Sunday, 9 September 2012

သံတွဲမြ်ု့ရခိုင်ကျောင်းသားလူငယ်များကို စီတန်းလှည့်လည်သည်ဟု အာဏာပိုင်များမှ စွပ်စွဲအပြစ် ရှာ


 


 ဒီနေ့စက်တင်ဘာ ၉ ရက် မြန်မာ့လွတ် လပ်ရေး အတွက် မျက်စိဖွင့်ပေးခဲ့သူ ဆရာတော် ဦးဥတ္တ မနေ့အထိမ်း အမှတ် သံတွဲမြို့နယ် ဂျိတ္တောကျေး ရွာ၌ ကျောင်းသားလူငယ် ၅၀ ကျော်ခန့်သည် ဂျိတ္တေဘုန်းတော် ကြီးကျောင်းသို့ သွားရောက်ကာ ဆရာတော်ဦးဥတ္တမအားရည်စူး၍ လှုဒါန်းခဲ့ကြ သည်။
 
၎င်းသင်္ဃန်းကပ်လှု လှူဒါန်း၍အပြန်တွင် ဂျိတ္တော ရဲစခန်းမှ စခန်းမှူးဦးကျော်ညွန့်မှ ခွင့်ပြုချက် မရ ဘဲစီတန်း လှည့်လည်ဆန္ဒပြသည်ဟု ဆိုကာမြို့နယ်မှတာဝန်ရှိသူ များလာသည် အထိ စောင့်ပါဟု မနက် ၁၀ နာရီ တွင်တားဆီးထားကြောင်း။ 
 
ယခုလိုကောင်းမှုကုသိုလ်အလှူလာလုပ်သူကျောင်းသားလူငယ်များ၏မိမိနေအိမ်သို့ ပြန်လာကြခြင်းကို တ ဦးနှင့်တဦးမနီးမဝေးတွင် လမ်းလျောက်လာကြသည်ကို စီတန်းလှည့်လည် ဆန္ဒပြသည်ဟု စွပ်စွဲနေသည့် သဘောထားမျိုး ရှိနေပါ သည်။ 
 
အခုလို သမ္မတနိုင်ငံဖြစ်ပေါ်လာသော် လည်း မြန်မာ တမျိုးသားလုံးအတွက် မီးမောင်းထိုးပြ ဘ၀ကို စတေးပြီး လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့ သည် ကျေးဇူးတော်ရှင်ဆရာတော်ကြီးနေ့တွင် အစိုးရမှ ဂုဏ်ပြုခြင်း မရှိသော် လည်း မိမိတို့အမျိုးသားရ ခိုင်ကျောင်းသားလူငယ်များမှ ဆရာတော်ကြီး အား ကောင်းမှုကု သိုလ်ပြု ရေစက် ချ သင်္ကန့် ကပ်လှုခြင်းကို ဂျိတ္တောရဲစခန်းမှ စခန်းမှူးဦးကျော်ညွန့်မှ ဤသို့စွပ်စွဲပြုမှု ဆက် ဆံခြင်း သည် မြန် မာပြည်သူတရပ်လုံးနှင့် ရခိုင်ပြည်သူတရပ်လုံးအား စော်ကားနေခြင်းဖြစ်သလို ဒီမိုကရေ စီစနစ်ကို ချိုးဖောက် ကာ စစ်အာဏာရှင်စနစ်အောက်သို့ တွန်းပို့နေခြင်းဖြစ်သည်။ 
 
 နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်အနေနဲ့ စခန်းမှု ဦးကျော်ညွန့်ကို ကျောင်းသားလူငယ်များကို ဒီလိုမစွပ်စွဲဖို့ အရေးကြာဝင်ဖြေရှင်းပေးဖို့ လိုအပ်ပါလိမ့်မယ်...

No comments:

Post a Comment