Tuesday 14 August 2012

သီတာထွေး.....သို့


မသီတာ
ခေတ်ပညာမမြင့်၊ ဓနမဟိ၊ ကျွန်းသမ အထွီးသျှေ
နင်..... ငါ့သမီး
နင်..... ငါ့နှမ
နင်..... ငါ့အမင်
နင်..... ငါ့နိုင်ငံတော်
ရက္ခိတသား အိမ်ကို
မိစ္ဆာစေတန်တိ ဗုံးခွဲအကြမ်းဖက်
နင့်ငိုသံရေ အချက်ပီး ခေါင်းလောင်းသံ
နင့်ကျွီးသံ တပ်လှန့်သံ
နင့်အံကြိတ်သံ ငါရို့ ဒါးနဲ့လှံ။
သမိုင်းမှာ အမှန်တရားပေါ်ထွန်းဖို့
ဝိညဉ် အဆက်ဆက် အရိုးအပုံပုံ ဖြစ်ရရေ
ဝိညဉ်ကို သွီးနန့် မီးထွန်းပနာ
ငါရို့မြီ ငါရို့ချစ်တေ မြီပြင်တောစပ်မှာ
နင် စတေးပီးခရေ
နင် သားကောင်မဟုတ် အထွီးသျှေ
နင် ငါ့အနာဂါတ်နိုင်ငံတော်မှာ သားကောင်းမိခင်
နင် ကျွန်းသျှင်မ သီတာ
နင် ပင်လယ်သျှင်မ သီတာ
ရိုးမတောင်ထိပ်က နင့်ဝိညဉ်
ဒေ ရက္ခိတမြီကို စောင့်ရှောက်နိန်မေ
ငါယုံရေ
ရက္ခိုင်ဟိသမျှ နင်ဟိဖို့
ရက္ခိုင် ရက္ခိုင် ရက္ခိုင်
အဓွန့်ရှည်စီ...။
 
(မူရင်း)  http://www.arakanfolks.com/

No comments:

Post a Comment