Monday 3 December 2012

UN လူသားချင်းစာနာထောက်ထားမှု အထွေထွေ အတွင်းရေးမှူးချုပ် ရခိုင်လာမည်

ကုလသမဂ္ဂ UN လူသားချင်း စာနာ ထောက်ထားမှုနှင့် အရေးပေါ်ကူညီရေး ဆိုင်ရာ အထွေထွေ အတွင်းရေးမှူးချုပ် Ms. Valerie Amos က ယခု လဆန်းပိုင်းတွင် ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာမည်ဖြစ်ကြောင်း UN က ဒီဇင်ဘာလ ၁ရက်နေ့တွင်ထုတ်ပြန်သည်။

Ms. Valerie Amos သည် ဒီဇင်ဘာလ ၂ရက်နေ့မှ ၈ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်းနိုင်ငံ သုံးနိုင်ငံကို လာရောက်မည်ဖြစ်ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့မှာ ၄င်း၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။

မြန်မာနိုင်ငံမှ ဒေသ အာဏာပိုင်များနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး နှင့် တည်ငြိမ်အေးချမ်းရေးကို အဓိကထား ဆွေးနွေး သွားမည်ဖြစ်သည်။

UN အဖွဲ့အစည်းများလာရောက်မှု လုပ်ဆောင်မှုများတွင် ဘင်္ဂါလီများကိုသာ ဦးစားပေး ကူညီလုပ်ဆောင်နေသဖြင့် ရခိုင်တိုင်းရင်းသားများက ကန့်ကွက်ဆန္ဒပြမှုများ ယခုနှစ်အတွင်း ဆက်တိုက်ဖြစ်ပွါးခဲ့သည်။

No comments:

Post a Comment