တိုင်းပြည်၏ အကြွေးနွံ နစ်နေမှုကို ကယ်တင်ရန်အတွက် နိုင်ငံပိုင်နက်  နယ်မြေအချို့ကို ရောင်းချရန် ဂရိအစိုးရက ဆုံးဖြတ်လိုက်ပြီဟု သိရှိရသည်။  ဂရိဝန်ကြီးချုပ် အန်တိုနစ် ဆမာရက်စ်က မိမိတို့သည် နိုင်ငံ၏ ကမ်းခြေနေရာ  အချို့နှင့် နိုင်ငံပိုင် ကျွန်းများကို ရောင်းချရန် စီစဉ်နေကြောင်း  အတည်ပြုခဲ့သည်။ 
     Posted on Aug 25 12 - 02:32 PM     
တိုင်းပြည်၏ အကြွေးနွံ နစ်နေမှုကို  ကယ်တင်ရန်အတွက် နိုင်ငံပိုင်နက် နယ်မြေအချို့ကို ရောင်းချရန် ဂရိအစိုးရက  ဆုံးဖြတ်လိုက်ပြီဟု သိရှိရသည်။ ဂရိဝန်ကြီးချုပ် အန်တိုနစ် ဆမာရက်စ်က  မိမိတို့သည် နိုင်ငံ၏ ကမ်းခြေနေ ရာ အချို့နှင့် နိုင်ငံပိုင် ကျွန်းများကို  ရောင်းချရန် စီစဉ်နေကြောင်း အတည်ပြု ခဲ့သည်။ ဂရိသည် ဘဏ္ဍာရေး အကျပ်အတည်းများ  ဆိုက်ရောက် ကာ ကြွေးမြီများ အမြောက်အမြား တင်ရှိလျှက် ရှိနေရာ ယခုခြေလှမ်းက  အထိုက်အလျောက် အသက်ရှူ ချောင်လာစေမည်ဟု အစိုးရက ယုံကြည် ထားသည်။

(၃)နှစ်ကြာ ကြွေးမြီပြဿနာတွင် ရုန်းကန်နေရသည့် နိုင်ငံ၏ အကြီးအကဲက  "အခြေအနေအရ နိုင်ငံတော် လုံခြုံရေးကို မထိခိုက်နိုင်တဲ့ နေရာတချို့၊  ကျွန်းတချို့ကို ငွေအရင်းအမြစ် ပေါ်လာဖို့ ရောင်းချတာမျိုး လုပ် သွားမှာပါ"ဟု  ပြောကြားခဲ့သည်။ ၎င်းက "ကျွန်းတွေကို ဈေးပေါပေါနဲ့ ရောင်းမှာတော့ မဟုတ်ဘူး။  ဒါပေမဲ့ လူမနေတဲ့ ကျွန်းတချို့ကို ဝင်ငွေကဏ္ဍအတွက် ပြန်ရောင်းမယ့် သဘောပါ။  မျှတတဲ့ ဈေးနှုန်းမျိုးနဲ့ ဆို ပါတော့"ဟုလည်း ဆိုသည်။ ဂရိသည် ကျွန်းပေါင်း  (၆၀၀၀)ကျော်ကို ပိုင်ဆိုင် ထားသော နိုင်ငံ လည်း ဖြစ် သည်။ 

ဂရိသည် ရှေးလက်ရာ အဆောက်အအုံဟောင်းများ တည်ရှိမှုကြောင့် နာမည်ကျော်သော  သမိုင်းဝင် အတ္တစ် ကာ ကမ်းခြေနှင့် နိုင်ငံတွင်းရှိ မီးရထား ပို့ဆောင်ရေး၊  လေဆိပ်များကိုလည်း ရောင်းချရန် စီစဉ်နေသည်။ လက်ရှိတွင် ဆမာရက်စ်သည်  ကြွေးမြီတင်ရှိနေသော ဥရောပ နိုင်ငံများအား ပေါင်စတာလင် (၁၈၈)ဘီလျံ ကို  ပြန်လည် ပေးဆပ်ရန်အတွက် နောက်ထပ်အချိန် (၂)နှစ်မျှ ရရှိအောင် ဆွဲဆောင်  စည်းရုံးနိုင်ရန် ကြိုး စားနေကြောင်း သိရှိရသည်။ 
No comments:
Post a Comment