Saturday 11 August 2012

စစ်တွေ အဝေးသင်တက္ကသိုလ် သြဂုတ်လ ၁၁ ရက်နေ့ စတင်ဖွင့်လှစ်ခဲ့

Written by ဒေါင်းမြရင်    Saturday, 11 August 2012 22:19    PDF Print E-mail
530193 458286920869125 1870883242 nရခိုင်ပြည်တွင် ဇွန်လက ဘင်္ဂလီများ အကြမ်းဘက် မှုကြောင့် စစ်တွေ အဝေးသင်တက္ကသိုလ်အား ပိတ် ထားခဲ့ရာ ယခုလ ၁၁ ရက်နေ့ က ပြန်လည်ဖွင့် လှစ်ခဲ့ကြောင်း သတင်းရရှိသည်။
သိပ္ပံဘာသာ အဓိကကျောင်းသား ၉၀၀ ကျော်ရှိသည့်အနက်မှ ကျောင်းစဖွင့်သည့်နေ့တွင် ၂၃၉ ဦးသာ တက်ရောက်ပြီး လွန်ခဲ့သည့် ၆ ရက်နေ့ကလည်း Day ကျောင်းစတင်ဖွင့်လှစ်ခဲ့ရာ ၀ိဇ္ဇာ၊ သိပ္ပံ ကျောင်းသား ၃၀၀၀ ထောင်ကျော်ရှိသည့်အနက် ၁၀၀၀ ကျော်ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။


ဇွန်လမှ ကျောင်းများကို စတင်ကာ ၂ လခန့်ကြာသည်အထိ ပိတ်ထားခဲ့ပြီး တက္ကသိုလ်များ စတင်ဖွင့်လှစ်ရာတွင် ရခိုင်ပြည်တောင်ပိုင်းရှိ သံတွဲ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ ရမ်းဗြဲမှ တက္ကသိုလ်ကျောင်းသားများ မရောက်ရှိနိုင်ဘဲ နောက်ကျနေခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်တွင် တက္ကသိုလ်ကျောင်းများအပြင် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း မြို့နယ်များရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများကို ပိတ်ထားခဲ့ရပြီး တချို့ကျောင်းများကို တစ်လ၊ နှစ်လခန့်ကြာမှ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သော်လည်း အချို့ဒေသများတွင် နယ်မြေအေးချမ်းမှု မရှိသေးသဖြင့် ကျောင်းများကို မဖွင့်လှစ်နိုင်သေးကြောင်း သိရသည်။
(မူရင်း) http://arakantimes.net/burmese/index.php/2012-02-24-06-58-57/360-2012-08-11-15-29-13

No comments:

Post a Comment