Tuesday, 25 September 2012

အိန္ဒိယ ကုမ္ပဏီမှ ဘင်္ဂလီတစ်ဦး ရခိုင်အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ရန်ကြံစည်

Written by ဒေါင်းမြရင်    Tuesday, 25 September 2012 17:41   


DSCF2073 copyရခိုင်ပြည် ကျောက်ဖြူမြို့နယ် ဂုံးချွိန်ကျေးရွာ၊ စည်ပုတ်ကေထောင့်မှ (ဘ)ဦးမောင်ကြချမ်း (မ)ဒေါ်ဗွီစိကေတို့ သမီးဖြစ်သူ အသက် (၁၇)နှစ် ရှိသော မရွှေဇင်အေးအား အိန္ဒိယကုမ္ပဏီ၏ အ လုပ်သမားဖြစ်သော ဘင်္ဂလီတစ်ဦးဖြစ်သူ အာ လီကူးမားသည် ယင်းမိန်းကလေးကို ယနေ့မ နက် (၉)နာရီတွင် အဓမ္မမုဒိန်းကျင့်ရန် ကြံစည်ခဲ့ကြောင်း သတင်းရရှိသည်။


" အဲဒီဘင်္ဂလီက မရွှေဇင်အေးကို မနက်စောစော အလုပ်လုပ်ဖို့ဆိုပြီး ခေါ်သွားပါတယ်။ ပြီးတော့ မရွှေဇင်အေး ကို ခါးကိုဖက်ကာ ဆွဲလားယမ်းလားလုပ်နေတုန်း ဗမာမန်နေဂျာက တွေ့သွားတဲ့အတွက် ဟန့်တားနိုင်ခဲ့ပါ တယ်။ မုဒိန်းကျင့်မခံလိုက်ရဘူး။ အဲဒီအမှုကို ဒီနေ့ ညနေ(၃)နာ ရီလောက်က ကျောက်ဖြူလူငယ်တွေက ကွင်းဆင်းကာ သက်သေဖြစ်သူ မရွှေရွှေအေးနဲ့ ကျောက်ဖြူမြို့မှ ရဲစခန်းတွင် အမှုဖွင့်ပေးခဲ့ကြပါတယ်။ " ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။

http://arakantimes.net/burmese/index.php/2012-02-24-06-58-57/479-2012-09-25-10-53-33

No comments:

Post a Comment