မြ၀တီ                 
 စစ်တွေ စက်တင်ဘာ ၁၃
 
 ရခိုင်ပြည်နယ် အသေးစား ငွေရေးကြေးရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး 
လုပ်ငန်းကော်မတီ ဥက္ကဋ္ဌမှ ရခိုင်ပြည် နယ် သမဝါယမ အသင်းစုချုပ် (လီမိတက်)၏ 
မြတ်သဇင် အသေးစား ချေးငွေလုပ်ငန်းသို့ အသေးစား ငွေရေး ကြေးရေး လုပ်ငန်း 
လုပ်ကိုင်ခွင့် လိုင်စင် ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက 
စစ်တွေမြို့ ရူပမြောက် ရပ်ကွက် အဆိုပါ အသင်းစု ချုပ်ရုံး၌ ကျင်းပခဲ့သည်။
 
 အဆိုပါ အခမ်းအနားသို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့် 
စီးပွားရေး ဝန်ကြီး ဦးမြအောင်၊ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးငွေစန်း၊
 ပြည်နယ် သမဝါယမ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ရင်ရင်ဝင့်နှင့် 
မြန်မာ့အသေးစား ငွေရေးကြေးရေး လုပ်ငန်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် 
ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြသည်။
 
 ရှေးဦးစွာ ရခိုင်ပြည်နယ် 
အသေးစား ငွေရေးကြေးရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊
 ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးမြအောင်က အဖွင့်အမှာ 
စကားပြောကြားပြီး ရခိုင်ပြည်နယ်သမဝါယမ အသင်းစုချုပ် (လီမိတက်) ဥက္ကဋ္ဌ 
ဦးလှသာထွန်းအား လုပ်ငန်းလိုင်စင် ပေးအပ်ခဲ့သည်။ ထို့နောက် မြန်မာ့ အသေးစား 
ငွေရေးကြေးရေး လုပ်ငန်း ပြည်နယ် မန်နေဂျာ ဦးအောင်ချိုဝင်းက ငွေရေးကြေးရေး 
အဖွဲ့အစည်းများ လိုက်နာ ဆောင်ရွက်ရမည့်  ကိစ္စရပ်များကို  ရှင်းလင်း 
တင်ပြခဲ့ကြောင်း သတင်းရရှိသည်။
စစ်တွေ စက်တင်ဘာ ၁၃
ရခိုင်ပြည်နယ် အသေးစား ငွေရေးကြေးရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌမှ ရခိုင်ပြည် နယ် သမဝါယမ အသင်းစုချုပ် (လီမိတက်)၏ မြတ်သဇင် အသေးစား ချေးငွေလုပ်ငန်းသို့ အသေးစား ငွေရေး ကြေးရေး လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက စစ်တွေမြို့ ရူပမြောက် ရပ်ကွက် အဆိုပါ အသင်းစု ချုပ်ရုံး၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးမြအောင်၊ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးငွေစန်း၊ ပြည်နယ် သမဝါယမ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ရင်ရင်ဝင့်နှင့် မြန်မာ့အသေးစား ငွေရေးကြေးရေး လုပ်ငန်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ ရခိုင်ပြည်နယ် အသေးစား ငွေရေးကြေးရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးမြအောင်က အဖွင့်အမှာ စကားပြောကြားပြီး ရခိုင်ပြည်နယ်သမဝါယမ အသင်းစုချုပ် (လီမိတက်) ဥက္ကဋ္ဌ ဦးလှသာထွန်းအား လုပ်ငန်းလိုင်စင် ပေးအပ်ခဲ့သည်။ ထို့နောက် မြန်မာ့ အသေးစား ငွေရေးကြေးရေး လုပ်ငန်း ပြည်နယ် မန်နေဂျာ ဦးအောင်ချိုဝင်းက ငွေရေးကြေးရေး အဖွဲ့အစည်းများ လိုက်နာ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်း တင်ပြခဲ့ကြောင်း သတင်းရရှိသည်။
 

 
No comments:
Post a Comment