ရခိုင်ပြည်နယ်တွင် လယ်သမားများအနေနဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကိုပင်လယ်ဒီရေ မဝင်ေ ရာက်နိုင်ရန်အတွက် ရေငန်တားသော တမံများ ဒေသအခေါ် ကာရီများ ဆည်ဖို့ပြီး လုပ်ကိုင် ဆောင်ရွက် လျက်ရှိရာ နိုင်ငံတော်မှ ဖွံ့ဖြိုးရေးအစီအစဉ်နှင့် စက်ယန္တရားကြီးများဖြင့် တည်ဆောက်ပေးသော ရေငန် တားတမံ ၃၂ ခုရှိပြီးတော့မှ စုစုပေါင်း မိုင်၂၀၇.၈၉ (အကျိုးပြုဧက က ၇၉၅၈၄ ဧက) နှင့် ဒေသခံလယ် သ မားများမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆည်ဖို့ထားသော ဒေသအခေါ် ကာရီ ၃၉၄ ခုရှိပြီးမှ စုစုပေါင်းအရှည် ၄၉၅.၆၇ မိုင် (အကျိုးပြုဧက ၉၈၁၃၆ ဧက) ခန့်ရှိပါသည်။
သို့ရာတွင် ဒေသခံပြည်သူများအနေဖြင့် ကိုယ်ထူကိုယ်ထ တမံ (ကာရီ) များမှာ ခိုင်ခံမှုအားနည်းသည့်အပြင် သဘာဝဘေးအန္တရာယ်များ ပိုမိုဖြစ်ထွန်းလာမှုကြောင့်လည်း ကာရီများ ကျိုးပေါက်ပျက်စီးမှုများပြီး စိုက်ပျိုး သီးနှံများ မကြာခဏ ဆုံးရှုံးမှုများ နှစ်စဉ်တိုးမြင့်လာကြောင်းကိုလည်းတွေ့ရှိရပါသည်။
တချို့ကျေးရွာများတွင် ဒီရေဝင်ရောက် မှုကို မတားဆီးနိုင်တော့သည့်အတွက် လယ်မြေများကို စွန့်လွှတ်ပြီး တခြားသော လုပ်ငန်းများကို ပြောင်းရွှေ့လုပ်ကိုင်သွားကြကြောင်းကိုလည်း လေ့လာတွေ့ရှိရပါသည်။
နိုင်ငံတော်အနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ်ရှိ လယ်ယာစိုက်ပျိုးရေးသုံး ကာရီ များပြုပြင်ရန် ပြီးခဲ့သည့်နှစ်က သန်းပေါင်း ၃၀၁၃ သန်းချမှတ်ခွဲဝေပေး ခဲ့ကြောင်းသိရှိရပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှလည်း တမံ ၈၆ ခုကို ဆောင်ရွက်ရန် တင်ပြထားပြီး လာ မယ့်နှစ်တွင်လည်း ကျပ်သန်းပေါင်း ၅၀၀ ခန့် လယ်သမားကာရီ တမံများ ပြုပြင်ရန် ဆောင်ရွက် ထားကြောင်းလည်း သိရပါတယ်။
သို့ရာတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ လယ်သမားရေငန်တားတာတမံများ ဒီရေ ဝင်ရောက်မှုအန္တရာယ်မှ ကာကွယ်ရန်အတွက် ခိုင်မာတောင့်တင်းစိတ်ချရတဲ့ တာတမံများဖြစ် လာ စေရေး စီမံချက် ရေးဆွဲပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်မည်ကို သိရှိလိုပါသဖြင့် ဖြေကြားပေးနိုင်ပါရန် လွှတ်တော် ဥက္ကဋ္ဌကြီးမှ တစ်ဆင့် မေးမြန်းအပ်ပါတယ်ခင်ဗျား။
------------------------------------------
ဖြေကြားချက်
အမ်းမဲဆန္ဒနယ်မှ ဦးသိန်းဆွေ၏ “ရခိုင်ပြည်နယ်ရှိ လယ်သမားရေငန်တား တာတမံများအား ခိုင် မာတောင့်တင်းစိတ်ချရသည့် တာတမံများ ဖြစ်လာစေရေး ပြုပြင် တည်ဆောက်ပေးရန်နှင့် စပ် လျဉ်းသည့်မေးခွန်း” အား လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော် မှပြန်လည်ဖြေကြားရာတွင်-
ရခိုင်ပြည်နယ် အတွင်းရှိ လယ်သမားတာ(ကာရီ) များကို ပြုပြင်ရန် လုပ်ငန်းအပေါ် ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်မှ ရန်ပုံငွေကျပ်သန်း ၃၀၁၃ သန်း ခွဲဝေခွင့်ပြုရရှိခဲ့ပြီး ရခိုင်ပြည်နယ် ဆည်မြောင်း ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးချက်အရ ဦးစားပေးဆောင်ရွက်ရန် လိုအပ်ချက်ရှိနေသည့် လယ်သမားတာ(ကာရီ) ၈၈ ခု အနက် ၄၉ ခုကို အဆိုပါရန်ပုံငွေဖြင့် ဆောင်ရွက်ရန် အကောင် အထည်ဖော် ခဲ့ပြီး တာတမံ ၃၆ ခုမှာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ပါသည်။ ကျန်တာတမံ ၁၃ ခုကို ဆက်လက်ဆောင်ရွက် လျက်ရှိရာ ၂၀၁၂-၂၀၁၃ ခု ဘဏ္ဍာနှစ်ကုန်တွင် လုပ်ငန်း၏ ၉၃ ရာခိုင်နှုန်းကို ဆောင်ရွက်ပြီး စီးနိုင်မည်ဖြစ် ပါသည်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၈၈ နောက်ဆက်တွဲဇယား(၂) အရ ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာေ ရးနှစ်မှ စတင်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းဦးစီးဌာန၏ လက်အောက် ရှိ တည်ဆောက်ပြီးဖြစ်သော ဆည်၊ တာတမံများနှင့် ရေသောက်စနစ် များအား ပြုပြင်ထိန်း သိမ်းခြင်း၊ မွမ်း မံပြင်ဆင်ခြင်း ဆက်လက်၍ တိုးချဲ့ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုး ရအဖွဲ့အသီးသီးသို့ တာဝန်များ ခွဲဝေလွှဲပြောင်းပေးအပ်ခြင်း ဆောင်ရွက်ပြီးဖြစ်ပါ တယ်။
သို့ဖြစ်ပါ၍ လက်ရှိ အပြီးသတ်ဆောင်ရွက်ရန်ကျန်ရှိသည့် လယ်သမားတာ(ကာရီ) ၁၃ ခုနှင့် ဆက် လက်ေ ဆာင်ရွက်ရန် ကျန်ရှိသည့် လယ်သမားတာ(ကာရီ) ၃၉ ခုတို့အတွက် သက်ဆိုင်ရာ ရခိုင် ပြည်နယ် အစိုးရ အဖွဲ့ အနေဖြင့် လိုအပ်ချက်များအပေါ် ဆက်လက်အကောင် အထည်ဖော်ဆောင် ရွက် နိုင်ရန် အ တွက် နိုင်ငံတော်အစိုးရသို့ ရန်ပုံငွေတင်ပြတောင်းခံပြီး ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ် အားဖြင့် လုပ် ငန်းများ ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် နည်းပညာပိုင်းဆိုင်ရာနှင့် လိုအပ်သောကူညီပံ့ပိုးမှုများ စီစဉ် ဆောင်ရွက်ပေးသွားနိုင် မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
အမ်း မဲဆန္ဒနယ်မှ ဦးသိန်းဆွေ က နောက်ဆက်တွဲမေးခွန်းနေဖြင့် ထပ်ဆင့်မေးမြန်းရာတွင် ရခိုင်ပြည် နယ်မှာရှိတဲ့ ရေငန်တားတမံများကို ကာကွယ်ဖို့အတွက် ဘဏ္ဍာငွေကို ပြည်နယ်အစိုးရ ကတင်ပြတောင်း ခံပြီးတော့မှ ဆောင်ရွက်မယ်လို့ ကျွန်တော် နားလည်ပါတယ်။ ပြည်ထောင်စုအဆင့် ကဖြစ်စေ၊ ပြည်နယ်အ ဆင့်ကဖြစ်စေ၊ မည်သည့်အဆင့်က ဆောင်ရွက်သည် ဖြစ်စေ ရေငန်တား တမံများ ကောင်းမွန်ရန်သာ အဓိ ကဖြစ်ပါကြောင်း သို့ရာတွင် လက်ရှိအနေအထားအရ ပြည်ထောင်စုအဆင့်မှ ပြည်နယ်အဆင့်ကို လွှဲပြောင်း ရာတွင် နည်းပညာနှင့် စက်ယန္တရားများ အကူအညီရရှိရန် မလွဲမသေလိုအပ်ပါကြောင်း၊ ပြည်ထောင်စု အဆင့်အနေနဲ့ လက်ရှိအသုံးပြုနေသော စက်ဟောင်းများကို ပြန်လည်ပြင်ဆင်ပေးရန် သို့မဟုတ် အသစ် လဲလှယ်ပေးရန် အစီအစဉ်များရှိ/မရှိနှင့် လုပ်ငန်းများကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မြို့နယ်အဆင့်အ ထိ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားပေးပြီး မည်သည့်တာတမံအတွက် ကျပ်ငွေအကုန်အကျ ခံတည်ေ ဆာက်ပြီး မည်သည့်ကာလတွင်အပြီး ဆောင်ရွက်မည်ဖြစ်ကြောင်းကို ပြည်သူများ စိတ်ချမ်း သာအောင် ပွင့် လင်းမြင်သာစွာ ဆောင်ရွက်ပေးရန် အစီအစဉ်များရှိ၊ မရှိ ဖြေကြားပေးပါရန် ထပ်ဆင့်မေးမြန်း အပ်ပါတယ် ခင်ဗျား။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော်
မှ ပြန်လည်ဖြေကြားရာတွင် နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်အတိုင်း သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေ သကြီးအစိုးရများကို လုပ်ငန်းများ လွဲပြောင်းပေးပြီးဖြစ်သည့်အတွက်ကြောင့် လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်သည့်အခါမှာ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းဦး စီးဌာနနှင့် ပတ်သက်ပြီး ဆောင်ရွက်တဲ့လုပ်ငန်း တွေကို သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအေ နနဲ့ကလည်း ရန်ပုံငွေများကို စီမံချက်နှင့် တကွ တင်ပြ တောင်းခံသွားရန်လိုအပ်ပါကြောင်း၊ တင်ပြတောင်း ခံမှု စီမံချက်မူကို သက်ဆိုင်ရာ ဒေသမှာရှိတဲ့ ဆည်မြောင်းဦးစီးဌာနနှင့် ပြည်ထောင်စုအဆင့် ဆည်မြောင်းရုံး ချုပ်တို့ ပြန်လှန်ညှိ နှိုင်းပြီးဖြစ်လာမယ့် စီမံချက်အတိုင်း လိုအပ်တဲ့ပံ့ပိုးမှု အကုန်လုံးကို ပြန်လည်ချုံ ငုံ လေ့ လာပြီး လုပ်ငန်းရဲ့ အစီအစဉ်ပေါ်မူတည်ပြီးတော့ နှစ်အလိုက် ကူညီ ဆောင်ရွက်ပေးမှာဖြစ်ပါကြောင်း ရှင်း လင်းဖြေကြားသွားပါသည်။
ဖြေကြားသည့် ဌာန
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
လွှတ်တော်
ပထမအကြိမ် ပြည်သူ့လွှတ်တော်
အစည်းအဝေး
ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး
မေးမြန်းသူ
ဦးသိန်းဆွေ (အမ်း မဲဆန္ဒနယ်)
အစည်းအဝေးရက်
ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ (၂၀.၂.၂၀၁၃)

No comments:
Post a Comment