Sunday 30 September 2012

ဦးအေးသာအောင်နှင့် နယူးယောက်မြို့ ရခိုင်မိသားစု တွေ့ဆုံ



စက်တင်ဘာ (၃၀) ရက်နေ့က ရခိုင့်ခေါင်းဆောင် ဦးအေးသာအောင်နှင့် နယူးယောက်မြို့ရှိ ရခိုင်မိသားစု များနှင့် တွေ့ဆုံပွဲ အခမ်းအနားတရပ်ကို ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။ 


 
ထိုအခမ်းအနားတွင် ဒေါက်တာ အသျှင်နာယကမှ တက်ရောက်လာသူများအား ဦးအေးသာအောင်နှင့် မိတ်ဆက်ပေးရာတွင် " တကာကြီး ဦးအေးသာအောင်ဟာ ရခိုင်လူမျိုးတခုတည်းအတွက်သာလုပ်နေခြင်းမဟုတ် ပဲ မြန်မာနိုင်ငံအ တွင်း နေ ထိုင်ကြသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ တန်းတူ အခွင့်အရေးနှင့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လုပ်နေတာဖြစ်ကြောင်း" အဖွင့်အမှာစကားပြောကြားသွားသည်။

ဦးအေးသာအောင်မှလည်း နိုင်ငံတကာတွင်ရောက်ရှိနေကြသည့် ရခိုင်လူမျိုးများအနေဖြင့် မိမိတို့ရောက် ရှိနေကြသည့် နေရာဒေသအသီးသီးတွင် အသိပညာ အတတ်ပညာများကို အလေ့လာသင်ယူ ဆည်းပူးကြ ရန်လိုကြောင်း "ဘယ်တိုင်းပြည်တွေကိုပဲရောက်နေပါစေ ရခိုင်လူမျိုးတွေ၊ အထူးသဖြင့် လူလတ်ပိုင်းနှင့် လူ ငယ်တွေကို ပညာသင်ကြပါလို့ တိုက်တွန်းချင်တယ်။ ပြီးတော့ ကိုယ်တတ်ထားတဲ့ အတတ်ပညာတွေနဲ့ ရခိုင့် အသိုင်းအ၀န်းအတွက် တတ်နိုင်သလောက် အကျိုးပြုလုပ်ငန်းတွေကို ပြန်လုပ်ကြပါ" ဟု ရခိုင်ခေါင်းဆောင် ဦးအေး သာအောင်က တိုက်တွန်းလိုက်သည်။

ရခိုင်ခေါင်းဆောင် ဦေးအးသာအောင်မှဆက်လက်၍ တက်ရောက်လာသော ပရိသတ်များကို လက်ရှိမြန်မာ နိင်ငံရေးအခြေအနေနှင့် တိုင်းရင်သားများ၏ တန်းတူရေးနှင့်အခွင့်အရေး၊ ရခိုင်ပြည်လက်ရှိဖြစ်ပျက်နေသော အခြေအနေများကို အကျယ်တ၀င့် ပြောကြားခဲ့ပါသည်။ ယနေ့မြန်မာနိုင်ငံသည် အလှည့်အပြောင်း ကာလတစ်ခုကို ရောက်နေသော်လည်း တိုင်းရင်းသားတို့၏ ရပိုင်ခွင့်နှင့် တန်းတူရေး မရှိသေးကြောင်း၊ မြန်မာ အစိုးရသည် ပြည်တွင်းစစ်ကို အခုထိမရပ်နိင်သေး၍ နှစ်ပေါင်း၆၀လုံးလုံး တိုင်းပြည် ဆင်းရဲမွဲတည်ခဲ့ရကြောင်း၊ အထူးအားဖြင့် တိုင်းရင်းသားဒေသပြည်နယ်များတွင်ဖြစ်ကြောင်း၊ ယနေ့ ရခိုင်ပြည်တွင် ဖြစ်ပျက်နေသော လူမျိုးခြားပြဿနာမှာမြန်မာနိင်ငံရေး ပြသနာမဟုတ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ပြဿနာ သာဖြစ်၍ ကုလကိုယ်စားလှယ် သောမစ်ကင်တားနားလာစဉ်က ပြောကြား ခဲ့ကြောင်း၊ ဘင်္ဂလီ-ရခိုင်ပြသနာကို နှစ်ပေါင်းများစွာကတည်းက အစိုးရကို စာဖြင့်အကြိမ်အကြိမ်အကြောင်းကြားခဲ့သော်လည်း လစ်လျူရှုခဲ့ကြကြောင်း၊ ပြင်သစ်သံအမတ်ကြီးနှင့်တွေ့စဉ် ရခိုင်ပြသနာကို ဘယ်လိုဖြေ ရှင်းမလဲဟု မေးစဉ် သမ္မတကြီး လမ်းစဉ်ကိုထောက်ခံကြောင်း၊ သမ္မတဦးသိန်းစိန်အားလည်း လူမျိုးခြားပြ သနာ ကိုတိကျစွာဖြေရှင်းပါ၊ သမ္မတနောက်တွင် တိုင်ရင်းသားပြည်သူတစ်ရပ်လုံးရှိကြောင်း ရှင်း လင်းပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့တက်ရောက် လာသူတစ်ဦးဖြစ်သူ ၁၉ ၉ ၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ လွှတ်တော်အမတ် တစ်ဦးဖြစ်သူ ဦးထွန်းဝင်း (BA ဓမ္မာစရိယ) ကလည်း ပြည်ပနိုင် ငံများတွင်ရောက်ရှိနေကြသည့် ရခိုင်လူငယ်များအနေဖြင့် ပညာရေးကို အဓိကထားပညာယူကြရန်၊ တတ် ထားသည့် ပညာရပ်များကိုလည်း ကိုယ့်နေရာ ကိုယ့်လူမျိုးများအတွက် တစွမ်းတစ ပြန်လည်အသုံးချကြ ရန် ပြောကြားသွားသည်။

အခမ်းအနားသို့ တက်ရောက်လာသူတစ်ဦးဖြစ်သူ ကိုဇော်ဇော်ထွန်း မှ ပြည်တွင်းပြည် ပ ခေတ်ပညာတတ် သူတွေ အနေနဲ့ မိမိတို့ ရခိုင်လူ့အဖွဲ့အစည်းကို တိုးတက်စေချင်တဲ့ ဆန္ဒ ပေါ်မူတည်ကြောင်း၊ အထူး သဖြင့်ခေတ် ပညာတတ်တွေ အနေဖြင့် မလုံမခြုံသေးတဲ့ ရခိုင်ပြည်ဖွံ့ဖြိုးဖို့အတွက် တတ်ထားတဲ့ အတတ် ပညာတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းသွားသည်။

အခမ်းအနားသို့ လူဦးရေ ၁၀၀ ကျော်ခန့်တက်ရောက်ပြီး အခမ်းအနားကို ညနေ ၄ နာရီခန့်တွင် ပြီးဆုံး သွားကြောင်း သတင်းရရှိသည်။ ဦးအေးသာအောင်သည် ယူတီကာမြို့ရှိ ရခိုင်မိသားစုများနှင့်လည်း အောက်တိုဘာလ ၁ရက်နေ့တွင် တွေ့ဆုံရန်ရှိကြောင်း သိရှိရသည်။

Arakan times

No comments:

Post a Comment