Tuesday 4 December 2012

ဘင်္ဂလားဒေ့နိုင်ငံသို့ ဆိတ်တင်ပို့ခွင့်မရ၍ မွေးမြူသူများ ဈေးအနှိမ်ခံနေရ

အာရကန်ကိုကို (မြစ်မခ)



မြန်မာ-ဘင်္ဂလားဒေ့ရှ်၊ မောင်တောနယ်စပ်ဒေသမှ ဘင်္ဂလားဒေ့နိုင်ငံသို့ ဆိတ်တင်ပို့ရောင်းချမူအား ရပ်ဆိုင်းထားရသည့်အတွက် ဈေးအနှိမ်ခံနေရကြောင်း  ဒေသခံဆိတ်တင်ပို့ရောင်းချနေသူများထံက သိရှိရသည်။
 
 
မောင်တော်ဒေသတွင် ဆိတ်မွေးမြူရေးကို စီးပွားဖြစ်တွင်ကျယ်စွာလုပ်ကိုင်ကြပြီး နယ်စပ်တင်ပို့မူ မရပ်ဆိုင်းခင် အချိန်ထိ နေ့စဉ် ဘင်္ဂလာဒေ့ရှ်သို့ ဆိတ်ကောင်ရေ (၁၀၀)မှ (၁၅၀)အထိ တင်ပိုနေရ ကြောင်း သိရှိရသည်။
 
  " နယ်စပ်ဖြတ်ကျော် သွား လာနေတဲ့ ဒေသခံတွေ အသက်အန္တရာယ်အတွက် စိုးရိမ်လို့ သက်ဆိုင်ရာ ပိတ်ထားကြတာလို့ ပြောပါတယ်။ ဒီလိုပိတ်ထားတော့ တစ်ဖက်ကကောင်းသလို တစ်ဖက်က ကူးသန်း ရောင်းဝယ်မူတွေအတွက် အခက်အခဲ တွေဖြစ်လာကြတယ်"ဟု မောင်တောနယ်စပ်ဒေသ ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
  
 ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆိတ်တင်ပို့မှုကို နိုင်ဝင်ဘာ(၆)ရက်နေ့တွင် နယ်စပ်ဆောက်လုပ်ရေးတပ်ဖွဲ့(GE) သုံးဦး ပြန်ပေးဆွဲခံရမူနှင့် ပတ်သက်၍ နယ်စပ်ဖြတ်ကျော်သွားလာခြင်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့ပြီး  ဆိတ်တင်ပို့ရောင်းချခြင်းလုပ်ငန်းကိုလည်း နိုဝင်ဘာလလယ်ပိုင်းက ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။
 
  အဆိုပါ ဒေသရှိ နယ်စပ်ဖြတ်ကျော်သွားလာနိုင်သည့် ဂိတ်ပေါက်(၁၀)ဂိတ်ကျော် ရှိပြီး ထိုဂိတ်များမှာ တရား ၀င်ဖွင့်လှစ်ထားသော ဂိတ်များမဟုတ်ပဲ နယ်စပ်ဒေသခံများ စီးပွားရေးအတွက် ရှေးရှု ဖွင့်လှစ် ဆောင် ရွက် ပေးထားခြင်းဖြစ်ကြောင်း သိရှိရသည်။

  နယ်စပ်ဒေသဖြတ်ကျော်ခွင့်ပိတ်ပင်ထားခြင်းကြောင့် ဒေသတွင်းလုံခြုံမူရှိလာနိုင်သော်လည်း စီးပွား ရေးလုပ်ငန်းများတွင် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ဆိုသည်။
 
  "နယ်စပ်ဖြတ်ကျော်သွာလားမှုကို ရပ်ဆိုင်ထားတော့ ဘယ်နည်းနဲ့တင်ပို့လို့ရမလဲ၊ ဘင်္ဂလားဒေ့ရှ်ကို တင်ပို့မ ရတော့  ဈေးကွက်မှာလဲ ရောင်းချလို့လည်း အဆင်မပြေဘူး၊ ဈေးအနှိမ်ခံရတာက ပိုဆိုးတယ်၊ ဆိတ် သားဈေးကွက် အ၀ယ်တော် ပွဲစားတွေကလည်း အခွင့်ကောင်းယူပြီး ဈေးနှိမ်ကြ တယ်" ဟု မောင်တော မြောက်ပိုင်း ဘော်တလာ (ဗန္ဒုလ) ကျေးရွာမှ ဆိတ်ရောင်းဝယ်ပြုလုပ်နေသူ တစ်ဦးက ပြော သည်။
 
တရားဝင်မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းအမှတ် (၁)လူဝင်လူထွက်စစ်ဆေးရေးဂိတ်အား နိုဝင်ဘာ (၂၄)ရက်နေ့တွင် ပြန်လည်ဖွင့်ပေးခဲ့သော်လည်း နယ်စပ်ဖြတ်ကျော်သွားလာသူ နည်းပါးသွား ကြောင်းကိုလည်း သိရှိရသည်။

http://www.myitmakhamediagroup.com/detail.php?newid=3331&catid=23

No comments:

Post a Comment