Sunday 10 March 2013

ဝံလက်ငှက်တို့ ပျော်ရာ (သို့) အမှောင် ခွင်းသော လက်များ

ဝံလက်ငှက်တို့ ပျော်ရာ (သို့) အမှောင် ခွင်းသော လက်များ

သည်ခရီးကို အခေါက်ခေါက်အခါခါရောက်ဖူးသည်။ သည်အရိပ်၌ မကြာခဏ နားခိုဖူးသည်။ သည်နေရာကိုရောက်တိုင်း သနားစရာမျက်လုံးလေးများဖြင့် မုန့်ဖိုးတောင်းနေကြသော လက်အစုံများ ၊ ဓာတ်ကြီးလေးပါးမညီမျှသော ကိုယ်လက်ခန္ဓာများနှင့် လောကဓံကို မိမွေးတိုင်း၊ ဖမွေးတိုင်း ကိုယ်ဗလာနှင့်ကလေးများ အစီအရီ။ ဤတစ်ခေါက်၌ မြင်နေကျမျက်လုံးများ၊ တွေ့နေကျလက်အစုံကများ မတွေ့ရ ၊ မဆုံရတော့စိတ်ထဲမှာ တစ်ခုခုလိုနေသလိုခံစားရသည်။
သည်နေရာဆိုတာက စစ်တွေမြို့၏ မြောက်ဖက် ရေမိုင်အားဖြင့်(၁၆)မိုင်၊ ကုန်းလမ်းအားဖြင့် (၂၂)မိုင်သာဝေးသည့် ပုဏ္ဏားကျွန်းမြို့အနီးကဂူဝဆိုသည့် ကားလမ်းဘေးနားက ဘုရားရိပ်ပဲဖြစ်ပါပဲ။ ဂူဝဘုရားသည် ပုဏ္ဏားကျွန်းမြို့နှင့် (၁)မိုင်သာဝေးပါသည်။ သည်ဘုရားကိုအကြောင်းပြု၍ အနီးအနားကရွာကို ဂူဝရွာဟုခေါ်ပါသည်။ သည်ရွာလေးမှာအိမ်ခြေ(၇၀)ခန့်ရှိပြီး အများစုမှာတံငါလုပ်ငန်းနှင့်အသက်မွေးဝမ်းကျောင်းပြုကြသည်။ တပိုင်တနိုင်လုပ်ငန်းသာဖြစ်၍တစ်ရွာလုံးနီးပါးဆင်းရဲကြသည်။ မိဘများဆင်းရဲသည်နှင့်အမျှသားသမီးများ၏ဘ၀သည်လည်းတက်လမ်းမမြင်။ လက်လှုပ်မှ ပါးလှုပ်ရသော ဘ၀တွင် သား၊သမီးများ၏ ပညာရေးအား လှည့်မကြည့်နိုင်အား။ ပညာရေးဆိုသည် မှာသူတို့အတွက် ဘယ်လိုမှမဖြစ်နိုင်သည့်အရာ။ မိမိတို့မရခဲ့သည့် ပညာ့မျက်စိကို သား၊သားသမီးများအား သင်ပေးချင်သော်ငြားလည်း ရွာထဲတွင်ကျောင်းမရှိမှု၊ ၀မ်းတထွာအတွက် ရုန်းကန်နေရမှုတို့ကြောင်းဘယ်လိုမှမ ဖြစ်နိုင်ခဲ့ကြ။ ပုဏ္ဏားကျွန်မြို့နှင့် (၁)မိုင်သာကွာဝေးသော်လည်း အလွန်နုနယ်သော ကလေးများအရွယ်မို့မိုးထဲလေထဲမှာမြို့ထဲစာသင်ကျောင်းသို့ သွားတက်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်။ မိဘတိုင်းလိုလိုကဈေးမှ(၁၁)နာရီ၊ (၁၂)နာရီလောက်မှသာ ပြန်ရောက်တက်ကြရာ မနက်ကျောင်းတက်ဖို့ အမီထမင်းစားသောက်ရေးအတွက် အလွန်ပင်ခက်ခဲပေသည်။ မသင်မနေရ မူလတန်းပညာရေးစနစ်ဟာ သူတို့နှင့်ဘယ်လိုမှ မဆိုင်သလို။ သည်လို့ဖြင့် မနက်မိုးလင်းသည်နှင့် တပြိုင်နက် အကြီးက အလတ်ကိုဆွဲ၊ အလတ်က အငယ်ကိုချီကာ သည်ရွာက ကလေးအားလုံးလိုလိုသည် ဘုရားရင်ပြင်မှာ လာပြီးသူတို့၏ ဘ၀ကျောင်းကြီး ကိုတက်ကြသည်။ လမ်းသွားလမ်းလာများက ပစ်ပေးသော သကြားလုံးများ၊ စားစရာသောက်စရာများ၊ တစ်ခါတရံ လွှင့်ပစ်လိုက်သော အခွံများကို လုကောက်ကြရင်း ဘဝကျောင်းမှာ သင်ယူကြသည်။ စနေ၊ တနင်္ဂနွေဆိုတော့ဘုရားဖူး ခရီးသည်များ၊ အများအပြားရောက်ကြရာ ရှိလေးတစ်ချက် ခိုးလိုက် ငွေ(၁၀၀)ပေးပါတောင်းလိုက်၊ လက်ဝါးလေးဖြန့်လိုက် စားစရာတောင်းလိုက်နှင့် ဟောင်းလောင်းဖြစ်နေသော အူမများကို မိမိတို့တတ်သည့်နည်းဖြင့်ဖြေရှင်းနေကြသည်။

တခါတလေဆိုလျှင် တစ်ဦးနှင့်တစ်ဦး တိုးဝှေ့ပြီး အတင်းရှိခိုးကြရာ ခရီးသည်များမှာ လုံချည်များ ချွတ်ကျသည်အထိဖြစ်ကြရသည်။ ကုသိုလ်ယူဖို့လာကြရာ၌ စိတ်ပျက်လက်ပျက်ဖြင့် ပြန်သွားကြရသော ခရီးသည်များလည်းတွေ့ဖူးသည်။ ပညာရေးနှင့်အလှမ်းဝေးသော ဤကလေးများမှာ လုပ်သင့်၊ မလုပ်သင့်၊ ပြုသင့်၊ မပြုသင့် သူတို့မသိ။ သူတို့သိသည်ကား ခရီးသည်လာလျှင် ပစ်ဆံတောင်းမည်။ ဖိနပ်တို့ရုပ်ဝတ္ထုတို့တစ်ခုခုချထားခဲ့လျှင် ပိုင်ရှင်မမြင်အောင် အပိုင်ချည်မည်။ ဤသည်ပင်လျှင် သူတို့၏နိစ္စဓူဝ။ အဝတ်အစားဆိုသည်မှာ သဘာဝတရားနှင့် အရှက်ဣနြေ္ဒကို ကာကွယ်ဖို့ အတွက်ဖြစ်သော်လည်း သည်ကလေးများနှင့် ဘာမျှမဆိုင်သလို။ တချို့(၁၂)နှစ်၊ (၁၃)နှစ်ကလေး၊ ကလေးမလေးတွေ အဝတ်အစားမပါ။ ကိုယ်ဗလာနှင့် ဘုရားအနီးမှာ ပြေးလွှားဆော့ကစားနေ ကြသည်။
သည်ဘုရားကို လာတိုင်းမြင်နေကျ၊ တွေ့နေကျ၊ ကြားနေကျ အရာများကို မမြင်ရ၊ မတွေ့ရ၊ မကြားရ တော့တစ်ခုခု လိုနေသလိုပင်။ စိတ်ထဲမှာ ထူးဆန်းသလို ခံစားရသည်။ သည်ကလေးတွေဘယ်ရောက်ကုန်ပြီ လဲ။ တပြိုင်တည်းရွာကိုလည်း လှမ်းမြင်နေရသည်။ သည်လိုဆိုတော့ ရွာလုံးကျွတ်ပြောင်းသွားတာလဲ မဖြစ်နိုင်။ မရောက်တာ တစ်နှစ်ကျော်၊ နှစ်နှစ်အတွင်း သည်ကလေးတွေ အကုန်အရွယ်ရောက်သွားတာလည်း မဖြစ်နိုင်။ သိလိုစိတ်က ပြင်းပြနေသည်။ သည်လိုတစ်စုံတစ်ခုကို ရှာနေစဉ်အတွင်းမှာ ရွာဘက်ဆီမှ ကလေးများ၏ မင်္ဂလာကဗျာရွတ်ဆိုသံကြားလိုက်ရသည်။ “လူမိုက်ဆိုလျှင် ရှောင်ကြည်ဝဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ၊ ပညာရှိကို စဉ်တွဲလို့ မှီဝဲဆည်းကပ် နည်းယူစေ” ဟာ ဒါကလေးတွေရဲ့ အသံပါလားလို့ အသိဝင်လာသည်။

ကိုယ့်ကိုကိုယ် သတိထားမိသောအခါ ကလေးတွေ တပုံတစ်မရှိသည့် ယိုင်နဲ့နဲ့အဆောက်အအုံတစ်ခု ရှေ့ရောက်နေပြီ။ တူညီသောကျောင်းဝတ်စုံလေးများဖြင့် အသံမြိုင်စာအံနေကြသည်။ ဧည့်သည်ကို မြင်၍ ဆရာမလေးနှစ်ယောက်ကြိုဖို့ထွက်လာပြီး အထဲကိုဝင်ဖို့ဖိတ်ခေါ်သည်။ အထဲကိုဝင်လိုက်သည်နှင့် ပထဆုံးမြင်လိုက်ရသည်ကား ဝံလက်ငှက်နှစ်ကောင်၏ ပုံရိပ်နှင့်အတူ “ဝံလက်ဖောင်ဒေးရှင်း” ရခိုင်ပြည်၏ “ဂူဝရောင်ခြည်” အခမဲ့ မူလတန်းကျောင်းဟူသော ဆိုင်းဘိုးလေးတစ်ခု။ အိုးဒါကြောင့်ကိုးလို့သာ စိတ်ထဲက ပြောလိုက်မိသည်။
ကျောင်းလေးကအပြန် ကပ်ငြိပါလာသော ကလေးမျး၏ “အမျိုးသီလ နှစ်ဋ္ဌာနကို ပြည့်ဝမဏ္ဏိုင် စောင့်စွမ်းနိုင်မှရက္ခိုင်နာမဘွဲ့မည်လှ၍ အန္ဓတသညာ ခေါ်အပ်ရာတည်း” ဟူသော အရှင်နာဂိန္ဒမော်ကွန်းကို သံပြိုင်ရွတ်ဆိုသံများ။
အိမ်အပြန်လမ်၌ တစ်ခုခုကို ကျေနပ်သလိုမျိုး။ တစ်ခါမျှမခံစားဖူးသော ကြည်နူးမှုတစ်ခုရင်ထဲ၌ ကပ်ငြိလာပါသည်။ မျက်စိထဲ၌မြင်နေမိသည်က ကောင်းကင်ထက်၌ ပျံဝဲနေသောပုံရိပ်တစ်ခု။ နားထဲ၌ကြားနေသည်ကား ဝံလက်ငှက်များ၏ တောင်ပံခတ်သံများ။ သည်အသံများရခိုင်ပြည်တစ်ဝှမ်းမှာ သည်ထက်မကမြည်နိုင်ပါစေ။ အမှောင်ကိုခွင်းပြီး မျိုးနွယ်စောင့်သော ဝံလက်ငှက်များ တစ်ကောင်က တစ်ရာ၊ တစ်ရာကတစ်ထောင် ရက္ခိုင်ကမ်းမြောင်မှာပျံဝဲနိုင်ကြပါစေ လို့သာဆုတောင်းနေမိပါတော့သည်။

မောင်စိန်တောက်(စစ်တွေ)
Posted by WANLARKFOUNDATION |
Ref: RSV
သည်ခရီးကို အခေါက်ခေါက်အခါခါရောက်ဖူးသည်။ သည်အရိပ်၌ မကြာခဏ နားခိုဖူးသည်။ သည်နေ ရာကိုရောက်တိုင်း သနားစရာမျက်လုံးလေးများဖြင့် မုန့်ဖိုးတောင်းနေကြသော လက်အစုံများ ၊ ဓာတ်ကြီးလေးပါးမညီမျှသော ကိုယ်လက်ခန္ဓာများနှ င့် လောကဓံကို မိမွေးတိုင်း၊ ဖမွေးတိုင်း ကိုယ် ဗလာနှင့် ကလေးများ အစီအရီ။
 
 
 
 ဤတစ်ခေါက်၌ မြင်နေကျမျက်လုံးများ၊ တွေ့နေကျလက်အစုံကများ မတွေ့ရ ၊ မဆုံရတော့စိတ်ထဲမှာ တစ်ခုခုလိုနေသလိုခံစားရသည်။
သည်နေရာဆိုတာက စစ်တွေမြို့၏ မြောက်ဖက် ရေမိုင်အားဖြင့်(၁၆)မိုင်၊ ကုန်းလမ်းအားဖြင့် (၂၂)မိုင် သာဝေးသည့် ပုဏ္ဏားကျွန်းမြို့အနီးကဂူဝဆိုသည့် ကားလမ်းဘေးနားက ဘုရားရိပ်ပဲဖြစ်ပါပဲ။ ဂူဝဘုရားသည် ပုဏ္ဏားကျွန်းမြို့နှင့် (၁)မိုင်သာဝေးပါသည်။ 
 
သည်ဘုရားကိုအကြောင်းပြု၍ အနီးအနားကရွာကို ဂူဝရွာဟုခေါ်ပါသည်။ သည်ရွာလေးမှာအိမ်ခြေ(၇၀)ခန့်ရှိပြီး အများစုမှာတံငါလုပ်ငန်းနှင့်အသက်မွေးဝမ်းကျောင်းပြုကြသည်။ တပိုင်တနိုင်လုပ်ငန်းသာဖြစ်၍တစ်ရွာလုံးနီးပါးဆင်းရဲကြသည်။ မိဘများဆင်းရဲသည်နှင့်အမျှသားသမီးများ၏ဘ၀သည်လည်းတက်လမ်းမမြင်။ လက်လှုပ်မှ ပါးလှုပ်ရသော ဘ၀တွင် သား၊သမီးများ၏ ပညာရေးအား လှည့်မကြည့်နိုင်အား။ 
 
ပညာရေးဆိုသည် မှာသူတို့အတွက် ဘယ်လိုမှမဖြစ်နိုင်သည့်အရာ။ မိမိတို့မရခဲ့သည့် ပညာ့မျက်စိကို သား၊ သားသမီးများအား သင်ပေးချင်သော်ငြားလည်း ရွာထဲတွင်ကျောင်းမရှိမှု၊ ၀မ်းတထွာအတွက် ရုန်းကန်နေရမှု တို့ကြောင်းဘယ်လိုမှမ ဖြစ်နိုင်ခဲ့ကြ။ ပုဏ္ဏားကျွန်မြို့နှင့် (၁)မိုင်သာကွာဝေးသော်လည်း အလွန်နုနယ်သော ကလေးများအရွယ်မို့မိုးထဲလေထဲမှာမြို့ထဲစာသင်ကျောင်းသို့ သွားတက်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်။
 
 မိဘတိုင်းလိုလိုကဈေးမှ(၁၁)နာရီ၊ (၁၂)နာရီလောက်မှသာ ပြန်ရောက်တက်ကြရာ မနက်ကျောင်းတက်ဖို့ အမီထမင်းစားသောက်ရေးအတွက် အလွန်ပင်ခက်ခဲပေသည်။ မသင်မနေရ မူလတန်းပညာရေးစနစ်ဟာ သူတို့နှင့်ဘယ်လိုမှ မဆိုင်သလို။ သည်လို့ဖြင့် မနက်မိုးလင်းသည်နှင့် တပြိုင်နက် အကြီးက အလတ်ကိုဆွဲ၊ အလတ်က အငယ်ကိုချီကာ သည်ရွာက ကလေးအားလုံးလိုလိုသည် ဘုရားရင်ပြင်မှာ လာပြီးသူတို့၏ ဘ၀ကျောင်းကြီး ကိုတက်ကြသည်။ 
 
လမ်းသွားလမ်းလာများက ပစ်ပေးသော သကြားလုံးများ၊ စားစရာသောက်စရာများ၊ တစ်ခါတရံ လွှင့်ပစ် လိုက်သော အခွံများကို လုကောက်ကြရင်း ဘဝကျောင်းမှာ သင်ယူကြသည်။ စနေ၊ တနင်္ဂနွေဆိုတော့ဘု ရားဖူး ခရီးသည်များ၊ အများအပြားရောက်ကြရာ ရှိလေးတစ်ချက် ခိုးလိုက် ငွေ(၁၀၀)ပေးပါတောင်းလိုက်၊ လက်ဝါးလေးဖြန့်လိုက် စားစရာတောင်းလိုက်နှင့် ဟောင်းလောင်းဖြစ်နေသော အူမများကို မိမိတို့တတ် သည့်နည်းဖြင့်ဖြေရှင်းနေကြသည်။

တခါတလေဆိုလျှင် တစ်ဦးနှင့်တစ်ဦး တိုးဝှေ့ပြီး အတင်းရှိခိုးကြရာ ခရီးသည်များမှာ လုံချည်များ ချွတ်ကျ သည်အထိဖြစ်ကြရသည်။ ကုသိုလ်ယူဖို့လာကြရာ၌ စိတ်ပျက်လက်ပျက်ဖြင့် ပြန်သွားကြရသော ခရီးသည် များလည်းတွေ့ဖူးသည်။ ပညာရေးနှင့်အလှမ်းဝေးသော ဤကလေးများမှာ လုပ်သင့်၊ မလုပ်သင့်၊ ပြုသင့်၊ မပြုသင့် သူတို့မသိ။ သူတို့သိသည်ကား ခရီးသည်လာလျှင် ပစ်ဆံတောင်းမည်။ ဖိနပ်တို့ရုပ်ဝတ္ထုတို့တစ်ခုခုချထားခဲ့လျှင် ပိုင်ရှင်မမြင်အောင် အပိုင်ချည်မည်။ ဤသည်ပင်လျှင် သူတို့၏နိစ္စဓူဝ။ 
 
 အဝတ်အစားဆိုသည်မှာ သဘာဝတရားနှင့် အရှက်ဣနြေ္ဒကို ကာကွယ်ဖို့ အတွက်ဖြစ်သော်လည်း သည် ကလေးများနှင့် ဘာမျှမဆိုင်သလို။ တချို့(၁၂)နှစ်၊ (၁၃)နှစ်ကလေး၊ ကလေးမလေးတွေ အဝတ်အစားမပါ။ ကိုယ်ဗလာနှင့် ဘုရားအနီးမှာ ပြေးလွှားဆော့ကစားနေ ကြသည်။

သည်ဘုရားကို လာတိုင်းမြင်နေကျ၊ တွေ့နေကျ၊ ကြားနေကျ အရာများကို မမြင်ရ၊ မတွေ့ရ၊ မကြားရ တော့ တစ်ခုခု လိုနေသလိုပင်။ စိတ်ထဲမှာ ထူးဆန်းသလို ခံစားရသည်။ သည်ကလေးတွေဘယ်ရောက်ကုန်ပြီ လဲ။ တပြိုင်တည်းရွာကိုလည်း လှမ်းမြင်နေရသည်။ သည်လိုဆိုတော့ ရွာလုံးကျွတ်ပြောင်းသွားတာလဲ မဖြစ်နိုင်။ 
မရောက်တာ တစ်နှစ်ကျော်၊ နှစ်နှစ်အတွင်း သည်ကလေးတွေ အကုန်အရွယ်ရောက်သွားတာလည်း မဖြစ်နိုင်။ 
 
သိလိုစိတ်က ပြင်းပြနေသည်။ သည်လိုတစ်စုံတစ်ခုကို ရှာနေစဉ်အတွင်းမှာ ရွာဘက်ဆီမှ ကလေးများ၏ မင်္ဂလာကဗျာရွတ်ဆိုသံကြားလိုက်ရသည်။ “လူမိုက်ဆိုလျှင် ရှောင်ကြည်ဝဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ၊ ပညာရှိကို စဉ်တွဲလို့ မှီဝဲဆည်းကပ် နည်းယူစေ” ဟာ ဒါကလေးတွေရဲ့ အသံပါလားလို့ အသိဝင်လာသည်။

ကိုယ့်ကိုကိုယ် သတိထားမိသောအခါ ကလေးတွေ တပုံတစ်မရှိသည့် ယိုင်နဲ့နဲ့အဆောက်အအုံ တစ်ခု ရှေ့ရောက်နေပြီ။ တူညီသောကျောင်းဝတ်စုံလေးများဖြင့် အသံမြိုင်စာအံနေကြသည်။ ဧည့်သည် ကို မြင်၍ ဆရာမလေးနှစ်ယောက်ကြိုဖို့ထွက်လာပြီး အထဲကိုဝင်ဖို့ဖိတ်ခေါ်သည်။ အထဲကိုဝင်လိုက်သည်နှင့် ပထဆုံးမြင်လိုက်ရသည်ကား ဝံလက်ငှက်နှစ်ကောင်၏ ပုံရိပ်နှင့်အတူ “ဝံလက်ဖောင်ဒေးရှင်း” ရခိုင်ပြည်၏ “ဂူဝရောင်ခြည်” အခမဲ့ မူလတန်းကျောင်းဟူသော ဆိုင်းဘိုးလေးတစ်ခု။ အိုးဒါကြောင့်ကိုးလို့သာ စိတ်ထဲ က ပြောလိုက်မိသည်။

ကျောင်းလေးကအပြန် ကပ်ငြိပါလာသော ကလေးမျး၏ “အမျိုးသီလ နှစ်ဋ္ဌာနကို ပြည့်ဝမဏ္ဏိုင် စောင့်စွမ်းနိုင် မှရက္ခိုင်နာမဘွဲ့မည်လှ၍ အန္ဓတသညာ ခေါ်အပ်ရာတည်း” ဟူသော အရှင်နာဂိန္ဒမော်ကွန်းကို သံပြိုင်ရွတ် ဆိုသံများ။

အိမ်အပြန်လမ်၌ တစ်ခုခုကို ကျေနပ်သလိုမျိုး။ တစ်ခါမျှမခံစားဖူးသော ကြည်နူးမှုတစ်ခုရင်ထဲ၌ ကပ်ငြိလာ ပါသည်။ မျက်စိထဲ၌မြင်နေမိသည်က ကောင်းကင်ထက်၌ ပျံဝဲနေသောပုံရိပ်တစ်ခု။ နားထဲ၌ကြားနေသည် ကား ဝံလက်ငှက်များ၏ တောင်ပံခတ်သံများ။ သည်အသံများရခိုင်ပြည်တစ်ဝှမ်းမှာ သည်ထက်မ ကမြည်နိုင် ပါစေ။ အမှောင်ကိုခွင်းပြီး မျိုးနွယ်စောင့်သော ဝံလက်ငှက်များ တစ်ကောင်က တစ်ရာ၊ တစ်ရာက တစ်ထောင် ရက္ခိုင်ကမ်းမြောင်မှာပျံဝဲနိုင်ကြပါစေ လို့သာဆုတောင်းနေမိပါတော့သည်။

မောင်စိန်တောက်(စစ်တွေ)
Posted by WANLARKFOUNDATION |
Ref: RSV

No comments:

Post a Comment