Burma VJ Media Network
အစိုးရအနေနဲ့ ရပ်တည်ဖို့ဆိုတာဟာ ဒီပြဿနာတွေဟာ အခုမှဖြစ်တာမဟုတ်ဘဲ ဟိုးအရင် နှစ်ပေါင်း ၆၀ လောက်ကတည်းက ဒီမိုကရေစီအစိုးရလက်ထက်တုန်းကလဲ ရှိခဲ့တာသလို ဦးနေဝင်းလက် ထက်တုန်း ကလဲရှိခဲ့တာပါပဲ။
အခုပြဿနာဟာ နယ်စပ်ကနေခိုးဝင်လာတဲ့ပြမဟုတ်တော့ဘဲ အခြေတကျဝင်ပြီးတော၊့ နေရာစိုက်ထူပြီး ကိုယ့်အရပ်ကိုယ့်ရွာ ကိုယ့်တိုင်းပြည်လို တောင်းဆိုတာတွေ ရပ်တည်လာတာတွေဖြစ်လာတဲ့ အနေအ ထားဖြစ်ပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ သူတို့ကိုယ်သူတို့ မြန်မာလူမျိုးပါ မြန်မာတိုင်းရင်းသားဖြစ်တယ် အဲဒါကြောင့်သူတို့ကို အခွင့်အရေးတွေပေးရမယ်။
အဲဒီကနေတဆင့် ပြည်နယ်တောင်းတဲ့အဆင့် တပြည်လုံးမှာ ပြည်နယ်ခွဲထွက် တဲ့အဆင့်တွေတောင်ရောက် နိုင်တဲ့ အနေအထားတွေဖြစ်သွားနိုင်ပါတယ်။ အချို့လူတွေက ဒီပြဿနာကို အန်အယ်ဒီက ဖြေရှင်းပေး ပါ၊ ဒေါ်အောင်ဆန်းစုကြည် လာရောက်ဖြေရှင်းဖို့ နိုင်ငံခြားခရီးစဉ်တွေမသွားဘဲ လာရောက်ဖြေရှင်းပေး ဖို့ပြောနေကြပါတယ်။ ပထမဦးဆုံးအနေ နဲ့ အန်အယ်ဒီဆိုတာက အစိုးရမဟုတ်ဘူး ဒါကြောင့်လဲ စစ်တပ်၊ ရဲတပ်ဖွဲ့တွေကိုမခိုင်းနိုင်ဘူး ပြည်သူတွေကိုလဲ မသွားရမလာရဘူးလို့ အမိန့်မပေးနိုင်ပါဘူး။
ကျနော်တို့အနေနဲ့ လုပ်နိုင်တာက မေတ္တာရပ်ခံတာပဲရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားနဲ့ပက် သက်ပြီး ပြဿနာ တတ်တယ်လို့ပြောနေကြတယ်။ လူနည်းစုတွေကို လူများစုတွေက ညှာတာဖို့လို တယ်ဆို တာက မွတ်စလင် ဘက်ကလိုက်ပြောခြင်းမဟုတ်ပါဘူး။ ပြဿနာဖြစ်တဲ့ပတ်ဝန်းကျ
င်ကိုကြည့်ပြီး ပြောချင်း သာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်က အခုလိုရှင်းပြထားပါတယ်ခင်ဗျာ။
Burma VJ Media Network
 သစ်ထူးလွင်
 သစ်ထူးလွင်  6/15/2012 04:28:00 PM
 6/15/2012 04:28:00 PM
မူရင်းလင့်။ http://www.thithtoolwin.com/2012/06/blog-post_9414.html

 6/15/2012 04:28:00 PMမူရင်းလင့်။ http://www.thithtoolwin.com/2012/06/blog-post_9414.html
 
No comments:
Post a Comment