စစ်တွေမြို့တွင်း ရပ်ကွက်တစ်ခု မီးရှို့ခံရမှုကို လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်တစ်ဦး။ ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ) |
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မြို့ခံများ၏ နာရေးကိစ္စများဆောင်ရွက်ရာတွင် သုသာန် သို့သွားရောက်ရန် အခက်အခဲဖြစ်နေကြောင်း ဒေသခံများက ပြောသည်။ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သောဆူပူအကြမ်းဖက်မှုများကြောင့်
သေဆုံးခဲ့သူအချို့ကိုမြေချရန် စစ်တွေ မြို့နှင့် ၆မိုင်ကွာဝေးသော မှန်စီ သချိုင်းသို့သွား ရပြီးအဆို ပါနေရာသို့ သွားရန် ဘင်္ဂါလီလူမျိုးများအများ ဆုံးနေထိုင်သောဘုမေ၊ သဲချောင်းရွာများကိုဖြတ် သန်း သွားရပြီးအသုဘ ချရန်သွားစဉ် စောင့်ဆိုင်းရန်ရှာမှု့များရှိသဖြင့် နာရေးကိစ္စဆောင် ရွက်ရန် ခက် ခဲနေခြင်းဖြစ်ကြောင်း ဒေသခံ များက ပြောကြားသည်။
လွန်ခဲ့သော နှစ်ရက်ခန့်က စစ်တွေမြို့မှ နာရေးတစ်ခုကို ပို့ဆောင်ရာ ဘင်္ဂါလီလူမျိုးများနေ ထိုင် သည့်ရွာ များကိုဖြတ်သန်းစဉ်အုပ်စုဖွဲ့စောင့်ဆိုင်းကာ ခဲများဖြင့်ပစ်ပေါက်ခြင်း များရှိ ခဲ့သဖြင့်စစ်တွေမြို့ခံများ ကနာရေး ပို့ဆောင်ရန် စိုးရိမ်ထိတ် လန့်နေကြခြင်းဖြစ်ကြောင်းဒေ သခံများ ကပြောကြားသည်။
ဇွန်လ ၁၃ရက်နေ့တွင် စစ်တွေမြို့မှ နာရေးတစ်ခုပို့ဆောင်ရာတွင် လုံခြုံရေး အစောင့် အကြပ် များနှင့်ပြီး ဆုံးအောင်ဆောင်ရွက်ခဲ့ရကြောင်း ဒေသခံများက ပြောကြားသည်။
7Day News Journal
မူရင်းလင့်။http://www.thithtoolwin.com/2012/06/blog-post_8037.html
No comments:
Post a Comment