Saturday 11 August 2012

"ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးသီးများ သံတွဲတွင်တွေ့"

 
ရန်ကုန်၊ သြဂုတ် ၁၂
ယနေ့မနက် ၈ နာရီခန့်ကသံတွဲမြို့နယ်ရှိ ပုဂံသံတွဲဟိုတယ် ယခင် လူရည်ချွန်စခန်းအဟောင်းဘေးရှိ သဲသောင်ပြင်တွင် ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးသီး ၅ လုံး တွေ့ရှိခဲ့ရကြောင်း သိရသည်။

လင်းသာရွာမှအထွက် မြပြင်ရွာသို့အ၀င် စမ်းဦးဇောက်ရှိ သဲသောင်ပြင်တွင် လမ်းတည်ဆောက်ရန် BOT ယူထားသော နေလသစ္စာကုမ္ပဏီမှ သဲကားသည် သဲကျုံးရင်း တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“မိုးကြီးက အတော်ရွာတော့ ပင်လယ်ရေလှိုင်းကြီးပြီး ဒီရေအထွက် သဲသောင် ပြန်ပေါ်လာတော့ သဲသောင်မှာ ချိုင့်နက်ဖြစ်ပြီး ပေါ်လာတာ”ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။
တွေ့ရှိသော ဗုံးသီးများမှာ ဒုတိယကမ္ဘာစစ် လက်ကျန် ၂ လက်မ စိန်ပြောင်း ဗုံးသီး ၅ လုံးဖြစ်ကာ တပ်မ ၅၅ နှင့် တပ်မ ၅၆၆ တို့မှ ဗုံးကျွမ်းကျင်သူများသည် အခင်းဖြစ်ရာသို့ ချက်ချင်းရောက်ရှိလာပြီး ဗုံးသီးများ အား စစ်ဆေး၍ မနက် ၁၁ နာရီခန့်တွင် သယ်ဆောင်သွားကြကြောင်း ၄င်းက ထပ်လောင်းပြောသည်။

NW

No comments:

Post a Comment