Tuesday, 12 February 2013

၁၅ နှစ်ပြည့်သော်လည်း ရခိုင်/ကရင် ခေါင်းဆောင် ၆-ဦး အသတ်ခံရခြင်း၏ လက်သည်တရားခံကို အရေးမယူ နိုင်သေး

၁၅ နှစ်ပြည့်သော်လည်း ရခိုင်/ကရင် ခေါင်းဆောင် ၆-ဦး အသတ်ခံရခြင်း၏ လက်သည်တရားခံကို အရေးမယူ နိုင်သေး 

By Thaung Krwe

စစ်တွေ ၊ ၁၂ ဖေဖော်ဝါရီ ၂၀၁၃ ၊ Coral Arakan News ၊ [ သုံးသပ်ချက်ဆောင်းပါး ]

လွန်ခဲ့သည့် (၁၅)နှစ် ၁၉၉၈-ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် အိန္ဒိယပိုင်နက် အက်ဒမန်ကျွန်းစုအတွင်းရှိ Landfall ကျွန်းတွင် ဗိုလ်ရာဇာအပါအ၀င် ရခိုင်နှင့်ကရင် ခေါင်းဆောင် ခြောက်ဦး အသတ်ခံရကာ တော်လှန်ရေးရဲဘော် (၃၄)ဦးအဖမ်းခံရပြီး တော်လှန်ရေးလက်နက် များစွာ ဆုံရှုံးခဲ့ရသည့် ဖြစ်စဉ်တွင် အဓိကလှုပ်ရှားဆောင်ရွက်ခဲ့သူ အိန္ဒိယထောက်လှမ်းရေး ဒုတိယဗိုလ်မှူးကြီး ဂရက်ဝယ် (Biswajit Singh Grewal) မှာ အပြစ်ဒဏ်ခံရခြင်းမရှိဘဲ လွတ်မြောက်နေဆဲဖြစ်နေသည်မှာ မနေ့က (၁၅) နှစ် တင်းတင်းပြည့်ခဲ့ပြီ ဖြစ်သည်။ 

ကနဦးသတင်းများအရ ဒု ဗိုလ်မှူးကြီး ဂရက်ဝယ် အား အဆိုပါ စစ်ဆင်ရေးအပြီးတွင် အိန္ဒိယစစ်တပ်မှ ထွက်ခွင့်ပေးခဲ့ပြီး၊ ၄င်း၏မိသားစုများကို အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် မိုဟာလီမြို့ (Mohali)တွင် နဂိုအတိုင်းနေရစ်စေပြီး ၄င်းကိုယ်တိုင်မှာမူ မြန်မာအစိုးရက ၄င်းအားထောက်ပံ့သော ဒေါ်လာတစ်သန်းခွဲဖြင့် ရန်ကုန်အနီးတွင် စက်ဘီးအစိတ်အပိုင်းများထုတ်လုပ်သည့် စက်ရုံတစ်ရုံတည်ထောင်ကာ မြန်မာ ထောက်လှမ်းရေး ၏ ကျေးဇူးပြုစောင့်ရှောက်မှုအောက်တွင် နေထိုင်ခဲ့သည် ဟု ကနဦးသတင်းများက ဆိုသည်။

သို့ရာတွင် ၂၀၁၁-ခုနှစ် သြဂုတ်လ နရဉ္စရာသတင်းတစ်ရပ်အရမူ ဒု ဗိုလ်မှူးကြီး ဂရက်ဝယ် အား မြန်မာအစိုးရက အရက်ချက်စက်ရုံတစ်ရုံ နှင့် မွေးမြူရေးခြံတစ်ခြံ ချီးမြှင့်ပေးထားပြီး မန္တလေးတိုင်း မေမြို့တွင် ၄င်း၏ မိသားစု နှင့်အတူ နေထိုင်လျက်ရှိသည် ဟု ဆိုသည်။ ထိုအကြောင်းကို သရက်ထောင်တွင် ထောင်ကျနေသော မြန်မာ စစ်ထောက်လှမ်းရေး အရာရှိ ဗိုလ်မှူးကြီးစန်းပွင့် က အကျဉ်းကျဖက်တစ်ဦးအား ပြောကြားသည် ဟု ထိုသတင်းက ကိုးကားထားသည်။ 

အမေရိကန်ထောက်လှမ်းရေးဘက် သတင်းရင်းမြစ်တစ်ခု အရ ဗမာစကားကို လယ်လယ်ဝယ်ဝယ် ပြောတတ်သူ ဒု ဗိုလ်မှူးကြီး ဂရက်ဝယ် မှာ မန္တလေးတိုင်း ရွှေဘိုမြို့တွင် မွေးဖွားခဲ့သူဖြစ်ပြီး ၄င်း၏ မြန်မာအမည်မှာ ခင်မောင်မြင့်ဖြစ်သည် ဟု ဆိုသည်။ (တချို့ကလည်း ၄င်း၏ အမည်ရင်းမှာ မျိုးမြင့်ဖြစ်သည် ဟု ဆိုသည်။) ရန်ကုန်တက္ကသိုလ်မှ ဘီအက်စီဘွဲ့ရခဲ့သူ  တစ်ဦးဖြစ်ပြီး ယခုအချိန်တွင် သက်ရှိထင်ရှားရှိမည်ဆိုလျှင် အသက် (၆၂) နှစ်ခန့်ရှိမည် ဟု ဆိုသည်။ ၁၉၉၈-ခုနှစ်က ရခိုင် နှင့် ကရင် တော်လှန်ရေးသမားများအပေါ် သစ္စာမဖောက်မီကလည်း ဂရက်ဝယ်သည် ၁၉၉၆-၉၇ ခန့်တွင် မြန်မာတပ်ပြေး လေးဦးကို မြန်မာစစ်အစိုးရထံ ကျုံးသွင်းပေးပို့ ပေးခဲ့ဖူးသည်။ ၄င်းအပြင် ၁၉၉၆-ခုနှစ်တွင်လည်း ကျောင်းသားလှုပ်ရှားသူတစ်ဦးကို သစ္စာဖောက်ကာ စစ်အစိုးရထံ လွဲပြောင်းပေးခဲ့ဖူးသည်။ 

ထိုကြမ္မငင်သော နေ့ရက်တွင် အိန္ဒိယစစ်ဘက်ဆိုင်ရာတို့က လီဆယ်ပြောသကဲ့သို့ ရင်ဆိုင်တိုက်ပွဲများဖြစ်ခဲ့ခြင်း မဟုတ်ဘဲ၊ အယုံသွင်းကာ သွေးအေးအေးဖြင့် အသတ်ခံခဲ့ရခြင်း အဖမ်းခံခဲ့ရခြင်းသာဖြစ်ကြောင်း၊ ထိုနေ့ဖြစ်စဉ်တွင် အသတ်မခံရသော်လည်း အိန္ဒိယအစိုးရ၏ အထိန်းသိမ်းခံဘ၀ဖြင့် (၁၃) နှစ်ကျော် နေခဲ့ရသော တော်လှန်ရေးရဲဘော်များ၏ ထွက်ချက်များက ဆိုသည်။

=====================

ရခိုင်ပြည်တပ်မတော် (AA) နှင့် ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) မှ တော်လှန်ရေးစစ်သည် (၃၄)ဦးတို့ ထိုင်းရေပြင်ပိုင်နက်ထဲမှ ၁၉၉၈-ခုနှစ် ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် ထွက်ခွာပြီး ၄င်းတို့အား အခြေစိုက်စခန်းဖွင့်ခွင့်ပေးမည်ဟု ဂရက်ဝယ် က ကတိပေးထားသော အက်ဒမန်ကျွန်းစု အတွင်းရှိ Landfall ကျွန်းကို ဦးတည်မောင်းနှင်လာခဲ့ကြသည်။ 

ရောက်လာမည့်တော်လှန်ရေးအင်အားစုများကို ကြိုဆိုဧည့်ခံနိုင်ရန် ရခိုင်ပြည်တပ်မတော်ဘက်မှ ဗိုလ်မှူးစောထွန်းမှာ ဂရက်ဝယ် နှင့်တကွသော အခြား အိန္ဒိယ အရာရှိများ နှင့်အတူ Landfall ကျွန်းမှာ ရောက်နှင့်နေသည်။
 
ဖေဖော်ဝါရီလ ဆယ်ရက်နေ့ ညနေပိုင်းတွင် ခိုင်ရာဇာ ဦးဆောင်သော တော်လှန်ရေးတပ်သားများ Landfall ကျွန်းသို့ ဆိုက်ရောက်ကြသည်။ ဂရက်ဝယ် အပါအ၀င် ကြိုရောက်နှင့်နေသူများက ရောက်လာသူများကို အားပါးတရ ၀မ်းမြောက်ဝမ်းသာကြိုဆိုကြသည်။ လက်ဆွဲနှုတ်ဆက်ကြသည်။ ညပိုင်းတွင် မီးပုံပွဲဖြင့် အတူအောင်ပွဲခံကြသည်။ ဂရက်ဝယ်က မေတ္တာရပ်ခံသည့်အတိုင်း မိမိတို့ပါလာသော လက်နက်များကို ကမ်းခြေတွင် ချခင်းပြသထားသည်။ သည်လက်နက်များကို မကြာမီရက်များအတွင်း ရခိုင်ပြည်အတွင်းရှိ မိမိတို့၏ ရဲဘော်များထံပေးပို့မည်ဖြစ်သည်။  

နောက်တစ်နေ့ ဖေဖော်ဝါရီလ မနက်ရှစ်နာရီလောက်တွင် အိန္ဒိယ ရေတပ်သင်္ဘောတစ်စီး ကျွန်းအနားတွင် လာကပ်ထားသည်။ သင်္ဘောပေါ်မှ ရေတပ်သားများကို တစ်သုတ်ချင်းတစ်သုတ်ချင်း ကျွန်းပေါ်သို့ ပြောင်းတင် သည်။ အိန္ဒိယထိပ်တန်းလူကြီးများက ရဟတ်ယာဉ်ဖြင့် လာတော့မည် ဟု ဂရက်ဝယ်ကပြောထားသည်။ သူတို့ ရောက်သည် နှင့် နေ့လယ်စာ အတူတကွ စားကြမည် ဟု ပြောထားသည်။ ရဟတ်ယဉ်သံကြားသည်နှင့် ခိုင်ရာဇာ၊ ဗိုလ်မှူးစောထွန်း၊ ဖဒိုမူးလွယ်၊ ဗိုလ်ရန်နိုင် နှင့် ဗိုလ်လင်းခိုင်ဇံတို့သည် ဂရက်ဝယ်နှင့်အတူ လူကြီးများကို ကြိုရန် အခြားသော အိန္ဒိယ သေနတ်ကိုင်စစ်သားများတကွ ရဟတ်ယဉ်ဆင်းမည့်နေရာသို့ သွားကြသည်။ 

ထိုသူများ မျက်ကွယ်သို့ရောက်သည် နှင့် ကမ်းခြေပေါ်တွင် ကျန်ခဲ့သော အိန္ဒိယစစ်သားများက တော်လှန်ရေးရဲဘော်များကို သေနတ် နှင့် ချိန်ကာ အလွယ်တကူ ဖမ်းဆီးသည်။ မျက်လုံးများကို အ၀တ်စည်းသည်။ နောက်ပြန်ကြိုးတုတ်သည်။ 

ရဟတ်ယဉ်ကွင်းဘက်မှ သေနတ်သံ အချက်နှစ်ဆယ်ခန့်ကြားရသည်။ (ဗိုလ်ချုပ်ခိုင်ရာဇာ၊ ဗိုလ်မှူးစောထွန်း၊ ဖဒိုမူးလွယ်၊ ဗိုလ်ရန်နိုင် နှင့် ဗိုလ်လင်းခိုင်ဇံ တို့ ကျဆုံးသည် ဟု ယူဆရသည်။) 

နောက်ထပ် သေနတ်သံ နှစ်ချက်ကြားရသည်။ (ကမ်းခြေပေါ် ကျန်နေခဲ့သည့် ဗိုလ်မြင့်ဆွေ ကျဆုံးသွားသည် ဟု ယူဆရသည်။)

အဖမ်းဆီးခံတော်လှန်ရေးရဲဘော်များက ဂရက်ဝယ်၏ မျက်နှာကို နောက်တစ်ခေါက်တွေ့ခွင့်ရသည့်အချိန်တွင် ဗိုလ်ချုပ်ခိုင်ရာဇာ၊ ဗိုလ်မှူးစောထွန်း၊ ဖဒိုမူးလွယ်၊ ဗိုလ်ရန်နိုင်၊ ဗိုလ်လင်းခိုင်ဇံ နှင့် ဗိုလ်မြင့်ဆွေ တို့မှာ ဂရက်ဝယ်နှင့်အတူ မရှိတော့ပေ။ ၄င်းတို့ကို မတွေ့မြင်ရတော့ပေ။ နောင်လည်း မည်သည့်အခါမှ မတွေ့ရတော့ပေ။

=================

ဇာတ်သိမ်းပြီးနောက် ဆယ်နှစ်ခန့်ကြာသောအခါ ၂၀၀၈-ခုနှစ် ဧပြီလ (၂)ရက်နေ့တွင် အိန္ဒိယနိုင်ငံလည်း မီဇိုရန်ပြည်နယ်ထဲမှတစ်ဆင့် ပင်လယ်ထွက်ပေါက်ရှိရာ စစ်တွေမြို့သို့ လမ်းပေါက်နိုင်အောင် မြန်မာစစ်အစိုးရ နှင့် ရွှေလမ်းငွေလမ်းဖောက်ကာ ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်းအားစတင်စီမံလုပ်ကိုင် နိုင်တော့သည်။ 

ဗိုလ်ချုပ်ခိုင်ရာဇာ ကျဆုံးပြီးနောက်ပိုင်းတွင် ရခိုင်ပြည်တပ်မတော်၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော NUPA ခေါင်းဆောင် ဒေါက်တာခင်မောင်အဖို့ လက်နှင့် ဖ၀ါးသာ ကျန်ရစ်ပေရာ၊ ကုလားအဖွဲ့ (ARNO) နှင့် လက်မှတ်ရေးထိုးကာ ဘ၀သစ်ထူထောင်ရသည် ဟု အဆိုရှိလေသည်။

(Coral Arakan News အတွက် သောင်းကြွယ် ရေးသားသည်။)    
     
========================

ဓါတ်ပုံ ရည်ညွှန်းစာသားများ။

ဝဲပုံ - ဗိုလ်ချုပ်ခိုင်ရာဇာ
အလယ်ပုံ - ဂရက်ဝယ်လ် အား ဘေးတစ်ဖက်တစ်ချက်တွင် ဗိုလ်ချုပ်ခိုင်ရာဇာ နှင့် ဗိုလ်မှူးစောထွန်း တို့ နှင့်တွေ့ရစဉ်။ 
ယာပုံ - ဗိုလ်မှူးစောထွန်း
By Thaung Krwe
စစ်တွေ ၊ ၁၂ ဖေဖော်ဝါရီ ၂၀၁၃ ၊ Coral Arakan News ၊
 

လွန်ခဲ့သည့် (၁၅)နှစ် ၁၉၉၈-ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် အိန္ဒိယပိုင်နက် အက်ဒမန်ကျွန်း စုအ တွင်းရှိ Landfall ကျွန်းတွင် ဗိုလ်ရာဇာအပါအ၀င် ရခိုင်နှင့်ကရင် ခေါင်းဆောင် ခြောက်ဦး အသတ်ခံရ ကာ တော်လှန်ရေးရဲဘော် (၃၄)ဦးအဖမ်းခံရပြီး တော်လှန်ရေးလက်နက် များစွာ ဆုံရှုံးခဲ့ရသည့် ဖြစ်စဉ်တွင် အဓိကလှုပ်ရှားဆောင်ရွက်ခဲ့သူ အိန္ဒိယထောက်လှမ်းရေး ဒုတိယဗိုလ်မှူးကြီး ဂရက်ဝယ် (Biswajit Singh Grewal) မှာ အပြစ်ဒဏ်ခံရခြင်းမရှိဘဲ လွတ်မြောက်နေဆဲဖြစ်နေသည်မှာ မနေ့က (၁၅) နှစ် တင်းတင်းပြည့် ခဲ့ပြီ ဖြစ်သည်။


ကနဦးသတင်းများအရ ဒု ဗိုလ်မှူးကြီး ဂရက်ဝယ် အား အဆိုပါ စစ်ဆင်ရေးအပြီးတွင် အိန္ဒိယစစ်တပ်မှ ထွက်ခွင့်ပေးခဲ့ပြီး၊ ၄င်း၏မိသားစုများကို အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် မိုဟာလီမြို့ (Mohali)တွင် နဂိုအတိုင်းနေရစ်စေပြီး ၄င်းကိုယ်တိုင်မှာမူ မြန်မာအစိုးရက ၄င်းအားထောက်ပံ့သော ဒေါ်လာတစ်သန်းခွဲဖြင့် ရန်ကုန်အနီးတွင် စက်ဘီးအစိတ်အပိုင်းများထုတ်လုပ်သည့် စက်ရုံတစ်ရုံတည်ထောင်ကာ မြန်မာ ထောက်လှမ်းရေး ၏ ကျေးဇူးပြုစောင့်ရှောက်မှုအောက်တွင် နေထိုင်ခဲ့သည် ဟု ကနဦးသတင်းများက ဆိုသည်။

သို့ရာတွင် ၂၀၁၁-ခုနှစ် သြဂုတ်လ နရဉ္စရာသတင်းတစ်ရပ်အရမူ ဒု ဗိုလ်မှူးကြီး ဂရက်ဝယ် အား မြန်မာအစိုးရက အရက်ချက်စက်ရုံတစ်ရုံ နှင့် မွေးမြူရေးခြံတစ်ခြံ ချီးမြှင့်ပေးထားပြီး မန္တလေးတိုင်း မေမြို့တွင် ၄င်း၏ မိသားစု နှင့်အတူ နေထိုင်လျက်ရှိသည် ဟု ဆိုသည်။ ထိုအကြောင်းကို သရက်ထောင်တွင် ထောင်ကျနေသော မြန်မာ စစ်ထောက်လှမ်းရေး အရာရှိ ဗိုလ်မှူးကြီးစန်းပွင့် က အကျဉ်းကျဖက်တစ်ဦးအား ပြောကြားသည် ဟု ထိုသတင်းက ကိုးကားထားသည်။

အမေရိကန်ထောက်လှမ်းရေးဘက် သတင်းရင်းမြစ်တစ်ခု အရ ဗမာစကားကို လယ်လယ်ဝယ်ဝယ် ပြောတတ်သူ ဒု ဗိုလ်မှူးကြီး ဂရက်ဝယ် မှာ မန္တလေးတိုင်း ရွှေဘိုမြို့တွင် မွေးဖွားခဲ့သူဖြစ်ပြီး ၄င်း၏ မြန်မာအမည်မှာ ခင်မောင်မြင့်ဖြစ်သည် ဟု ဆိုသည်။ (တချို့ကလည်း ၄င်း၏ အမည်ရင်းမှာ မျိုးမြင့်ဖြစ်သည် ဟု ဆိုသည်။) ရန်ကုန်တက္ကသိုလ်မှ ဘီအက်စီဘွဲ့ရခဲ့သူ တစ်ဦးဖြစ်ပြီး ယခုအချိန်တွင် သက်ရှိထင်ရှားရှိမည်ဆိုလျှင် အသက် (၆၂) နှစ်ခန့်ရှိမည် ဟု ဆိုသည်။ ၁၉၉၈-ခုနှစ်က ရခိုင် နှင့် ကရင် တော်လှန်ရေးသမားများအပေါ် သစ္စာမဖောက်မီကလည်း ဂရက်ဝယ်သည် ၁၉၉၆-၉၇ ခန့်တွင် မြန်မာတပ်ပြေး လေးဦးကို မြန်မာစစ်အစိုးရထံ ကျုံးသွင်းပေးပို့ ပေးခဲ့ဖူးသည်။ ၄င်းအပြင် ၁၉၉၆-ခုနှစ်တွင်လည်း ကျောင်းသားလှုပ်ရှားသူတစ်ဦးကို သစ္စာဖောက်ကာ စစ်အစိုးရထံ လွဲပြောင်းပေးခဲ့ဖူးသည်။

ထိုကြမ္မငင်သော နေ့ရက်တွင် အိန္ဒိယစစ်ဘက်ဆိုင်ရာတို့က လီဆယ်ပြောသကဲ့သို့ ရင်ဆိုင်တိုက်ပွဲများဖြစ်ခဲ့ခြင်း မဟုတ်ဘဲ၊ အယုံသွင်းကာ သွေးအေးအေးဖြင့် အသတ်ခံခဲ့ရခြင်း အဖမ်းခံခဲ့ရခြင်းသာဖြစ်ကြောင်း၊ ထိုနေ့ဖြစ်စဉ်တွင် အသတ်မခံရသော်လည်း အိန္ဒိယအစိုးရ၏ အထိန်းသိမ်းခံဘ၀ဖြင့် (၁၃) နှစ်ကျော် နေခဲ့ရသော တော်လှန်ရေးရဲဘော်များ၏ ထွက်ချက်များက ဆိုသည်။

No comments:

Post a Comment