2012-10-12
ဘင်္ဂလားဒေရှ့်နိုင်ငံ ရာမူး ခေါ် ပန်းဝါ အပါအ၀င် နေရာတစ်ချို့မှာ ဗုဒ္ဓဘာသာဝင်တွေ နဲ့ သာသနိက အဆောက်အအုံတွေ ဖျက်ဆီး ခံရတာကို ကန့်ကွက်တဲ့ အနေနဲ့ ဒီကနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ ဘင်္ဂလားဒေရှ့်ကောင်စစ် ဝန်ရုံးရှေ့မှာ ဒေသခံတွေက ဆန္ဒပြခဲ့ကြပါတယ်။ဆန္ဒပြလှုပ်ရှားမှုကို ရခိုင်တိုင်းရင်းသားတွေအပြင်၊ ဟိန္ဒူ၊ မရမာကြီး၊ သက်၊ မြို၊ ခမီ လူမျိုးတွေ ပူးပေါင်း ပါဝင်ခဲ့ကြပြီး၊ ဘင်္ဂလားဒေရှ့် အစိုးရက တာဝန်မယူတဲ့ အတွက် ဗုဒ္ဓဘာသာဝင်တွေ တိုက်ခိုက် ခံရတာ ဖြစ်တယ်လို့ စစ်တွေမြို့ အခြေစိုက် မရမာကြီး မဟာဗောဓိ လူမှုရေးအသင်းရဲ့ ဥက္ကဋ္ဌ ဦးမောင်ဦးက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ ဆန္ဒပြတာဟာ ဘင်္ဂလားဒေရှ့် နိုင်ငံမှာ စေတီ၊ ပုထိုး၊ ကျောင်းကန် ဘုရား၊ သာသနိက အဆောက်အအုံများကို အကြမ်းဖက်သမား မွတ်စလင် ဖျက်ဆီးနေတယ်။ ဒါတွေက နိုင်ငံတကာမှာ တော်တော် အရုပ်ဆိုးတယ်။ ဘင်္ဂလားဒေရှ့် အစိုးရက တာဝန်မယူခဲ့လို့ ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေ တော်တော် ဒုက္ခရောက်တာ။ ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာ မရမာကြီးလူမျိုးနဲ့ ဂျုးမားခေါ် သက်၊ မြို၊ ခမီ၊ ဒိုင်းနက် တောင်ပေါ်တိုင်းရင်းသားတွေ ရှိပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ မကျေနပ်လို့ ဆန္ဒပြခြင်း ဖြစ်ပါတယ်။"
ဆန္ဒပြသူတွေ ဒီကနေ့ တောင်းဆိုကြတာက ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လူနည်းစု အခွင့်အရေးကို လေးစားပါ။ စစ်တကောင်း၊ ကောဇ့်ဘဇားမှာ တိုက်ခိုက်သူတွေကို အရေးယူပေးပါ၊ စတဲ့အချက်တွေ အပါအ၀င် အချက် (၆) ချက်ကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲမှာ ဒေသခံ (၁၀၀၀) ကျော် ပါဝင်ခဲ့ပြီး၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
စစ်တွေမြို့က ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး ဒေါ်ခင်ခင်အိက ဆက်လက် တင်ပြမှာပါ။
http://www.rfa.org/burmese/news/protest-bangladesh-consulate-sittwe-10122012111730.html
No comments:
Post a Comment