Sunday 19 August 2012

ရိုဟင်ဂျာဆိုတာ မြန်မာလူမျိုးစုထဲမှာ မပါပါ



 နောက်ဆုံး ရေးသားချိန် 19 သြဂုတ်လ 2012 - 13:31 GMT

ရိုဟင်ဂျာဆိုတာ မြန်မာလူမျိုးစုထဲမှာ ဘယ်တုန်းကမှ မပါခဲ့ပါဘူးလို့ ပြည်ထောင်စု လဝက ဝန်ကြီး ဦးခင်ရီက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။




 ဗြိတိသျှကိုလိုနီခေတ်အစိုးရထုတ်ပြန်တဲ့ ပြန်တမ်းထဲမှာလည်းမပါဘူး၊လွတ်လပ်ရေးရပြီးနောက် ကောက်ယူတဲ့ သန်းကောင်စာရင်း မှာလည်း မပါဘူး၊ ၁၉၈၃ ခုနှစ်မှာ ကောက်ယူတဲ့ သန်းကောင်စာရင်းမှာလည်း မပါပါဘူး လို့ ဦးခင်ရီက ဘီဘီစီနဲ့သီးသန့်ဆက်သွယ် အင်တာဗျူးမှာ ပြောလိုက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ဝန်ကြီးက မြန်မာနိုင်ငံ အနောက်ပိုင်းမှာ တခြားနိုင်ငံကနေ ဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေတော့ ရှိပါ တယ်လို့ ပြောပါတယ်။

တခါ ၂၀၁၄ မှာ ပြည်လုံးကျွတ် ကောက်ယူမယ့် သန်းကောင်စာရင်းကျရင်တော့ လူဦးရေပေါ်မှာပဲ မူ တည် ကောက်ယူမယ်၊ ဘာသာရေးပေါ်မှာ ကောက်ယူသွားမှာ မဟုတ်ဘူးလိုလည်း ဘီဘီစီကို ပြောခဲ့ ပါတယ်။
http://www.bbc.co.uk/burmese/burma/2012/08/120819_khinyee_rohingya.shtml

No comments:

Post a Comment