Thursday, 21 February 2013

ရခိုင်ပြည်နယ်ရှိ ကုလားများအတွက် Muslim Aid အဖွဲ့မှတစ်ဆင့် ကာတာနိုင်ငံက ဒေါ်လာတစ်သိန်းထောက်ပံ့

စစ်တွေ၊ ၂၁ ဖေဖော်ဝါရီ ၂၀၁၃၊ Coral arakan News ၊ [ သတင်း ]

ရခိုင်ပြည်နယ်အတွင်းရှိ ကုလားဒုက္ခသည်များကို အကူအညီပေးရန်အတွက် ကာတာနိုင်ငံအခြေစိုက် Al Asmakh Charity က ဗြိတိန်နိုင်ငံအခြေစိုက် Muslim Aid အဖွဲ့အား ဒေါ်လာတစ်သိန်းထောက်ပံ့ပေးရန် ၂၀၁၃ -ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသည် The Muslim News က ဖော်ပြထားသည်။


အဆိုပါသတင်းအရ Muslim Aid မှာ မြန်မာနိုင်ငံအစိုးရ နှင့် ရခိုင်ပြည်နယ်အစိုးရတို့၏ ခွင့်ပြုချက်အရ ဒုက္ခ သည် မိသားစုပေါင်း လေးထောင်အတွက် ထောက်ပံ့ကူညီပေးနေသည် ဟု ဆိုသည်။

ပြီးခဲ့သော ၂၀၁၂-ခုနှစ် သြဂုတ်လအတွင်း ဘင်္ဂလာဒေ့ရှ်အစိုးရက ကော့ဘဇားခရိုင်တွင် ရိုဟင်ဂျာအမည်ခံ ဘဂ်ါလီ ဒုက္ခသည်များအား အကူအညီပေးခြင်းကို ရပ်ဆိုင်းကာ ထွက်သွားရန် နှင်ထုတ်ခြင်းခံရသည့် အဖွဲ့ သုံးဖွဲကအနက်မှ တစ်ဖွဲ့ဖြစ်သည်။

(Coral Arakan News အတွက် ကော်ကာနု ရေးသားသည်။)

No comments:

Post a Comment