လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးအတွက် သပိတ်စခန်းဖွင့် 
ဆန္ဒပြခဲ့ကြရာမှာ အကြမ်းဖက် ဖြိုခွင်းတာကနေ လွတ်မြောက်လာကြတဲ့ သံဃာတော်အပါး 
၂ဝဝ လောက်ဟာ ဒီကနေ့နေ့လည် ၁နာရီမှာ မန္တလေးမြို့၊ မဟာမြတ်မုနိဘုရားကြီး 
အရှေ့မုခ်ကနေ မြို့ကိုတစ်ပတ်ပတ်ပြီး ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
 
 ဆန္ဒပြရတာနဲ့ပတ်သက်ပြီး ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ ဦးကောမလက RFA ကို အခုလို မိန့်ကြားပါတယ်။
 
 "ပြည်သူကို အန္တရာယ်မဖြစ်အောင် ဝင်ရပ်ပေးခဲ့တဲ့ သံဃာတော်တွေကို 
ဒီလောက်ရက်ရက်စက်စက် ဖြိုခွင်းတာမလိုလားပါဘူး၊ တကယ်လိုချင်တာ ကြားထဲက 
ညှိနှိုင်းစေ့စပ်မှုနဲ့ တရားမျှတမှုသက်သက်ကို ပုံဖော်တဲ့သဘောပဲ၊ 
ဒီစီမံကိန်းတစ်ခုလုံးကို ရပ်ဆိုင်းပစ်ဖို့ သွားတာမဟုတ်ဘူး၊ အခုအခါ 
လူမျိုးကြားတွေကျတော့ရှိရင် မျက်နှာချိုသွေး အောက်ကျခံ တကယ့် 
ကိုယ့်လူမျိုးအချင်းချင်းကျရင် ပိုးစိုးပက်စက်နှိပ်စက်နေတဲ့ နှစ်ပေါင်း 
၅ဝကျော် အတွေးတွေကို ရပ်တန်းကရပ်ဖြစ်ဖို့လုပ်တာဖြစ်တ
 
 ဒီကနေ့ဆန္ဒပြပွဲကို လူထုပရိတ်သတ် ၁ဝဝ လောက် ဝန်းရံလိုက်ပါခဲ့ကြပြီး နေ့လည် 
၂နာရီခွဲမှာ ပြီးဆုံးခဲ့ပါတယ်။ အာဏာပိုင်တွေဘက်ကတော့ တစုံတရာ 
နှောက်ယှက်တာမျိုးမရှိဘဲ အဝေးကစောင့်ကြည့်တာမျိုးတွေပဲ ရှိပါတယ်။
 
Ref- RFA 
"ပြည်သူကို အန္တရာယ်မဖြစ်အောင် ဝင်ရပ်ပေးခဲ့တဲ့ သံဃာတော်တွေကို ဒီလောက်ရက်ရက်စက်စက် ဖြိုခွင်းတာမလိုလားပါဘူး၊ တကယ်လိုချင်တာ ကြားထဲက ညှိနှိုင်းစေ့စပ်မှုနဲ့ တရားမျှတမှုသက်သက်ကို ပုံဖော်တဲ့သဘောပဲ၊ ဒီစီမံကိန်းတစ်ခုလုံးကို ရပ်ဆိုင်းပစ်ဖို့ သွားတာမဟုတ်ဘူး၊ အခုအခါ လူမျိုးကြားတွေကျတော့ရှိရင် မျက်နှာချိုသွေး အောက်ကျခံ တကယ့် ကိုယ့်လူမျိုးအချင်းချင်းကျရင် ပိုးစိုးပက်စက်နှိပ်စက်နေတဲ့ နှစ်ပေါင်း ၅ဝကျော် အတွေးတွေကို ရပ်တန်းကရပ်ဖြစ်ဖို့လုပ်တာဖြစ်တ
ဒီကနေ့ဆန္ဒပြပွဲကို လူထုပရိတ်သတ် ၁ဝဝ လောက် ဝန်းရံလိုက်ပါခဲ့ကြပြီး နေ့လည် ၂နာရီခွဲမှာ ပြီးဆုံးခဲ့ပါတယ်။ အာဏာပိုင်တွေဘက်ကတော့ တစုံတရာ နှောက်ယှက်တာမျိုးမရှိဘဲ အဝေးကစောင့်ကြည့်တာမျိုးတွေပဲ ရှိပါတယ်။
 
 
No comments:
Post a Comment