သတ်ဖြတ်ခံရသူ Blogger Ahmed Rajib Haider (၃၅)
နှစ်သည် ဘင်္ဂလားဒေ့ရှ်အတိုက်အခံ အစ္စ လာမ်မစ်အစွန်းရောက်ပါတီ
Jamaat-e-Islam i ခေါင်းဆောင်များ၏ ၁၉၇၁ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေး
စစ်ပွဲ ကာလအတွင်း ဘင်္ဂ လားဒေ့ရှ်ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့်
စစ် ရာဇ၀တ်မှုများအား ထိရောက်စွာအရေးယူပေး ရန် အစိုးရအားတောင်းဆိုဆန္ဒပြသည့်
ဧရာမလူထု ဆန္ဒပြပွဲကြီးတွင် အဓိကအခန်းကဏ္ဍမှပါဝင် ခဲ့သူဖြစ်သည်။
အဆိုပါလူထုဆန္ဒပြပွဲကြီး ဖြစ်ပေါ်လာရေးအတွက် လှုံ့ဆော်ခဲ့သည့်
၎င်း၏အွန်လိုင်းလှုပ်ရှားမှုများကြော င့်
Jamaat-e-Islami ပါတီမှ ကျောင်းသားအင်အားစု၏ အဓိကရန်ငြိုးဖွဲ့
ပစ်မှတ်ထားမှုကို ခံခဲ့ရကြောင်း ၎င်း၏ အစ်ကိုဖြစ်သူမှ ပြောကြားသွားပါသည်။
၎င်း၏မိတ်ဆွေ ဘလော့ကာတစ်ဦးဖြစ်သူ Shakil Ahmed က သတ်ဖြတ်ခံရသူအား
အဆိုပါအစ္စလာမ်မစ်အစွန်းရောက်ပါတီ၏
Official Website မှ လွန်ခဲ့သည့်တစ်ပတ် ခန့်မှစတင်၍ ပါတီ၏အဓိကရန်သူအဖြစ်
လွှင့်တင်ခဲ့ကြောင်း ပြောကြားသွားပါသည်။
၎င်းလူသတ်မှုနှင့်ပတ်သက်၍
ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့မှ သတင်းတစ်စုံတရာ ထုတ်ပြန်ခြင်းမရှိသေးကြောင်း
သိရှိရသည်။
Jamaat-e-Islami ပါတီက ၁၇.၂.၂၀၁၃ ရက်စွဲဖြင့် အဆိုပါလူသတ်မှုအား ရှုံ့ချကြောင်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သော်လည်း လူသတ်မှုတွင်တာဝန်ရှိသည်ဟူသော စွပ်စွဲချက်အား ငြင်းဆန်ခြင်း၊၀န်ခံခြင်း တစ်စုံ တရာမပါရှိပေ။ သတ်ဖြတ်ခံရသူနှင့် ၎င်း၏သူငယ်ချင်းများ၊ပရိတ်သတ်များနှင့် မိသားစုဝင်များသည် အဆိုပါ အစ္စလာမ်မစ် အစွန်းရောက်ပါတီခေါင်းဆောင်များ ၏
ပါကစ္စတန်လက်အောက်မှ ခွဲထွက်ရေးတိုက်ပွဲကာလ ၁၉၇၁ခုနှစ်အတွင်း
ကျူးလွန်ခဲ့သည့် မုဒိန်းမှု၊ လူမျိုးတုန်းသတ်ဖြတ်မှုစသည့် စစ်ရာဇ၀တ်မှုများ အား
ပြင်းပြင်းထန်ထန် အရေးယူပေးရန် အစိုးရအားတောင်းဆိုသည့်
လူထုဆန္ဒပြပွဲကြီးတွင် အသတ်မခံရမှီ ရက်ပိုင်းအလိုက တက်ကြွစွာပါဝင်ခဲ့ကြသည်။
Jamaat-e-Islami ပါတီက ၁၇.၂.၂၀၁၃ ရက်စွဲဖြင့် အဆိုပါလူသတ်မှုအား ရှုံ့ချကြောင်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သော်လည်း လူသတ်မှုတွင်တာဝန်ရှိသည်ဟူသော စွပ်စွဲချက်အား ငြင်းဆန်ခြင်း၊၀န်ခံခြင်း တစ်စုံ တရာမပါရှိပေ။ သတ်ဖြတ်ခံရသူနှင့် ၎င်း၏သူငယ်ချင်းများ၊ပရိတ်သတ်များန
အဆိုပါလှုပ်ရှားမှုကာလအတွင်း ၎င်းတို့နှင့် အစ္စလာမ်မစ်ပါတီဝင်များအကြား
အွန်လိုင်းစာမျက်နှာများတွင် အချင်းပွားမှု ပြင်းထန်စွာ
ဖြစ်ပွားခဲ့ကြောင်းလည်း သိရှိရသည်။
Ahmed Rajib Haider ၏ဈာပနသို့ ဘင်္ဂလားဒေ့ရှ်ပြည်သူ ငါးသောင်းခန့်လိုက်ပါပို့ဆောင်ြ ကပြီး Jamaat-e-Islami ပါတီအားဖျက်သိမ်းပြီး ၎င်း၏ကျောင်းသားအင်အားစု Islami Chhatra Shibir အားလူသတ်မှုဖြင့် အရေးမယူမချင်းဆက်လက်
ဆန္ဒပြသွားမည်ဟု ကြွေးကြော်တောင်းဆိုခဲ့ကြသည်။ ၀န်ကြီးချုပ် ရှိတ်ဟာ ဆီနာက
သတ်ဖြတ်ခံရသူ ဘလော့ကာ၏နေအိမ်သို့ သွားရောက်လည်ပတ်ပြီး ၎င်းအနေဖြင့်
အဆိုပါပါတီ အား တရားဥပဒေအရ ဖျက်သိမ်းရန်အမိန့်ပေးသွားမည်ဖြ စ်ကြောင်း ကတိပြုပြောကြားခဲ့သည်။
Haider သတ်ဖြတ်ခံရပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အွန်လိုင်းသုံးစွဲသူများအကြား ၎င်း၏ဘလော့စာ မျက်နှာပေါ်တွင် အငြင်းပွားဆဲဆိုရန်ဖြစ်မှုများ တရှိန်ထိုးမြင့်တက်လာပြီး ဒေသတွင်းရှိ ဆန့်ကျင်ဖက် အဖွဲ့ အစည်းများအကြားတွင် အဓိကရုဏ်းများ ဖြစ်ပေါ်မည့် လက္ခဏာများမြင်တွေ့လာသောကြောင့် အဆိုပါ ဘလော့စာမျက်နှာအား အစိုးရဆက်သွယ်ရေးဌာနမှပိတ်သိမ်း လိုက်ကြောင်း အဆိုပါဌာန၏ ဒုတိယအကြီး အကဲဖြစ်သူ Giasuddin Ahmed က ပြောကြားသွားပါသည်။
အဆိုပါ (၁၅.၂.၂၀၁၃) သောကြာနေ့လူသတ်မှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အစ္စလာမ်မစ် အစွန်းရောက်များနှင့် ဆက်နွယ်သည့်
ဒုတိယမြောက်သတ်ဖြတ်မှုဖြစ်ပြီး ၎င်းမတိုင်မှီက အွန်လိုင်းလှုပ် ရှားသူတစ်ဦးအား
အမည်မသိလူသုံးဦးမှ သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိပါသည်။
source - AFP
Ahmed Rajib Haider ၏ဈာပနသို့ ဘင်္ဂလားဒေ့ရှ်ပြည်သူ ငါးသောင်းခန့်လိုက်ပါပို့ဆောင်ြ
Haider သတ်ဖြတ်ခံရပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အွန်လိုင်းသုံးစွဲသူများအကြား ၎င်း၏ဘလော့စာ မျက်နှာပေါ်တွင် အငြင်းပွားဆဲဆိုရန်ဖြစ်မှုများ တရှိန်ထိုးမြင့်တက်လာပြီး ဒေသတွင်းရှိ ဆန့်ကျင်ဖက် အဖွဲ့ အစည်းများအကြားတွင် အဓိကရုဏ်းများ ဖြစ်ပေါ်မည့် လက္ခဏာများမြင်တွေ့လာသောကြောင့် အဆိုပါ ဘလော့စာမျက်နှာအား အစိုးရဆက်သွယ်ရေးဌာနမှပိတ်သိမ်း
အဆိုပါ (၁၅.၂.၂၀၁၃) သောကြာနေ့လူသတ်မှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အစ္စလာမ်မစ် အစွန်းရောက်များနှင့်
source - AFP
No comments:
Post a Comment