| ကျောက်တော်မြို့နယ်၊ သရက်အုပ်ကျေးရွာမှ ဦးကျော်မောင်ချေ 
(အသက်-၆၃)နှစ်(ဘ) ဦးဖိုးအောင်ဆိုသူ ရခိုင်တိုင်းရင်းသားတစ်ဦး လည်ပင်း 
ဒဏ်ရာဖြင့် စက်တင်ဘာလ ၁၂ ရက်နေ့က သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ 
 
 ဖြစ်စဉ်မှာ ဦကျော်မောင်ချေသည် မလေးရှားနိုင်ငံရှိ သားဖြစ်သူထံမှ 
ပေးပို့လိုက်သော ငွေကို ထုတ်ယူ ရန် ကျောက်တော်မြို့သို့ သွားခဲ့ကြောင်း၊ 
ညအချိန်ထိ ရွာသို့ပြန်မရောက်သဖြင့် ရွာသား ၃၀ ဦးဖြင့် ရှာဖွေကြ ရာ စက်တင်ဘာလ
 ၁၂ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်တွင် ပိုက်သည်ရပ် ဘင်္ဂါလီကျေးရွာ ၏ 
ခြောက်ဖာ လုံခန့်အကွာ လယ်ကွင်းပြင်တွင် လည်ပင်းပြတ်ရှ ဒဏ်ရာ၊ 
ဝဲနားနောက်ပြတ်ရှဒဏ်ရာ၊ ယာပါးပြတ်ရှဒဏ်ရာ၊ ဂုတ်ပိုးပြတ်ရှဒဏ်ရာ 
ဖြင့်သေဆုံးနေသည်ကို တွေ့ရှိပြီး အလောင်းအား ကျောက်တော်ဆေးရုံသို့ 
သယ်လာ ခဲ့ကြောင်းနှင့် ဥပဒေအတိုင်း အရေးယူပေးပါရန် ကျောက်တော်မြို့နယ် 
ရဲစခန်းသို့ တိုင်ကြား ခဲ့ကြောင်း ကျောက်တော်မြို့ ရဲစခန်းမှ 
အတည်ပြုပြောကြားခဲ့သည်။
 
 အဆိုပါအမှုကို (ပ) ၁၂၂/၂၀၁၂ ၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အရေးယူ စုံစမ်းလျက် ရှိကြောင်း ကျောက်တော်မြို့ နယ် ရဲစခန်း မှ သိရသည်။
 
 စက်တင်ဘာလ ၁၁ ရက်နေ့က ဦးကျော်မောင်ချေရွာသို့ ပြန်မရောက်သဖြင့် 
အိမ်သားများက ည ၉ နာရီ ခန့်တွင် ကျောက်တော်မြို့သို့ ဖုန်းဆက်မေးမြန်းရာ 
ဦးကျော်မောင်ချေမှာ ညနေ ၅ နာရီခန့်က ပင် ကျောက်တော်မှ သရက်အုပ်သို့ 
ပြန်သွားကြောင်း၊ အိမ်သားများမှာ စိုးရိမ်ပူပင်၍ 
ဆွေမျိုးရွာ သားခြောက်ယောက်က ဓာတ်မီးများနှင့် ရွာအပြင်သို့ထွက်၍ 
လိုက်ရှာခဲ့ရာ ကျောက်တော်ဘက်သို့ သွားရာလမ်းသို့ထွက်၍ လိုက်ရှာကြရာ ရွာမှ 
တစ်မိုင်ခန့်အကွာ လမ်းပေါ်တွင် သွေးကွက် များတွေ့ရှိခဲ့ကြောင်း၊ ဆက်လက်၍ 
လိုက်ရှာမည်ပြုကြသောအခါ လမ်းပေါ်မှ တစ်မိုင်ခန့်အကွာ ပိုက်သည်ရပ် 
ရွာတစ်ရွာဘက်မှ ဓာတ်မီးအလက် ၂၀ ခန့်၏ မီးရောင်များကို မြင်တွေ့ရ၍ 
မသွားရဲဘဲရွာသို့ ပြန်လာပြီးရွာသား ၃၀ ခန့် သွားခေါ်ခဲ့ပြီး ရွာသားများ 
ရောက်လာသောအခါ ဓာတ်မီးများကို မတွေ့ရှိရတော့ကြောင်း၊ သွေးစက်များအတိုင်း 
လိုက်ရှာကြရာ ည(၂)နာရီခန့်တွင် ပိုက်သည်ရပ် ရွာတစ်ရွာဘက်ရှိ 
လယ်ကွက်သုံးကွက်ကျော်၌ လည်ပင်းနှင့် နောက်စေ့ကို ဓားဖြင့်အခုတ်ခံထားရသော 
ဦးကျော်မောင်ချေအလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း 
မျက်မြင်ဆွေမျိုးသားချင်းတစ်ဦးက ပြောပါသည်။
 နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းပေးထားသော ရခိုင်ပြည်နယ်အရေး စုံစမ်းရေး 
ကော်မရှင်အဖွဲ့သည် စက်တင်ဘာလ ၇ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ 
ရောက်ရှိလျက်ရှိနေပြီး စက်တင်ဘာလ ၁၁ ရက်နေ့တွင် မောင်တောမြို့သို့ 
ရောက်ရှိကာ ဒုက္ခသည်များနှင့် ဘာသာရေးအဖွဲ့အစည်းဝင်များအား 
တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။
 
 http://news-eleven.com/index.php?option=com_content&view=article&id=15440%3A2012-09-12-07-24-30&catid=45%3A2009-11-10-07-45-41&Itemid=113#.UFA4115Ia74.facebook
 | 
No comments:
Post a Comment