Monday, 18 February 2013

မစ္စတာကင်တားနားသို့ စစ်တွေမြို့ မြို့မိမြို့ဖများ၏ သဘောထားတင်ပြချက်

by Myo Morn Tun on Monday, February 18, 2013 at 6:05pm ·




နေ့ရက် ------ ၁၂ . ၂ . ၂၀၁၃(အင်္ဂါနေ့)
အချိန် -------- နေ့လည်(၁း၃၀)နာရီ
နေရာ -------- စစ်တွေဟိုတယ်

    လူကြီးမင်း မစ္စတာကင်တားနား၏ (၃၁-၇-၂၀၁၂) ခရီးစဉ်တွင် ကျွန်တော်တို့ စစ်တွေမြို့ မြို့မိမြို့ဖအဖွဲ့၏ သဘောထား စာတမ်းကို တင်ပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် လူ့အဖွဲ့အစည်း(၂)ခု၏ သမိုင်းနောက်ခံ အကြောင်းတရားများကို လူကြီးမင်းအနေဖြင့် အတော်အသင့် နားလည်သဘောပေါက်ပြီးဖြစ် မည်ဟု မျှော် လင့်ပါသည်။

ကျွန်တော်တို့ ထပ်မံတင်ပြချင်သည်မှာ ရခိုင်ပြည်နယ်ရှိ မူဆလင်များသည် စစ်တကောင်းသား ဘင်္ဂါလီ များဖြစ်ခြင်း၊ သူတို့သည် ကျူးကျော်ဝင်ရောက်လာ သူများသာဖြစ်ပြီး သတ်ဖြတ်ခြင်း မုဒိန်းကျင့်ခြင်း မီးရှို့ခြင်းစသည်တို့ကို ထပ်တလဲလဲပြုလုပ်ပြီး ဌာနေရခိုင်(အာရက္ခ)တိုင်းရင်းသားရွာများအား မနေ၀ံ့ မနေနိုင်အောင်ပြုလုပ်ပြီး နယ်မြေလယ်ယာများကို လုယူနေသူများသာ ဖြစ်သည်။

ယခုအချိန်ကာလများတွင် ပြည်တွင်းပြည်ပရှိ ဘင်္ဂလီပညာတတ် အချို့က သူတို့သည် ရိုဟင်ဂျာလူ မျိုး များဖြစ်ပြီး ရခိုင်(အာရကန်) ပြည်နယ်သည် သူတို့၏ မူရင်းနယ်မြေဖြစ်ကြောင်း ၀ါဒဖြန့်သွေးထိုးလှုံဆော် မှုတို့ကို ဆက်တိုက်ပြုလုပ်လာကြသည်။ ထို့ကြောင့် ကျွန်တော်တို့ရခိုင် (အာရက္ခ)တိုင်းရင်းသား တို့၏ ဖြစ် တည်မှုနှင့် တည်နေရာကိစ္စကို မေးခွန်းထုတ်ရမည့် အနေအထားကို ရောက်ရှိလာပါသည်။

ထိုဘင်္ဂလီများသည် အဘယ့်ကြောင့် ရှိနှင့်ပြီးသားဖြစ်သည့် လူမျိုးအမည်အစား အတုအယောင်လူမျိုးနာ မည်သစ်တစ်ခုကို လိမ်ညာဖန်တီးရပါသနည်း။ သူတို့၏ မိရိုးဖလာ ဘင်္ဂါလီဆိုသောအမည်ကို အဘယ့်ကြောင့်ဖုံးကွယ် မြှုပ်နှံလိုကြပါသနည်း။ ထိုကိစ္စသည်မည်သို့မျှ ရိုးသားမှု မရှိဘဲ ယုံကြည်၍ မရနိုင်သော ကိစ္စဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ အောက်ပါအဓိက အကြောင်းခြင်းရာ(၂)ရပ် ကို တွေ့ရှိ ရပေသည်။

    ပထမအချက် ။ ..................။ သူတို့သည် လူနည်းစုများသာဖြစ်ကြောင်း တစ်ကမ္ဘာလုံး ယုံကြည်အောင် နည်းမျိုးစုံဖြင့် လိမ်လည်လှည့်ဖြားတင်ပြခြင်း၊ လူမျိုးအမည် အမှန်ဖြစ်သော ဘင်္ဂါလီကိုသာ ဖေါ်ပြပါက ၄င်းတို့သည် ကမ္ဘာပေါ်တွင် လူနည်းစုမဟုတ်ကြောင်း အလွယ်တကူ သိမြင်နိုင်ခြင်းတို့ဖြစ်သည်။ စုစုပေါင်း လူဦးရေ(၃)သန်းခန့်မျှသာရှိသော ကျွန်ုပ်တို့ရခိုင်(အာရက္ခ) တိုင်းရင်းသားများ သည်သာ မြန်မာနိုင် ငံ၏ လူနည်းစုတိုင်းရင်းသားစစ်စစ်များ ဖြစ်ကြသည်။

    ဒုတိယအချက် ။ ...................။ ဘင်္ဂါလီများသည် လူမျိုးစုအခွင့်အရေးဖြင့် မြန်မာနိုင်ငံသား ဖြစ်ရေးကို လိုချင်ကြ သူများဖြစ်သည်။ မြန်မာနိုင်ငံသားဥပဒေအရသူတို့သည် တစ်ဦးချင်း၊တစ်ဦးချင်း မြန်မာနိုင်ငံ သားဖြစ်ခွင့် လျှောက်ထားနိုင်ကြ ပါသည်။ (ရ/မရ မှာ ဥပဒေနှင့်သာ သက်ဆိုင်သည်။) အကယ် ၍ ပြည်ထောင်စုအစိုးရကသာ သူတို့၏ အတုအယောင်ပြုလုပ် ထားသော ရိုဟင်ဂျာဆိုသောအမည်ကိုသာ အသိအမှတ်ပြုလိုက်မည်ဆိုပါက ကချင်၊ကယား၊ ကရင်၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားများသာ ရသင့်ရထိုက်သော မွေးရာပါနိုင်ငံသားဖြစ်မှု အခွင့်အရေးကို တောင်းဆိုတော့မည်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးတစ်ခု၏ ဖြစ်တည်မှုသည် မြန်မာနိုင်ငံထဲတွင် သမိုင်းအမွေကို စဉ်ဆက်မပြတ် ဆက်လက်ခံ ယူနေထိုင်မှုနှင့်သာ သက်ဆိုင်ပြီး မည်သူမျှတိုင်းရင်း သား ဖြစ်/မဖြစ်ကို ပြောင်းလဲ ဆုံးဖြတ်၍ မရနိုင်ပါ။ နိုင်ငံသားဖြစ်ခွင့်၊ မဖြစ်ခွင့်သည် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တဆက်တစပ်တည်းဖြစ်နေ၍ မည်သည့်ပုဂ္ဂိုလ်/လူစုလူဝေးကို နိုင်ငံသားဖြစ်ခွင့်ပေးရမည်ဟု ပြင်ပပုဂ္ဂိုလ် အဖွဲ့အစည်းများ၏ ဖိအားပေးပြောဆိုမှုကို လက်မခံနိုင်ပါ။

    နိုင်ငံတကာ ပုဂ္ဂိုလ်အဖွဲ့အစည်းများသည် Globalization ဆိုသော စာလုံးကို မည်မျှပင်ပြောဆိုစေကာမူ ယနေ့ လက်ရှိကမ္ဘာကြီးတွင် သီးခြားနိုင်ငံနှင့် လွတ်လပ်သော အချုပ်အခြာအာဏာကျင့်သုံးမှုသည် ဆက်လက်ရှိနေ အုံးမည်သာဖြစ်သည်။

    အထက်ပါအချက်များကို လေ့လာကြည့်ခြင်းဖြင့် ဘင်္ဂါလီတို့သည် ရခိုင်တို့၏နယ်မြေကို သိမ်းပိုက်လိုရုံ သာမက ဘိုးဘေးဘီဘင် စဉ်ဆက်မပြက် ခေါ်ဆိုလာသောရခိုင်(အာရက္ခ)ဆိုသောအမည်ကိုပါ ကမ္ဘာ့မြေပေါ်မှ ပျောက်ကွယ်သွားစေလိုကြောင်း တွေ့ရသည်။ သူတို့သည် ဌာနေဒေသခံ ရခိုင်တိုင်းရင်းသားတို့နှင့် မည် သည့်အခါမျှ သဟဇာတဖြစ်အောင် နေထိုင်ခဲ့ခြင်းမရှိဘဲ မုဒိန်းကျင့်ခြင်း၊ ခေါင်းဖြတ်ခြင်း၊ ခြေလက် များဖြတ်ခြင်း၊ မီးရှို့ခြင်းစသည့် ရက်စက်ကြမ်းကြုတ်ပြီး အကြင်နာတရားကင်းမဲ့သော လုပ်ရပ်ဖြင့် ဒေသခံ များ မနေနိုင်ဘဲ ကြောက်လန့်ထွက်ပြေးအောင် ပြုလုပ်နေကြသူများသာဖြစ်သည်။

    ထိုဘင်္ဂါလီများသည် တဘက်နိုင်ငံမှသူတို့၏ ဆွေမျိုးသားချင်းများကို ခေါ်ယူပြီး ဤဒေသကို ရှာရီယာဥ ပဒေဖြင့် အုပ်ချုပ်သည့်သီးခြားကင်းလွတ်သော နယ်မြေတစ်ခုဖြစ်အောင် အစဉ်ကြိုးပမ်းလာကြသူများ သာ ဖြစ်သည်။

    ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောမြို့နယ်များရှိ ရခိုင်လူမျိုးတို့၏ လယ်မြေများ၊ သီးနှံ စိုက်ခင်းများကို အမြဲတစေ ဖျက်ဆီးမှု ပြုလုပ်မြဲဖြစ်သည်။ အခုတလော ဖေဖေါ်ဝါရီလ(၉)ရက်နေ့တွင် ဘင်္ဂလီလူအုပ်စု တစ်စုသည် မောင်တောမြို့နယ်၊ ငါးခူရ ရခိုင်ရွာသစ်သို့ ၀င်ရောက်အကြမ်းဖက် ပစ်ခတ် မှုကြောင့် တစ်ဦးပွဲချင်းပြီးသေဆုံး၍(၃)ဦး ပြင်းထန်စွာဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သည်။ အကယ်၍ လုံခြုံရေးတပ် ဖွဲ့များကို ယနေ့ရုပ်သိမ်းသည်နှင့် တပြိုင်နက် ယနေ့ညတွင်းချင်းပင် ထိုကုလားများသည် ရခိုင်ရွာများကို မီးရှို့တော့မည်ဖြစ်၍ ထိုလူများနှင့်မည်သည့်နည်းနှင့်မျှ ရောထွေးယှက်တင် နေထိုင်နိုင်မည်မဟုတ်ပါ။

    ပဋိပက္ခဖြစ်ပွားသည်နှင့်တပြိုင်နက် ကမ္ဘာပေါ်ရှိ မူဆလင်တိုင်းပြည်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အတူ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းကြီးကပါ ဘင်္ဂါလီတို့ကို တဖက်သက် ဘက်လိုက်ပြီး လွဲမှားသော မကောင်းအမြင်ဖြင့် သံယောင်လိုက်ကာ ပြောဆိုတင်ပြလာကြသည်။

 မိမိတို့ ရခိုင်တိုင်းရင်းသားများအနေဖြင့်မူ ပြည်ထောင်စု အစိုးရတစ်ခုတည်းပေါ်တွင်သာ မှီခိုအား ထားနေရခြင်းဖြစ်သည်။ (မိမိတို့ ရခိုင်တိုင်းရင်းသားသည်လည်း လူသားများဖြစ်သည်ကို သင်တို့မျက် ကွယ်ပြုကြပါသလား) မိမိတိုင်းပြည်မှထွက်သွားသောမည်သည့်ပုဂ္ဂိုလ်မဆို မိမိတို့ မူလတိုင်းပြည် သို့ ပြန် လာခွင့်ရှိသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ်၁၃ (၂)တွင် အခိုင်အမာဖေါ်ပြ ထားပါသည်။

     သို့သော် ဤစစ်တကောင်းသား ဘင်္ဂါလီများသည် မိမိမူရင်းတိုင်းပြည်၏ ပြန်လာ ရန်ငြင်းပယ်ခြင်း ခံထားရသူများဖြစ်သည်။ ဤအချက်သည် လူ့အခွင့်အရေးကို ဖောက်ဖျက်ကျူးလွန်ခြင်းပင် မဟုတ်ပါလား။ သင်(လူကြီးမင်း) အပါအ၀င် နိုင်ငံတကာမှ ပုဂ္ဂိုလ်များသည် လူ့အခွင့်အရေး ရှုထောင့်တစ်ခုတည်းမှ သာ ထောက်ပြဝေဖန်ကြပြီး ၊နိုင်ငံတကာ ဌာနေတိုင်းရင်းသားတို့၏ အခွင့်အရေးကြေငြာစာတမ်းကို အဘယ်ကြောင့် တစ်ကြိမ်တစ်ခါမျှ ဖွင့်ဟပြောဆိုခြင်းမရှိသည်ကို ကျွန်ုပ်တို့ အံ့သြစွာ တွေ့ရှိရသည်။

    ဖြစ်ရပ်အမှန်က မိမိတို့ ရခိုင်လူမျိုးတို့သည်သာ ဘင်္ဂါလီတို့၏ ပေါက်ကွဲနေသော လူဦးရေအရ လွှမ်းမိုးခြင်း ခံရမည်ကို စိုးရိမ်နေရသည့် အနေအထားဖြစ်ပါသည်။ ထို့ကြောင့် သမ္မတဦးသိန်းစိန်၏ UNHCR အကြီး အကဲသို့ ပြောကြားခဲ့သော နိုင်ငံသားပြုခွင့်မရနိုင်သည့် ဘင်္ဂါလီများကို ထိန်းသိမ်းရေးစခန်းများ၌ ထားရှိပြီး UNHCR အစီအစဉ်ဖြင့် တတိယနိုင်ငံများသို့ ပို့ဆောင်သွားမည်ဆိုသော ရပ်တည်ချက်ကို မိမိတို့ ရခိုင် တိုင်းရင်းသားများက လှိုက်လှဲစွာထောက်ခံခဲ့ကြပါသည်။

ထိုနည်းလမ်းသည်သာလျှင် ရခိုင်တိုင်းရင်းသားများ မိမိနယ်မြေတွင် ငြိမ်းချမ်းစွာ ထာဝရနေထိုင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါကြောင်း ကျွန်ုပ်တို့ယုံကြည်ပါသည်။

ကျေးဇူးတင်စွာဖြင့်
 (စစ်တွေမြို့ မြို့မိမြို့ဖများ)
 မှတ်ချက်

( မြို့မိမြို့ဖဖြစ်သော ဦးသာပွင့်၏ အင်္ဂလိပ်ဘာသာဖြင့် တင်ပြချက်ကို ဦးသန်းထွန်းမှ မြန်မာဘာသာသို့ ပြန်ဆို ထားခြင်းဖြစ်သည်။)

No comments:

Post a Comment