ပြည်တွင်းက သတင်းမီဒီယာတွေ ဟာ ပြည်ပက အသံလွှင့် ဌာနတွေ စာနယ်ဇင်းတွေနဲ့ယှဉ်ရင် ပိုပြီး လွတ်လပ် တဲ့ အယ်ဒီတာအာဘော်ရှိတယ်လို့ ဆိုနိုင် ပါသည်။
စာပေစိစစ်ရေးတွေ ရှိနေသော်လည်း စာနယ် ဇင်းတွေ အနေဖြင့် ရေးသင့်ရေးထိုက် ပြောသင့်ပြော ထိုက်တာကို မချန်လှပ်ဘဲ ပြောကြ ရေးကြ တင်ပြကြတာပါ။ ခွင့်ပြုချက်မရလို့ မတင်ပြရတာက တစ်ပိုင်းပါ။ ဒါပေမယ့် စာနယ်ဇင်းတွေ အယ်ဒီတာတွေအနေဖြင့် စိတ်ထဲမှာ လွတ်လွတ်လပ်လပ်နဲ့ ဘယ်ငွေရှင်ကြေး ရှင်၏ ဖိအားကိုမှ ကြောက်စရာမရှိဘဲ လန့်စရာမရှိဘဲ ရေးရဲ ပြောရဲတာကို ဆိုချင်တာပါ။ ကိုယ့်ငွေကိုယ် ရှာပြီး လုပ်နေကြလို့ပါ။
သူများပေးတဲ့ငွေနဲ့ စာနယ်ဇင်းတွေ အသံလွှင့် တာတွေလုပ်တာမဟုတ်တော့ ပိုပြီး စိတ်ပိုင်းဆိုင်ရာမှာ လွတ် လပ်မှုရှိနေတာပါ။
ပြည်ပအသံလွှင့်ဌာနတွေမှာ ဒီလိုလုပ်လို့မရပါ။ ငွေရှင်ကြေးရှင် အလှူရှင်တွေက သတ်မှတ်ထားတဲ့စံတွေ စည်းကမ်းတွေကိုကျော်လွန်လို့ စိန်ခေါ်လို့ အန်တုပြီး ရေးလို့မရပါ။ ရေးတာနဲ့ အလုပ်ပြုတ်သွားမယ် အလုပ် ထုတ်ခံရနိုင်တယ်ဆိုတဲ့ အသိစိတ်တွေကြောင့် တကယ်တမ်းမှာ လွတ်လပ်တဲ့ အယ်ဒီတာအာဘော်တွေမရှိ ပါ။
ပြည်တွင်းက ဂျာနယ်တွေ သတင်းမီဒီယာတွေဟာ စာစောင်ရောင်းလို့ရတဲ့ငွေနဲ့ ရပ်တည်တယ်။ ကိုယ့်ရဲ့ဂျာ နယ်ကို သဘောကျလို့ လူကြိုက်များ အဖတ်များ စောင်ရေများလို့ ကြော်ငြာအပ်တဲ့ငွေနဲ့ ရပ်တည်တာ ပါ။ ပြောရရင် ကိုယ့်ငွေကိုယ်ရှာပြီး ကိုယ့်ဈေးကွက် ကိုယ့်ပရိသတ်ရဲ့ အားပေးမှုကိုအခြေခံပြီး ကိုယ်ပိုင်လုပ် ငန်းကို လွတ်လွတ်လပ်လပ်နဲ့ လုပ်နေတာဖြစ်ပါသည်။
ဒီတော့ ကိုယ့်အလုပ် ကိုယ့်ဂျာနယ် ကိုယ့်စီးပွားကိုယ်ပိုင်ဖြစ်တော့ အယ်ဒီတာအာဘော် Editorial Policy ကလည်း ကိုယ့်သဘောအတိုင်း ဖြစ်ပါသည်။ တခြားဘယ်သူကမှ သတင်းခန်းအတွင်းက မဟုတ်တဲ့လူ Anyone out side of News Room က အရိပ်မည်းနဲ့ ထိန်းချုပ်တာမျိုး မရှိပါ။
ပြည်ပသတင်းဌာနတွေ အသံလွှင့်ဌာနတွေမှာ စာနယ်ဇင်းတစ်ခု သတင်းမီဒီယာတစ်ခု ရပ်တည်လှုပ်ရှားနိုင်ဖို့ အဓိကလိုအပ်တဲ့ငွေကို ကိုယ့်ဘာသာကိုယ် ရှာရတာမဟုတ်ဘဲ သူများကသနားလို့ပေးတဲ့ ထောက်ပံ့ငွေ Projects Grants နဲ့ ရပ်တည်နေရ တာပါ။ ပြည်ပအသံလွှင့်ဌာနတွေအတွက် ကုန်ကျစရိတ်တွေ ၀န်ထမ်းလ စာတွေ ခရီးစရိတ်တွေ စသည့် စသည့် ကုန်ကျစရိတ်တွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ငွေရအောင် အသံလွှင့် အစီအစဉ်တွေကနေ ကြော်ငြာတွေကနေ စာစောင်ရောင်းလို့ ရတာတွေ သို့မဟုတ် အစီအစဉ်ကို လူတွေ ကကြိုက်လို့ Subscribe လုပ်လို့ Loyalty Fees ပေးကြည့်လို့ရတဲ့ ငွေတွေနဲ့ လည်ပတ်နေတာမဟုတ်ဘဲ နိုင် ငံခြား အစိုးရတွေ၏ နိုင်ငံခြားရေးဝန်ကြီးဌာန State Department or Foreign Office ရဲ့ အသုံးစရိတ်အရ လည်းကောင်း နိုင်ငံကအစိုးရတွေကနေ ပေးတဲ့ငွေတွေကို နိုင်ငံခြား NGOs တွေက တစ်ဆင့်ခံပေးတဲ့ အကူ အညီထောက်ပံ့ငွေတွေနဲ့ လည်ပတ်နေတာဖြစ်ပါသည်။
ဒါကြောင့် လက်ရှိအသံလွှင့်ဌာနတွေမှာ လုပ်နေတဲ့ အကြီးတန်းရော အငယ်တန်းရောပြောရရင် ဌာနမှူးရော ဒါရိုက်တာရော လက်ထောက် ညွှန်ကြားရေးမှူးရော အားလုံးဟာ ကိုယ့်အသံလွှင့်ဌာန လည်ပတ်နိုင်ရေး ကုန် ကျစရိတ်တွေရရှိပြီး အမြတ်ထွက်အောင် သို့မဟုတ် ရှိနေတဲ့ ၀န်ထမ်းတွေကို လစာပေးနိုင်အောင် ၀င်ငွေ ရအောင်အတွက် ဈေးကွက်လည်း ရှာဖို့မလို အရောင်းမြှင့်တင်ဖို့လည်းမလို အစောင်ရေ တိုးဖို့လည်းမ လို ကြော်ငြာတွေ ဆက်တိုက်ရနေဖို့ အားထုတ်ဖို့မလိုဘဲ မြန်မာပြည်မှာ စာနယ်ဇင်းလွတ်လပ်ခွင့် သတင်း လွတ်လပ်ခွင့် မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ပြောရရင် မြန်မာပြည်သူတွေရဲ့မျက်နှာနဲ့ နာမည်ကို အသုံး ချပြီး Projects Grant တွေ ဆက်ရနေတာပါ။
ဒါကြောင့်အသံလွှင့်အစီအစဉ် ကောင်းလို့လူကြိုက်များလို့ ကြော်ငြာခတွေများများဝင်လာလို့အစောင်ရေ တွေ ရောင်းရလို့ ကိုယ့်အစီအစဉ်ကို ကြိုက်လို့ ငွေပေးကြည့်သူတွေများလို့ လက်ရှိ အသံလွှင့်လုပ်ငန်းတွေကို လည်ပတ်နိုင် တာ လုပ်နိုင်တာဝန်ထမ်းတွေကို လစာပေးနိုင်တာမဟုတ်ဘဲ နိုင်ငံရေးအကြောင်းပြချက် အရ နိုင်ငံခြားအစိုး ရတွေက သူတို့အစိုးရ၏ မူဝါဒလိုအပ်ချက် အထူးသဖြင့် Soft-Power အတွက် လွှမ်းမိုး ထိန်းချုပ်နိုင်ရေး အစီ အစဉ်အရပေးနေတဲ့ ငွေတွေနဲ့လည် ပတ်နေတာ ဖြစ်ပါသည်။
ဒါကြောင့် နိုင်ငံခြားအစိုးရလက်အောက်ခံ နိုင်ငံခြားအဖွဲ့အစည်းတွေ၏ လက်အောက်ခံ နိုင်ငံခြားအစိုးရတွေ က ပေးတဲ့ငွေနဲ့ လည်ပတ်နေရတဲ့ စာနယ်ဇင်းတွေ သတင်းဌာနတွေဖြစ်နေတာမို့ ဘယ်လိုလုပ်ပြီးမှ လွတ် လပ်တဲ့ အယ်ဒီတာအာဘော်ဆိုတာ မရှိနိုင်ပါ မဖြစ်နိုင်ပါ။ Centralized News Lines လုပ်ပြီး ဗဟိုကချပေးတဲ့ သတင်းတွေကိုပဲ ဒီနေ့အတွက် လွှင့်ထုတ်ရမည့်သတင်းတွေအဖြစ် သက်ဆိုင်ရာ ဘာသာအလိုက် ဘာ သာပြန်ပြီး အသံလွှင့်ရတဲ့အဆင့်ပါ။
News Bulletin တစ်ခုလုံးကို ကိုယ့်ခြေ ကိုယ်လက် ကိုယ့်စိတ်တိုင်းကျနဲ့ ကိုယ်လွှင့်ချင်တဲ့ သတင်းတွေ ကိုယ် ဦးစားပေးဖော်ပြ ရှေ့တန်းတင်ချင်တဲ့ သတင်းတွေကို ကိုယ်ကြိုက်သလိုမျိုး အယ်ဒီတာတွေက လုပ်ခွင့်ရှိတာ မဟုတ်ဘဲ News and Current Affair ဌာနက ချပေးလိုက်တဲ့ ဒီနေ့အတွက် အရေးကြီး ဦးစားပေးသတင်းတွေ ကိုသာ မြန်မာလို ဘာသာပြန်ဆိုပြီး လွှင့်ပေးရတာပါ။
ဒါကြောင့် မြန်မာအသံလွှင့်ဌာနတွေမှာ စာနယ်ဇင်း သတင်းနည်းပညာ အတတ်ပညာတွေ Professional Journalism မတတ်ဘဲ နည်းနည်းလောက် မြန်မာစာနဲ့ အင်္ဂလိပ်စာ ရေးတတ်ဖတ်တတ် ဘာသာပြန်တတ် ရင်တောင် အလုပ်လုပ်လို့ရနေတဲ့အဆင့်ပါ။ ဒါကြောင့်လည်း ပြည်ပရောက်တွေအကြား သူလိုကိုယ်လို လူတွေ သတင်းဌာနတွေမှာ အလုပ်ရတာမို့ ငါလည်း သူ့လောက်တော့ အင်္ဂလိပ်စာတတ်တာပဲ သူလည်း စာနယ်ဇင်း သတင်းပညာတတ်ထားတဲ့ သူအဲဒါနဲ့ ဘွဲ့ရထားတဲ့သူမှ မဟုတ်တာ ဌာနမှူးနဲ့ အဆင်ပြေရင် အလုပ်ရတာမို့ အဲဒီအလုပ်ကိုရဖို့ တစ်တောင်ဆစ်တွေတွက်ချင်သူ ခြေကလန့်ထိုးပြီး နေရာယူသူတွေ အများစားပဲ။
ဒါကြောင့်လည်း အသံလွှင့်ဌာနတွေမှာ အလုပ်လုပ်နေသူတွေ ကလည်း တကယ်လို့သာ ဒီအလုပ်ပြုတ် သွားရင် ငါလည်းသူများတွေလိုပဲ စက်ရုံအလုပ်ရုံတွေ စားသောက်ဆိုင်တွေမှာသွားပြီး အလုပ်လုပ်ရမယ်၊ ဒီတော့ ဒီအလုပ်တော့ အပြုတ်မခံနိုင်ဘူးဆိုတဲ့ အသိစိတ်၊ ကြောက်စိတ်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် ဆင် ဆာလုပ်ပြီး အလိုက်အထိုက် လိုက်လုပ်နေသူတွေလည်း အများအပြားပါ။ ဆင်ဆာဆိုတာ အစိုးရက သူများ ကဖြတ်မှ ဆင်ဆာမဟုတ်ဘဲ ကိုယ့်ဘာသာကိုယ်ကြောက်ပြီး စိုးရိမ်ပြီးဖြတ်တာဟာလည်း ဆင်ဆာပဲ၊ အဲဒါ ကို Self-Censorship လို့ စာနယ်ဇင်းလောကမှာ ခေါ်ပါသည်။
သို့ဖြစ်ပါ၍ လုပ်ငန်းတစ်ခုအတွက် အဓိကကျတဲ့ လည်ပတ်ငွေ လိုအပ်ချက် ကုန်ကျငွေတွေလည်း ရှာစရာ မလို ၀န်ထမ်းတွေ လစာပေးစရာအတွက်လည်း စိတ်မပူရဘဲသူများပေးတဲ့ အလကားပေးတဲ့ငွေနဲ့ စာနယ် ဇင်း သတင်းမီဒီယာကို လည်ပတ်နေ တာမို့ ဘယ်လိုလုပ်ပြီး လွတ်လပ်တဲ့ အယ်ဒီတာအာဘော်ဆိုတာ ရှိမှာ လဲ။
ပြည်တွင်းက ဂျာနယ်တွေ သတင်းမီဒီယာတွေဟာ စာစောင်ရောင်းလို့ ရတဲ့ငွေနဲ့ ရပ်တည်တယ်။ ကိုယ့်ရဲ ဂျာနယ်ကို သဘောကျလို့ လူကြိုက်များ အဖတ်များစောင်ရေများလို့ ကြော်ငြာအပ်တဲ့ငွေနဲ့ ရပ်တည် တာ ပါ။ ပြောရရင် ကိုယ့်ငွေကိုယ်ရှာပြီး ကိုယ့်ဈေးကွက် ကိုယ့်ပရိသတ်ရဲ့ အားပေးမှုကို အခြေခံပြီး ကိုယ်ပိုင်လုပ် ငန်းကို လွတ်လွတ်လပ်လပ်နဲ့ လုပ်နေတာ . . . |
ဒီလိုဖိအားပေး မောင်းနှင်အားမျိုး ပြည်ပအသံလွှင့်ဌာနက ဌာနမှူးတွေမှာ ရှိစရာမလို။ မြန်မာပြည်မှာသူတို့ အသံ လွှင့်ဌာနတွေ လူဘယ်နှယောက် နားထောင်သလဲ ကြည့်သလဲဆိုတာလည်း မျက်မမြင်ပုဏ္ဏားတွေ ခန့်မှန်းသလိုပဲ တကယ်တော့ ဘယ်သူမှ အတိအကျ မပြောနိုင်ပါ။ အနောက်နိုင်ငံတွေမှာလို စနစ်တကျနဲ့ သုတေသနတွေ Survey and Poll တွေကို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက လုပ်ထားတာမျိုးမရှိဘဲ ကိုယ့်ဘာသာကိုယ်ခန့်မှန်းပြီး ရမ်းပြောရတဲ့အဆင့်ပဲ မဟုတ်ပါလား။ ဘယ်မှာလဲစနစ်တကျနဲ့ လုပ်ထားတဲ့ စစ်တမ်းကောက်ယူချက်။
ဒါကြောင့် ပြည်တွင်းက စာနယ်ဇင်းတွေ ဂျာနယ်တွေဟာ လူထုရဲ့ ပရိသတ်ရဲ့တုံ့ပြန်မှုကို တိုက်ရိုက်ရှိနေတာ မို့ သူတို့ရဲ့ ကောင်းခြင်း ညံ့ခြင်းဟာ သူတို့ရဲ့ လုပ်ငန်းတွေကို တိုက်ရိုက်ထိခိုက်တာ အကျိုးအမြတ်ရှိ တာတွေ ဖြစ်နေတာမို့ ပိုပြီးတော့ Editorial Independence ဖြစ်တယ်လို့ ဆိုရတာပါ။ လူထုနဲ့ပရိသတ်က သူတို့ကို ထမင်းကျွေးသလို ငွေပေးနေတာမို့ ပရိသတ်နဲ့ လူထုအကျိုးကို အလိုလို ဦးစားပေးရသ လို ဖြစ်စေ ပါတယ်။
ပြည်ပစာနယ်ဇင်းတွေမှာတော့ အဲဒီလိုမဟုတ်ဘဲ သူတို့ကို ထမင်းကျွေး လစာပေး ငွေပေးသူတွေ က မြန် မာပြည်သူတွေ ပရိသတ်တွေက တိုက်ရိုက်မဟုတ် ဘဲ ငွေချက်လက်မှတ်ထုတ်ပေး သူတွေ က နိုင်ငံခြား အစိုးရတွေ နိုင်ငံခြား အဖွဲ့အစည်းတွေ ဖြစ်နေတော့ ငွေပေးတဲ့ ထမင်းကျွေးတဲ့ နိုင်ငံခြားအစိုး ရတွေ နိုင် ငံခြားအဖွဲ့အစည်း အကျိုးတွေကိုပဲ လူထုအကျိုးထက် ဦးစားပေးနေသလို ဖြစ်နေပါသည်။
အဲဒီတော့ ဘယ်လိုလုပ်ပြီး လွတ်လပ်တဲ့ အယ်ဒီတာအာဘော်ဆိုတာ ဖြစ်မှာရှိမှာလဲ။ ငွေပေးသူရဲ့ မျက်နှာကို ပဲ ကြည့်နေရတာပဲ မဟုတ်ပါလား . . .
Where there is an editorial independence in the exiled media?
(Udp Myanmar Facebook စာမျက်နှာမှတစ်ဆင့် ပြန်လည်ကူးယူ ဖော်ပြအပ်ပါသည်)အယ်ဒီတာအဖွဲ့။
http://www.news-eleven.com/index.php?option=com_content&view=article&id=15024:---editorial-independence-and-money-weight&catid=78:2009-11-13-06-25-17&Itemid=135
No comments:
Post a Comment