Monday 30 July 2012

၄၉ ဦးရှိတဲ့ ဘင်္ဂလီမိသားစု

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်အကြမ်းဖက်မှုများ
ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာကင်တားနား၊ ရန်ကုန် အခြေစိုက် သံရုံးများမှ သံတမန်များ ဘာသာရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ INGO များ၊ ပြည် တွင်းပြည်ပသတင်းထောက်များအား ရှင်းလင်းပြောကြားပွဲတစ်ရပ်ကို ရန်ကုန်မြို့ပြည်လမ်းရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနရုံးတွင် ပြုလုပ်လျှက်ရှိပြီး နယ်စပ်ရေးရာနှင့်မြန်မာ့စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ် သိန်းဌေးက ပဋိပက္ခစတင်ဖြစ်ပွားခဲ့စဉ်မှစကာ ယခုအချိန်ထိ အခြေအနေများကိုပရိုဂျက်တာ ဖြင့် ရှင်း လင်းပြောကြား လျက်ရှိကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်။ 

အဆိုပါ ရှင်းလင်းပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ လူဝင်မှု့ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ၀န်ကြီးဌာန၀န်ကြီး ဦးခင်ရီတို့လည်း တက်ရောက်လျှက်ရှိပြီး ဗိုလ်ချုပ်သိန်းဌေးက မြန်မာနိုင်ငံတွင်း ဘင်္ဂါလီလူမျိုးများ ၏ လူဦးရေတိုးပွားမှုနှုန်းကို ၈၂ဦးရှိသော မိသားစုတစ်စုနှင့် ဥပမာပေးပြော ကြားခဲ့ သည်။ ဘင်္ဂါလီလူမျိုးအိမ်ထောင်ဦးစီး ဦးရွှေယောက်၏မိသားစုတွင် ဇနီး ၄ဦး၊ သားသမီး ၂၈ဦး၊ မြေး ၄၉ ဦးရှိကာ စုစုပေါင်း မိသားစုဝင် ၈၂ဦးရှိသည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။

No comments:

Post a Comment