Wednesday 22 August 2012

ဗုဒ္ဓဆင်းတုတော်ကို အကြည်ညှိပျက်ဖွယ်ပြုမူခဲ့သည့် ပြင်သစ်ခရီးသွားသုံးဦးအား သီရီလင်္ကာတရားရုံး အပြစ်ပေး



 



ကိုလံဘို၊ သြဂုတ် - ၂၂

သီရီလင်္ကာနိုင်ငံတွင်းရှိ ဗုဒ္ဓဆင်းတုတော်ကို အကြည်ညှိပျက် ဖွယ်ဖြစ်အောင် ပြုမူခဲ့သည် ပြင်သစ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား သုံးဦးအား တရားရုံးက ဆိုင်းငံပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း BBC သတင်း တွင်ဖော်ပြ ထား သည်။

ပြင်သစ်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးကို သီရီလင်္ကာတောင် ပိုင်းရှိ ဂါလီမြို့ တွင် ထိန်းသိမ်း ထားကြောင်း သတင်းတွင်ဖော်ပြထားသည်။


ဗုဒ္ဓဆင်းတုတော်တစ်ဆူကို နမ်းနေဟန်ဖြင့် ရိုက်ထားသည့် ဓာတ်ပုံများကို တွေ့ ရှိခဲ့ခြင်းကြောင့် အဆိုပါ ပြင် သစ်နိုင်ငံသားသုံးဦးကို ဆိုင်းငံထောင်ဒဏ် ခြောက်လချမှတ်လိုက်သည်။

သီရီလင်္ကာနိုင်ငံသားအများစုသည် ထေရ၀ါဒဗုဒ္ဓဘာသာဝင်များဖြစ်ပြီး ဗုဒ္ဓဆင်းတုတော်များအား အကြည်ညှိ ပျတ်အောင် ပြုမူ ခြင်းများကို နိုင်ငံတွင်း တင်းကျင်စွာတားမြစ်ထားသည်။

ပြီးခဲ့သည့်ဇူလိုင်လအတွင်းကလည်း ဗုဒ္ဓဘာသာအပေါ် အပုတ်ချရေးသားထားသည့် စာရွက် များ ဖြန့် ဝေမှုပြု လုပ်ခဲ့သည့် အာရပ်လူမျိုးငါးဦးကို သီရိလင်္ကာ ရဲတပ်ဖွဲ့ က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

သီရီလင်္ကာနိုင်ငံတွင်းရှိ နိုင်ငံသားများ၏ ဘာသာရေးဆိုင်ရာယုံကြည်ကိုးကွယ်မူအပေါ် ညှိုးနွမ်း၊အကြည် ညိုပျက် အောင်ပြုမူသည့် လုပ်ဆောင်ချက်မှန်မျှကိုလည်း ဥပဒေဖြင့် တားမြစ်ထားသည်။

No comments:

Post a Comment