ပြည်တွင်းမီဒီယာများတွင်ရိုဟင်ဂျာ  ဘင်္ဂလီဟုရေးသားကြဖို့ မေတ္တာရပ်ခံပေးရန် ရခိုင်သတင်းစာဆရာအသင်းမှ MJA ဥက္ကဋ္ဌ မောင်ဝံသ ထံတောင်းဆို 
 မြန်မာနိုင်ငံသတင်းစာဆရာ အသင်း(MJA) ဥက္ကဋ္ဌ ဆရာမောင်ဝံသ နှင့် ရခိုင်ပြည်နယ်
 သတင်း စာဆရာအသင်းတို့ စက်တင်ဘာ ၉ ရက်နေ့ မနက် ၁၀ နာရီ က စစ်တွေမြို့ 
ရွှေသဇင်ဟိုတယ်တွင် တွေ့ဆုံခဲ့ကြရာ ရခိုင်ပြည်နယ်သတင်းဂျာနယ် အယ်ဒီတာ 
ဗဂျီးကျော်က ပြည်ပ မီဒီယာမဆို ထားနှင့် ပြည်တွင်း မီဒီယာတချို့တွင် 
ရိုဟင်ဂျာဟုသုံးစွဲနေခြင်းအားရပ်တန့်ပြီး ယခင်အစဉ်အဆက်သုံးလာသည့် 
ဘင်္ဂလီဟုသုံးကြရန် MJNက စာထုတ်ပေးပါ မည့်အကြောင်းတောင်း ဆိုခဲ့သည်။
 
ရခိုင်ပြည်နယ်ပြန်ဆက်ရုံး၌ သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ကျွန်းသားငမန်း၏ 
ညီလာခံအတွေ့အကြုံရှင်း လင်းပွဲအပြီး၊ ဆရာတောာ်ဦးဥတ္တမရုပ်ထု 
ပန်းခွေ ချပြီးနောက၊် ရခိုင်ပြည်နယ်တွင်းပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင် 
တာဝန်ဖြင့် စစ်တွေမြို့တွင် ခေတ္တရောက်ရှိနေသော ဆရာမောင်ဝံသ နှင့် ဆက် လက် 
တွေ့ဆုံပွဲတွင် ယခုကဲ့သို့တောင်းဆိုခဲ့ခြင်းဖြစ်သည်။
 
"နိုင်ငံတော်သမ္မတကိုယ်တိုင်က မြန်မာနိုင်ငံမှာ 
ရိုဟင်ဂျာဆိုတာမရှိဘူးလို့ပြောထားတယ်။ တိုင်းရင်းသား ၁၃၅ မျိုးမှာလဲ 
ရိုဟင်ဂျာမပါ ဘူး။ နိုင်ငံအစိုးရ အဆက်ဆက်ကလဲ ဘင်္ဂလီလို့ပဲသုံးလာခဲ့တာ။ 
ရခိုင်တိုင်းရင်းသား တွေကလဲ ရိုဟင်ဂျာကိုသုံးတာလုံးဝမကြိုက်ဘူး။ ဒါကြောင့် 
ခေတ်အဆက် ဆက်တောက် လျှောက် သုံးလာခဲ့တဲ့ ဘင်္ဂလီဆိုတဲ့စကားလုံးကိုပဲ 
သုံးကြဖို့ MJAကနေ ပြည်တွင်းမီဒီယာတွေကို မေတ္တာရပ်ခံပေးဖို့ ရခိုင်ပြည်နယ် 
သတင်း စာဆရာအသင်းကိုယ်စား တောင်းဆိုတာပါ" ဟု ဗဂျီးကျော်ကဆိုသည်။
 
ဆရာမောင်ဝံသက ပြည်တွင်းမီဒီယာတချို့၌ ဘင်္ဂလီများအား ရိုဟင်ဂျာ ဟု ဖော်ပြ 
နေခြင်းနှင့်ပတ်သက်၍ 
စာပေစီစစ်ရေးမရှိတော့ သည့်နောက်ပိုင်းမိမိတို့ အနေဖြင့် သတင်းဂျာနယ်များကို 
ဘယ်လို ရေးပါ၊ ဘယ်လို မရေးပါနှင့်ဟုညွှန်ကြားခွင့် မရှိသော်လည်း 
မေတ္တာရပ်ခံစာပေးပို့မည် ဆိုကဖြစ်နိုင် ပါကြောင်း ပြန်လည်ရှင်းလင်း ခဲ့သည်။ 
 ယင်းသို့တွေ့ဆုံရာတွင် ဆရာမောင်ဝံသက မြန်မာနိုင်ငံသတင်းစာဆရာအသင်း MJAသည် 
၁၉၆၂ ၀န်းကျင်က ဖျက်သိမ်းခံခဲ့ရသော 
BJAကို ဆက် ခံခြင်းဖြစ်ကြောင်း၊စစ်အစိုးရခေတ်အဆက်ဆက်မှာ နည်းမျိုးစုံနှင့် 
ကြိုးပမ်း ခဲ့ကြသော သတင်းစာဆရာကြီးများကိုလည်း ကျေးဇူးတင်ကြောင်း၊ 
အာဏာ ရှင်စနစ်နှင့် စာလျင်ဒီမိုကရေစီ ခေတ်မှာ 
ပိုပြီးတော့လွတ်လပ်မှုရှိလာကြောင်း၊ တခြားသတင်းစာဆရာသမဂ္ဂများကိုလည်း 
အချင်းချင်း လေးစား ရ မှာဖြစ်ကြောင်း၊ 
အထူးသဖြင့်မြန်မာသတင်းစာဆရာများကွန်ယက်(MJN)ဆိုလျင်မိမိနှင့်အထူးပင် 
တရင်းတနှီး ရှိကြောင်း၊ မကြာမီ စာနယ်ဇင်းကောင်စီကို 
စနစ်တကျဖွဲ့စည်းသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့သည်။
 
ရခိုင်ပြည်နယ်သတင်းစာအသင်းမှ တင်ပြရာတွင် ဥက္ကဋ္ဌ ကျွန်းသားငမန်းက 
အသင်းဝင်ကဒ်ထုတ်ပေး ရေးကိစ္စ နှင့် သတင်းထောက်သင်တန်း ကိစ္စ၊ 
မော်ဒန် သတင်းဂျာနယ်မှ ဦးအောင်လင်းဟိန်းက စက်တင်ဘာ ၇ ရက်နေ့က 
စစ်တွေလေဆိပ်အ၀င်ဂိတ်တွင် ဆရာဗဂျီးကျော်၏ သတင်းထောက်ကဒ်(Press 
ID) ကိုလုံခြုံရေးက တောင်းယူထားလိုက်ခြင်းကိစ္စရပ်များကို 
မေးမြန်းတင်ပြကြသည်။
 MJA ဥက္ကဋ္ဌကပြန်လည်ဖြေကြားရာတွင် 
သတင်းစာဆရာအသင်းဝင်ကဒ်များမထုတ်ပေးမီ မိမိတို့ပြည်နယ် 
အလိုက်လိုအပ်သလို အဆင်ပြေအောင်ဆောင် ရွက်နိုင်ပါကြောင်း၊ သတင်းထောက်သင်တန်းများကို အခြေအနေအရ ရန်ကုန်၌သာ စီစဉ်လျက်ရှိသေးကြောင်း၊လွတ်
 လပ်စွာသ တင်းယူခွင့်နှင့် ပတ်သက်၍ သက်ဆိုင်ရာပြည်နယ် တိုင်းဒေသကြီးအစိုးရ 
အဖွဲ့များအနေဖြင့်မိမိတို့ လုပ်ပိုင်ခွင့်ဖြင့် 
စတုတ္ထမဏ္ဍိုင်ကိုပွင့်လန်းရှင်သန် လာအောင် လုပ်ပေးနို င်ပါက 
ယခုထက်ပို၍အားကောင်းလာမှာ ဖြစ်ကြောင်းဖြင့်ဖြေကြား ခဲ့သည်။
 အဆိုပါ 
တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်သတင်းစာဆရာအသင်းမှ အသင်းဝင် သတင်းထောက် ၁၉ ဦး
 တက် ရောက်ခဲ့ပြီး၊ ဆွေးနွေးမှုကို နေ့လည် ၁၁ နာရီတွင် အဆုံးသတ်ခဲ့သည်။
 
အလားတူ ပြည်နယ်အစိုးရအဖွဲ့မှလည်း ရိုဟင်ဂျာဟုပြောဆိုနေခြင်းသည် 
ပြန်လည်သင့်မြတ်ရေးကို ဝေးကွာ စေသော စကားတစ်ရပ်ဖြစ်ကြောင်း လည်း 
ပြောဆိုမှုများရှိကြောင်းသိရှိရပါသည်။
 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment