Saturday 28 July 2012

''ဒီမို ၁၀ ပါတီ သဘောထားကြေညာချက် ရခိုင်ပါတီလက်မခံ ၊ ပြည်သူအချို့ကဝေဖန်''

လာမည့်ရွေးကောက်ပွဲများတွင် တစ်ပါတီတည်းအနိုင်ရမှုကို ကာကွယ်ရန် ရွေးကောက်ပွဲစံနစ်ပြုပြင်ရေး နှင့်ပတ်သတ်၍ ဒီမိုကရေစီမိတ်ဆွေပါတီများက သဘောထားကြေညာ ချက် တစ်ရပ်ကို ဇူလိုင်လ ၂၈ ရက်နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သည်။
 

ဇူလိုင် ၂၇ ရက်နေ့က ဒီမို ၁၀ပါတီနှင့် ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင် တို့ နေပြည်တော် တွင် တွေ့ ဆုံခဲ့ပြီး ယင်းသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

"ေ၇ွးကောက်ပွဲကော်မရှင်က ဒါကိုလွှတ်တော်တင်ပြမယ်ပေါ့။ ပါတီတွေနဲ့ ပြည်သူတွေအား လုံးပါဝင် လာအောင်လုပ်ပါဆိုပြီးပြောတယ်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကတော့ ဒီသဘောထားကြေ ညာချက်ကို လက်မခံပါဘူး " ဟု ဒီမိုမိတ်ဆွေပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါသဘောထားကြေညာချက်ကိုဖတ်ရှုသိရှိပြီးသူများကလည်းလက်မခံကြောင်းဖြင့် ဝေဖန်ပြောကြားကြသည်။

No comments:

Post a Comment