည်း ပြောပါသည်။
ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့ေ သာ
ပဋိပက္ခများကြောင့် ဘင်္ဂလီများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအ ၀င် တခြားသော
နိုင်ငံများတွင်လည်း ရခိုင်တိုင်းရင်းသားများကို
တိုက်ခိုက်မှုများပြုလုပ်လျက်ရှိ ရာ ယခုကဲ့သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိတိုင်းရ င်းသားများသည်
ရခိုင်ပြည်နယ်သို့ ခိုလှုံခွင့်တောင်းခံကာ လာ ရောက်အခြေ ချ
နေထိုင်ခြင်းဖြစ်သည်ဟုလည်း ယင်းမှ လာရောက်သူများက ပြောဆိုပါသည်။
By: RSV
No comments:
Post a Comment