လူတိုင်းက ကိုယ့်တိုင်ပြည်ကို ကိုယ်ချစ်တတ်ကြပါတယ်။ တိုင်းပြည်ကို မချစ်တဲ့သူရယ်လို့တော့မရှိပါဘူး
ဒါကြောင့် ရှိတဲ့အင်အား၊ ရရာလက်နက်တွေနဲ့ 
ခုခံတော်လှန်တိုက်ခိုက်ခဲ့ကြတယ်။
 ဒါ ရခိုင်သမိုင်းပဲ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာရေးထိုးလိုက်ကြတဲ့ ရခိုင် 
သမိုင်းစာမျက်မှာသစ်ဖြစ်ပါတယ်။ အသက်စွန့်ခဲ့သူတွေကိုလည်း 
သူရဲကောင်းလို့ကျွန်တော်တို့ သတ်မှတ်ပါတယ်။ အင်အားချင်း ၊ လူဦးရေချင်း 
မတူညီပေမယ့် စိတ်တတ်အင်အားတွေနဲ့ မတုန်မလှုပ်ကာကွယ်ခဲ့ကြတာ 
သူရဲကောင်းတွေပါဘဲ။ သူရဲကောင်း ဆိုတာ သီးခြားသတ်မှတ်ထားတဲ့ 
သွင်ပြင်လက္ခဏာမရှိပါဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမယ့် 
လက်ရှိရခိုင်ပြည်နယ်အနေအထားကို ပြန်ကြည့်ရင် အတွေးခက်စေသလို 
အရေးလည်းခက်ပါတယ်။ ကြည့်လေ ရခိုင်ပြည်မှာနေပြီးတော့ 
ရခိုင်တိုင်းရင်းသားတွေဟာ အိုးအိမ်တွေ၊ ပိုင်ဆိုင်မှုတွေကို လက်လွှတ်ပြီး 
ဘေးကင်းရာကို ခိုလှုံနေကြရတယ်။ အပြင်မထွက်ရဲအောင်ဖြစ်လာတယ်။ ကျေးလက်ဒေသမှာ 
ငါးရှာဟင်းခူး တောင်မှ မသွားရဲတဲ့အနေအထားကိုရောက်နေတာကိုတွေ့ရတယ်။
 အိမ်ရှင်က ဧည့်သည်ကို ကြောက်လန့်နေရတဲ့ဘ၀ တစ်ခုကိုတွေ့လာရတယ်။ 
ခေတ်တစ်ခုကို ဖြတ်သန်းနေရ တယ်။ အိပ်မက်မဟုတ်တဲ့လက်တွေ့ 
အခြေအနေထားသုံးသပ်မိရင် ရင်နာဖို့ကောင်းတယ်။ ဘယ်သူ့မှာ အပြစ် ရှိသလဲ။ 
ဘယ်သူတွေက မှားနေသလဲ ဆိုတာ သေချာစဉ်းစားပေးကြပါ။ ဒုတိယ 
ကိုဆိုဘိုဖြစ်လာမလားလို့ ဆောင်းပါးရှင်တစ်ဦးရေးခဲ့တာ မကြာသေးခင် အတွင်းက 
တွေ့လိုက်ပါတယ်။ ကိုဆိုဘိုလို ဇာတ်လမ်းတွေဖြစ် လာတယ်။ ဖြစ်ပျက်နေတာတွေကလည်း
 အတော်လေးဆင်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ သတိထားရ မယ်ဆိုတာ 
ကြိုပြီးပြောဖိုလိုအပ်နေပါပြီ။ ရခိုင်မှာ ခိုင်မာတဲ့နောက်ခံ 
အဖွဲ့အစည်းမရှိဘူး။ ကူညီနိုင်တာက မြန်မာနိုင်ငံတစ်ဝှမ်းလုံးက ပြည်သူတွေနဲ့ 
အစိုးရပဲရှိတယ်။ ဘင်္ဂလီတွေမှာကျတော့ နိုင်ငံတကာက ခိုင်မာတဲ့အဖွဲ့အစည်းတွေ 
အားပေးတယ်။ ကျောထောက်နောက်ခံရှိတယ်။ အဲဒါကိုစဉ်းစားရင် မြန်မာနိုင်ငံထဲက 
တိုင်းရင်းသားတွေ ဆိုတာကို ကျွန်တော် တို့ မေ့ထားလို့မရပါဘူး။ 
တိုင်းရင်းသားအချင်းချင်းလည်း ကူညီဖို့လိုပါတယ်။ ဒါကြောင့် 
တခြားတိုင်းရင်းသားတွေ ရခိုင်အတွက် ဘယ်လောက်အကူအညီပေးနေကြ့ပီလဲ။ ဘယ်လောက် 
ကူ ညီခဲ့ပြီလဲဆိုတာ ထည့်တွက်စဉ်းစားသင့်သလို ရခိုင်တွေကကော 
တခြားတိုင်းရင်းသားတွေရဲ့အရေးမှာ
 ဘယ် လောက်ပါဝင်ကူညီခဲ့သလဲ ဆိုတာ ပြန်ကြည့်ဖို့လိုပါမယ်။ သမိုင်းအတုတွေနဲ့ 
မဟုတ်မဟတ်တွေပြောနေသူတွေတောင် ဒီလောက်ထိ လုပ်ခွင့်ရနေကြတယ်ဆိုရင် သမိုင်း 
မှတ်တိုင်တွေအခိုင်အမာရှိနေတဲ့ ရခိုင်တိုင်းရင်းသားတွေကကော ဘာကြောင့် 
ဘာမှမလုပ်နိုင်ကြတလဲ။ သေနပ် ဒဏ်ရာနဲ့သေဆုံးခဲ့ရသူတွေ 
ဆယ်ဂဏန်းမကရှိခဲ့တာကိုကော ဘယ်လို ကောက်ချက်ချမလဲ။ နွံတစ်ခုထဲ နစ် နေ 
ရသူတွေလို လှုပ်လေနစ်လေဘ၀ နဲ့ စခန်းသွားရတော့မှာလား။ ကျွန်တော်တို့တွေဟာ 
ဒီမေးခွန်းတွေကို ထိုင်စဉ်းစားတိုင်း ခေါင်းတွေခြောက်ခဲ့ရတယ်။ နိုင်ငံတော်က
 ----မရှိဘူးလို့ ပြောထားရက်သားနဲ့ ဒီဘင်္ဂလီတွေကို ဘင်္ဂလီလို့မခေါ်ဘဲ ---လို့ 
ခေါ်ဝေါ်သုံးစွဲနေ ကြတဲ့ မီဒီယာသမားတွေကိုကော စွဲချက်တင်နိုင်တဲ့ 
ဥပဒေတွေမရှိတော့ဘူးလားလို့ မေးချင်တယ်။ ဒီလိုမီဒီယာ တွေကမြှောက်ပင့်နေလို့ 
ဘင်္ဂလီတွေဟာ အခုထိ နယ်မြေကိုအပိုင်လိုချင်တဲ့ဆန္ဒဖြစ်ပေါ်နေတာလို့
 ယူဆတယ်။ နောက်တစ်ခုပြောချင်တာက- ရခိုင်ပြည်နယ်အရေးမှာ 
ကြိုးကိုင်လှုပ်ရှားနေသူတွေကို သတင်းအတိကျပေးကြပါ၊ ဖမ်းဆီးအရေးယူမယ်လို့ 
ပြောလာတယ်။ အဲဒါကော ဘာကိုဆိုလိုတာလဲ ဆိုတာမရှင်းဘူး။ 
တကယ်ကောအရေးယူခဲ့သလားဆိုတာ မေး ခွန်းတစ်ခုဖြစ်နေတယ်။ ပြဿနာဖြစ်တုန်းက 
ဦးဆောင်ခဲ့တယ်လို့ အခိုင်အမာပြောနိုင်လို့ ဖမ်းခဲ့တဲ့သူတွေကို 
ကောဘာကြောင့် ပြန်လွှတ်ခဲ့တာလဲ။ အပြစ်ရှိရင် အပြစ်ပေးမယ်လို့ပြောတာဟာ 
လွှတ်ပေးလိုက်သူတွေကို ပြန် မဖမ်းဘဲ
 ဘာကြောင့် 
လေသေနပ်ပစ်နေတာလဲလို့ မေးချင်တယ်။ ယုတ်တိဗေဒအရ စဉ်းစားကြည့်ရင် ရခိုင်ရွာ 
တွေကို မီးရှို့ခဲ့သူတွေ အခုထိ အသွားမပျက်၊ အစားမပျက် ရှိနေတယ်။ အဲဒါကို 
ဘာပြောမလဲ။ မောင်တော၊သ ရီကုန်ဘောင်ရွာသားတွေကိုမေးကြည့
 

 
No comments:
Post a Comment