ဇူလိုင် ၂၆၊ ၂၀၁၂ (YPI)
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အနီးတွင် ဇွန်နောက်ဆုံးပတ်က စက်လှေပျက်၍ဆိုက်ကပ်လာသော ဘင်္ဂ လားဒေ့ရှ် နိုင်ငံသားများအား သံတွဲမြို့နယ်တရားရုံးမှ ထောင်ဒဏ် ငါးနှစ်စီချမှတ်ပြီးနောက် ၎င်းတို့နှင့် အတူပါလာသူ ကလေးတစ်ဦးအား သံတွဲမြို့ သစ္စာဗလီမှ ခေါ်ယူစောင့်ရှောက် ထားကြောင်း ဒေသခံ တစ်ဦးကပြောသည်။
အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ စက်လှေဖြင့် မလေးရှားနိုင်ငံသို့သွားရောက်စဉ် စက်ပျက်ပြီး ဂွမြို့အ နီးရှိကျွန်းတစ်ခုတွင် သောင်တင်လာခြင်းဖြစ်ကာ စုစုပေါင်း ၈၈ ဦးဖြစ်ကြောင်း သံတွဲအကျဉ်းထောင်မှအရာ ရှိ တစ်ဦးကပြောသည်။
၎င်းတို့အား ဖမ်းဆီးခဲ့စဉ်က သံတွဲမြို့နယ်၊ လ.၀.က ဦးစီးမှူးက ယင်းဘင်္ဂါလီများနှင့်ပတ်သက်ပြီး ရခိုင်ပြည် နယ်အစိုးရနှင့် ဘင်္ဂလားဒေ့ရှ် သံရုံး တို့ညှိနှိုင်းနေကြောင်း၊ လက်ခံပါက ပြန်ပို့မည်ဖြစ်ကြောင်းနှင့် ၎င်း
တို့ ဦးအား လ.၀.က ဥပဒေအရ အရေးယူ သွားရမည် ဖြစ်ကြောင်းပြောခဲ့သည်။
ထို့နောက် ဇူလိုင် ၄ ရက်တွင် သံတွဲမြို့နယ် တရားရုံး၌ ဂွမြို့နယ် လ.၀.ကဦးစီးမှူးက တရားလိုလုပ်ကာ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃(၁) ဖြင့်
စွဲဆိုစစ်ဆေးခဲ့ပြီး ဇူလိုင် ၁၆ ရက်တွင် ထောင်ဒဏ် ငါးနှစ်စီချမှတ်ခဲ့ကြောင်း သံတွဲဒေသခံရှေ့နေတစ် ဦးက ပြောသည်။
၎င်းတို့နှင့်အတူ အသက် ၁၂ နှစ်ခန့် အရွယ်ယောက်ျားလေး တစ်ဦးပါခဲ့ရာ ထောင်ဒဏ်ချမှတ်ပြီးနောက်တွင် အဆိုပါကလေးငယ်အား သံတွဲ မြို့နယ် လ.၀.က ရုံးတွင်ခေါ်ယူထားခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူးက ဗလီ တွင်ခေါ်ယူစောင့်ရှောက်ထားရန် ပြောသောကြောင့် သစ္စာဗလီမှ ခေါ်ယူစောင့်ရှောက်ခဲ့သည်။
“ဒါမျိုးက ခဏခဏ ကြုံရတယ်၊ လ.၀.က ကဖမ်းပြီး ထောင်ကလွတ်လာတဲ့ ဒေသအသီးသီးက
မွတ်စလင်တွေကို နေရပ်ပြန်မပို့ခင် ဗလီတွေမှာခေါ်ထားပြီး ကျွေးမွေးထားရတယ်၊
သူတို့က တာဝန်မယူဘူး၊ လူသားချင်းစာနာမှုနဲ့ ခေါ်ထားခဲ့ရတာ ပေါ့” ဟု အကူအညီ
ပေးခဲ့သူ တစ်ဦးကပြောသည်။
တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မလေးရှား၊ ထိုင်း စသည့်နိုင်ငံများသို့ တရားမ၀င်သွားရောက်သူများမှာ သဘာဝ ဘေးအန္တရာယ်နှင့် တာဝန်ယူပို့ဆောင်ပေးသူများ၏ မသမာမှုကြောင့် သံတွဲခရိုင်အတွင်း မကြာခဏသောင်တင် ဖမ်းမိလေ့ရှိကြောင်း သံတွဲဒေသခံတစ်ဦးက ပြောသည်။ ။

No comments:
Post a Comment