Monday, 18 February 2013

အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် မြေတစ်ဧက (၂၂)သိန်း နစ်နာကြေးရမည့် သာဓုကန်စက်မှုဇုန်စီမံကိန်း

အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် မြေတစ်ဧက (၂၂)သိန်း နစ်နာကြေးရမည့် သာဓုကန်စက်မှုဇုန်စီမံကိန်း

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်စီမံကိန်းအတွက် လယ်သမားများထံမှ သိမ်းဆည်းခဲ့သည့် လယ်မြေများအစား ကရုဏာကြေးအဖြစ် တစ်ဧကလျှင် (၂၂)သိန်းနှုန်းဖြင့် ၂ရစ်ခွဲ၍ ငွေပြန်အမ်းမည်ဟု သာဓုကန်စက်မှုဇုန် စီမံကိန်းဒါရိုက်တာက ဆိုသည်။

  “ဂရုဏာကြေးနည်းတယ်လို့ ကော်မရှင်အထိ တက်သွားလို့ တစ်ဧကကို (၂၂)သိန်းနဲ့တည့်သွားတယ်။ ပေးတဲ့အခါမှာ လယ်ထဲမှာ မပြည့်စုံတဲ့သူတွေ ရှိတဲ့အတွက် ပြသနာမဖြစ်အောင်၊ ပေးလိုက်လို့ ကျန် သွားတာမျိုး မဖြစ်အောင် ၂ဖက်ညှိနှိုင်းပြီးတော့ ပထမအရစ်အနေနဲ့ (၁၇)သိန်း၊ နောက်(၆)လမှာ ကျန်(၅)သိန်းကို ပေးပါမယ် ” ဟု ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် စီမံကိန်းမှ ဒါရိုက်တာ ဦးစိုးမြင့်က ပြောသည်။ 

 

သာဓုကန်စက်မှုဇုန်စီမံကိန်းအတွက် သိမ်းဆည်းခဲ့သည့် လယ်မြေဧကပေါင်း (၅၄၀)ဧကခန့်ရှိပြီး အဆိုပါ ဧကများအတွက် ကရုဏာကြေးကို TOSTA CO.LTD နှင့် HIGHT RISE CO.LTD အပါအ၀င် ကုမ္ပဏီပေါင်း (၅၀)ခန့်မှ စုပေါင်းကာ   ငွေပြန်အမ်းမည်ဟု သိရှိရသည်။

 

လယ်မြေအသိမ်းခံရသည့် လယ်သမားများကို ပထမအရစ်အနေဖြင့် ဖေဖော်ဝါရီလ (၁၈)ရက်နေ့မှ စတင်ကာ တစ်ဧကလျှင် (၁၇)သိန်းကျပ်နှုန်းဖြင့် ပေးမည်ဖြစ်ပြီး (၆)လကြာပြီးသောအခါ ကျန် (၅)သိန်းကျပ်ကို ပေးမည်ဟု သာဓုကန်စက်မှုဇုန်စီမံကိန်း ဒါရိုက်တာ ဦးစိုးမြင့်က ဆိုသည်။

 

လယ်သမားများထံသို့ လယ်မြေအစား ငွေပြန်အမ်းရာတွင် လယ်ယာစုံစမ်းစစ်ဆေးရေးကော်မရှင်၊ သာဓုကန်စက်မှုဇုန်ကော် မတီနှင့် အိုးအိမ်တို့မှ လယ်သမားများထံက ပြေစာ၊ အထောက်အထားများကို သေချာစီစစ်ပြီး လယ်မြေပိုင်ဆိုင်ကြောင်း နှင့် အမည်ပေါက်ရှိသည့် စာချုပ်ပါမှသာ လျော်ကြေး ပေးမည် ဖြစ်ကြောင်းနှင့် လယ်သမားများကလည်း လက်ခံရရှိကြောင်း စာချုပ်တွင် လက်မှတ် ထိုးပေးရမည်ဟု ၄င်းက ဆက်လက်ပြောသည်။      

 

လယ်မြေအသိမ်းခံရခြင်းကြောင့် ကရုဏာကြေးရရှိသည့် ကျေးရွာများမှာ ကျောင်းကုန်း၊ အုတ်ဖို၊ သာဓုရွာနှင့် လှော်ကားကျေးရွာ အုပ်စုများမှ လယ်သမား(၇၀)ခန့်ဖြစ်ပြီး  ၊ ပထမအရစ် ဂရုဏာကြေးအတွက် ကုန်ကျငွေမှာ သိန်းပေါင်း(၈)ထောင်   ဖြစ်ကြောင်း၊ နောက်အရစ်အဖြစ် သိန်းပေါင်း(၃)ထောင်ခန့် ကုန်ကျနိုင်သည်ဟု ကုမ္ပဏီအချို့က ဆိုသည်။    

 

လယ်သမားများအနေဖြင့် မည်သည့်အစိုးရလက်ထက်တွင်မှ လယ်မြေအသိမ်းခံရပါက လျော်ကြေး မရရှိခဲ့ခြင်းကြောင့် ယခု ကရုဏာကြေးပေးအပ်ခြင်းအပေါ် ကျေနပ်ဝမ်းသာမိကြောင်း ကရုဏာကြေး ရရှိခဲ့သည့် လယ်သမားတစ်ဦးက ဆိုသည်။

 

“မရတာထက် စာရင် တစ်ဧကကို (၂၂)သိန်းရတော့ အသက်ရှုချောင်တာပေါ့။ လယ်ယာစုံစမ်းရေး ကော်မရှင်တွေ   ပေါ်လာတာ ကောင်းပါတယ်။ ကျွန်တော်တို့ဆီက သိမ်းတုန်းက နစ်နာကြေး၊ လျော်ကြေး ဘာတစ်ခုမှ ပေးခဲ့တာမရှိပါဘူး။ အခုရတော့ ၀မ်းသာတာပေါ့ ” ဟု ကျောင်းကုန်းရွာမှ လယ်သမားတစ်ဦးက ပြောသည်။  

 

အသိမ်းခံရသည့် လယ်မြေများအတွက် ကရုဏာကြေးပြန်လည်ရရှိခြင်းမှာ လယ်သမားများအတွက် မျှော်လင့်ချက်ရောင်ခြည်သမ်း လာခြင်းဖြစ်ပြီး ယခုကရုဏာကြေးကြောင့် အခြားစက်မှုဇုန်များမှ သိမ်းယူထားသည့် လယ်မြေများအတွက်လည်း ကရုဏာကြေးပြန်လည်ရရှိနိုင်သည်ဟု ညှိုနှိုင်းဆောင်ရွက်ပေးခဲ့သူ မထက်ထက်ဦးဝေက ဆိုသည်။

 

“ လယ်သမားတွေအတွက် ရာနှုန်းပြည့်မျှော်လင့်ချက် ရှိလာပြီလို့ ပြောလို့ရပါတယ်။သာဓုကန်လို လည်ပတ်စပြုနေတဲ့ စက်မှုဇုန်ကတောင် နစ်နာကြေးတွေ ပေးနေရင် နောက်ပိုင်းမှာ အခြားဇုန်တွေ၊ တပ်သိမ်းလယ်တွေလည်း ရလာမယ်လို့ ထင်ပါတယ် ” လယ်သမားများဂရုဏာကြေးရရှိရန်အတွက် ညှိနှိုင်းပေးခဲ့သူ မထက်ထက်ဦးဝေက ပြောသည်။   

 

သာဓုကန်စက်မှုဇုန်စီမံကိန်းတည်ဆောက်ရန်အတွက် အိုးအိမ်မှ ၁၉၈၈ နောက်ပိုင်းတွင် လယ်မြေများ အား သိမ်းယူခဲ့ပြီး ကုမ္ပဏီများသို့လွှဲပြောင်းကာ ၁၉၉၃-၉၄ ခုနှစ်တွင် စက်မှုဇုန်စီမံကိန်းအား စတင် ခဲ့ကြောင်း၊ ထိုသို့သိမ်းယူခဲ့ရာတွင် နစ်နာကြေး၊ လျော်ကြေးများ မရရှိခဲ့ကြောင်း လယ်သမားများထံမှ သိရှိရသည်။   

Copy from...ယမင်း(မြစ်မခ)
by  / Myit Makha Mediagroup on 18 Feb, 2013
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် သာဓု ကန်စက်မှုဇုန်စီမံကိန်းအတွက် လယ်သမားများထံမှ သိမ်းဆည်းခဲ့သည့် လယ်မြေများအစား ကရု ဏာကြေးအဖြစ် တစ်ဧကလျှင် (၂၂)သိန်းနှုန်းဖြင့် ၂ရစ်ခွဲ၍ ငွေပြန်အမ်းမည်ဟု သာဓုကန်စက်မှုဇုန် စီမံကိန်းဒါရိုက်တာက ဆိုသည်။

 






“ဂရုဏာကြေးနည်းတယ်လို့ ကော်မရှင်အထိ တက်သွားလို့ တစ်ဧကကို (၂၂)သိန်းနဲ့တည့်သွား တယ်။ ပေး တဲ့အခါမှာ လယ်ထဲမှာ မပြည့်စုံတဲ့သူတွေ ရှိတဲ့အတွက် ပြသနာမဖြစ်အောင်၊ ပေးလိုက်လို့ ကျန် သွားတာမျိုး မဖြစ်အောင် ၂ဖက်ညှိနှိုင်းပြီးတော့ ပထမအရစ်အနေနဲ့ (၁၇)သိန်း၊ နောက်(၆)လမှာ ကျန်(၅)သိန်းကို ပေးပါ မယ် ” ဟု ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် စီမံကိန်းမှ ဒါရိုက်တာ ဦးစိုးမြင့်က ပြောသည်။

သာဓုကန်စက်မှုဇုန်စီမံကိန်းအတွက် သိမ်းဆည်းခဲ့သည့် လယ်မြေဧကပေါင်း (၅၄၀)ဧကခန့်ရှိပြီး အဆိုပါ ဧကများအတွက် ကရုဏာကြေးကို TOSTA CO.LTD နှင့် HIGHT RISE CO.LTD အပါအ၀င် ကုမ္ပဏီပေါင်း (၅၀)ခန့်မှ စုပေါင်းကာ ငွေပြန်အမ်းမည်ဟု သိရှိရသည်။

လယ်မြေအသိမ်းခံရသည့် လယ်သမားများကို ပထမအရစ်အနေဖြင့် ဖေဖော်ဝါရီလ (၁၈)ရက်နေ့မှ စတင် ကာ တစ်ဧကလျှင် (၁၇)သိန်းကျပ်နှုန်းဖြင့် ပေးမည်ဖြစ်ပြီး (၆)လကြာပြီးသောအခါ ကျန် (၅)သိန်းကျပ် ကို ပေးမည်ဟု သာဓုကန်စက်မှုဇုန်စီမံကိန်း ဒါရိုက်တာ ဦးစိုးမြင့်က ဆိုသည်။

လယ်သမားများထံသို့ လယ်မြေအစား ငွေပြန်အမ်းရာတွင် လယ်ယာစုံစမ်းစစ်ဆေးရေးကော်မရှင်၊ သာဓု ကန်စက်မှုဇုန်ကော် မတီနှင့် အိုးအိမ်တို့မှ လယ်သမားများထံက ပြေစာ၊ အထောက်အထားများ ကို သေချာစီ စစ်ပြီး လယ်မြေပိုင်ဆိုင်ကြောင်း နှင့် အမည်ပေါက်ရှိသည့် စာချုပ်ပါမှ သာ လျော်ကြေး ပေးမည် ဖြစ်ကြောင်းနှင့် လယ်သမားများကလည်း လက်ခံရရှိကြောင်း စာချုပ်တွင် လက်မှတ် ထိုးပေးရမည်ဟု ၄င်းက ဆက်လက်ပြောသည်။

လယ်မြေအသိမ်းခံရခြင်းကြောင့် ကရုဏာကြေးရရှိသည့် ကျေးရွာများမှာ ကျောင်းကုန်း၊ အုတ်ဖို၊ သာဓု ရွာနှင့် လှော်ကားကျေးရွာ အုပ်စုများမှ လယ်သမား(၇၀)ခန့်ဖြစ်ပြီး ၊ ပထမအရစ် ဂရုဏာကြေးအတွက် ကုန်ကျငွေမှာ သိန်းပေါင်း(၈)ထောင် ဖြစ်ကြောင်း၊ နောက်အရစ်အဖြစ် သိန်းပေါင်း(၃)ထောင်ခန့် ကုန်ကျနိုင် သည်ဟု ကုမ္ပဏီအချို့က ဆိုသည်။

လယ်သမားများအနေဖြင့် မည်သည့်အစိုးရလက်ထက်တွင်မှ လယ်မြေအသိမ်းခံရပါက လျော်ကြေး မရရှိ ခဲ့ခြင်းကြောင့် ယခု ကရုဏာကြေးပေးအပ်ခြင်းအပေါ် ကျေနပ်ဝမ်းသာမိကြောင်း ကရုဏာကြေး ရရှိခဲ့သည့် လယ်သမားတစ်ဦးက ဆိုသည်။

“မရတာထက် စာရင် တစ်ဧကကို (၂၂)သိန်းရတော့ အသက်ရှုချောင်တာပေါ့။ လယ်ယာစုံစမ်းရေး ကော် မရှင်တွေ ပေါ်လာတာ ကောင်းပါတယ်။ ကျွန်တော်တို့ဆီက သိမ်းတုန်းက နစ်နာကြေး၊ လျော်ကြေး ဘာတစ် ခုမှ ပေးခဲ့တာမရှိပါဘူး။ အခုရတော့ ၀မ်းသာတာပေါ့ ” ဟု ကျောင်းကုန်းရွာမှ လယ်သမားတစ်ဦးက ပြော သည်။

အသိမ်းခံရသည့် လယ်မြေများအတွက် ကရုဏာကြေးပြန်လည်ရရှိခြင်းမှာ လယ်သမားများ အတွက် မျှော် လင့်ချက်ရောင်ခြည်သမ်း လာခြင်းဖြစ်ပြီး ယခုကရုဏာကြေးကြောင့် အခြားစက်မှုဇုန်များမှ သိမ်းယူထား သည့် လယ်မြေများအတွက်လည်း ကရုဏာကြေးပြန်လည်ရရှိနိုင်သည်ဟု ညှိုနှိုင်းဆောင်ရွက်ပေးခဲ့သူ မထက်ထက်ဦးဝေက ဆိုသည်။

“ လယ်သမားတွေအတွက် ရာနှုန်းပြည့်မျှော်လင့်ချက် ရှိလာပြီလို့ ပြောလို့ရပါတယ်။သာဓုကန်လို လည် ပတ်စပြုနေတဲ့ စက်မှုဇုန်ကတောင် နစ်နာကြေးတွေ ပေးနေရင် နောက်ပိုင်းမှာ အခြားဇုန်တွေ၊ တပ်သိမ်း လယ်တွေလည်း ရလာမယ်လို့ ထင်ပါတယ် ” လယ်သမားများဂရုဏာကြေးရရှိရန်အတွက် ညှိနှိုင်းပေးခဲ့သူ မထက်ထက်ဦးဝေက ပြောသည်။

သာဓုကန်စက်မှုဇုန်စီမံကိန်းတည်ဆောက်ရန်အတွက် အိုးအိမ်မှ ၁၉၈၈ နောက်ပိုင်းတွင် လယ်မြေများ အား သိမ်းယူခဲ့ပြီး ကုမ္ပဏီများသို့လွှဲပြောင်းကာ ၁၉၉၃-၉၄ ခုနှစ်တွင် စက်မှုဇုန်စီမံကိန်းအား စတင် ခဲ့ကြောင်း၊ ထိုသို့သိမ်းယူခဲ့ရာတွင် နစ်နာကြေး၊ လျော်ကြေးများ မရရှိခဲ့ကြောင်း လယ်သမားများထံမှ သိရှိရသည်။

Copy from...ယမင်း(မြစ်မခ)
by / Myit Makha Mediagroup on 18 Feb, 2013

No comments:

Post a Comment