21-02-2013
ရခိုင်ပြည်နယ်သည် ဘင်္ဂလားပင်လယ်ရေပြင်နဲ့ ဆက်စပ်တည်ရှိပြီး မြစ်၊
ချောင်းများ ပေါများပြီး ပင်လယ်ထွက်ပေါက်များတဲ့ဒေသတစ်ခု ဖြစ်ပါသည်။ အနောက်ဘက်ရှိ အိမ်နီးချင်းနိုင်ငံနဲ့ နိုင်ငံ၏ အနောက်ဘက်တစ်လျှောက် မိုင်၂၅၀ ခန့် တစ်ဆက်တည်း တည်ရှိနေပါတယ်။ ရခိုင်ပြည်နယ်၊
ချောင်းများ ပေါများပြီး ပင်လယ်ထွက်ပေါက်များတဲ့ဒေသတစ်ခု ဖြစ်ပါသည်။ အနောက်ဘက်ရှိ အိမ်နီးချင်းနိုင်ငံနဲ့ နိုင်ငံ၏ အနောက်ဘက်တစ်လျှောက် မိုင်၂၅၀ ခန့် တစ်ဆက်တည်း တည်ရှိနေပါတယ်။ ရခိုင်ပြည်နယ်၊
မောင်တောမြို့နယ်မှာ ရခိုင်တိုင်းရင်းသားများ အပါအဝင် အခြားတိုင်းရင်းသားလူမျိုးများမှာ မြို့နေလူဦးရေ၏ ၅ ရာခိုင်နှုန်းသာ ရှိနေတာကိုတွေ့ရှိရပြီး အလုပ်အကိုင် အခွင့်အလမ်းများ မရှိခြင်း၊ ဒေသဖွံ့ဖြိုးမှုများ မရှိသလောက် နည်းပါးနေခြင်းတို့ကြောင့် တိုင်းရင်းသားလူမျိုးများရဲ့ လူဦးရေ အင်အားဟာ တဖြည်းဖြည်း လျော့နည်း ကျဆင်းလာတာဖြစ်ပါသည်။
မောင်တောမြို့နယ်၊ အလယ်သံကျော်ဒေသမှာ
ကမ်းခြေတစ်လျှောက် သင်္ဘော ပြင်ဆင်ခြင်းလုပ်ငန်း၊ သင်္ဘော တည်ဆောက်ခြင်း
လုပ်ငန်း၊ ပင်လယ် ကမ်းနားအပန်းဖြေစခန်း လုပ်ငန်းများနှင့်
အခြားသောမြို့ နယ်ဒေသများမှာ အထည်ချုပ်လုပ်ငန်း၊ လုပ်သားအင်အား
အများအပြားလိုအပ်သော စက်မှုလုပ်ငန်းများကို
ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့ တည်ထောင်ပေးရန် လိုအပ်လျက် ရှိနေပါသည်။
ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့ တည်ထောင်ပေးရန် လိုအပ်လျက် ရှိနေပါသည်။
ဤလုပ်ငန်းများ ထူထောင်လာပါမှ အခြားသော မြို့နယ်မှ
တိုင်းရင်းသားများကလည်း အလုပ်အကိုင်အတွက် လာရောက် လုပ်ကိုင် အခြေချနေထိုင်
လာကြမှာဖြစ်သည့်အပြင် မောင်တောမြို့နယ်မှာ တိုင်းရင်းသား
လူ ဦးရေအချိုးလည်း ပြန်လည်မြင့်တက် လာနိုင်မှာ လည်းဖြစ်ပါသည်။
ပြည်ထောင်စုအနောက် ဘက်တံခါးကို လုံခြုံခိုင်မာစွာ ကာကွယ်စောင့်
ရှောက်ပြီးသားလည်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍မောင်တောမြို့နယ်၊
အလယ်သံကျော်ဒေသ နှင့် အခြားသော မြို့နယ်များတွင် ပြည်တွင်းပြည်ပ
ရင်းနှီးမြှုပ်နှံမှုများ လာရောက် လုပ်ကိုင်နိုင်ရေး အတွက် နိုင်ငံတော်မှ
စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ ကိုသိလိုပါကြောင်း
မေးမြန်းသွားပါသည်။
---------------------------------------------------
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိန်းအောင် အဖြေ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အနေဖြင့် ပင်လယ်ကူး နိုင်ငံတကာ သင်္ဘောကြီးများ ဝင်/ထွက် ဆိုက်ကပ်ရာ ဆိပ်ကမ်းမြို့များတွင် ဆိပ်ကမ်းနယ်နိမိတ်များ သတ်မှတ်ပြီးတော့ ဆိပ်ကမ်းဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာမှာ ရခိုင်ပြည်နယ် မှာ ဆောင်ရွက်လျက်ရှိတဲ့ ဆိပ်ကမ်းတွေကတော့ စစ်တွေဆိပ်ကမ်း၊ ကျောက်ဖြူဆိပ်ကမ်း နှင့် သံတွဲဆိပ် ကမ်း တို့ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး
ပိုင်စက်ရှိ၊ စက်မဲ့ရေယာဉ်များ ပြင် ဆင်ခြင်း၊ ရေယာဉ်တည်ဆောက်ခြင်း
လုပ်ငန်းများကိုလည်း ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ကြီးကြပ်မှု
အောက်မှာ စစ်တွေသင်္ဘောကျင်းတွင် ဆောင်ရွက်လျက်ရှိကြောင်း ကိုလည်းသိရပါ တယ်။
အောက်မှာ စစ်တွေသင်္ဘောကျင်းတွင် ဆောင်ရွက်လျက်ရှိကြောင်း ကိုလည်းသိရပါ တယ်။
မောင်တောဒေ သ၊ အလယ်သံကျော်ဒေသမှာ ကမ်ခြေတစ်လျှောက်
သင်္ဘောပြင်ဆင်ခြင်လုပ်ငန်းများ၊ သင်္ဘော တည်ဆောက်ခြင်း လုပ်ငန်းများ၊
အထည်အချုပ်လုပ်ငန်းများ လုပ်သားအင်အားအများအပြား လိုအပ်သော
စက်မှုလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် အထူးစီးပွားရေးဇုန် (သို့မဟုတ်)
စက်မှုဇုန်အသွင် တည်ဆောက် ရန် လိုအပ်သောမူဝါဒများချမှတ်ပြီး ပြည်တွင်းပြည်ပ
ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်သွားရန် လိုအပ် ပါကြောင်း တင်ပြလာပါတယ်။
ဒီကိစ္စ နှင်ပတ်သက်ပြီး ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လိုသူများကို ဖိတ်ခေါ်တဲ့ နေရာမှာ လုပ် ငန်းဆောင်ရွက်မည့်ဒေသရဲ့
အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်လုပ်မည့်ကုန်ချော ပစ္စည်း များအား
ပြည်တွင်းပြည်ပသို့ ပြန်လည်တင်ပို့ ရောင်းချနိုင်မှု၊ စီးပွားရေးအရ
တွက်ချေကိုက်မှု အလားအလာ ရှိ/မရှိတို့ကို သိရှိနိုင်ရေးအတွက် လိုအပ်သော
Feasibility Study အားပြုလုပ် ဆောင်ရွက်သွားရန်လိုအပ် မည် ဖြစ်ပါသည်။
ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် လည်း စီးပွားရေးအရ
တွက်ချေကိုက်မှု ရှိမှသာလျှင် လာရောက် ရင်းနှီးမြှုပ်နှံကြမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ လက်ရှိအခြေအနေအရ ရခိုင်ပြည်နယ် တွင် ရေယာဉ်များ
ပြင်ဆင်ရေးအတွက်လည်း စစ်တွေ သင်္ဘောကျင်းတစ်ခုတည်းနဲ့
လုံလောက်မှုရှိကြောင်း ကိုလည်း လေ့လာ တွေ့ရှိရပါသည်။
သို့ဖြစ်ပါ၍
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အလယ်သံကျော်ဒေသမှာ
ပင်လယ်ကမ်းခြေမှာ သာယာလှ ပ သော်လည်း လက်ရှိအခြေအနေမှာ သွားလာလည်ပတ်ရန်
လမ်းပန်းဆက်သွယ်ရေးမှအစ အခြေခံ အဆောက်အအုံများ ပြည့်စုံရန်
လိုအပ်နေသေးသဖြင့် အပန်းဖြေစခန်းအပြင် စက်မှုလုပ်ငန်းများ ဆောင် ရွက်နိုင်ရေး အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်နိုင်မည့် အခြေအနေ လောလောဆယ် မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားသွားပါသည်။
No comments:
Post a Comment