မောင်တောမြို့ နယ် ပညာရေးမှူး ၀န်ထမ်းလစာငွေများကို ထုတ်ယူစားထား-
 မောင်တောမြို့ နယ် ပညာရေးမှူး ဦးကြာလှထွန်းသည် ၂၀၁၂-ခုနှစ် အောက်တိုဘာလ 
ပညာရေးဝန်ထမ်း ဆရာ/မများ တရာကျော်၏ လစာငွေများကို ထုတ်မပေးဘဲ 
မိမိ၏သဘောအတိုင်း ထုတ်ယူစားထားကြောင့် သတင်းရရှိသည်။
ပညာရေးဝန်ထမ်း ဆရာ/မများသည် ၂၀၁၂-ခုနှစ် ဇွန်လနှင့် အောက်တိုဘာလအတွင်း 
ဖြစ်ပျက်ခဲ့သော ရခိုင်နှင့် ကုလားပဋိပက္ခကြောင့် သူတို့ တာ ၀န်ကျရာ 
ကုလားရွာများရှိ စာသင်ကျောင်းများသို့  အသက်အန္တရာယ်ကို စိုးရိမ်ကြောက်ရွံ 
့ရသည့်အတွက် မသွားရောက်နိုင်ကြသည်ကို အကြောင်းပြ အပြစ်ဖို့ ကာ ဆရာ/မများ၏ 
၁၀/၂၀၁၂ လစာငွေကို ထုတ်မပေးဘဲ ဦးကြာလှထွန်း (မြို့ နယ်ပညာရေးမှူး) 
သဘောအတိုင်း ယူထားကြောင်း အမည်မဖေါ်လိုသူ ပညာရေးဝန်ထမ်း များက ဆိုသည်။
 ဆရာ/မများသည် သူတို့ တာဝန်ကျရာ ကုလားရွာများသို့  မသွားရောက်နိုင်သော်လည်း
 နီးစပ်ရာ အထက၊ အလကနှင့် အမကကျောင်းများတွင် စာသင်ကြားပြပေးနေသည်ကိုလည်း 
၎င်းမြို့ နယ်ပညာရေးမှူးက အသိအ မှတ်မပြုဟု ဆိုသည်။
 ဆရာမတစ်ဦးက 
သူမ၏ခံစားချက်ကို ပြောပြသည်မှာ `ကုလားတွေဟာ သူတို့ ရဲ့ ဆရာ/မတွေတောင် 
သေအောင် လည်ဖြတ်သတ်တာကို ကျမတို့  မျက်မြင်ကိုယ်တွေ့ ကြုံပြီးမှတော့ 
ထပ်ပြီး ကုလားတွေကို စာပြဖို့  သွားရမှာ ၀ံ့ပါအုံးတော့မလား၊ စဉ်းစားသာ 
ကြည့်ပါတော့နော်။ အဓိပ္ပာယ်မရှိလိုက်တာ။ လောကမှာ ကို့  အသက်လောက် 
တန်ဖိုးရှိတာ ရှိပါအုံးမလား။ အခုတော့ မြို့ နယ်ပညာရေးမှူး ဦးကြာလှထွန်းက 
ကျမတို့  ၀န်ထမ်း တရာကျော်ရဲ့  လစာငွေ သိန်း (၇၀) ကျော်ကို သူ 
့ကိုယ်ပိုင်ဥစ္စာလိုမှတ်ပြီး စားထားဝံ့တယ်။ အဲဒီငွေတွေကို ကျမတို့ ကို 
အမှန်ထုတ်မပေးရင် ဘဏ်ကိုဘဲ ပြန်သွင်းရမှာပါ။´ ဟု ဆိုသည်။
အဆိုပါသတင်းနှင့်စပ်လျဉ်း၍ အဓိက လစာငွေ မရှိရသော ကျောင်းဆရာ/မအများဆုံးမှာ 
ဇော်မတက်နှင့် ဥဒေါင်းကျေးရွာမှ ဖြစ်သည်ဟု ဆိုသည်။ ယင်းအပြင် မောင်တောမြို 
့နယ်တွင် တာဝန်ကျသော ဆရာ/မများက
 ဦးကြာလှထွန်းကို မကျေမနပ်ဖြစ်နေကြသည်။ မြို့ နယ်ပညာရေးမှူး 
ဦးကြာလှထွန်းသည် မောင်တောမြို့ နယ် သို့  တာဝန်ကျသည်မှာ (၂)နှစ်ခန် 
့ရှိပြီး မြောက်ဦးမြို့ နယ်သားတဦးဖြစ်သည်ဟု သိရှိရသည်။ သူသည် ကုလား 
အရေးနှင့် ပတ်သက်၍ တာဝန်ခံမှုနည်းက တာဝန်များကိုလည်း 
အမြဲခြိမ်းခြောက်စကားဆိုကြောင့် ပညာရေးဝန် ထမ်းများက ဆိုသည်။
No comments:
Post a Comment