Wednesday 22 August 2012

အင်တာနက်မှ ရရှိသော ဘာသာပြန် နိုင်ငံတကာသတင်းများ (၆ ပုဒ်)


မလေးရှားနိုင်ငံက ဆီးရီးယားနိုင်ငံရှိသံရုံးအား ယာယီပိတ်သိမ်းခဲ့သည်ဟုဆို
မလေးရှား အစိုးရက ဆီးရီးယား နိုင်ငံတွင် ပဋိပက္ခဖြစ်ပွားမှု မြင့်တက် နေစဉ်အတွင်း ဆီးရီးယား နိုင်ငံရှိ သံရုံးအား ယာယီပိတ်သိမ်း ရန်ဆုံးဖြတ်ခဲ့ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး အနီဖာအာမန်က သြဂုတ်လ ၁၉ ရက်နေ့တွင် ပြောကြား ခဲ့သည်ဟု Xinhua သတင်း တစ်ရပ်အရ သိရှိရပါသည်။ 
ဆီးရီးယား နိုင်ငံတွင် နိုင်ငံသို့ပြန်ရန် ငြင်းဆိုနေသည့် မလေးရှား ကျောင်းသား ၈ဦးရှိနေဆဲ ဖြစ်သဖြင့် အဆိုပါမလေးရှား သံရုံးအား လုံးဝပိတ်နိုင်ခြင်း မရှိသေးကြောင်း အနီဖာ က ပြောကြား ခဲ့ပါသည်။ အဆိုပါ ဆီးရီးယား နိုင်ငံရှိ မလေးရှား သံရုံးတွင် မှတ်ပုံတင် ထားသော မလေးရှားကျောင်းသား ၁၃ဝ ခန့်ရှိ ခဲ့ကြောင်းနှင့် အဆိုပါ ကျောင်းသား အများစုကို မလေးရှား နိုင်ငံသို့ ပြန် ပို့ပေး ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ ကျောင်းသားများ အားလုံးကို နိုင်ငံ သို့ ပြန်ပို့ပြီးပါက မလေးရှား အစိုးရ အနေဖြင့် သံရုံးအား ပိတ်ရန် စီစဉ်ထားပြီး ဖြစ်ပါသည်။ လက်ရှိ အချိန် တွင် ၄င်းတို့အနေဖြင့် သံရုံးအား မပိတ်နိုင်သေးကြောင်းနှင့် သံရုံးတာဝန်ရှိ သူများ အနေဖြင့် ဆီးရီးယားနိုင်ငံ အတွင်းရှိ မလေးရှား နိုင်ငံသားများအား စီမံဆောင်ရွက်ပေးရန် လိုအပ် နေဆဲဖြစ် ကြောင်း အနီဖာက ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။
ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအား အစားထိုးခန့်အပ်ရန် စီစဉ်လျက်ရှိသည်ဟုဆို
အရှေ့တရုတ် ပင်လယ် အတွင်းရှိ ကျွန်းစုများ အရေးနှင့် ပတ်သက်၍ တင်းမာမှု များမြင့်တက် လျက်ရှိစဉ် ဂျပန် နိုင်ငံသည် တရုတ်နိုင်ငံ ဆိုင်ရာ ၄င်း၏ သံအမတ်ကြီးအား အစားထိုး ခန့်အပ်ရန် စီစဉ် ထားကြောင်းနှင့် အောက်တိုဘာလတွင် အစားထိုး ခန့်အပ် သွားနိုင်ဖွယ် ရှိကြောင်း ဂျပန် Yomiuri Shimbun နေ့စဉ် သတင်းစာက သြဂုတ်လ ၁၉ ရက်နေ့တွင် ဖော်ပြ ခဲ့ကြောင်း သိရှိရပါသည်။ ဂျပန်နိုင်ငံ တိုကျိုမြို့ပြ အုပ်ချုပ်ရေး အဖွဲ့က အဆိုပါ ကျွန်းစုများကို ဝယ်ယူရန် ကြိုးပမ်းမှုသည် တရုတ်နှင့် ဂျပန်နိုင်ငံ တို့အကြား ကြီးမားသော ပဋိပက္ခ အသွင်ဖြစ်လာ စေနိုင်ကြောင်း တရုတ်နိုင်ငံ ဆိုင်ရာ ဂျပန် သံအမတ်ကြီး ယူချီရိုနီဝါ က ဇွန်လ အတွင်း ထုတ်ဖော် ပြောကြား ခဲ့ပါသည်။ အဆိုပါ ကျွန်းစုများသည် ဂျပန်နိုင်ငံ၏ ပိုင်နက်နယ်မြေ ဖြစ်သည် ဟူသော ဂျပန်နိုင်ငံ၏ ရပ်တည်ချက် သဘောထားကို မှားယွင်းစွာ ပြောကြား ခဲ့သည့်အတွက် ရာထူးမှ နုတ်ထွက်ပေးရန် အာဏာရပါတီ နှင့် အတိုက်အခံ ပါတီများက ယူချီရိုနီဝါအား ဖိအား ပေးလျက် ရှိကြပါသည်။ ၄င်းကျွန်းစုများအား ဂျပန်နိုင်ငံက ဆန်ကာကူ ဟုခေါ်ဆိုပြီး တရုတ်နိုင်ငံက ဒိုင်အိုယုကျွန်းစုများ ဟုခေါ်ဆိုကြ ပါသည်။ လက်ရှိ ကျင်းပပြုလုပ် နေသော ဂျပန်လွှတ်တော် အစည်းအဝေး များသည် စက်တင်ဘာလ ၈ ရက်နေ့တွင် ပြီးဆုံး မည်ဖြစ်ပြီး အဆိုပါ အစည်းအဝေးများ ပြီးဆုံးပြီးနောက် နီဝါအား ရာထူးမှ ဖယ်ရှားနိုင်ဖွယ် ရှိကြောင်း Yomiuri Shimbun နေ့စဉ် သတင်းစာက ထပ်လောင်း ဖော်ပြခဲ့ပါသည်။ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ဌာနသည် နီဝါ၏နေရာတွင် ရှီနီချီနီရှီမီယာ အားအစား ထိုးခန့်အပ် သွားရန် စီစဉ်လျက် ရှိပါသည်။ နီရှီမီယာ သည် စီးပွားရေး ဆိုင်ရာ နိုင်ငံခြားရေး ဒုတိယ ဝန်ကြီးဖြစ်ပြီး တရုတ်နိုင်ငံ ဆိုင်ရာ ဂျပန် သံအမတ်ကြီးနှင့် အမေရိကန်နိုင်ငံ ဆိုင်ရာ ဂျပန် ကောင်စစ်ဝန် အဖြစ် တာဝန် ထမ်းဆောင် ခဲ့သူတစ်ဦး ဖြစ်ကြောင်း သိရှိ ရပါသည်။
အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် Diaoyu ကျွန်းစုများအနီးတွင်
ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်သွားမည်ဟုဆို
ဒေသတွင်း၌ တင်းမာမှုများ မြင့်တက်နေစဉ် အမေရိကန်နှင့် ဂျပန်နိုင်ငံတို့သည် စစ်ရေးနှင့် ကာကွယ်ရေး ဆိုင်ရာပူးပေါင်း ဆောင်ရွက် မှုများအား အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားရန် ဆုံးဖြတ် ခဲ့ကြကြောင်း၊ နှစ်နိုင်ငံ အနေဖြင့် အနောက်ပစိဖိတ် ဒေသတွင်သြဂုတ်လ ၂၁ ရက်နေ့မှစတင်၍ ပူးတွဲစစ်ရေး လေ့ကျင့်မှု ပြုလုပ်သွား မည်ဖြစ်ကြောင်း ဂျပန်နေ့စဉ် သတင်းစာ Sankei Shimbun ကဖော်ပြ ခဲ့သည်ဟု Xinhua သတင်း တစ်ရပ် အရသိရှိရပါသည်။ အဆိုပါ ပူးတွဲစစ်ရေး လေ့ကျင့်ခန်းအား စက်တင်ဘာလ ၂၆ ရက်နေ့အထိပြုလုပ် သွားမည်ဖြစ်ပြီး ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး မြေပြင်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၄ဝဦးနှင့် အိုကီနာဝါ အခြေစိုက် အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များ ပါဝင်လေ့ကျင့်မည် ဖြစ်ပါသည်။ အဆိုပါမရိန်း တပ်ဖွဲ့ဝင်များသည် ကီလိုမီတာ ၂ဝဝဝ(၁၂၅ဝ မိုင်) ကွာဝေးသော မြောက်ပိုင်း Marianas ကမ်းလွန်ရှိ Tinian ကျွန်းစုသို့ အမေရိကန် ရေတပ်သင်္ဘော တစ်စီးဖြင့်ထွက်ခွာ ကြမည်ဖြစ်ပါသည်။ ၄င်းတို့သည် အဆိုပါ ပူးတွဲစစ်ရေး လေ့ကျင့်ခန်းတွင် ရဟတ်ယာဉ်များ နှင့်သင်္ဘောများကို အသုံးပြုသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ ဂျပန်အစိုးရ အနေဖြင့် အဆိုပါ လေ့ကျင့်ရေး နယ်မြေရှိ တရုတ် သင်္ဘောများ ကိုစောင့်ကြည့်ရန် အတွက် မောင်းသူမဲ့ ကင်းထောက် လေယာဉ်များ အသုံးပြုသွားရန် စီစဉ်ထား ကြောင်း အပတ်စဉ်ထုတ် Nikkei စာစောင်တွင် ဖော်ပြထားပါသည်။ အဆိုပါ ကျွန်းစု များသည် တရုတ်နိုင်ငံ မင်မင်းဆက် လက်ထက် ကတည်းက ပိုင်ဆိုင် ခဲ့သည့် တရုတ် နိုင်ငံ၏ ပိုင်နက်နယ်မြေ များဖြစ်ကြောင်း၊ သို့ရာတွင် ၁၈၉၄ ခုနှစ်မှ ၁၈၉၅ ခုနှစ်အထိ ဖြစ်ပွား ခဲ့သည့် တရုတ်- ဂျပန်စစ်ပွဲ အတွင်း ဂျပန်နိုင်ငံက သိမ်းပိုက်ခဲ့ပြီး ဒုတိယကမ္ဘာ စစ်ပြီး ဆုံးသည့် အချိန်အထိ ထိန်းသိမ်းထား ခဲ့ကြောင်း သိရှိရပါသည်။ သို့ရာတွင် အဆိုပါ ကျွန်းစုများအား တရုတ်နိုင်ငံ သို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ခြင်း မရှိကြောင်း၊၁၉၅၁ ခုနှစ်က ဂျပန်နှင့် အမေရိကန် နိုင်ငံ တို့အကြား လက်မှတ် ရေးထိုးခဲ့ သည့်သဘော တူညီချက်အရ Ryukyu ဇုန်အား အမေရိကန် နိုင်ငံက ထိန်းချုပ်ရန် ခွဲဝေ သတ်မှတ် ခဲ့ကြောင်းနှင့် အဆိုပါ သဘောတူညီချက် အားတရုတ် အစိုးရက မည်သည့် အခါမျှ လက်သင့် ခံမည် မဟုတ်ဟု ထုတ်ပြန် ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။
အစ္စရေးကိုယ်စားလှယ်အဖွဲ့သည် နှစ်နိုင်ငံဆက်ဆံရေးပြန်လည်ရင်ကြားစေ့ရေးအတွက်
တူရကီနိုင်ငံသို့ လျှို့ဝှက်စွာသွားရောက်လည်ပတ်ခဲ့ခြင်း
အစ္စရေးပါလီမန် အမတ်များနှင့် ခရစ်ယာန် ဘာသာရေး အသင်းဝင်များသည် ပျက်ပြားနေသော နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည်ရင်ကြား စေ့ရေးကြိုးပမ်း သည့်အနေဖြင့် လွန်ခဲ့သော ရက်သတ္တပတ် က တူရကီ နိုင်ငံသို့ လျှို့ဝှက်စွာ သွားရောက်လည် ပတ်ခဲ့ကြောင်း Yedhioth Ahronot နေ့စဉ်သတင်းစာက သြဂုတ်လ ၁၉ ရက်နေ့တွင် ဖြော်ပခဲ့ ကြောင်းသိရှိ ပါသည။် တူရကီ ဘာသာရေး အဖွဲ့အစည်းက ကိုဖိတ်ကြားခဲ့ ခြင်းဖြစ်ပြီး ၄င်းကိုယ်စား လှယ်အဖွဲ့တွင် ခရစ်ယာန်ဘာသာ ရေးအသင်းဝင်များ၊ ဘဏ္ဍာရေး ဒုတိယ ဝန်ကြီး Yithzak Cohen ၊ ပါလီမန်အမတ် Nissim Ze'ev နှင့် ဥရောပဒေသမှ ပါမောက္ခများ နှင့်ဘာသာရေး ခေါင်းဆောင်များ ပါဝင် ခဲ့ကြောင်း သိရှိရပါသည်။ အစ္စရေး- တူရကီ ဆက်ဆံရေးသည် ၂ဝ၁ဝ ခုနှစ် မေလ ၃၁ ရက်နေ့တွင် ဂါဇာဒေသကို သွားရောက်သည့် တူရကီ နိုင်ငံသား အစ္စရေး ဆန့်ကျင်ရေး သမားများ ကို သယ်ဆောင် လာသော Mavi Marmara သင်္ဘော ဦးဆောင်သည့် ရေယာဉ်စုကို အစ္စရေး စစ်သည်များ က တိုက်ခိုက် ခဲ့ရာမှ တူရကီနိုင်ငံသား ၉ ဦးသေဆုံး သွားခဲ့ပြီး နောက်ပိုင်း ပျက်ပြား ခဲ့ပါသည်။ အစ္စရေး ကိုယ်စားလှယ် အဖွဲ့သည် တူရကီ တာဝန်ရှိသူများ၊ ပါလီမန် အမတ်များ နှင့်တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်းနှင့် အဆိုပါ ဆွေးနွေးပွဲ များတွင် နှစ်နိုင်ငံ အကြား သံတမန် ဆက်ဆံမှု ပြန်လည် စတင်ရေး ကိစ္စရပ်များ နှင့် ပတ်သက်၍ အဓိကထား ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။ အစ္စရေး နိုင်ငံက Marmara ဖြစ်စဉ်နှင့် ပတ်သက်၍ တောင်းပန်မှု မပြုလုပ် နိုင်ကြောင်း ပြောကြား ထားသော်လည်း တိုက်ခိုက်မှု ကြောင့် သေဆုံးသွား ခဲ့သော တူရကီ နိုင်ငံသားများ၏ မိသားစုများကို ဝမ်းနည်းစကား ပြောကြားရန် နှင့် လျော်ကြေးငွေ ပေးအပ်ရန် ဆန္ဒရှိ နေကြောင်း အဆိုပါ သတင်းစာ ကဖော်ပြ ခဲ့သည်ဟု သိရှိ ရပါသည်။
ဆီးရီးယားနိုင်ငံဘက် မှပစ်ခတ်လိုက် သောဒုံးပျံများ ၄င်း၏ပိုင်နက် အတွင်းသို့
ကျရောက်ခဲ့ကြောင်း ဂျော်ဒန်နိုင်ငံက စွပ်စွဲပြောကြားခဲ့ခြင်း
ဆီးရီးယားနိုင်ငံမှ ပစ်ခတ်လိုက် သောဒုံးပျံ ၄ စင်းသည် ဂျော်ဒန်နိုင်ငံ၏ မြောက်ပိုင်း နယ်စပ် မြို့ဖြစ်သော Al Turra မြို့ရှိဒေသခံများ နေထိုင်ရာ နယ်မြေအတွင်း သို့ကျရောက် ခဲ့မှုကြောင့် ကလေးတစ်ဦး အပါအဝင် များအပြား ဒဏ်ရာရရှိ ခဲ့ကြောင့် ဂျော်ဒန်နိုင်ငံက သြဂုတ်လ ၁၉ ရက်နေ့ နှောင်းပိုင်းတွင် စွပ်စွဲ ပြောကြား ခဲ့သည်ဟု Newsnow သတင်း တစ်ရပ် အရသိရှိရ ပါသည်။ ဆီးရီးယား အစိုးရသည် အဆိုပါ ဒုံးပျံများ ကျရောက် ခဲ့ပြီးနောက် ၄င်းဖြစ်စဉ်ကို ဆန့်ကျင်ကြောင်း ပြောကြားရန် ဂျော်ဒန်နိုင်ငံ ဆိုင်ရာ ဆီးရီးယား သံအမတ်ကြီး Bahjat Suleiman အားဆင့် ခေါ်ခဲ့ကြောင်း ဂျော်ဒန်အစိုးရ ပြောရေး ဆိုခွင့်ရှိသူ Samih Maaytah ကပြောကြား ခဲ့ပါသည်။ သို့ရာတွင် အဆိုပါ ဒုံးပျံများသည် ဂျော်ဒန်နိုင်ငံတွင်းရှိ လွတ်လပ်သော ဆီးရီးယား တပ်မတော် (FSA) သူပုန်အဖွဲ့များ ကိုပစ်ခတ်ခြင်း၊ သို့မဟုတ် ဂျော်ဒန် နိုင်ငံသို့ ထွက်ပြေးသွား သည်ဟု ယူဆရသော ဆီးရီးယား ဒုတိယသမ္မတ Farouk al-Sharaa စီးနင်းလာသည့် ယာဉ်တန်း တစ်ခုအား ပစ်မှတ်ထား ပစ်ခတ်ခြင်းဟုတ်၊ မဟုတ်ကိုမူ ရှင်းရှင်းလင်းလင်း မသိရှိ ရသေးဟု ဆိုပါသည်။ ဂျော်ဒန် အစိုးရသည် ၄င်း၏ပိုင်နက် အတွင်းသို့ ဒုံးပျံများ ကျရောက်မှု နှင့် ပတ်သက်၍ ဆန့်ကျင်ကန့်ကွက် သောစာတစ်စောင်အား ဆီးရီးယားသံအမတ် Suleiman လက်ထဲသို့ ပေးအပ်ခဲ့ပြီး အလားတူ ဖြစ်ရပ်မျိုးထပ် မံမဖြစ်ပွားစေရန် ဆီးရီးယား အစိုးရကို တိုက်တွန်းပြောကြားခဲ့ သည်ဟု သိရှိရပါသည်။ ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်းနှင့် အစိုးရအဖွဲ့ အတွင်း လူတစ်ဦးဖြစ်သူ al-Sharaa သည် သမ္မတအာဆက် အစိုးရနှင့် လက်တွဲ ဖြုတ်ခဲ့ပြီး ဂျော်ဒန်နိုင်ငံ အတွင်းသို့ ဝင်ရောက်ခိုလှုံ သွားခဲ့ကြောင်း FSA ကလွန်ခဲ့သော ရက်သတ္တပတ်၌ ကြေညာချက် တစ်စောင် ထုတ်ပြန် ခဲ့ပါသည်။ သို့ရာတွင် al-Sharaa အနေဖြင့် ဂျော်ဒန် နိုင်ငံအတွင်းသို့ ထွက်ပြေးသွား သည်ဆိုသော အတိုက်အခံ တို့၏ ကြေညာချက်မှာ မဟုတ်မှန် ကြောင်း al-Sharaa ရုံးက သြဂုတ်လ ၁၈ ရက်နေ့တွင် ငြင်းဆို ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။
အမေရိကန်နိုင်ငံသည် အီရတ်နှင့်စစ်ရေးဆိုင်ရာ ဆက်ဆံမှုများ ခိုင်မာလာစေရေး
မျှော်လင့်သည်ဟုဆို
အမေရိကန်တပ်ဖွဲ့များ အီရတ်မှ ဆုတ်ခွာ သွားပြီးနောက် ၈ လအကြာတွင် အီရတ် နိုင်ငံသည် အမေရိကန် နှင့်စစ်ရေး ဆိုင်ရာ ဆက်ဆံ မှုများ တိုးမြှင့်ရန် အသင့်ရှိနေသည့် အရိပ်လက္ခဏာ ပြသခဲ့ကြောင်း အမေရိကန် ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မာတင်ဒမ်ဆေးက အီရတ်နိုင်ငံ သို့ အလည်အပတ် ခရီးမသွား ရောက်မီ သြဂုတ်လ ၁၉ ရက်နေ့က ပြောကြား ခဲ့သည်ဟု Newsnow သတင်း တစ်ရပ်အရ သိရှိရပါသည်။ ဗိုလ်ချုပ်ကြီး ဒမ်ဆေးသည် အာဖဂန် နစ္စတန် တွင်ဆွေးနွေးမှု များပြု လုပ်ပြီးနောက် ယခုရက် သတ္တပတ် အတွင်း အီရတ်နိုင်ငံသို့ အလည်အပတ် ခရီးသွားရောက် မည်ဖြစ်ပြီး ၄င်း၏ အလည်အပတ် ခရီးစဉ်သည် အီရတ်မှ အမေရိကန် တပ်ဖွဲ့ဝင်များ ရုပ်သိမ်းပြီးနောက် အီရတ်သို့ အလည်အပတ် ခရီးသွား ရောက်မည့် အမေရိကန် စစ်ဘက် အဆင့်မြင့် ဆုံးအရာရှိကြီး တစ်ဦး၏ အလည်အပတ် ခရီးစဉ် လည်းဖြစ် ကြောင်း သိရှိရပါသည်။ အီရန် နိုင်ငံသည် အီရတ် နိုင်ငံတွင် ၄င်း၏သြဇာ လွှမ်းမိုးရန် ကြိုးပမ်း ခဲ့သော်လည်း အီရတ် ခေါင်းဆောင်ပိုင်းသည် အမေရိကန် စစ်ဘက်နှင့် ဆက်ဆံရေးများ တိုးမြှင့်ရန် လိုလားခဲ့ကြောင်း၊ အီရတ်ကာကွယ်ရေး ဝန်ကြီးနှင့် စစ်ဘက်အကြီးအကဲတို့သည် အမေရိကန် စစ်ဘက်နှင့် စစ်ရေးလေ့ကျင့်မှု၊ အီရတ်စစ်ဘက် အရာရှိ များအား လေ့ကျင့်ပေးရေး နှင့် လုံခြုံရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး တို့ကို လေ့လာ ခဲ့ကြကြောင်း ဗိုလ်ချုပ်ကြီး ဒမ်ဆေးက ပြောကြား ခဲ့ပါသည်။ ဗိုလ်ချုပ်ကြီး ဒမ်ဆေး၏ အဆိုပါ အလည်အပတ် ခရီးစဉ်သည် အီရန်နိုင်ငံက ဆီးရီးယား အစိုးရအား အီရတ်မှတစ်ဆင့် လျှို့ဝှက် ဘဏ်စာရင်းမှ ငွေကြေး ထောက်ပံ့ ပေးနိုင် ဖွယ်ရှိသည်ဟု အမေရိကန် နိုင်ငံတွင် သတင်းထွက် ပေါ်နေစဉ် ပေါ်ပေါက်လာ ခဲ့ခြင်း ဖြစ်ပါသည်။ ဗိုလ်ချုပ်ကြီး ဒမ်ဆေးက အဆိုပါ သတင်းများ နှင့် ပတ်သက်၍ တိုက်ရိုက်မှတ် ချက်ပြုပြောကြား ခဲ့ခြင်းမရှိ သော်လည်း အီရန်နိုင်ငံက ဆီးရီးယားနိုင်ငံ အပေါ် လွှမ်းမိုးမှုရှိ လာမည် ကိုစိုးရိမ် ပူပန်ကြောင်း ပြောကြား ခဲ့ပါသည်။ အီရန်နိုင်ငံသည် ဆီးရီးယားရှိ ၄င်း၏မဟာမိတ် အစိုးရပြုတ်ကျ ခဲ့ပါက အီရတ်တွင် ၄င်း၏သြဇာ လွှမ်းမိုးမှု ခိုင်မာစေ ရန်ကြိုးပမ်း လာနိုင်ကြောင်း ဗိုလ်ချုပ်ကြီး ဒမ်ဆေးက ကြိုတင်ခန့်မှန်း ပြောကြား ခဲ့သည် ဟုသိရှိ ရပါသည်။
http://www.mwdmedia.net/2012/08/blog-post_6344.html

No comments:

Post a Comment