Showing posts with label နိုင်ငံတကာသတင်း. Show all posts
Showing posts with label နိုင်ငံတကာသတင်း. Show all posts

Wednesday, 13 March 2013

ပုပ်ရဟန်းမင်းရွေးပွဲ ဒုတိယနေ့ဆက်

ဗာတီကန်နန်းတော် Sistine ဘုရားကျောင်း မီးခိုးခေါင်းတိုင် ကနေ အမည်းရောင် မီးခိုးတွေသာ ထွက်ရှိ (၁၃ မတ် ၂၀၁၃)
ဗွီအိုအေ(မြန်မာဌာန)
ဗာတီကန်နန်းတော် Sistine ဘုရားကျောင်း မီးခိုးခေါင်းတိုင် ကနေ အမည်းရောင် မီးခိုးတွေ ထွက်လာခဲ့တာကြောင့် ရိုမန် ကက်သလစ်ဘုန်းတော်ကြီးတွေအနေနဲ့ ပုပ်ရဟန်းမင်း အ သစ်ကို တညီတညွတ်ထဲ မဲပေး ရွေးကောက်ပြီး မတင်မြှောက် နိုင်ကြသေးဘူးဆိုတာ ပြနေပါတယ်။

Thursday, 7 March 2013

ဖိလစ်ပိုင် တိုက်ခိုက်ရေး သမားများ မလေးရှားသို့ ထပ်မံ ထွက်ခွာ

ဖိလစ်ပိုင် တိုက်ခိုက်ရေး သမားများ မလေးရှားသို့ ထပ်မံ ထွက်ခွာ

ဖိလစ်ပိုင် အစိုးရကို ဆယ်စုနှစ် များစွာ လက်နက်စွဲကိုင် တိုက်ခိုက်ခဲ့သည့် မိုရို အမျိုးသား လွတ်မြောက်ရေး တပ်ဦး (MNLF) အဖွဲ့မှ ပြောက်ကျား တပ်ဖွဲ့သည် မလေးရှား တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ဆင်နွှဲနေသော ဖိလစ်ပိုင် ဆူလ်တန် မျိုးနွယ်စုများအား အင်အား ဖြည့်တင်းရန် အတွက် ဖိလစ်ပိုင် နိုင်ငံမှ မလေးရှားသို့ ထွက်ခွာ ခဲ့ကြကြောင်း ၎င်းအဖွဲ့ မှ ခေါင်းဆောင် တစ်ဦးက ပြောကြားခဲ့သည်။

ယင်း တိုက်ခိုက်ရေး သမားများသည် MNLF အဖွဲ့၏ တပ်ဖွဲ့ဝင်ဟောင်းများ ဖြစ်ကြပြီး ၁၉၉၆ ငြိမ်းချမ်းရေး စာချုပ် လက်မှတ် မရေးထိုးမီက ဖိလစ်ပိုင် အစိုးရကို ဆန့်ကျင်သည့် တိုက်ပွဲများအား ဆယ်စုနှစ် များစွာ ဆင်နွှဲ ခဲ့ကြကြောင်း မူအာဂျက်ဘ် ဟာရှင်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းတို့သည် တိုက်ပွဲရှိရာ နေရာသို့ သွားရောက်ရန် အတွက် မလေးရှား လုံခြုံရေး တပ်ဖွဲ့ဝင် များအား ကျော်ဖြတ်ခဲ့ကြောင်း၊ ၎င်း တိုက်ခိုက်သူများသည် ယခင်က ၎င်း ဒေသများ၌ လေ့ကျင့်ရေးများ ပြုလုပ် ခဲ့ကြသောကြောင့် နယ်မြေ အနေအထားကို ကောင်းစွာ သိရှိထားကြောင်း သိရသည်။ သို့ရာတွင် အင်အား ဖြည့်တင်းရန် ထွက်ခွာခဲ့သော တိုက်ခိုက်ရေးသမား အရေအတွက်ကို ဟာရှင်က ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/8581-2013-03-07-09-50-50
ဖိလစ်ပိုင် အစိုးရကို ဆယ်စုနှစ် များစွာ လက်နက်စွဲ ကိုင် တိုက်ခိုက်ခဲ့သည့် မိုရို အမျိုးသား လွတ်မြောက်ရေး တပ်ဦး (MNLF) အဖွဲ့မှ ပြောက် ကျား တပ်ဖွဲ့သည် မလေးရှား တပ်ဖွဲ့ဝင်များနှင့် တိုက် ပွဲများ ဆင်နွှဲနေသော ဖိလစ်ပိုင် ဆူလ်တန်မျိုးနွယ်စု များအား အင်အား ဖြည့်တင်းရန် အတွက် ဖိလစ် ပိုင နိုင်ငံမှ မလေးရှားသို့ ထွက်ခွာ ခဲ့ကြကြောင်း ၎င်း အဖွဲ့ မှ ခေါင်းဆောင် တစ်ဦးက ပြောကြားခဲ့သည်။

Monday, 4 March 2013

ဗွီအိုအေ(မြန်မာဌာန)
HIV/AIDS ရောဂါပိုး ကူးစက်နေတဲ့ မွေးကင်းစ ကလေးငယ် ကို  စောစောစီးစီး ပုံမှန် ဆေးကုသ မှု ပေးနိုင် ခဲ့တဲ့နောက် ပိုင်း  ရောဂါပျောက်ကင်းသွားတဲ့  လက္ခဏာတွေ တွေ့လာရတယ်လို့ အမေရိကန် ပြည်ထောင်စု က ဆရာဝန်တွေက ထုတ်ဖော် ပြောဆိုပါတယ်။
 

Tuesday, 5 February 2013

အပင်များ တစ်သက်လုံး အသက်ရှင်စေမည့် နည်းလမ်းနဲ့ ဆေးပညာ ကို တွေ့ရှိ

အပင်များ တစ်သက်လုံး အသက်ရှင်စေမည့် နည်းလမ်းနဲ့ ဆေးပညာ ကို တွေ့ရှိ

ဂျာမနီက ဇီဝဗေဒ ပညာရှင်များရဲ့  ကြိုးစား ဖန်တီးနိုင်ခဲ့မှုကြောင့် ဖြစ် ပါတယ်။ တကယ်ပဲ အပင်တွေကို တစ်သက်လုံး အသက် မသေအောင် မွေးထားနိုင်မယ့် ဖော်မြူလာ ဖြစ်ကြောင်း သိရပါတယ်။ 

စမ်းသပ်မှုကိုတော့ ဆေးရွက်ကြီးပင်နဲ့ ပြုလုပ်ခဲ့ပြီး ယနေ့အထိ အသက် ရှင် နေသေးတာကို မြင်တွေ့ရပါတယ်။ သာမန်ဆိုရင် လေးလထက် ပိုမရှင် တဲ့ ဆေးရှက်ကြီးဟာ ယခုဆိုရင် ၈ နှစ်မက အသက်ရှင်နေပြီး ဖြစ် ပါတယ်။ ဆက်လက်လည်း ကြီးထား၊ရှင်သန်နေပြီး ၂ မီတာ ဝန်းကျင် လောက်ထိကို မြင့်ပါတယ်။ အပင်ကတော့ သာမန်အတိုင်း ပါပဲ။ ဘာ ဇီဝပြောင်းလဲမှုမှ မဖြစ်ပါဘူး။ 

အပင်ရဲ့  ဟောင်းနွမ်းပြီး ကြွေကျသွားတဲ့ အရွက်တွေ နေရာအစား အရွက် သစ် များ ပြန်လည်ပေါက်ဖွားဖို့ ပင်စည်ကလည်း ကောင်းကောင်း အလုပ် လုပ်နေပါတယ်။ ဆက်လက်လည်း ရှင်သန်နေအုံးမှာ ကို လေ့လာတွေ့ရှိ ခဲ့ပါတယ်။ ဒီအတွက် ၎င်းတို့ ကြိုးစား ဖန်တီးခဲ့တဲ့ ဇီဝ နည်းပညာနဲ့ ဆေး ပညာကို အသုံးပြုလို့ စိုက်ပျိုးရေး နယ်ပယ်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရင် သက်ရှိမျိုးသုန်းမှု တစ်ခုကို ထိထိရောက်ရောက် ကာကွယ်နိုင်ပြီး လူသားအတွက်လည်း အကျိုးပြုပါတယ်။ 

ဂျပန်မှာဆိုရင်လည်း တစ်သက်လုံး မသေနိုင်မယ့် အာလူးပင်မျိုးကို ကြိုးစား စိုက်ပျိုးနေပြီး သက်ရှင် အပင်ပြီးရင် သက်ရှိလူသားအထိ အဆင့်ဆင့် ကြိုးပမ်း သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ 
--
Ref: cbsnews
ရိုးရာလေး

ဂျာမနီက ဇီဝဗေဒ ပညာရှင်များရဲ့  ကြိုးစား ဖန်တီးနိုင်ခဲ့မှုကြောင့် ဖြစ် ပါတယ်။ တကယ်ပဲ အပင်တွေကို တစ်သက်လုံး အသက် မသေအောင် မွေးထားနိုင်မယ့် ဖော်မြူလာ ဖြစ်ကြောင်း သိရပါတယ်။

Saturday, 22 September 2012

မလေးတွင် ရောင်းစားခံခဲ့ရသော ရခိုင်အမျိုးသမီး ၂ ဦး အထဲမှ တစ်ဦးကို ကယ်တင်နိုင်

ထွန်းထွန်း
မလေးရှားနိုင်ငံသို့ ရောင်းစားခံရသော ရခိုင်အမျိုးသမီး ၂ဦးအနက် တစ်ဦးကို ကယ်တင်နိုင် ခဲ့ကြောင်း မလေးရှား အခြေစိုက် ARRC ဒုက္ခသည် ရုံးမှ အထွေထွေအတွင်းရေးမှူး ကိုစောသန်းက နိရဉ္စရာသို့ပြောသည်။
ပွဲစားမှတဆင့် မလေးရှားသို့ ရောင်းစားခံရသော အမျိုးသမီး၂ဦးမှာ မပုမနှင့် မတင်နုတို့ဖြစ်သည်။ မပုမမှာ မင်းပြားမြို့နယ် ကြောင်ရှည်ချောင်း ကျေးရွာမှဖြစ်ပြီး မတင်နုမှာ ဘူးသီးတောင်မြို့နယ် ခွဆုံကျေးရွာမှဖြစ် သည်ဟု သိရသည်။


အဓိဂရုဏ်းကြောင့် ဘင်္ဂလာဒေခ်ျ့ စစ်တကောင်း ရမ်ဂါမတီတွင် အရေးပေါ် ပုဒ်မ ၁၄၄ ထုတ်

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ် သက်လူမျိုးများ နေထိုင်ရာ ရမ်ဂါမတီခရိုင်တွင် သက်ကျောင်းသားများနှင့် ပြောင်းရွှေ့ အခြေချ နေထိုင်သူ ဘင်္ဂလီ လူမျိုးများ အကြား အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ပြီးနောက် ယခုအခါ  ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီဟု The Dailystar သတင်းအရ သိရသည်။


Tuesday, 18 September 2012

ဒေါ်အောင်ဆန်းစုကြည်အား ဆုချီးမြှင့်မည့်အခမ်းအနားတွင် ကချင်အမျိုးသားများ တက်ရောက်မည် မဟုတ်


အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်မှ အမြင့်ဆုံးရွှေတံဆိပ်ဆုချီးမြှင့်ခြင်းကို လက်ခံရယူရန် အမေရိကန်နိုင်ငံသို့  ရောက်ရှိနေသော မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ကို ကချင်မဟာမိတ် (Kachin Alliance) မှ လှိုက်လှဲစွာကြိုဆိုသော်လည်း ဂုဏ်ပြု အခမ်းအနားတွင်မူ စစ်မက်ပြဿနာရင်ဆိုင်နေရသော ကချင်တိုင်းရင်းသားများ အနေဖြင့်တက်ရောက်မည် မ ဟုတ်ကြောင်း ပြောဆိုလိုက်သည်။
ပြီးခဲ့တဲ့ ဧပြီကြားဖြတ် ရွေးကောက်ပွဲမတိုင်မီ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် မဲဆွယ်နေသော ဒေါ်အောင်ဆန်းစုကြည်။
ပြီးခဲ့တဲ့ ဧပြီကြားဖြတ် ရွေးကောက်ပွဲမတိုင်မီ ကချင်ပြည်နယ်
 မြို့တော် မြစ်ကြီးနားတွင် မဲ ဆွယ်နေသော ဒေါ်အောင်ဆန်းစုကြည်။

မလေးရှားကို လှေနဲ့ ခိုးသွားမည့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၁၂ ဦးဖမ်းဆီးခံရ

ဘင်္ဂလာဒေခ်ျ့ နိုင်ငံကနေ မလေးရှားနိုင်ငံကို စက်လှေနဲ့ ခိုးသွားမယ့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၁၂ ဦးနဲ့ ကို စစ်တကောင်းမှာ ရဲအဖွဲ့က မနေ့မနက်က ဖမ်းဆီးလိုက်ပါတယ်။
Photo: thedailystar

Saturday, 15 September 2012

မိုဟာမက်ဗီဒီယိုကလစ်ကိုဖျက်ချပေးရန် အိမ်ဖြူတော်၏ တောင်းဆိုချက်ကို Google ပယ်ချ


Reuters
စက်တင်ဘာ ၁၅၊ ၂၀၁၂


အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ဖြစ်ပေါ်စေသည့် အငြင်းပွားဖွယ် YouTube ဗီဒီယိုကလစ် အင်တာနက်တွင် ဆက်လက်ထားရှိမည်ဟူသော ဆုံးဖြတ်ချက် ကို ပြန်လည် စဉ်းစားပေးရန် အိမ်ဖြူတော်၏ တောင်းဆိုချက်ကို Google က သောကြာနေ့တွင် ပယ်ချလိုက်သည်။

Thursday, 13 September 2012

ဘင်္ဂါလီတွေကို တတိယနိုင်ငံ မပို့ပဲ စောင့်ရေးပေးရန် ဗြိတိ ပါလီမန် တာင်းဆိုမည်

Rakhine Citizen Journalists
ရခိုင်ပြည်နယ်တွင် ရှိသော ဘင်္ဂါလီများကို တတိယနိုင်ငံသို့ မပို့ပဲ စောင့်ရှောက်ပေးရန် မြန်မာ အစိုးရနှင့် ဘင်္ဂလား ဒေခ်ျ့ အစိုးတို့ ကို တောင်းဆို သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၁ရက်နေ့က ဗြိတိသျှ ပါလီမန်တွင် သဘောတူ ဆုံးဖြတ်ခဲ့ကြကြောင်း ဘီဘီစီ သတင်းဌာနတွင် ဖော်ပြသည်။

Wednesday, 12 September 2012

လစ်ဗျား- အမေရိကန်သံရုံး တိုက်ခိုက်မှု ကြိုတင်ကြံစည်မှုဖြစ်နိုင်




အမေရိကန် သံအမတ်ကြီး J. Christopher Stevens နဲ့ ၀န်ထမ်းသုံးဦး သေဆုံးခဲ့တဲ့ လစ်ဗျားနိုင်ငံ အရှေ့ဘက် Benghazi မြို့က တိုက်ခိုက်မှုဟာ အမေရိကန် ဆန့်ကျင်သူတွေရဲ့ ဒေါသထွက် တိုက်ခိုက်မှုထက် ကြိုတင်စီစဉ် တိုက်ခိုက်မှု ဖြစ်နိုင်တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

OIC လူသားချင်းစာနာမှုဆိုင်ရာရုံး မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည်

2012-09-12
OIC လို့ခေါ်တဲ့ အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးရုံးဟာ လူသားချင်း စာနာမှုဆိုင်ရာ ရုံးတစ်ရုံး ဖွင့်လှစ်ဖို့ မြန်မာအစိုးရနဲ့ သဘောတူညီချက် လက်မှတ် ရေးထိုးလိုက်တဲ့အကြောင်း OIC သံအမတ် Tariq Bakheet က မနေ့က ကြေညာပါတယ်။

ဘင်္ဂလာရဲ ရဲ့ Jamaatul Arakan စစ်ဆင်ရေး အတွင်း မြန်မာနိုင်ငံသား ၅၄ ဦး ဖမ်းဆီးခံရ

ဘင်္ဂလာဒေခ်ျ့ရဲအဖွဲ့က မြန်မာ  နယ်စပ် အနီး တည်ရှိတဲ့ ဘင်္ဂလာဒေခ်ျ နိုင်ငံ အတွင်းက ခရိုင်  တချို့မှာ အခု အခါ အစွန်းရောက်  အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ Jamaatul Arakan  ကို စစ်ဆင်ရေး လုပ်နေပါတယ်။
လွန်ခဲ့တဲ့ အပတ်က သံသယရှိနေသူ လူ (၄) ဦးကို ဘင်္ဂလာရဲက ဖမ်းမိခဲ့ပြီး စစ်ဆေးတဲ့ အခါ သူတို့ဟာ jamaatual Arakan အဖွဲ့က ဖြစ်ပြီး  ဘင်္ဂလာဒေ့ခ်ျက မတရားအ သင်း ကျေညာထားတဲ့ ဂျီအမ်းဘီနဲ့ အဆက် အ သွယ်ရှိတယ်လို့ ထွက်ဆိုတဲ့ အတွက် အခုလို နယ်စပ်က ခရိုင်တချို့ ဖြစ်တဲ့ ကော့စ်ဘဇား၊ ဘင်ဒရိုဘင်နဲ့ ရန္ကာ မတီ တို့မှာ စစ်ဆင်ရေး လုပ်နေတာ ဖြစ်တယ်လို့ သတင်းစာတွေ မှာ ရေးသား ဖေါ်ပြ ပါတယ်။

ဖမ်းဆီးခံထားရသူများ (ဓါတ်ပုံ- အင်တာနက်)

လစ်ဗျားတိုက်ခိုက်မှု အမေရိကန်သံအမတ်ကြီးနဲ့သံဝန်ထမ်း ၃ ဦး သေဆုံး

လစ်ဗျားနိုင်ငံအရှေ့ပိုင်း ဘန်ဂါဇီမြို့က အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးကို ဆန္ဒပြ လူအုပ်ကြီးက အတင်း ၀င်ပြီး တိုက်ခိုက်တဲ့အတွက် လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့ သံရုံးဝန်ထမ်းသုံးဦး တို့ သေ ဆုံးသွားတယ်လို့ အမေရိကန်သတင်းဌာနတွေက ပြောကြပါတယ်။ အမေရိကန်နိုင်ငံသားတဦး စီစဉ်ရိုက်ကူး ထားတဲ့ ဗွီဒီယိုတခုမှာ တမန်တော် မိုဟမ်မက်ဒ် ကို လှောင်ပြောင်ထားတယ်ဆိုတာ အပေါ် ဒေါသထွက် သူတွေက အကြမ်းဖက် ဆန္ဒပြခဲ့ကြတာပါ။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက်တွေရဲ့ သတင်းပေးပို့ ချက်တွေအပေါ် အခြေခံပြီး ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

Sunday, 9 September 2012

ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ထိုင်းနိုင်ငံတွင်ကျင်းပ

2012-09-09
မြန်မာ့လွတ်လပ်ရေး မီးရှုးတန်ဆောင် ရခိုင်အမျိုးသား ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူတဲ့ (၇၃) နှစ်မြောက် အခမ်းအနားကို ထိုင်းနိုင်ငံရောက် ရခိုင်အမျိုးသားများက ဦးစီးပြီး ဘန်ကောက်မြို့၊ ဘန်ခွန်တီရမ်မှာရှိတဲ့ ဝပ်ထပ်ခမ်း ဘုန်းကြီးကျောင်းမှာ မနေ့ကပြုလုပ်ခဲ့ရာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၈၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။
RFA

ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီများရဲ့ အကြံအစည်

ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့(Rohingya Solidarity Organization-RSO) အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်အဖွဲ့များက ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်မြေအချို့အား ပူးပေါင်းကာ နိုင်ငံသစ်တစ်ခု ထူထောင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

Wednesday, 5 September 2012

ရခိုင်အရေး သတင်းလိမ်လည်မူများကို ဂျပန်ရောက် မြန်မာနိုင်ငံသားများက ယူအန် ရုံးရှေ့တွင် ကန့်ကွက် ဆန္ဒပြ

မောင်အေး
ဂျပန်နိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာတိုင်းရင်းသားများမှ ရခိုင်ပြည် နယ်တွင် ဖြစ်ပေါ် နေသည့် ပဋိပက္ခကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် မူဆလင်နိုင်ငံ တချို့တို့မှ သတင်းများ လွဲမှားစွာ လိမ်လည် ထုတ်ပြန်ပြီး ၀င်ရောက်စွက်ဖက်နေမူ အပေါ် ဆန့်ကျင် ကန့်ကွက်ကြောင်း ဆန္ဒပြ ဖေါ်ထုတ်ပွဲ တစ်ရပ်ကို ဂျပန်နိုင်ငံတွင် ယမန်နေ့က ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲကို ယနေ့ (စက်တင်ဘာ ၅ ရက်) ညနေ ၃ နာရီကနေ ၄ နာရီအထိ ဂျပန်ရောက် မြန်မာ တိုင်းရင်း ၈၀ ခန့်က တိုကျိုမြို့ ကုလသမဂ္ဂရုံးရှေ့တွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

Tuesday, 4 September 2012

ဘင်လာဒင် နောက်ဆုံးနေ့ စာအုပ်ထွက်

ဘင်လာဒင်ကို သုတ်သင်သည့်စစ်ဆင်ရေးမှာ ပါဝင်တဲ့ 
တပ်ဖွဲ့ဝင်တဦးရေးတဲ့ "No Easy Day: စာအုပ်အဖုံး။

စက်တင်ဘာလ ၄ ရက်နေ့က ကမ္ဘာတလွှားနဲ့ အမေရိကန်ပြည်ထောင်စုက စာအုပ်ဆိုင်တွေမှာ စတင် ရောင်း ချတဲ့ No Easy Days မလွယ်ကူလှတဲ့ နေ့- အမည်ရှိ စာအုပ်ဟာ မနှစ်က ပါကစ္စတန်နိုင်ငံမှာ အယ်လ်ကိုင်းဒါး အကြမ်းဖက် အဖွဲ့ခေါင်းဆောင် အိုစမာဘင်လာဒင်ကို သွားရောက် သုတ်သင်စဉ်က သတင်း အချက် အလက်တွေ ပါဝင်နေပါတယ်။

Tuesday, 28 August 2012

အင်္ဂါဂြိုဟ်ပေါ်၌ ပန်းကန်ပြားပျံများတွေ့

 

သြဂုတ်လ ၅ ရက်နေ့က အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်သို့ ဆင်းသက်ခဲ့သော နာဆာ၏ Curiosity Rover ယာဉ်ငယ် သည် အင်္ဂါဂြိုဟ်ပေါ်၌ တွေ့ရှိသမျှ အရာအားလုံးကို မှတ်တမ်းဓာတ်ပုံများရိုက်၍ ပေးပို့ခဲ့သည်။ အဆိုပါဓာတ်ပုံများသည် ရုပ်သံကင်မရာဖြစ်၍ လှုပ်ရှားနေသော အရာများကိုပင် ရိုက်ကူးနိုင်သည်။

Friday, 24 August 2012

ဂရိနိုင်ငံ၏ ပိုင်နက်နယ်မြေအချို့ကို ရောင်းချမည်


တိုင်းပြည်၏ အကြွေးနွံ နစ်နေမှုကို ကယ်တင်ရန်အတွက် နိုင်ငံပိုင်နက် နယ်မြေအချို့ကို ရောင်းချရန် ဂရိအစိုးရက ဆုံးဖြတ်လိုက်ပြီဟု သိရှိရသည်။ ဂရိဝန်ကြီးချုပ် အန်တိုနစ် ဆမာရက်စ်က မိမိတို့သည် နိုင်ငံ၏ ကမ်းခြေနေရာ အချို့နှင့် နိုင်ငံပိုင် ကျွန်းများကို ရောင်းချရန် စီစဉ်နေကြောင်း အတည်ပြုခဲ့သည်။