၁၉၈၂ နိုင်ငံသား ဥပဒေ မပြင်ဟု သမ္မတပြော
 နိုင်ငံတကာက ဖိအားပေးမှုများရှိနေသော်လည်း ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား 
ဥပဒေကို ပြင်မည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က 
နော်ဝေခရီးစဉ်တွင် DVB သတင်းဌာနှင့် တွေ့ဆုံမေးမြန်းခန်း တွင် ဖြေကြားသည်။
 
 ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေသည် မြန်မာနိုင်ငံကို အကာအကွယ်ပေး 
ထားသည့် ဥပဒေဖြစ်ကြောင်း၊ ပညာရှင်များ အချိန်များစွာယူပြီး အတွေ့အကြုံအပေါ် 
အခြေခံကာ ရေးဆွဲထားသော ဥပဒေဖြစ်သည်ဟု သမ္မတက ပြောသည်။
 
 “နော်ဝေ မှာတောင် ၇နှစ်နှစ် နေပြီးမှ နိုင်ငံသားအဖြစ် ဖြစ်ခွင့် ပြုတယ်“ ဟု ၄င်းက ဆိုသည်။
 
 မြန်မာနိုင်ငံ၏ နောက်ခံသမိုင်းကြောင်း၊ လက်ရှိ ပကတိအခြေအနေ၊  လူဦးရေ 
အခြေအနေနှင့် နော်ဝေ နိုင်ငံနှင့် မတူသည်မှာ မှန်နေသော်လည်း  
ကိုယ့်နိုင်ငံကို အကာအကွယ်ပေးရန် ရေးဆွဲထားသည်ဟု ယူဆကြောင်း 
 သမ္မတက ပြောသည်။
 
 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် 
ကင်တားနားကမှု ဘင်္ဂါလီများကို နိုင်ငံသား ဖြစ်ခွင့်ပေးရန် ၁၉၈၂ခုနှစ် မြန်မာ 
နိုင်ငံသား ဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံသို့ လာရောက်သော
  နောက်ဆုံးခရီးစဉ် နှစ်ကြီ်မ်တွင် ပြောကြားသည်။
 
 “အစိုးရကတော့ ပြင်ဖို့ မရှိဘူး။ ဒါပေမယ့် လွှတ်တော်ထဲမှာတော့ ဘယ်လိုတွေ သဘောထား ရှိလဲတော့ မသိဘူး။“ ဟု ဦးသိန်းစိန်က ထပ်မံသည်။
 
 ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို အမြန်ဆုံး 
(အမြန်ဆုံး) အကောင်အထည်ဖော်ရန် အပါအ၀င် အချက်ခြောက် ချက်ဖြင့် ဒေသခံ 
တိုင်းရင်းသား ၄၀၀၀ကျော် ဆန္ဒပြခဲ့ကြသည်။
 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment