Wednesday, 26 September 2012

(၆၅)နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ရသေ့တောင်ရခိုင်လူထုအစည်း ကျင်းပပြီးစီး

မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)
by Myit Makha Mediagroup on 27 Sep, 2012



 မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ ရသေ့တောင် လူထုအစည်း အဝေးမှ   ရခိုင်ပြည်သူများ၏ ဆန္ဒအရတောင်းဆိုချက်(၁၈)ချက်၊ အကြံပြု ချက်(၃)ချက်၊ ကန့်ကွက် ချက်(၆) ချက် တို့ကို တက်ရောက်လာသော ကိုယ်စားလှယ်များနှင့် ကော်မတီတို့က သဘောတူ ဆုံးဖြတ်ခဲ့ကြပြီး ၄င်း ဆုံးဖြတ်များကို နိုင်ငံတော်သမ္မတကြီးအပါအဝင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသို့ တင်ပြ သွားမည်ဖြစ်သည်။
 

စက်တင်ဘာလ (၂၆)ရက်နေ့ညနေ(၅)နာရီတွင် အစည်းအဝေးပြီးဆုံးခဲ့ရာ ပြည်သူများ၏ ဆန္ဒ အရ တောင်းဆိုချက်၊ အကြံပြုချက် နှင့် ကန့်ကွက်ချက်များကို  တက်ရောက်လာသော ကိုယ်စား လှယ်များနှင့် ကော်မတီတို့က သဘောတူဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
 
အခမ်းအနားသို့  ရခိုင်သမိုင်းပညာရှင်များဖြစ်ကြသည့် သံတွဲမြို့မှ ဒွါရာဝတီ အရှင်ကုသလ၊ ဦးဘသောင်း၊ ဦးသာသာမောင်တို့အပြင် ရန်ကုန်မှ ရခိုင်လူမှုကွန်ယက်အဖွဲ့ကိုယ်စားလှယ် များ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ထိပ်ပိုင်းခေါင်းဆောင်များ အပါအဝင် ကျေးလက်ဒေသမှ လူထု(၂၀၀၀)ကျော် တက်ရောက်ခဲ့ကြသည်။
 
"ဒီပွဲဟာဆိုလို့ရှိရင်  ရခိုင်သမိုင်းမှာ  အထူးခြားဆုံးပါ၊   ရခိုင်ပြည်နယ်လုံးကလူတွေလာပြီး ရခိုင် အရေး ကိုဆွေးနွေးကြတယ်၊ တကယ့် ကိုပီတိဖြစ်ရပါတယ်၊ ဘာလို့ဆိုတော့ ဒီလိုမျိုး (၁၇)မြို့နယ်က လူတွေ ဆုံး စည်းဖို့ဆိုတာ မလွယ်ဘူး၊ အခုတော့ အားလုံးခံယူ ချက်တူညီ  စွာနဲ့ ဒီပွဲကိုခက်ခက်ခဲခဲကြားက လာကြ တယ်''ဟု ရသေ့တောင်မြို့ခံတစ်ဦးက ဆိုသည်။
 
ရခိုင်ပြည်နယ် (၁၇)မြို့နယ်မှ တစ်မြို့နယ်လျှင် ကိုယ်စားလှယ်(၅)ဦးတက်ရောက်သည့် အဆိုပါ ရခိုင်ဒေ သ လူထုအစည်းအဝေးတွင်  မြို့နယ်အသီးသီးမှ ရခိုင်အရေးနှင့်ပတ်သက်၍ အဓိက ထား ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။
 
ရခိုင်ပြည်နယ် လုံးဆိုင်ရာ လူထုအစည်းအဝေးကို ရသေ့တောင်မြို့ အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတွင်  စက်တင်ဘာလ (၂၅)ရက်မှ (၂၆)ရက်နေ့အထိ နှစ်ရက်တာ ကျင်းပ နိုင်ခဲ့သည်။
 
ဇွန်လအတွင်းက ရခိုင်တွင်  ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့်စပ်လျဉ်း၍ ဖြစ်ရပ်မှန် သမိုင်းမှန် များ ဖြစ်ပေါ်လာ ရန် ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နယ်လုံးဆိုင်ရာ လူထုအစည်းအဝေး ကျင်းပရခြင်း ဖြစ်သည်ဟု ရခိုင်ဒေ သလူထုအစည်းအဝေးဖြစ်မြောက်ရေးကော် မတီတစ်ဦးက ဆိုသည်။
 
အဆိုပါ လူထုအစည်းအဝေးမှ ဆုံးဖြတ်ချက်များ သက်ဆိုင်ရာသို့ တင်ပြသွားမည်ဖြစ်ကြောင်း ကို လည်း သိရသည်။
 
''စုံစမ်းရေးကော်မရှင်တွေကို ဒီကဆုံးဖြတ်ချက်တွေ တင်မယ်၊ တခြားအဖွဲ့အစည်းတွေကိုလည်း တင် မယ်''ဟု ရခိုင်ဒေသ လူထုအစည်းအဝေးဖြစ်မြောက်ရေးအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဦးကို ကိုမောင်က ပြောသည်။
 
ယခုကျင်းပသည့်လူထုအစည်းအဝေးသည် ရခိုင်ပြည်နယ်တွင် နှစ်ပေါင်း(၆၀)ကျော်အကြာ ပထမဆုံး အကြိမ် ရခိုင်ဒေသလုံးဆိုင် ရာလူထုအစည်းအဝေးကြီးဖြစ်သည်။
 
အစည်းအဝေးဖြစ်မြောက်ရန် (၁)လနီးပါးပြင်ဆင်ခဲ့ရသည့် ရခိုင်ဒေသလူထုအစည်းအဝေးကို  ခွင့်ပြု ထား သည့် လူဦးရေအတိုင်းကျင်းပခဲ့ရာ  ရသေ့တောင်မေယုခန်းမတွင် ပွဲပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း အခြေ အနေအ ရအောင်မြေဗောဓိဓမ္မရိပ်သာအလိုတော်ပြည့်ကျောင်းဓမ္မာရုံတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
 
အဆိုပါအစည်းအဝေးသို့ ရခိုင်ပြည်နယ်ရှိ မြို့နယ် (၁၇)မြို့နယ်အပြင် ချင်းပြည်နယ်ပလက်ဝမြို့နယ်ရှိ လူမှုအဖွဲ့အစည်းမှ ရခိုင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
 
အစည်းအဝေးကို   (၂၅)ရက်နေ့တွင်စတင်ခဲ့ပြီး မြို့နယ် ကိုယ်စားလှယ် ၏ သဝဏ်လွှာများ၊ စာတမ်း များ စုစုပေါင်း (၂၀)ကျော်ကို အစည်းအဝေးတွင်  တက်ရောက်လာသည့် ကိုယ်စားလှယ်များက တင်ပြ ခဲ့ကြ သည်။

အစည်းအဝေးသို့ တင်သွင်းသည့်စာတမ်း အများစုမှာ  ဘင်္ဂလီများရခိုင်ပြည်သို့ ဝင်ရောက်လာပုံ ၊ပစ္စုပ္ပန် အနာဂါတ်ပြဿနာများစသဖြင့် သမိုင်းဖြစ်ရပ်မှန်များကို ကိုယ်စားလှယ်(၂၀)ကျော်က ဖတ်ကြားခဲ့သည်။
 
၎င်းအပြင်မြို့နယ်သီးသီးမှ သဘောထားများတင်ပြချက်များကို အချက်အလက်များပြုစုရေး (၉)ဦး ကော် မတီက စိစစ်၍ အများပြည်သူများ၏ သဘောထားချက်အတိုင်း  အရေးပါသည့် အချက်အလက် များ ကို ရေးဆွဲခဲ့ကြသည်။
 
ရခိုင်ပြည်နယ်တွင်  ၁၉၄၆ ခုနှစ်တွင် စစ်တွေမြို့နယ် တောကန်ညီလာခံ၊ ၁၉၄၇ ခုနှစ် ၊  မြေပုံမြို့နယ် ကြာအင်းတောင် ညီလာခံ၊ ၁၉၄၇ ခုနှစ်တွင် ဖဆပလမှ ကြီးမှူးကျင်းပခဲ့သည့် ရသေ့တောင်ညီလာခံ၊ ယခုကျင်းပသည့် လူထုအစည်းအဝေးမှာ (၆၅)နှစ်အကြာ ပထမဆုံးအကြိမ်  ပေါ်ပေါက်လာသည့် ရ ခိုင်ပြည်နယ်လုံးဆိုင်ရာ လူထုအစည်းအဝေးဖြစ်သည်။
ရခိုင်ဒေသလူထုအစည်းအဝေးကထွက်ပေါ်လာသည့်နိုင်ငံတော်အစိုးရသို့ တင်ပြတောင်းဆိုချက်များ
 
၁။မြန်မာနိုင်ငံ၏အနောက်ဘက်ရခိုင်နယ်စပ်ဒေသနှင့် တရားမ၀င်ခိုးဝင်သူ များရှိနေပါ၍ပင် လယ်ပြင်နှင့်     နယ်စပ်အား လုံခြုံရေးကို အခိုင်အမာတည်ဆောက်ပေးပါရန်။
 
၂။ရခိုင်ပြည်နယ်တွင်နည်းပါးနေသည့်ရခိုင်လူဦးရေကိုပြန်လည်ဖြည့်တင်းနိုင်ရန်ရခိုင်ဒေသတွင်စီးပွါးရေးဇုန်များကို     ရခိုင်တိုင်းရင်းသားများကဦးဆောင်အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်မှအပြည့်အ၀ ကူညီပေး ရန်။
 
၃။ရခိုင်ပြည်နယ်မှထွက်ရှိသောသယံဇာတများအားဒေသခံပြည်သူများသို့ရသင့်ရထိုက်သောအခွင့်အရေးများကိုနိုင်ငံတကာ၏ စံချိန်စံနှုန်းများအတိုင်း ပြည်ထောင်စုအစိုးရမှ ခံစားခွင့်ပေးပါရန်။
 
၎။  မြန်မာနိုင်ငံရှိ ဘင်္ဂလီများ၏ လူဦးရေပေါက်ပွားနှုန်းကို ထိန်းချုပ်နိုင်သည့် ဥပဒေတစ်ရပ် ပြဌာန်းပေး ပါရန်။
 
၅။  နိုင်ငံသားမဟုတ်သူများ၏ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများပိုင်ဆိုင်မှုကို ဥပဒေအရကန့် သတ်ပေး ပါရန်။
 
၆။  တိုင်းရင်းသားကျေးရွာတိုင်းတွင် ပြည်သူ့စစ်များဖွဲ့စည်းပြီး ခေတ်မီလက်နက်များတပ်ဆင်ပေးပါရန်။
 
၇။  ၁၉၈၂-ခုနှစ်၊ နိုင်ငံသားဖြစ်မှု ဥပဒေအတိုင်း တိကျစွာအကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန်။
 
၈။ UN နှင့် INGOs  အဖွဲ့အစည်းများ၏  ဆောင်ရွက်ချက်များကို  သက်ဆိုင်ရာအစိုးရမှ  အနီး ကပ်ကြီးကြပ်    ဆောင်ရွက်ပေးပါရန်။
 
၉။မြန်မာနိုင်ငံအတွင်းရှိအစွန်းရောက်အစ္စလမ်များ၏အရင်းအမြစ်များကိုရှာဖွေဖော်ထုတ်၍တိတိကျကျအရေးယူ ဆောင်ရွက်ပေးပါရန်။        
 
၁၀။၁၉၄၂-ခုနှစ်၊ကုလား-ရခိုင်အဓိကရုဏ်းနှင့်၁၉၄၈နောက်ပိုင်းမူဂျာဟစ်ရန်ကြောင့် ထွက်ပြေး တိန်းရှောင်ခဲ့ကြရသည့်     ရခိုင်ဒုက္ခသည်များ၏ ပိုင်ဆိုင်ခဲ့သောလယ်ယာ၊ ဥယျာဉ်၊ခြံမြေ များကိုယင်းတို့၏မျိုးဆက်များအားပြန်လည်ပေးအပ်၍ရပ်ရွာ တည်ထောင်နေ ရာချ ထားပေး ပါရန်။ဤ သို့နေရာချထားမှုကို ကုလားနှင့်ရခိုင် လူဦးရေအချိုးအစားညီမျှသည့် အဆင့်အထိ ထိန်းညှိ ပေးရန်။
 
၁၁။ရခိုင်ပြည်နယ်အတွင်းအများပြည်သူသွားလာနေကြသောအဓိကဆက်သွယ်ရေးလမ်းကြောင်းများရှိဘင်္ဂလီကျေးရွာ/ရပ်ကွက် များနှင့် စစ်တွေ တက္ကသိုလ်တွင် ကျောင်းသား/သူများ လုံခြုံအေးချမ်းစွာ ပညာသင်ကြား နိုင်ရန် တက္ကသိုလ် အနီးတစ်ဝိုက်ရှိ ဘင်္ဂလီကျေးရွာများအား ဖယ်ရှားပေးရန်။
 
၁၂။ဒေသခံပြည်သူများအတွက်စိုင်းဒင်ရေတံခွန်မှလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို အမြန်ဆုံးအကောင် အထည်      ဖော် ဆောင်ရွက်ပေးပါရန်။
 
၁၃။ နယ်စပ်ဒေသများရှိ အစိုးရ၀န်ထမ်းအားလုံး၏ လုံခြုံရေးကို အပြည့်အ၀တာဝန်ယူပေးပါရန်။
 
၁၄။မဒရ်ဆာ(Madressar)စာသင်ကျောင်းများ၏သင်ရိုးညွန်းတမ်းများအားသက်ဆိုင်ရာဌာနများမှစိစစ်ခွင့်ပြုပြီး၎င်းအတိုင်း သင်ကြားမှုရှိ/မရှိ အချိန်ပြည့်စောင့်ကြပ်စီစစ်မှု ပြုလုပ်ပေးပါရန်။
 
၁၅။ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတကြီးမှ(၁၁-၇-၂၀၁၂)နေ့တွင်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အားပြောကြား ခဲ့သည့်ဘင်္ဂလီနှင့်ပတ်သက်သောစကားရပ်များကို ရခိုင်ပြည်သူ၊ ရဟန်းရှင် လူတစ်ရပ်လုံးမှ အလေးအနက်မှတ်တမ်းတင် ထောက်ခံပြီး ၄င်းစကား အရပ်ရပ်အတိုင်း ဆက်လက် အကောင်  အထည်ဖော်ဆောင်ရွက်ပေးပါရန် အလေးအနက် တောင်းဆို အပ်ပါသည်။
 
၁၆။တပ်ရင်း၊တပ်ဖွဲ့၊ဌာနဆိုင်ရာများ၊လူမှုအဖွဲ့အစည်းများမှသိမ်းယူထားသောလယ်ယာ၊ကိုင်းကျွန်း၊ဥယျာဉ် ခြံမြေ၊ ချောင်းမြောင်းအင်းအိုင်များကို သက်ဆိုင်သူ  ပြည်သူများထံသို့  ပြန်လည်ပေးအပ်ရန်။
 
၁၇။အများပြည်သူ မှီခိုအားထား အသက်မွေးဝမ်းကျောင်းပြုနေရသော မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ်များ ကို လေလံကွက်များ အဖြစ် ဖန်တီး၍ လေလံတင်ရောင်းချခြင်းကို ရပ်ဆိုင်းပေးရန်။
 
၁၈။ရခိုင်ပြည်နယ်အတွင်းမြို့ချင်းဆက်၊ရွာချင်းဆက်ရထားလမ်း၊ကားလမ်းများကို မြန်မြန်ဆန်ဆန်ပြီးစီးအောင်  ဆောင်ရွက်ပေးပါရန်။
 စသည့်အချက်များ ဖြစ်ပါသည်။
 
 မူရင်း- http://myitmakhamediagroup.com/detail.php?newid=2627
 

No comments:

Post a Comment