လက်ပံတောင်းတောင် အစီရင်ခံစာ ထုတ်ပြန်သည့်
မတ်လ ၁၂ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်၌
လွှတ်တော်ရှိ သတင်းမီဒီယာ များနှင့် ဒေါ်အောင်ဆန်းစုကြည် တို့
တွေ့ ဆုံမေးမြန်းချက်အား ဖော်ပြလိုက်ပါသည်။
ပထမဆုံး
အစိုးရနဲ့ ဆက်ဆံပြီး၊ အစိုးရဝန်ထမ်းတွေနဲ့ တွဲပြီး လုပ်ရတယ်။
ပထမဆုံးလုပ်ရတဲ့အတွေ့ အကြုံနဲ့ ဘယ်လိုခံစားရလဲ။ စုံစမ်း စစ်ဆေးတဲ့အပေါ်မှာ
အန်တီရဲ့ အားရကျေနပ်မှု ရှိပါသလား။
အန်တီတို့ ကော်မရှင်ထဲမှာပါတဲ့ အစိုးရဌာနက ပုဂ္ဂိုလ်တွေအားလုံး သူတို့ရဲ့အလုပ်တွေမှာ ကျွမ်းကျင်ပါ တယ်။ ကျွမ်းကျင်တဲ့သူတွေနဲ့ လုပ်ရတော့ အဆင်ပြေတယ်။ အလုပ်လည်း ကျွမ်း ကျင်၊ နောက်ပြီးတော့ လည်း တာဝန်လည်း အင်မတန်မှ ကျေပါတယ်။ ပေးလိုက်တဲ့တာဝန်တွေကို ကျေကျေပွန်ပွန် စိတ်ပါလက် ပါနဲ့ လုပ်ပေးကြပါတယ်။ အဲဒီ တော့အန်တီ့အနေနဲ့ ကော်မရှင်အဖွဲ့ တွေအားလုံးနဲ့ ပတ်သက်ပြီးတော့ ကျေ နပ်တယ်လို့ ပြောနိုင်ပါတယ်။

အန်တီရဲ့ စုံစမ်းစစ်ဆေးမှုအပေါ်မှာ ကော။
အားလုံးကနေ ဝိုင်းပြီးကူညီပေးတဲ့အခါကျတော့ သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို အခက်အခဲ မရှိဘဲနဲ့ သိခွင့်ရခဲ့ပါတယ်။

ရွာသားသုံးဦး ကော်မရှင်ထဲ ပါဝင် ခဲ့တဲ့ အခန်းကဏ္ဍက ဘယ်လိုမြင်ပါ သလဲ။ ရွာကို ကိုယ်စားပြုသလား။
တကယ်တော့ သူတို့က ကော်မရှင်အဖွဲ့ဝင်အနေနဲ့ဆိုတာ ရွာကို ကိုယ်စားပြုဖို့ မဟုတ်ပါဘူး။ ဒါကိုလည်း အန်တီ သေသေချာချာရှင်းပြတယ်။ ကော်မရှင်အဖွဲ့ဝင်တွေဟာ ဘယ်ဌာန ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားပြုဖို့ မဟုတ်ဘူး။ ကော်မရှင် ကပေးတဲ့တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ဖို့ အဓိက ကတော့ ဒီထဲမှာပါဝင်တဲ့ အဖွဲ့ဝင်တွေအားလုံးဟာ ကျွမ်းကျင်မှုအရ ထည့်ထားတာပါ။ ရွာသားကိုယ်စားလှယ်ဆိုတာ ရွာသားတွေရဲ့ကိစ္စ၊ ဒေသကို ကျွမ်းကျင်တဲ့သူတွေအဖြစ်နဲ့ ထည့်ထားတာပါ။ ရွာသားတွေရဲ့ ကိုယ်စား လှယ်အဖြစ်နဲ့ မဟုတ်ပါဘူး။ ရွာကတက်လာလို့ ရွာသားကိုယ်စားလှယ်အနေနဲ့ ထည့်ထားတာပါ။ ရွာသားတွေရဲ့ အထင်အမြင်ကို ကိုယ်စားပြုလုပ်ဖို့ မဟုတ်ပါဘူး။ ရွာတွေရဲ့အကြောင်း ကျွမ်းကျင် မှုကြောင့် ကော်မရှင်ကနေ ပြီးတော့ ဒေသအခြေအနေနဲ့ ပတ်သက်ပြီး သိလိုတဲ့အချက်တွေ ကို မေးမြန်းတဲ့ အခါမှာ ဖြေနိုင်ဖို့ပါ။ အ ချက်အလက်တွေပေးနိုင်ဖို့ ဒီအတိုင်း ပဲ အစိုးရဌာနက ကိုယ်စားလှယ်တွေ လည်း အစိုးရဌာနကို ကိုယ်စားပြုဖို့ မဟုတ်ဘူး။ သူတို့မှာရှိတဲ့ ကျွမ်း ကျင်မှုအရ၊ ဥပမာ သတ္တုတွင်းဌာန ဆိုရင် သတ္တုတွင်းဌာနနဲ့ပတ်သက်ပြီး ကော်မရှင်က သိချင်တဲ့အချက်အ လက်တွေကိုစုဆောင်းပေးနိုင် ဖို့တင် ပြပေးနိုင်ဖို့ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဘက်ကဆိုရင်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ် သက်ပြီး ကော်မရှင်က သိချင်တဲ့ အချက်အလက်တွေကို စုဆောင်းပေးနိုင်ဖို့ ရှင်းပြပေးနိုင်ဖို့ တာဝန်ပေးထား တာပါ။ ဘယ်သူ့ကို ကိုယ်စားပြုတာရယ်လို့ မဟုတ်ပါဘူး။

မဖယ်ချင်တဲ့သူတွေက
ဒါကို ဆန့် ကျင်ပြီးတော့ လုံးဝရပ်ဆိုင်းရေး အတွက် ဆန္ဒပြဖို့
အန်တီ့ရီပို့ ကို စောင့်နေကြတယ်။ သူတို့က ဒီစီမံကိန်းကို ရပ်ဆိုင်းဖို့
သပိတ်စခန်းတွေ ထပ် ဖွင့်တယ်လို့ကြားတယ်။ အားပြိုင် လာမှုအနေအထားမှာ အန်တီ
ဘယ်လိုဆက်လုပ်ဖို့ စီစဉ်ထားလဲ။
ဒါကတော့ ဥပဒေစိုးမိုးရေးအမြင် နဲ့ လုပ်သွားရမှာပါ။ ကိုယ့်ရဲ့ လိုချင် တာမရလို့ အကြမ်းဖက်မယ် ဘာ မယ်ဆိုတာ ဒါကတော့ မလုပ်သင့်တဲ့ ကိစ္စပါ။ ဆန္ဒပြတာကတော့ ဥပဒေ ဘောင်အတွင်းက ခွင့်ပြုပေးထားတာပဲ။ ဥပဒေဘောင်အတွင်းက လုပ်ကြရမှာပေါ့။ အားလုံးက ဥပဒေဘောင်အတွင်းက လုပ်ကြရမှာပဲ။ အန်တီတို့ ကော်မတီ ကလည်း လုပ်တဲ့ကိစ္စအား လုံးကို ဥပဒေဘောင်အတွင်းက လုပ် သွားတာပဲ။

မနက်ဖြန် မုံရွာဘက်သွားပြီး ဘာလုပ်မှာလဲ။
သက်ဆိုင်ရာ ရွာသူရွာသားတွေကို ရှင်းပြဖို့ ကော်မရှင်ရဲ့ တွေ့ရှိချက် တွေကို ရှင်းပြဖို့ သိချင်တဲ့မေးခွန်းတွေ ကိုမေးရင် ဖြေဖို့ပါ။ ဒေသခံတွေနဲ့ တွေ့ဆုံပြီး ရှင်းလင်းဖို့ပါ။

သူတို့ရဲ့ တုံ့ပြန်မှုကို ဘယ်လိုမျှော် လင့်သလဲ။
အန်တီက မျှော်လင့်ချက်မထား ဘူး။ အန်တီ အမြဲပဲ ပြောတယ် မဟုတ်လား။ မျှော်လင့်တယ်ဆိုတာ အယုံအကြည် မရှိဘူး။ အလုပ်ကိုပဲ အန်တီ ယုံကြည်တယ်။ ကော်မရှင် ဥက္ကဋ္ဌအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ဟာကို အန်တီလုပ်မှာပါ။

အကြမ်းအားဖြင့် ရွာသားတွေက ဘာကိုလိုချင်သလဲလို့ ပြောပါသလဲ။
အစကတည်းက လျော်ကြေးတွေပေးတာ မလောက်လို့ ဒါကို တောင်းဆိုတာပဲ။ အဓိက က အဲဒါနဲ့ စတာပါ။ အဲဒီမှာ ကိုင်တွယ်တဲ့နေရာမှာ ဒါလည်း ဟို အစီရင်ခံစာ မဖတ်ရသေးဘူး ထင်တယ်။ သွားပြီး မမေးနဲ့။ အစီရင်ခံစာ မဖတ်သေးဘဲနဲ့ မေးပိုင်ခွင့်မရှိဘူး။

ဝမ်ပေါင်ကုမ္ပဏီနဲ့
ပတ်သက်ပြီးတော့ မပါဘူး။ ရွာသားတွေပြောတာ ဝမ် ပေါင်ကုမ္ပဏီဝန်ထမ်းတွေ
ရိုင်းပြတဲ့ ဟာတို့။ ပြီးတော့ အစီရင်ခံစာမှာ မတွေ့ဘူး။
ဒီဟာနဲ့ ပတ်သက်ပြီးတော့ အန်တီတို့ လေ့လာပါတယ်။ လေ့လာတော့ စွပ်စွဲချက်က တစ်မျိုးပြီး တစ်မျိုးပေါ့။ အန်တီတို့နဲ့ ပြောထား တာတော့ ရှိပါတယ်။ ကိုယ့်ယဉ်ကျေးမှု သူ့ယဉ်ကျေးမှု ဒါကိုတော့ လေးစားသင့်တယ်လို့ ပြောထားတာ ရှိပါတယ်။ သို့သော်ငြားလည်း ရွာသားတွေဘက်က ဥပဒေ ချိုးဖောက်ခဲ့တဲ့ကိစ္စရှိတယ် ဆိုတော့ ဒါကို လည်း အန်တီတို့ တင်ပြပြီးပြီလေ။ ဘယ်လိုခေါ်မလဲ၊ ပြန်ပေးဆွဲသ လိုမျိုး ခေါ်သွားတယ်ဆိုတာဟာ တစ်မိနစ်ပဲဖြစ်ဖြစ်၊ နှစ်နာရီပဲဖြစ်ဖြစ်၊ တစ်ရက်ပဲဖြစ်ဖြစ်၊ ဒါ ဥပဒေအရ ဆို မလုပ်ရမယ့်ကိစ္စ။

ဒီအစီရင်ခံစာကြောင့် အန်တီနဲ့ တရုတ်နဲ့၊ ဦးပိုင်နဲ့ စစ်တပ်နဲ့ ဆက် ဆံရေးကို ဘယ်လိုအကျိုးသက် ရောက်မှု ရှိနိုင်ပါသလဲ။
အန်တီက ဒီ တပ်မတော်နဲ့ ဆက်ဆံရေးတို့၊ တရုတ်နဲ့ဆက်ဆံ ရေးတို့ ဒါကို အဓိကထားတာမဟုတ် ပါဘူး။ တိုင်းပြည်ရဲ့အနာဂတ်ကို အဓိကထားတာပါ။ တိုင်းပြည်သိက္ခာ ရှိဖို့ အဓိကထားတာပါ။ တိုင်းပြည် သိက္ခာရှိအောင်၊ ဒီနိုင်ငံတိုးတက်ဖို့ အင်အားရအောင် ဒါကို လုပ်သွားတာပဲ ဖြစ်ပါတယ်။ ဥပမာအရပြောလို့ ရှိရင် တပ်မတော်နဲ့ပတ်သက် လို့ အန်တီ အမြဲပြောတာပဲ။ တပ်မတော်နဲ့ ပြည်သူတွေကြားမှာ ပြန်ပြီး ရင်ကြားစေ့ဖို့လိုတယ်။ အထစ်အငေါ့တွေ ဖြစ်နေတာကို ပြေလည်သွားအောင် လုပ်ဖို့လိုတယ်။ အန်တီ ဒါကို အရင်ကတည်းက တစိုက်မတ်မတ် ပြောတာပဲ။ ထပ်ပြီး ထူးထူးထွေထွေ ပြောဖို့မလိုပါဘူး။ တရုတ်နဲ့ ပတ်သက်ပြီးတော့လည်း အန်တီ အိမ်နီးချင်းနိုင်ငံတွေ အားလုံးနဲ့ အဆင်ပြေအောင် နေတတ်ရ မယ်။ နေတတ်ဖို့ဆိုတာ ဟိုဘက်ဒီဘက် ကိုယ်ကလည်း သိက္ခာရှိရှိနဲ့ လေးစားမှုခံရအောင် နေတတ်ရမယ်။ တစ်ဖက်ကလည်း မျှမျှတတနဲ့ ခင်မင်မှုရအောင် နေ တတ်ရမယ်။ ဘာမဆို ဆက်ဆံမှုဟာ နှစ်ဦးနှစ် ဖက်ပေါ်မှာ တည်တာပဲ။ တစ်ဖက်သတ်ကြည့်လို့ မရပါဘူး။

လက်ရှိအတိုင်းတော့
ဆက်မလုပ်သင့်ကြောင်း၊ အားနည်းချက်တွေပြင် ပြီးရင်တော့ ဆက်လုပ်သင့်ကြောင်း
ပါပါတယ်။ ဘယ်လိုစံနှုန်းတွေနဲ့ လုပ်သင့်ပါသလဲ။
နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီရမှာပေါ့။ နောက် တချို့ကိစ္စတွေဆိုရင် ဥပမာ မြေလျော်ကြေးတွေဆိုရင် ဥပဒေနဲ့ ကိုက်ညီရမှာပေါ့။ ကာလ တန်ဖိုးနဲ့ ကိုက်ညီရမှာပေါ့။ ဒါတွေက အုပ်ချုပ်ရေးပိုင်းက အမြန်ဆုံးကွင်း ဆင်းပြီးတော့ ဒီကိစ္စတွေကို လေ့ လာပြီးတော့ အမြန်ဆုံးဖြေရှင်းဆောင် ရွက်ပေးရမှာပေါ့။

ဒီ စာချုပ်သတ်မှတ်ချက်တွေ ပြောင်း လဲတဲ့ကာလမှာ စီမံကိန်းရပ်ထားမှာ လား။
မရပ်ထားပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ စီမံကိန်းက အခုလည်း ရပ်ထားတာ မဟုတ်ပါဘူး။ ဒီအတိုင်းပဲ ပုံမှန်အတိုင်းပဲ ဆက်သွား မှာပါ။

အဲဒီအပေါ်မှာ ဒေသခံတွေကမကျေ နပ်ရင်ကော။
ဒါကတော့ မကျေနပ်မှုအပေါ်မှာ မူတည်တာပေါ့။ ဥပမာအားဖြင့် ကာလပေါက်ဈေးထက် ၁ဝ ဆ လောက် လိုချင်တယ်ဆိုရင်တော့ ပေးဖို့ဟာ မဖြစ်ဘူးလေ။ ကာလ ပေါက်ဈေးထက် တန်ရာတန်ကြေးထက် ၁ဝ ဆလိုချင်လို့ မပေးနိုင်ဘူး၊ မကျေနပ်ဘူးဆိုရင်တော့ ဒီဟာကတော့ ဘယ်သူမှ ဒီဟာကို လိုက်လျောနိုင်မှာ မဟုတ်ဘူး။ ဘာ ပဲပြောပြော ဟိုဘက်ဒီဘက် နှစ် ဖက်စလုံးကနေ ဒါကို ချင့်ချင့်ချိန် ချိန်လုပ်ဖို့ လိုပါတယ်။

အပြင်မှာ မီးလောင်ဗုံးလို့ ပြောနေ တာ။
မီးခိုးဗုံးပါ။ မီးလောင်ဗုံးမဟုတ် ပါဘူး။ ဒါကို အန်တီ သေသေချာ ချာသွားပြီးတော့ စစ်ဆေးပါတယ်။ ဒီဟာကို လုပ်ပြတယ်ပေါ့နော်။ demonstration သုံးပြတယ်ပေါ့။ ကိုယ်တိုင် စိစစ်ပါတယ်။ smoke bomb မီးခိုးဗုံးပါ။ ဒါပေမဲ့ အစီရင်ခံ စာကို ဖတ်မယ်ဆိုရင် သုံးပုံသုံးနည်း ကို မကျွမ်းကျင်ဘဲနဲ့ ဘယ်လိုအကျိုး ဆက်တွေ ရှိမယ် ဆိုတာကို မလေ့ ကျင့် မစမ်းသပ်ထားတဲ့အတွက် မလိုလားအပ်တာတွေ ဖြစ်သွားတာ ပေါ့။

မနက်ဖြန် မုံရွာမှာ ရှင်းပြမယ်။ အဲဒီ နောက်ပိုင်း ဆန္ဒပြပွဲတွေ ဆက်ဖြစ် မယ်ဆိုရင်ကော။
ဆန္ဒပြပွဲတွေဟာ ဘာကိစ္စ ကြောင့် ဖြစ်တာလဲဆိုတာ အားလုံး စဉ်းစားသင့်တယ်။ ဆန္ဒပြမယ်ဆိုရင် အကြောင်းခိုင်လုံရမယ်။ နောက်ပြီးတော့ ဘယ်သူ့အကျိုးအတွက် ဆန္ဒ ပြသလဲဆိုတာ သေသေချာချာ စဉ်း စားရမယ်။ အဲဒီဟာကို မီဒီယာများက သေသေချာချာ လေ့လာစေချင်တယ်။ ဆန္ဒပြပွဲတွေက ဘယ်ကို ဦးတည်တာလဲ။ ဘယ်သူ့ အကျိုးအတွက်လဲ။ ဘာအကျိုး မျှော်ကိုးလို့လဲ။ အကျိုးမရှိဘူးဆိုတာတော့ မဖြစ်နိုင် ဘူး။ ဒေသခံတွေအတွက်လား၊ နိုင်ငံအကျိုးအတွက်လား။ ဒီကိစ္စကိုလည်း အမေ ရှင်းရှင်းလင်း လင်းပြောတယ်။ လက်ပံတောင်းတောင် စီမံကိန်းနဲ့ပတ်သက်ပြီးတော့ ဝင်ပြီးလုပ်တာဟာ ဒီဒေသလေးအ တွက် ပဲ လုပ်တာမဟုတ်ဘူး။ တစ်နိုင်ငံလုံး အတွက်။ နိုင်ငံရဲ့အနာဂတ် ကိုကြည့်ပြီးတော့ နိုင်ငံရဲ့အနာဂတ် ဘယ်လိုဖြစ်သင့်သလဲဆိုတာ ဖြစ်ထိုက်သလဲဆိုတာ လေ့လာစုံစမ်းပြီးတော့ လုပ်ဖို့ လုပ်သွားတာပဲ။ ဒီရည် ရွယ်ချက်နဲ့ လုပ်တာဖြစ်တယ်။ ဒီရည်ရွယ်ချက်နဲ့ပဲ ဆက်လုပ်သွားမယ်။ ဆန္ဒပြတဲ့သူတွေပဲဖြစ်ဖြစ်၊ ဆန္ဒမပြတဲ့သူတွေပဲဖြစ်ဖြစ် ကိုယ်လုပ်တဲ့အလုပ်တွေဟာ တကယ်ပဲ တိုင်းပြည်ရဲ့ရေရှည်အကျိုးအတွက် ဟုတ်သလား၊ ဘယ်လိုနည်းလမ်းနဲ့ ရေရှည်အကျိုးကို မြှင့်တင်နိုင်အောင် ဘယ်လိုဆောင်ရွက်နိုင်မှာလဲ။ မီဒီယာအပိုင်း ကလည်း ဒါကို သေသေ ချာချာသုံးသပ်ဖို့ လိုပါတယ်။

ဖြိုခွင်းတာနဲ့ ပတ်သက်ပြီးတော့ အစီရင်ခံစာဟာ နည်းနည်းပျော့သလိုပဲ။
ဒါ အန်တီ အမှန်အတိုင်းပြောတာပဲ။ ဒါ fact ပဲ။ အန်တီက တရားခံရှာတဲ့ အလုပ် လုပ်တာမဟုတ်ဘူး။ အဖြေရှာတဲ့ အလုပ်လုပ်တာ။

စိုင်းနောင်ပေးပို့သည်။
http://popularmyanmar.com/mpaper/2013/03/%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%81%BE%E1%80%80%E1%80%8A%E1%80%B9%E1%80%B1%E1%80%BB%E1%80%95%E1%80%AC-2/
No comments:
Post a Comment