Tuesday 24 July 2012

စစ်တွေမြို့ မြို့သူကြီးရပ်ကွက်ကို ဘင်္ဂါလီလူမျိုးများက စက်လှေဖြင့်လာရောက်မီးရှို့သွား

စစ်တွေမြို့နယ် အိမ်ခြေ နှင့် အိမ်ထောင်စုလူဦးရေစာရင်း
( 2012-06-14 နေ့ စစ်တွေမြို့ လ.၀.က ရုံးမှ စာရင်း )
     
ဇွန်လ (၁၅)ရက် ယနေ့ ည ၁ နာရီ ၆ မိနစ်ခန့်တွင် စစ်တွေမြို့ ရခိုင်လူမျိုးများ နေထိုင်သည့် မြို့ သူကြီးရပ် ကွက်ကို ဘင်္ဂါလီလူမျိုးများက စက်လှေဖြင့်လာရောက်မီးရှို့သွားသည့်အတွက် အိမ်ခြေ အများ အပြား လောင်း ကျွမ်းလျှက်ရှိသည်ဟု စစ်တွေမြို့ခံများက ဖုန်းဆက်ပြော ကြားချက် အရ သိရှိရသည်။


ပြီးခဲ့သည့်ညက လုံခြုံရေးစောင့်ကြည့်လျှက်ရှိသည့် ရပ်ကွက်သား အများအပြား ဖမ်းဆီးခံရပြီးနောက် ယခုကဲ့သို့ ၀င်ရောက်မီးရှို့ခံရခြင်းဖြစ်ကြောင့် ဒေသခံများကပြောဆိုသည်။
‎”မီးလောင်နေတာက တစ်နာရီလောက်ရှိသွားပြီး ။ အခုထိတော့ မီးမငြိမ်းသေးဘူး။ မိုးကလည်း တအားရွာနေ တယ်”ဟု စစ်တွေမြို့ ကမ်းနား မြို့သူကြီးရပ်ကွက် မီးလောင်နေ သည့် နေရာ သို့ ရောက် ရှိနေသော 7 Day News Journal မှ ဓာတ်ပုံသတင်းထောက်ကို တယ်လီဖုန်းဆက် သွယ်မေးမြန်ချက်အရ သိရှိရသည်။
The Voice Weekly

No comments:

Post a Comment